တရားမမှုများတွင် ဇာရီမှုဖွင့်လှစ်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

တရားမမှုများတွင် ဇာရီမှုဖွင့်လှစ်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
24 Aug 2024 10:55 am တွင် တင်ခဲ့သည်
1534 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

တရားမမှုများတွင် တရားလိုမှ အနိုင်ဒီဂရီ အမိန့်တစ်ရပ်ရရှိပြီး ဖြစ်သော်လည်း တရာပြိုင်မှ ကြွေးမြီအား ပေးဆပ်ခြင်းမပြုလျှင် တရားမမှုအား အကောင်ဖော်ပေးရန် ဇာရီမှုဖွင့်လှစ် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ဒီကရီ ချမှတ်သော တရားရုံး၊ ဒီကရီ အတည်ပြုရန် ပေးပို့ခြင်းခံရသည့် တရားရုံးတို့မှ တရားမကျင့်ထုံး ဥပဒေပုဒ်မ-၃၈ အရ ဒီကရီအား အတည်ပြုပေးပြီး ဇာရီမှုဖွင့်လှစ် ဆောင်ရွက်ခြင်းပြုနိုင်သည်။

ဒီကရီချမှတ်အပြီး တရားရှုံးမှ တရားရုံးအမိန့်အတိုင်း ငွေပေးဆပ်လိုပါကလဲ ဒီကရီကို အတည်ပြုရန် တာဝန်ရှိသော တရားရုံး၊ တရားရုံးပြင်ပတွင် တရားနိုင်အား တရားရှုံးမှ ပေးဆပ်ခြင်းနှင့် တရားရုံးမှ ညွှန်ကြား ချက်အတိုင်း အခြားတနည်းနည်းဖြင့် ပေးဆပ်ခြင်းတို့ဖြင့် တရားရှုံးမှ လိုက်နာဆောင်ရွက်နိုင်ပါသည်။ ထို့ပြင်ဒီက ရီချမှတ်ပြီး(၆)လအတွင်းတွင် ဒီကရီငွေကို အရစ်ကျပေးဆပ်ရန် လျှောက်လွှာကို တရားရှုံးမှ တင်ပြလျှောက်ထား ခြင်း ပြုနိုင်ပါသည်။

ဇာရီမှုဖွင့်လှစ်ရန် အချိန်ကာလအားလဲ ဒီကရီချမှတ်ပြီး (၃)နှစ် သတ်မှတ်ထားပြီး ကာလစည်းကမ်းသတ် အက်ဥပဒေပထမဇယား တတိယပိုင်း အပိုဒ်- ၁၈၂ တွင်လဲ ကြည့်ရှုနိုင်ပါသည်။

ဇာရီမှု ဖွင့်လှစ်ရာတွင် တရားရုံးမှ သတ်မှတ်လျှောက်လွှာနှင့်အတူ အမိန့်-၂၁၊ နည်းဥပဒေ- ၁၁(၂)အရ လျှောက်ထားသူက လက်မှတ်ရေးထိုးခြင်း၊ တရားမမှုအမှတ်၊ အမှုသည်များ၏ အမည်များ၊ ဒီကရီချမှတ်သည့် ရက်စွဲ၊ အယူခံမှုရှိမရှိ၊ ဒီကရီချမှတ်ပြီးနောက် တရားရှုံးမှ တစ်စိတ်တစ်ဒေသ ပေးဆပ်ခဲ့ခြင်းရှိလျှင်၊ ယခင်က ဇာရီ ဖွင့်လှစ်လျှောက်ထားမှု ရှိမရှိ၊ အခြားသက်သာခွင့်များရှိလျှင် ၊ ဒီကရီချမှတ်ခြင်းခံရသော ပစ္စည်းအား ဝရမ်းကပ် ခြင်း၊ ရောင်းချခြင်း၊ ပစ္စည်းထိန်းခန့်ခြင်း၊ တရားမထောင်ချခြင်းများ အကြောင်းအသေးစိတ် ဖော်ပြရေးသား လျှောက်ထားရမည်ဖြစ်ပါသည်။

တရားလိုမှာ တရားရှုံးတစ်ဦးထက်ပို၍ အနိုင်ဒီကရီရရှိထားပါက ဇာရီမှုတွင် တရားရှုံးအားလုံးအပေါ် ဇာရီ မှု ဖွင့်လှစ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြဌာန်းချက်တော့မရှိပါ။ (ဦးကြီးဗြန်နှင့် မန်နေဂျာ၊ မြန်မာ့စီးပွားရေး ဘဏ်၊ မန္တလေးမြို့ (၁၉၈၁ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၆) ဇာရီမှုအတွင်း တရားရှုံးတစ်ဦး ကွယ်လွန်လျှင်လဲ ကျန်တရားရှုံးများအပေါ်တွင် ဇာရီမှုကို ဆက်လက် ဆောင်ရွက်ခွင့်ရှိပါသည်။ တရားရှုံးပိုင်ပစ္စည်းမှာ မြေဖြစ်ပြီး မရွှေ့မပြောင်းနိုင်သောပစ္စည်းအား ဝရမ်းကပ်ရန် လျှောက်ထားပါကလဲ တရားရုံးမှ နည်း-၁၂ ၊ နည်း-၁၄ပါ ပြဌာန်းချက်များအတိုင်း တရားရုံးမှ စီစစ်မည်ဖြစ်ပါသည်။ တရားရှုံးမှ ဒီကရီအား အတည်မပြုရန် ကန့်ကွက် လျှောက်ထားသည့်အခါတွင်လဲ အမိန့်-၂၁၊ နည်းဥပဒေ- ၂၃(၂) အရ တရားရုံးမှ သင့်လျော်သည့် အမိန့်ချမှတ်ပေးကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]


 











 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service