မြေကွက် အတည်ပြုတိုင်းခွဲ / ပေါင်းခွဲ၊ မြေကွက်ခွဲစိတ်ခြင်းအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ဖော်ပြပေးလိုက်ပါသည်။

မြေကွက် အတည်ပြုတိုင်းခွဲ / ပေါင်းခွဲ၊ မြေကွက်ခွဲစိတ်ခြင်းအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
28 Jul 2024 12:13 pm တွင် တင်ခဲ့သည်
721 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

မြေအမျိုးအစား ဂရန်မြေ၊ မြေပိုင်မြေ၊ ဘိုးဘွားပိုင်မြေ၊ B လ/န ၃(ခ) မြေ၊ B လ/န ၃၉ မြေ၊ ၃(က) ဝန်ခံချက် လက်မှတ်ရရှိပြီးမြေ၊ ၃(ခ) ရရှိပြီး (အိမ်ယာမြေ)တို့အား မြေကွက်ခွဲစိတ်ခြင်းအတွက် လျှောက်ထားခြင်း ပြုနိုင်ပါသည်။

မြေကွက်များမှာ တစ်ဦးတည်း မြေကွက်အမည်ပေါက်ခြင်းမဟုတ်ဘဲ အများအမည်ပေါက် မြေကွက်အ သီးသီးအားလဲ အမည်ပေါက်သူများမှာ ပေါင်းစည်း၍ အတည်ပြုတိုင်းခွဲ (သို့မဟုတ်) ခွဲစိတ်၍ အတည်ပြုတိုင်းခွဲ ဆောင်ရွက်နိုင်ပါသည်။ မြေကွက်တစ်ကွက်လုံးမဟုတ်ဘဲ အစိတ်အပိုင်းသာ မှတ်ပုံတင်စာချုပ်ဖြင့် ဝယ်ယူပိုင်ဆိုင် သူများမှလဲ ၎င်းပိုင်မြေအစိတ်အပိုင်းကို တဖက်သတ် အတည်ပြုတိုင်းခွဲ လျှောက်ထားကာ မြေကွက်ခွဲစိတ်ခြင်း ပြုနိုင်ပါသည်။ မြေအမျိုးအစားတူညီပြီး ဦးပိုင်မတူညီပါကလဲ မြေကွက်အစိတ်အပိုင်းများကို အတည်ပြုတိုင်းခွဲ ပေါင်းစည်းခွဲစိတ်ခြင်းလဲ ပြုနိုင်ပါသည်။

ခွဲစိတ်မြေပုံလျှောက်ထားခြင်းပြုရာတွင်

- မြေငှားဂရန်၊ မှတ်ပုံတင် ပိုင်ဆိုင်မှု စာချုပ်စာတမ်းများ မူရင်းမိတ္တူ၊

- တရားရုံးမှာ မြေပိုင်ဆိုင်မှုနှင့်ပတ်သတ်ပြီး အမိန့်တစ်ရပ်ရပ်ချမှတ်ပေးထားခြင်းရှိလျှင် မူရင်းမိတ္တူ၊

- လျှောက်ထားသူ၏ မှတ်ပုံတင် မူရင်းမိတ္တူ၊

- နောက်ဆုံးပေးဆောင်ထားသော မြေခွန်ပြေစာမရှိလျှင် မြေငှားခကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံ ချက် မူရင်းမိတ္တူ၊

- မြေတိုင်းတာခြင်း မြေပုံမိတ္တူ (တစ်နှစ်အတွင်း မှန်ကန်ကြောင်း သက်သေခံမြေပုံ)တို့အပြင် လိုင်စင်ရ အင်ဂျင်နီယာမှ ရေးဆွဲပေးထားသည့် အသေးစိတ်တွက်ချက်မှု၊ မြေကွက်ခွဲစိတ်အတည်ပြု ပုံစံ-၃ စုံ အား မြေကွက်ခွဲစိတ် လျှောက်ထားသူမှ လက်မှတ်ရေးထိုးပြီး တင်ပြလျှောက်ထားနိုင်ရပါမည်။

ခွဲစိတ်ဂရန်လျှောက်ထားမည့် မြေကွက်၏စုစုပေါင်း အကျယ်အဝန်းမှာ ၁၂၀၀ စတုရန်းပေအ နည်းဆုံးရှိရပါမည်။ ဂရန်မြေအမျိုးအစားမဟုတ်ဘဲ အခြားလူနေထိုင်ခွင့် ခွင့်ပြုမြေအမျိုးအစား ဖြစ်ပါက ၁၂၀၀ စတုရန်းပေ မပြည့်လဲ မြေကွက်အား ခွဲစိတ်ခြင်းပြုနိုင်ပါသည်။ ခွဲစိတ်မည့် မြေကွက်သည် မျက်နှာ စာအနည်းဆုံးပေ (၂၀) ရှိရမည်ဖြစ်ကာ တဖက်မှ ခွဲစိတ်ပြီး ကျန်ရှိမည့် မြေကွက်မှာလဲ အနည်းဆုံး မျက်နှာစာပေ (၂၀)ကျန်ရှိမှ မြေကွက်ခွဲစိတ်ခြင်း ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ခွဲစိတ်မြေကွက်သို့ အဝင်အထွက် အများပိုင်လမ်း မရှိပါက ကိုယ်ပိုင်လမ်းအသုံးပြုရန် စည်ပင်မှ သတ်မှတ်ပေအတိုင်း မြေကွက်ခွဲစိတ် လျှောက်ထားသူမှ မြေချန်လှပ်ပေးရပါမည်။

မြေသိမ်းမှတ်ချက်ရှိမရှိ၊ မြေတန်ဘိုးဖြတ် မှတ်ချက်၊ တရားရုံးတားဝရမ်း၊ ဘဏ်ကန့်ကွက်ချက် နှင့် အခြားကန့်ကွက်ချက်များ၊ ဂရန်စည်းကမ်းပျက် ရှိမရှိ စစ်ဆေးမှုပြုပြီး အရှုပ်အရှင်း တစ်စုံတစ်ရာ မရှိမှသာ မြေကွက်ခွဲစိတ် အတည်ပြုပုံစံ(၁)စုံနှင့် မြေကွက်ခွဲစိတ်တိုင်းတာသည့် မြေပုံကိုဌာနမှ ထုတ်ပေး မည်ဖြစ်ပါသည်။

ဌာနမှ မြေကွက်အား ကွင်းဆင်းတိုင်းတာသည့်အခါ စုစုပေါင်းဧရိယာမှာ မြေစာရင်းမှတ်ချက် များအတိုင်း ကိုက်ညီမှုရှိရန်လဲ လိုပါသည်။အဆောက်အအုံရှိလျှင် မြေကွက်ခွဲစိတ်မျဉ်းများနှင့် လွတ်ကင်း မှုရှိမှသာ မြေကွက် ခွဲစိတ်ခြင်းကို ဌာနမှ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

အထက်ဖော်ပြပါ အချက်အလက်များ ပြည့်စုံကိုက်ညီမှုရှိမှသာ အတည်ပြု တိုင်းခွဲ/ပေါင်းခွဲ မြေကွက်ခွဲစိတ်ခြင်းအား ဌာနမှ အတည်ပြုခွင့်ပြုပေးမည်ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ေျမကြက္ အတည္ျပဳတိုင္းခြဲ / ေပါင္းခြဲ၊ ေျမကြက္ခြဲစိတ္ျခင္းအေၾကာင္းကို ဥပေဒဗဟုသုတအေနျဖင့္ ေဖာ္ျပေပးလိုက္ပါသည္။

 

ေျမအမ်ိဳးအစား ဂရန္ေျမ၊ ေျမပိုင္ေျမ၊ ဘိုးဘြားပိုင္ေျမ၊ B လ/န ၃(ခ) ေျမ၊ B လ/န ၃၉ ေျမ၊ ၃(က) ဝန္ခံခ်က္ လက္မွတ္ရ႐ွိၿပီးေျမ၊ ၃(ခ) ရ႐ွိၿပီး (အိမ္ယာေျမ)တို႔အား ေျမကြက္ခြဲစိတ္ျခင္းအတြက္ ေလွ်ာက္ထားျခင္း ျပဳႏိုင္ပါသည္။

ေျမကြက္မ်ားမွာ တစ္ဦးတည္း ေျမကြက္အမည္ေပါက္ျခင္းမဟုတ္ဘဲ အမ်ားအမည္ေပါက္ ေျမကြက္အ သီးသီးအားလဲ အမည္ေပါက္သူမ်ားမွာ ေပါင္းစည္း၍ အတည္ျပဳတိုင္းခြဲ (သို႔မဟုတ္) ခြဲစိတ္၍ အတည္ျပဳတိုင္းခြဲ ေဆာင္႐ြက္ႏိုင္ပါသည္။ ေျမကြက္တစ္ကြက္လုံးမဟုတ္ဘဲ အစိတ္အပိုင္းသာ မွတ္ပုံတင္စာခ်ဳပ္ျဖင့္ ဝယ္ယူပိုင္ဆိုင္ သူမ်ားမွလဲ ၎ပိုင္ေျမအစိတ္အပိုင္းကို တဖက္သတ္ အတည္ျပဳတိုင္းခြဲ ေလွ်ာက္ထားကာ ေျမကြက္ခြဲစိတ္ျခင္း ျပဳႏိုင္ပါသည္။ ေျမအမ်ိဳးအစားတူညီၿပီး ဦးပိုင္မတူညီပါကလဲ ေျမကြက္အစိတ္အပိုင္းမ်ားကို အတည္ျပဳတိုင္းခြဲ ေပါင္းစည္းခြဲစိတ္ျခင္းလဲ ျပဳႏိုင္ပါသည္။

ခြဲစိတ္ေျမပုံေလွ်ာက္ထားျခင္းျပဳရာတြင္

- ေျမငွားဂရန္၊ မွတ္ပုံတင္ ပိုင္ဆိုင္မႈ စာခ်ဳပ္စာတမ္းမ်ား မူရင္းမိတၱဴ၊

- တရား႐ုံးမွာ ေျမပိုင္ဆိုင္မႈႏွင့္ပတ္သတ္ၿပီး အမိန္႔တစ္ရပ္ရပ္ခ်မွတ္ေပးထားျခင္း႐ွိလွ်င္ မူရင္းမိတၱဴ၊

- ေလွ်ာက္ထားသူ၏ မွတ္ပုံတင္ မူရင္းမိတၱဴ၊

- ေနာက္ဆုံးေပးေဆာင္ထားေသာ ေျမခြန္ေျပစာမ႐ွိလွ်င္ ေျမငွားခေႂကြးက်န္ကင္း႐ွင္းေၾကာင္း ေထာက္ခံ ခ်က္ မူရင္းမိတၱဴ၊

- ေျမတိုင္းတာျခင္း ေျမပုံမိတၱဴ (တစ္ႏွစ္အတြင္း မွန္ကန္ေၾကာင္း သက္ေသခံေျမပုံ)တို႔အျပင္ လိုင္စင္ရ အင္ဂ်င္နီယာမွ ေရးဆြဲေပးထားသည့္ အေသးစိတ္တြက္ခ်က္မႈ၊ ေျမကြက္ခြဲစိတ္အတည္ျပဳ ပုံစံ-၃ စုံ အား ေျမကြက္ခြဲစိတ္ ေလွ်ာက္ထားသူမွ လက္မွတ္ေရးထိုးၿပီး တင္ျပေလွ်ာက္ထားႏိုင္ရပါမည္။

ခြဲစိတ္ဂရန္ေလွ်ာက္ထားမည့္ ေျမကြက္၏စုစုေပါင္း အက်ယ္အဝန္းမွာ ၁၂၀၀ စတုရန္းေပအ နည္းဆုံး႐ွိရပါမည္။ ဂရန္ေျမအမ်ိဳးအစားမဟုတ္ဘဲ အျခားလူေနထိုင္ခြင့္ ခြင့္ျပဳေျမအမ်ိဳးအစား ျဖစ္ပါက ၁၂၀၀ စတုရန္းေပ မျပည့္လဲ ေျမကြက္အား ခြဲစိတ္ျခင္းျပဳႏိုင္ပါသည္။ ခြဲစိတ္မည့္ ေျမကြက္သည္ မ်က္ႏွာ စာအနည္းဆုံးေပ (၂၀) ႐ွိရမည္ျဖစ္ကာ တဖက္မွ ခြဲစိတ္ၿပီး က်န္႐ွိမည့္ ေျမကြက္မွာလဲ အနည္းဆုံး မ်က္ႏွာစာေပ (၂၀)က်န္႐ွိမွ ေျမကြက္ခြဲစိတ္ျခင္း ေဆာင္႐ြက္ႏိုင္မည္ျဖစ္ပါသည္။ ခြဲစိတ္ေျမကြက္သို႔ အဝင္အထြက္ အမ်ားပိုင္လမ္း မ႐ွိပါက ကိုယ္ပိုင္လမ္းအသုံးျပဳရန္ စည္ပင္မွ သတ္မွတ္ေပအတိုင္း ေျမကြက္ခြဲစိတ္ ေလွ်ာက္ထားသူမွ ေျမခ်န္လွပ္ေပးရပါမည္။

ေျမသိမ္းမွတ္ခ်က္႐ွိမ႐ွိ၊ ေျမတန္ဘိုးျဖတ္ မွတ္ခ်က္၊ တရား႐ုံးတားဝရမ္း၊ ဘဏ္ကန္႔ကြက္ခ်က္ ႏွင့္ အျခားကန္႔ကြက္ခ်က္မ်ား၊ ဂရန္စည္းကမ္းပ်က္ ႐ွိမ႐ွိ စစ္ေဆးမႈျပဳၿပီး အ႐ႈပ္အ႐ွင္း တစ္စုံတစ္ရာ မ႐ွိမွသာ ေျမကြက္ခြဲစိတ္ အတည္ျပဳပုံစံ(၁)စုံႏွင့္ ေျမကြက္ခြဲစိတ္တိုင္းတာသည့္ ေျမပုံကိုဌာနမွ ထုတ္ေပး မည္ျဖစ္ပါသည္။

ဌာနမွ ေျမကြက္အား ကြင္းဆင္းတိုင္းတာသည့္အခါ စုစုေပါင္းဧရိယာမွာ ေျမစာရင္းမွတ္ခ်က္ မ်ားအတိုင္း ကိုက္ညီမႈ႐ွိရန္လဲ လိုပါသည္။အေဆာက္အအုံ႐ွိလွ်င္ ေျမကြက္ခြဲစိတ္မ်ဥ္းမ်ားႏွင့္ လြတ္ကင္း မႈ႐ွိမွသာ ေျမကြက္ ခြဲစိတ္ျခင္းကို ဌာနမွ ဆက္လက္ေဆာင္႐ြက္ေပးမည္ျဖစ္ပါသည္။

အထက္ေဖာ္ျပပါ အခ်က္အလက္မ်ား ျပည့္စုံကိုက္ညီမႈ႐ွိမွသာ အတည္ျပဳ တိုင္းခြဲ/ေပါင္းခြဲ ေျမကြက္ခြဲစိတ္ျခင္းအား ဌာနမွ အတည္ျပဳခြင့္ျပဳေပးမည္ျဖစ္ေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသား ေဖာ္ျပလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
imyanmarmarket
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service