ဒေးဗစ်ကော့ပါးဖီးအား မန်ဟက်တန်ရှိ ၎င်းပိုင်သော penthouse ခန်း ဖျက်ဆီးမှုဖြင့် နယူးယောက်မြို့ ကွန်ဒိုဘုတ်အဖွဲ့က တရားစွဲ

ဒေးဗစ်ကော့ပါးဖီးအား မန်ဟက်တန်ရှိ ၎င်းပိုင်သော penthouse ခန်း ဖျက်ဆီးမှုဖြင့် နယူးယောက်မြို့ ကွန်ဒိုဘုတ်အဖွဲ့က တရားစွဲ - Property Knowledge in Myanmar from iMyanmarHouse.com
19 Aug 2024 12:24 pm တွင် တင်ခဲ့သည်
676 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ကမ္ဘာကျော် မျက်လှည့်ဆရာကြီး ဒေးဗစ်ကော့ပါးဖီးသည် နယူးယောက်မြို့တွင် ၎င်းပိုင်သော ကွန်ဒိုခန်းတစ်ခု အား ပျက်စီးစေရန် ပြုလုပ်ခဲ့သောကြောင့် ကွန်ဒိုဘုတ်အဖွဲ့က ပြန်လည်ပြင်ဆင်ရေးအတွက် ဒေါ်လာ ၂ ဒသမ ၅ သန်း ရလိုမှုဖြင့် တရားစွဲထားသည်။

Galleria ကွန်ဒိုမီနီယံ ဘုတ်အဖွဲ့က သြဂုတ်လ ၆ ရက်၊ အင်္ဂါနေ့တွင် တရားစွဲခဲ့ခြင်း ဖြစ်သည်။

Galleria ကွန်ဒိုမီနီယံသည် နယူးယောက်မြို့၊ အရှေ့ ၅၇ လမ်းတွင် တည်ရှိပြီး Luxury အထပ်မြင့် ကွန်ဒိုမီနီယံ ဖြစ်သည်။

ဒေးဗစ်ကော့ပါးဖီးသည် အဆိုပါကွန်ဒိုရှိ သူ၏အခန်းကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် စွန့်ပစ်ထား ခဲ့သည်ဟု ဆိုသည်။

တရားရုံးမှတ်တမ်းများတွင် ဖော်ပြချက်အရ အသက် ၆၇ နှစ်အရွယ်ရှိ ဒေးဗစ်ကော့ပါးဖီးသည် ယခုကွန်ဒိုခန်းကို ၁၉၉၇ ခုနှစ်တွင် ဝယ်ယူခဲ့ပြီး တစ်နှစ်အကြာတွင် နီဗားဒါးပြည်နယ်မှ ၎င်းပိုင်းကုမ္ပဏီဖြစ်သော Sky Tower ထံ ပိုင်ဆိုင်မှု လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ပြသည်။

ဒေးဗစ်ကော့ပါးဖီးသည် ကွန်ဒို၏ ၅၄ ထပ်မြောက်တွင် တည်ရှိသော သူ၏အသစ်စက်စက်အခန်းကို ပျက်စီး အောင် ပြုလုပ်ခဲ့ကြောင်း၊ ထိုအခန်းသည် ကွန်ဒိုတွင် အကြီးမားဆုံးအခန်းဖြစ်ကြောင်း၊ ထိုအခန်းအပြင် ကပ်လျက်အခန်းများနှင့် အဆောက်အအုံကို ထိခိုက်မှုများ ပြန်လည်ပြင်ဆင်ရန် ဒေါ်လာ ၂ ဒသမ ၅ သန်းခန့် ကုန်ကျမည်ဖြစ်ကြောင်း ကွန်ဒိုဘုတ်အဖွဲ့က စွပ်စွဲထားသည်။

 

(ဒေးဗစ်ကော့ပါးဖီး၏ အခန်းတွင် ပျက်စီးမှုများကို ဘုတ်အဖွဲ့က ချပြလာသောဓာတ်ပုံ။ ဓာတ်ပုံ-Supreme Court of the State of New York)

 

 ယင်းအခန်း၏ အခြေအနေသည် အဆောက်အအုံ၏ ထိန်းသိမ်းမွမ်းမံထားရှိရမည့် စည်းမျဉ်းများကို ချိုးဖောက် နေကြောင်း ဘုတ်အဖွဲ့က ပြောသည်။

ကွန်ဒိုဘုတ်အဖွဲ့က ချပြလာသော ဓာတ်ပုံများတွင် ထိုအခန်း၏ ဆိုးဆိုးရွားရွား ပျက်စီးနေသော ကော်ဇောများ၊ နံရံများ၊ မျက်နှာကြက်၊ ရေစိမ်ကန်နှင့် အခြားနေရာများစွာကို ဖော်ပြထားသည်။

သို့သော် ဒေးဗစ်ကော့ပါးဖီး၏ ကိုယ်စားလှယ်တစ်ဦးက ပြောသည်မှာမူ အဆိုပါ ဓာတ်ပုံများသည် ကွန်ဒိုခန်း၏ လက်ရှိအခြေအနေကို ရိုက်ကူးထားသော ပုံများမဟုတ်ကြောင်း ပြောသည်။

 

(နယူးယောက်မြို့မှ ကွန်ဒိုခန်းကို ဖျက်ဆီးမှုဖြင့် ဒေးဗစ်ကော့ပါးဖီး တရားစွဲခံထားရသည်။ ဓာတ်ပုံ-Supreme Court of the State of New York)

 

“တရားရုံးမှာ တင်ပြတဲ့ ဓာတ်ပုံတွေဟာ အခန်းရဲ့ လက်ရှိအနေအထားကို ရိုက်ကူးထားတာ မဟုတ်ပါဘူး။ ဒါက တရားရုံးကိစ္စပါ။ တရားရုံးမှာ ဖြေရှင်းသွားမှာ ဖြစ်ပါတယ်” ဟု ဒေးဗစ်ကော့ပါးဖီး၏ ကိုယ်စားလှယ်က People မဂ္ဂဇင်းသို့ ပြောသည်။

တရားရုံးတွင် ဘုတ်အဖွဲ့က ပြောထားသည်မှာ ဒေးဗစ်ကော့ပါးဖီး၏ ကွန်ဒိုခန်း ပျက်စီးမှုမှာ အပေါ်ယံ အတိုင်းအတာထက် ကျော်လွန်နေကြောင်း ပြောသည်။

 

(ဘုတ်အဖွဲ့က တင်ပြသော ဒေးဗစ်ကော့ပါးဖီးအခန်း ပျက်စီးနေမှု အခြေအနေ။ ဓာတ်ပုံ-Supreme Court of the State of New York)

 

 ဆိုးရွားသော ထိခိုက်ပျက်စီးမှုအနေဖြင့် ရေပိုက်လိုင်းဆိုင်ရာများ မပြုပြင်ဘဲ ထားရှိမှုမှာ ပျက်စီးမှု အခြေအနေ အလွန်ဆိုးရွာသော ကြောင့် အဆောက်အအုံ၏ ကွန်ကရစ် structure ကိုပါ အန္တရာယ်ဖြစ်နေကြောင်း တရားရုံးမှတ်တမ်းတွင် ဖော်ပြသည်။

(ဆက်စပ်သတင်း)

လူ ၁၃ ဦး ဖျောက်ပြသည့်ပြကွက်ကြောင့် တရားစွဲခံရသူ ဒေးဗစ်ကော့ပါးဖီး၏ စံအိမ်

https://www.imyanmarhouse.com/news/read/1014120

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: David Copperfield Sued by N.Y.C. Condo Board for Over $2.5M for Allegedly ‘Trashing' Manhattan Penthouse (people)

Photo Credit- Supreme Court of the State of New York; Gary Gershoff/Getty,

 

[Zawgyi]

ေဒးဗစ္ေကာ့ပါးဖီးအား မန္ဟက္တန္ရွိ ၎ပိုင္ေသာ penthouse ခန္း ဖ်က္ဆီးမႈျဖင့္ နယူးေယာက္ျမိဳ႕ ကြန္ဒိုဘုတ္အဖြဲ႔က တရားစြဲ

ကမၻာေက်ာ္ မ်က္လွည့္ဆရာၾကီး ေဒးဗစ္ေကာ့ပါးဖီးသည္ နယူးေယာက္ျမိဳ႕တြင္ ၎ပိုင္ေသာ ကြန္ဒိုခန္းတစ္ခု အား ပ်က္စီးေစရန္ ျပဳလုပ္ခဲ့ေသာေၾကာင့္ ကြန္ဒိုဘုတ္အဖြဲ႔က ျပန္လည္ျပင္ဆင္ေရးအတြက္ ေဒၚလာ ၂ ဒသမ ၅ သန္း ရလိုမႈျဖင့္ တရားစြဲထားသည္။

Galleria ကြန္ဒိုမီနီယံ ဘုတ္အဖြဲ႔က ၾသဂုတ္လ ၆ ရက္၊ အဂၤါေန႔တြင္ တရားစြဲခဲ့ျခင္း ျဖစ္သည္။

Galleria ကြန္ဒိုမီနီယံသည္ နယူးေယာက္ျမိဳ႕၊ အေရွ႕ ၅၇ လမ္းတြင္ တည္ရွိျပီး Luxury အထပ္ျမင့္ ကြန္ဒိုမီနီယံ ျဖစ္သည္။

ေဒးဗစ္ေကာ့ပါးဖီးသည္ အဆိုပါကြန္ဒိုရွိ သူ၏အခန္းကို ဖ်က္ဆီးမႈမ်ား ျပဳလုပ္ခဲ့ျပီး ၂၀၁၈ ခုႏွစ္တြင္ စြန္႔ပစ္ထား ခဲ့သည္ဟု ဆိုသည္။

တရားရံုးမွတ္တမ္းမ်ားတြင္ ေဖာ္ျပခ်က္အရ အသက္ ၆၇ ႏွစ္အရြယ္ရွိ ေဒးဗစ္ေကာ့ပါးဖီးသည္ ယခုကြန္ဒိုခန္းကို ၁၉၉၇ ခုႏွစ္တြင္ ဝယ္ယူခဲ့ျပီး တစ္ႏွစ္အၾကာတြင္ နီဗားဒါးျပည္နယ္မွ ၎ပိုင္းကုမၸဏီျဖစ္ေသာ Sky Tower ထံ ပိုင္ဆိုင္မႈ လႊဲေျပာင္းေပးခဲ့ေၾကာင္း ေဖာ္ျပသည္။

ေဒးဗစ္ေကာ့ပါးဖီးသည္ ကြန္ဒို၏ ၅၄ ထပ္ေျမာက္တြင္ တည္ရွိေသာ သူ၏အသစ္စက္စက္အခန္းကို ပ်က္စီး ေအာင္ ျပဳလုပ္ခဲ့ေၾကာင္း၊ ထုိအခန္းသည္ ကြန္ဒိုတြင္ အၾကီးမားဆံုးအခန္းျဖစ္ေၾကာင္း၊ ထိုအခန္းအျပင္ ကပ္လ်က္အခန္းမ်ားႏွင့္ အေဆာက္အအံုကို ထိခိုက္မႈမ်ား ျပန္လည္ျပင္ဆင္ရန္ ေဒၚလာ ၂ ဒသမ ၅ သန္းခန္႔ ကုန္က်မည္ျဖစ္ေၾကာင္း ကြန္ဒိုဘုတ္အဖြဲ႔က စြပ္စြဲထားသည္။

(ေဒးဗစ္ေကာ့ပါးဖီး၏ အခန္းတြင္ ပ်က္စီးမႈမ်ားကို ဘုတ္အဖြဲ႔က ခ်ျပလာေသာဓာတ္ပံု။ ဓာတ္ပံု-Supreme Court of the State of New York)

ယင္းအခန္း၏ အေျခအေနသည္ အေဆာက္အအံု၏ ထိန္းသိမ္းမြမ္းမံထားရွိရမည့္ စည္းမ်ဥ္းမ်ားကို ခ်ဳိးေဖာက္ ေနေၾကာင္း ဘုတ္အဖြဲ႔က ေျပာသည္။

ကြန္ဒိုဘုတ္အဖြဲ႔က ခ်ျပလာေသာ ဓာတ္ပံုမ်ားတြင္ ထိုအခန္း၏ ဆိုးဆိုးရြားရြား ပ်က္စီးေနေသာ ေကာ္ေဇာမ်ား၊ နံရံမ်ား၊ မ်က္ႏွာၾကက္၊ ေရစိမ္ကန္ႏွင့္ အျခားေနရာမ်ားစြာကို ေဖာ္ျပထားသည္။

သို႔ေသာ္ ေဒးဗစ္ေကာ့ပါးဖီး၏ ကိုယ္စားလွယ္တစ္ဦးက ေျပာသည္မွာမူ အဆိုပါ ဓာတ္ပံုမ်ားသည္ ကြန္ဒိုခန္း၏ လက္ရွိအေျခအေနကို ရိုက္ကူးထားေသာ ပံုမ်ားမဟုတ္ေၾကာင္း ေျပာသည္။

(နယူးေယာက္ျမိဳ႕မွ ကြန္ဒိုခန္းကို ဖ်က္ဆီးမႈျဖင့္ ေဒးဗစ္ေကာ့ပါးဖီး တရားစြဲခံထားရသည္။ ဓာတ္ပံု-Supreme Court of the State of New York)

“တရားရံုးမွာ တင္ျပတဲ့ ဓာတ္ပံုေတြဟာ အခန္းရဲ႕ လက္ရွိအေနအထားကို ရုိက္ကူးထားတာ မဟုတ္ပါဘူး။ ဒါက တရားရံုးကိစၥပါ။ တရားရံုးမွာ ေျဖရွင္းသြားမွာ ျဖစ္ပါတယ္” ဟု ေဒးဗစ္ေကာ့ပါးဖီး၏ ကိုယ္စားလွယ္က People မဂၢဇင္းသို႔ ေျပာသည္။

တရားရံုးတြင္ ဘုတ္အဖြဲ႔က ေျပာထားသည္မွာ ေဒးဗစ္ေကာ့ပါးဖီး၏ ကြန္ဒိုခန္း ပ်က္စီးမႈမွာ အေပၚယံ အတိုင္းအတာထက္ ေက်ာ္လြန္ေနေၾကာင္း ေျပာသည္။

(ဘုတ္အဖြဲ႔က တင္ျပေသာ ေဒးဗစ္ေကာ့ပါးဖီးအခန္း ပ်က္စီးေနမႈ အေျခအေန။ ဓာတ္ပံု-Supreme Court of the State of New York)

ဆိုးရြားေသာ ထိခိုက္ပ်က္စီးမႈအေနျဖင့္ ေရပုိက္လိုင္းဆိုင္ရာမ်ား မျပဳျပင္ဘဲ ထားရွိမႈမွာ ပ်က္စီးမႈ အေျခအေန အလြန္ဆုိးရြာေသာ ေၾကာင့္ အေဆာက္အအံု၏ ကြန္ကရစ္ structure ကိုပါ အႏၱရာယ္ျဖစ္ေနေၾကာင္း တရားရံုးမွတ္တမ္းတြင္ ေဖာ္ျပသည္။

(ဆက္စပ္သတင္း)

လူ ၁၃ ဦး ေဖ်ာက္ျပသည့္ျပကြက္ေၾကာင့္ တရားစြဲခံရသူ ေဒးဗစ္ေကာ့ပါးဖီး၏ စံအိမ္

https://www.imyanmarhouse.com/news/read/1014120

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: David Copperfield Sued by N.Y.C. Condo Board for Over $2.5M for Allegedly ‘Trashing' Manhattan Penthouse (people)

Photo Credit- Supreme Court of the State of New York; Gary Gershoff/Getty,

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
Magical World
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service