စင်္ကာပူသံတမန်ဟောင်း ကီရှိုး မာဘူးဘာနီ ဟောင်ကောင်အချမ်းသာဆုံးသူဌေးကြီး လီကာရှင်းထံမှ ၃ မိနစ် အတွင်း စင်္ကာပူဒေါ်လာ သန်း ၁၀၀ ရရှိခဲ့ပုံ

စင်္ကာပူသံတမန်ဟောင်း ကီရှိုး မာဘူးဘာနီ ဟောင်ကောင်အချမ်းသာဆုံးသူဌေးကြီး လီကာရှင်းထံမှ ၃ မိနစ် အတွင်း စင်္ကာပူဒေါ်လာ သန်း ၁၀၀ ရရှိခဲ့ပုံ - Property Knowledge in Myanmar from iMyanmarHouse.com
26 Aug 2024 12:27 pm တွင် တင်ခဲ့သည်
531 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

(မှတ်ချက်။ စင်္ကာပူသံတမန်ဟောင်း ကီရှိုး မာဘူးဘာနီသည် ဆင်းဆင်းရဲရဲဘဝမှ သံတမန်တစ်ဦး ဖြစ်လာခဲ့သူ ဖြစ်သည်။ မာဘူးဘာနီက ၎င်း ဖြတ်သန်းခဲ့ရသည့့်ဘဝအကြောင်းကို Living the Asian Century ဟူသော အမည်ဖြင့် စာအုပ်တစ်အုပ် ရေးသားထုတ်ဝေထားသည်။ ယခုအကြောင်းအရာများမှာ သူ၏ စာအုပ်မှ ထုတ်နှုတ် ဖော်ပြထားခြင်း ဖြစ်ပါသည်)

“မဟာဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အစောပိုင်းကာလတွေမှာ ကျောင်းရဲ့တိုးတက်မှုအတွက် လီကွမ်ယုကို တင်ပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအချိန်က အာရှရဲ့ အချမ်းသာဆုံး လုပ်ငန်းရှင်ကြီး လီကွမ်ယုထံ ချဉ်းကပ်ပြီး ကျောင်းအတွက် အကူအညီတောင်းဖို့ သဘောတူခဲ့ပါတယ်။”

“လီကွမ်ယုက ကျွန်တော့်ကို မိတ်ဆက်စာ ရေးပေးခဲ့ပါတယ်။ စာမှာ အပိုဒ်တိုလေး ၃ ပိုဒ်ပဲ ပါပါတယ်။”

“ပထမ စာပိုဒ်က လီကာရှင်းကို ကျွန်တော်နဲ့ မိတ်ဆက်ပေးထားတဲ့ စာပိုဒ်ပါ။ ဒုတိယ စာပိုဒ်က လီကွမ်ယု ပြည်သူ့ရေးရာ မူဝါဒကျောင်းမှာရှိတဲ့ အဆောက်အအုံတစ်ခုကို လီကာရှင်းလို့ နာမည်ပေးချင်ကြောင်း ပြောပြထားတာပါ။ တတိယစာပိုဒ်မှာကတော့ ကျောင်းအတွက် ထောက်ပံ့လှူဒန်းမှုတွေလုပ်ဖို့ မျှော်လင့်ကြောင်း ရေးထားပါတယ်။”

“NUS ဖွံ့ဖြိုးရေးရုံးကို လီကွမ်ယုဆီက ဘယ်လောက်တောင်းဆိုသင့်လဲလို့ မေးခဲ့ပါတယ်။ ဖွံ့ဖြိုးရေးရုံးက ငွေအများကြီး မတောင်းဖို့ ကျွန်တော့်ကို သတိပေးခဲ့တယ်။ စင်္ကာပူဒေါ်လာ သန်း ၃၀ လောက်တောင်းဖို့ သူတို့က အကြံပြုခဲ့ပါတယ်။”

“ကျွန်တော်က လီကာရှင်းရဲ့ လှူဒါန်းမှုတွေကို ကိုယ်တိုင်လေ့လာကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော် လေ့လာတွေ့ရှိလာတာက သူ့ရဲ့ အကြီးမားဆုံး လှူဒါန်းမှုဟာ ဟောင်ကောင်တက္ကသိုလ်ကို ဟောင်ကောင် ဒေါ်လာ ၁ ဘီလီယံ (စင်္ကာပူဒေါ်လာ သန်း ၂၀၀) လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။”

“လီကာရှင်းဆီကနေ စင်္ကာပူဒေါ်လာ သန်း ၁၀၀ အလှူခံဖို့ ဘယ်သူ့ကိုမှ အကြံမတောင်းဘဲ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်”

(စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယုနှင့် ဟောင်ကောင်သူဌေးကြီး လီကာရှင်းတို့ကို Singapore Management University ၏ လီကာရှင်းစာကြည့်တိုက်ဖွင့်ပွဲတွင် ၂၀၀၆ ခုနှစ်အတွင်း တွေ့ခဲ့ရပုံ။ ဓာတ်ပုံ-Li Ka Shing Foundation)

ဟောင်ကောင်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ ကောင်စစ်ဝန် Toh Hock Ghim နဲ့ ကျွန်တော်ဟာ လီကာရှင်းရဲ့ ရုံးကို သွားခဲ့ကြပါတယ်။

လီကွမ်ယုရေးပေးလိုက်တဲ့ စာနဲ့အတူပေါ့။

မစ္စတာလီက လီကွမ်ယုရဲ့ စာကို ဖတ်ပြီးရင် ထပ်ပေးဖို့ လီကွမ်ယုပြည်သူ့ရေးရာမူဝါဒကျောင်းရဲ့ ကောင်းကွက်တွေအကြောင်း ရေးသားပြင်ဆင်လာခဲ့ပါတယ်။

ကျွန်တော့်ခုံရဲ့ အစွန်းမှာ ထိုင်ရင်း လီကာရှင်း စာဖတ်ပြီးရင် စတင်ဖို့ အသင့်ဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့် မစ္စတာလီက ရုတ်တရက် ကျွန်တော့်ဘက်လှည့်ပြီး “ဘယ်လောက်လဲ” လို့ မေးပါတယ်။

ကျွန်တော်က “ဒေါ်လာ သန်း ၁၀၀” လို့ ပြောခဲ့တယ်။

သူက “စင်္ကာပူဒေါ်လာလား၊ ဟောင်ကောင်ဒေါ်လာလား” လို့ မေးတော့ ကျွန်တော်က “စင်္ကာပူ” လို့ ပြန်ဖြေခဲ့ပါတယ်။

သူ မျက်မှောင်ကြုံ့ စဉ်းစားခဲ့တယ်။

ပြီးတော့ သူ့လက်ထောက် Amy Au ဘယ်ကိုလှည့်ပြီး ကန်တုံစကားနဲ့ ပြောနေပါတယ်။

သူတို့ ဘာတွေပြောနေတယ်ဆိုတာ ကျွန်တော်မသိပါဘူး။

ကျွန်တော်ကတော့ သွားပြီလို့ ထင်ခဲ့တယ်။

ဒါပေမယ့် ၃ မိနစ်လောက်ကြာတော့ မစ္စတာလီက လက်ဆန့်တန်းပေးပြီး ကျွန်တော့်ကို လက်ဆွဲနှုတ်ဆက်ပြီး “အိုကေ” လို့ ပြောပါတယ်။

ကျွန်တော့် မေ့လဲမတတ်ပါပဲ။

ဒီလောက် မြန်မြန် သဘောတူလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ပါဘူး။

၃ မိနစ်အတွင်းမှာ စင်္ကာပူဒေါ်လာ သန်း ၁၀၀ ကျွန်တော် ရှာနိုင်ခဲ့ပါတယ်။ ယေးနဲ့ ဟားဗတ်တို့လို အထင်ကရ တက္ကသိုလ်ကြီးတွေတောင် ဒီလောက် ရန်ပုံငွေ ရဖို့ဆိုရင် လနဲ့ချီပြီး မဟုတ်ရင်တောင် ရက်သတ္တပတ်ပေါင်း များစွာ ကြာပါတယ်။

လီကွမ်ယုဆီက စာသာမပါရင် ဒီလိုဖြစ်မလာနိုင်ဘူးဆိုတာ ရှင်းပါတယ်။

လီကာရှင်းဆီက အလှူခံတာမှာ အခုလို အောင်မြင်ခဲ့တာဟာ ကျွန်တော့်အတွက် နောက်ထပ် ရန်ပုံငွေတွေရှာဖို့ ရဲဆေး တင်ပေးလိုက်တာပါပဲ။

လီကွမ်ယု ပြည်သူ့ရေးရာ မူဝါဒကျောင်းရဲ့ ၅ နှစ် ပြည့်တဲ့အချိန်မှာ ရန်ပုံငွေ စင်္ကာပူဒေါ်လာ ၅ သန်းရှာဖို့ ကျွန်တော်တို့ ရည်မှန်းခဲ့တယ်။

ဒါပေမဲ့ စင်္ကာပူဒေါ်လာ ၃၃ သန်းအထိ ရှာနိုင်ခဲ့ပါတယ်။

မဟာဌာနမှူးအဖြစ်ကနေ ၂၀၁၇ ဒီဇင်ဘာမှာ ကျွန်တော် အနားယူတော့ လီကွမ်ယု ပြည်သူ့ရေးရာ မူဝါဒကျောင်းရဲ့ ရန်ပုံငွေဟာ စင်္ကာပူဒေါ်လာ သန်း ၅၀၀ ကျော်အထိ ရှိနေပါပြီ။

ရန်ပုံငွေ ရှာရတဲ့အလုပ်ဟာ ခက်ခဲပါတယ်။

လူတွေကို သူတို့ရဲ့ငွေတွေ စွန့်လွှတ်အောင် ပြောရတာ ဘယ်တော့မှ မလွယ်ကူပါဘူး။

(Kishore Mahbubani ရေးသားသော 'Living the Asian Century: An Undiplomatic Memoir' စာအုပ်မျက်နှာဖုံး။ ဓာတ်ပုံ-PublicAffairs)

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: How Kishore Mahbubani got S$100 million in 3 minutes from Hong Kong’s richest man Li Ka-shing (msn)

Photo Credit- PublicAffairs, Li Ka Shing Foundation,

 

[Zawgyi]

စကၤာပူသံတမန္ေဟာင္း ကီရိႈး မာဘူးဘာနီ ေဟာင္ေကာင္အခ်မ္းသာဆံုးသူေဌးၾကီး လီကာရွင္းထံမွ ၃ မိနစ္ အတြင္း စကၤာပူေဒၚလာ သန္း ၁၀၀ ရရွိခဲ့ပံု

(မွတ္ခ်က္။ စကၤာပူသံတမန္ေဟာင္း ကီရိႈး မာဘူးဘာနီသည္ ဆင္းဆင္းရဲရဲဘဝမွ သံတမန္တစ္ဦး ျဖစ္လာခဲ့သူ ျဖစ္သည္။ မာဘူးဘာနီက ၎ ျဖတ္သန္းခဲ့ရသည့္ ့ဘဝအေၾကာင္းကို Living the Asian Century ဟူေသာ အမည္ျဖင့္ စာအုပ္တစ္အုပ္ ေရးသားထုတ္ေဝထားသည္။ ယခုအေၾကာင္းအရာမ်ားမွာ သူ၏ စာအုပ္မွ ထုတ္ႏႈတ္ ေဖာ္ျပထားျခင္း ျဖစ္ပါသည္)

“မဟာဌာနမွဴးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့တဲ့ အေစာပိုင္းကာလေတြမွာ ေက်ာင္းရဲ႕တိုးတက္မႈအတြက္ လီကြမ္ယုကို တင္ျပမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ အဲဒီအခ်ိန္က အာရွရဲ႕ အခ်မ္းသာဆံုး လုပ္ငန္းရွင္ၾကီး လီကြမ္ယုထံ ခ်ဥ္းကပ္ျပီး ေက်ာင္းအတြက္ အကူအညီေတာင္းဖို႔ သေဘာတူခဲ့ပါတယ္။”

“လီကြမ္ယုက ကၽြန္ေတာ့္ကို မိတ္ဆက္စာ ေရးေပးခဲ့ပါတယ္။ စာမွာ အပိုဒ္တိုေလး ၃ ပိုဒ္ပဲ ပါပါတယ္။”

“ပထမ စာပိုဒ္က လီကာရွင္းကို ကၽြန္ေတာ္နဲ႔ မိတ္ဆက္ေပးထားတဲ့ စာပိုဒ္ပါ။ ဒုတိယ စာပိုဒ္က လီကြမ္ယု ျပည္သူ႔ေရးရာ မူဝါဒေက်ာင္းမွာရွိတဲ့ အေဆာက္အအံုတစ္ခုကို လီကာရွင္းလို႔ နာမည္ေပးခ်င္ေၾကာင္း ေျပာျပထားတာပါ။ တတိယစာပိုဒ္မွာကေတာ့ ေက်ာင္းအတြက္ ေထာက္ပံ့လွဴဒန္းမႈေတြလုပ္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ေရးထားပါတယ္။”

“NUS ဖြ႔ံျဖိဳးေရးရံုးကို လီကြမ္ယုဆီက ဘယ္ေလာက္ေတာင္းဆိုသင့္လဲလို႔ ေမးခဲ့ပါတယ္။ ဖြ႔႔ံျဖဳိးေရးရံုးက ေငြအမ်ားၾကီး မေတာင္းဖို႔ ကၽြန္ေတာ့္ကို သတိေပးခဲ့တယ္။ စကၤာပူေဒၚလာ သန္း ၃၀ ေလာက္ေတာင္းဖို႔ သူတို႔က အၾကံျပဳခဲ့ပါတယ္။”

“ကၽြန္ေတာ္က လီကာရွင္းရဲ႕ လွဴဒါန္းမႈေတြကို ကိုယ္တိုင္ေလ့လာၾကည့္ဖို႔ ဆံုးျဖတ္ခ့ဲပါတယ္။ ကၽြန္ေတာ္ ေလ့လာေတြ႔ရွိလာတာက သူ႔ရဲ႕ အၾကီးမားဆံုး လွဴဒါန္းမႈဟာ ေဟာင္ေကာင္တကၠသိုလ္ကုိ ေဟာင္ေကာင္ ေဒၚလာ ၁ ဘီလီယံ (စကၤာပူေဒၚလာ သန္း ၂၀၀) လွဴဒါန္းခဲ့တာ ျဖစ္ပါတယ္။”

“လီကာရွင္းဆီကေန စကၤာပူေဒၚလာ သန္း ၁၀၀ အလွဴခံဖို႔ ဘယ္သူ႔ကိုမွ အၾကံမေတာင္းဘဲ ကၽြန္ေတာ္ ဆံုးျဖတ္ခဲ့ပါတယ္”

(စကၤာပူဝန္ၾကီးခ်ဳပ္ေဟာင္း လီကြမ္ယုႏွင့္ ေဟာင္ေကာင္သူေဌးၾကီး လီကာရွင္းတို႔ကို Singapore Management University ၏ လီကာရွင္းစာၾကည့္တိုက္ဖြင့္ပြဲတြင္ ၂၀၀၆ ခုႏွစ္အတြင္း ေတြ႔ခဲ့ရပံု။ ဓာတ္ပံု-Li Ka Shing Foundation)

ေဟာင္ေကာင္မွာရွိတဲ့ ကၽြန္ေတာ္တို႔ရဲ႕ ေကာင္စစ္ဝန္ Toh Hock Ghim နဲ႔ ကၽြန္ေတာ္ဟာ လီကာရွင္းရဲ႕ ရံုးကို သြားခဲ့ၾကပါတယ္။

လီကြမ္ယုေရးေပးလိုက္တဲ့ စာနဲ႔အတူေပါ့။

မစၥတာလီက လီကြမ္ယုရဲ႕ စာကို ဖတ္ျပီးရင္ ထပ္ေပးဖုိ႔ လီကြမ္ယုျပည္သူ႔ေရးရာမူဝါဒေက်ာင္းရဲ႕ ေကာင္းကြက္ေတြအေၾကာင္း ေရးသားျပင္ဆင္လာခဲ့ပါတယ္။

ကၽြန္ေတာ့္ခံုရဲ႕ အစြန္းမွာ ထိုင္ရင္း လီကာရွင္း စာဖတ္ျပီးရင္ စတင္ဖုိ႔ အသင့္ျဖစ္ေနခဲ့ပါတယ္။

ဒါေပမယ့္ မစၥတာလီက ရုတ္တရက္ ကၽြန္ေတာ့္ဘက္လွည့္ျပီး “ဘယ္ေလာက္လဲ” လို႔ ေမးပါတယ္။

ကၽြန္ေတာ္က “ေဒၚလာ သန္း ၁၀၀” လို႔ ေျပာခဲ့တယ္။

သူက “စကၤာပူေဒၚလာလား၊ ေဟာင္ေကာင္ေဒၚလာလား” လို႔ ေမးေတာ့ ကၽြန္ေတာ္က “စကၤာပူ” လို႔ ျပန္ေျဖခဲ့ပါတယ္။

သူ မ်က္ေမွာင္ၾကံဳ႕ စဥ္းစားခဲ့တယ္။

ျပီးေတာ့ သူ႔လက္ေထာက္ Amy Au ဘယ္ကိုလွည့္ျပီး ကန္တံုစကားနဲ႔ ေျပာေနပါတယ္။

သူတို႔ ဘာေတြေျပာေနတယ္ဆိုတာ ကၽြန္ေတာ္မသိပါဘူး။

ကၽြန္ေတာ္ကေတာ့ သြားျပီလို႔ ထင္ခဲ့တယ္။

ဒါေပမယ့္ ၃ မိနစ္ေလာက္ၾကာေတာ့ မစၥတာလီက လက္ဆန္႔တန္းေပးျပီး ကၽြန္ေတာ့္ကို လက္ဆြဲႏႈတ္ဆက္ျပီး “အိုေက” လို႔ ေျပာပါတယ္။

ကၽြန္ေတာ့္ ေမ့လဲမတတ္ပါပဲ။

ဒီေလာက္ ျမန္ျမန္ သေဘာတူလိမ့္မယ္လို႔ ဘယ္တုန္းကမွ ထင္မထားခဲ့ပါဘူး။

၃ မိနစ္အတြင္းမွာ စကၤာပူေဒၚလာ သန္း ၁၀၀ ကၽြန္ေတာ္ ရွာႏိုင္ခဲ့ပါတယ္။ ေယးနဲ႔ ဟားဗတ္တုိ႔လို အထင္ကရ တကၠသိုလ္ၾကီးေတြေတာင္ ဒီေလာက္ ရန္ပံုေငြ ရဖို႔ဆုိရင္ လနဲ႔ခ်ီျပီး မဟုတ္ရင္ေတာင္ ရက္သတၱပတ္ေပါင္း မ်ားစြာ ၾကာပါတယ္။

လီကြမ္ယုဆီက စာသာမပါရင္ ဒီလိုျဖစ္မလာႏိုင္ဘူးဆိုတာ ရွင္းပါတယ္။

လီကာရွင္းဆီက အလွဴခံတာမွာ အခုလို ေအာင္ျမင္ခဲ့တာဟာ ကၽြန္ေတာ့္အတြက္ ေနာက္ထပ္ ရန္ပံုေငြေတြရွာဖုိ႔ ရဲေဆး တင္ေပးလိုက္တာပါပဲ။

လီကြမ္ယု ျပည္သူ႔ေရးရာ မူဝါဒေက်ာင္းရဲ႕ ၅ ႏွစ္ ျပည့္တဲ့အခ်ိန္မွာ ရန္ပံုေငြ စကၤာပူေဒၚလာ ၅ သန္းရွာဖို႔ ကၽြန္ေတာ္တုိ႔ ရည္မွန္းခဲ့တယ္။

ဒါေပမဲ့ စကၤာပူေဒၚလာ ၃၃ သန္းအထိ ရွာႏိုင္ခဲ့ပါတယ္။

မဟာဌာနမွဴးအျဖစ္ကေန ၂၀၁၇ ဒီဇင္ဘာမွာ ကၽြန္ေတာ္ အနားယူေတာ့ လီကြမ္ယု ျပည္သူ႔ေရးရာ မူဝါဒေက်ာင္းရဲ႕ ရန္ပံုေငြဟာ စကၤာပူေဒၚလာ သန္း ၅၀၀ ေက်ာ္အထိ ရွိေနပါျပီ။

ရန္ပံုေငြ ရွာရတဲ့အလုပ္ဟာ ခက္ခဲပါတယ္။

လူေတြကို သူတို႔ရဲ႕ေငြေတြ စြန္႔လႊတ္ေအာင္ ေျပာရတာ ဘယ္ေတာ့မွ မလြယ္ကူပါဘူး။

(Kishore Mahbubani ေရးသားေသာ 'Living the Asian Century: An Undiplomatic Memoir' စာအုပ္မ်က္ႏွာဖံုး။ ဓာတ္ပံု-PublicAffairs)

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: How Kishore Mahbubani got S$100 million in 3 minutes from Hong Kong’s richest man Li Ka-shing (msn)

Photo Credit- PublicAffairs, Li Ka Shing Foundation,

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service