ပဋိဉာဉ်စာချုပ်တွင် သိရှိလိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

ပဋိဉာဉ်စာချုပ်တွင် သိရှိလိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
20 Jul 2024 10:43 am တွင် တင်ခဲ့သည်
640 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

ပဋိဉာဉ်တစ်ခုပြုရာတွင် စာချုပ်ချုပ်ဆိုသူများမှာ ပဋိဉာဉ်ပြုနိုင်သည့် အရည်အချင်းရှိရမည်ဖြစ်ကာ သက် ဆိုင်ရာဥပဒေအရ တရားဝင်အရွယ်ရောက်သူ ဖြစ်ရပါမည်။ ပဋိဉာဉ်စာချုပ်ချုပ်ဆိုသူများသည် ဥပဒေနှင့်ညီညွှတ်သော ရည်ရွယ်ချက်၊ လွတ်လပ်သော သဘောတူညီချက်နှင့် အဖိုးစားနားရှိရန်လဲ လိုအပ်ပါသည်။

ညီညွတ်သည်သဘောဆန္ဒ စာချုပ်ချုပ်ဆိုသူများရှိရန် လိုသည်ဆိုခြင်းမှာလဲ နှစ်ဦးနှစ်ဦးထက်ပိုသူများက ထပ်တူထပ်မျှ အကြောင်းအရာတစ်ခုအပေါ် ညီညွှတ်မှုရှိကြခြင်းဖြစ်သည်။

အနိုင်အထက်ပြုခြင်း၊ မတရားဩဇာ သုံးခြင်း၊ လိမ်လည်ခြင်း၊ အလွဲပြောဆိုခြင်းကြောင့် သဘောတူညီခြင်းဖြစ်ကာ စာချုပ်ချုပ်ဆိုခြင်းဖြစ်ပါက စာချုပ်မှာ ပျက်ပြယ်မည်ဖြစ်ပါသည်။

ပဋိဉာဉ်ချုပ်ဆိုသူများသည် စာချုပ်ပါ အချက်အလက်များအား နားလည်သဘောပေါက်သည့်သူ၊ စိတ် ဖောက်ပြန်တတ်သူဖြစ်ပါက စိတ်အခြေအနေ တည်ငြိမ်ကာ အကျိုးစီးပွားအား စဉ်းစားဆုံးဖြတ်နိုင်သည့် အချိန်အခါမျိုးတွင် စာချုပ်ချုပ်ဆိုခြင်းဖြစ်လျှင် အတည်ဖြစ်ပါသည်။ အရွယ်မရောက်သေးသူနှင့် တိုက်ရိုက်ချုပ်ဆိုလျှင် စာချုပ်မှာ ပျက်ပြယ်ပြီး အရွယ်မရောက်သေးပါက တရားရုံးအမိန့်ဖြင့် အုပ်ထိန်းသူခန့်အပ်ကာ တရားဝင်အုပ် ထိန်းသူမှ အရွယ်မရောက်သေးသူ ကိုယ်စားပဋိဉာဉ် စာချုပ်များ ချုပ်ဆိုရမည်ဖြစ်ပါသည်။

စာချုပ်ပဋိဉာဉ်တစ်ရပ်ချုပ်ဆိုသည့်အခါ စာဖြင့် ရေးသား ချုပ်ဆိုရမည်ဖြစ်ကာ အဆိုပါစာတွင်ပါရှိသည့် အဓိပ္ပာယ်များအတိုင်းသာ လိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ သက်သေခံဥပဒေပုဒ်မ - ၉၂ အရ စာဖြင့် ရေးသားချုပ်ဆိုပြီး ပဋိဉာဉ်ရှိလျှင် နှုတ်သက်သေခံချက်ကို လက်ခံခြင်းမပြုရကြောင်း ဖော်ပြထားပြီးဖြစ်ပါသည်။

ပစ္စည်းလွှဲပြောင်းခြင်းဥပဒေတွင်လဲ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို လွှဲပြောင်းရောင်းချသည့်အခါတိုင်း ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ မေတ္တာဖြင့် ပေးကမ်းခြင်းကိစ္စရပ်များကို စာဖြင့် ရေးသားထားခြင်း ပြုမှသာ အတည်ဖြစ်ကြောင်း ဖော်ပြထားပြီးဖြစ်ပါသည်။ ချုပ်ဆိုပြီးသော ပဋိဉာဉ်၏ အချိန်ကာလသတ်မှတ် ချက်အား ထပ်မံတိုးချဲ့လိုပါက စာဖြင့်ရေးသားကာ ဝန်ခံကတိပြုချက်စာချုပ်ချုပ်ဆိုကာ ပြင်ဆင်မှု ပြုလုပ်ရ မည်ဖြစ်ပါသည်။

ထို့ပြင် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများအား တရားဝင်လွှဲပြောင်းခြင်းပြုသည့်အတိုင်း ပဋိဉာဉ်ဥပဒေ နှင့်အညီ မှတ်ပုံတင်စာချုပ်စာတမ်း ပြုလုပ်ထားမှသာ တရားဝင်မည်ဖြစ်ပါသည်။

အပေါင်ပစ္စည်းစာချုပ်နှင့် ကိတ္ထိမသားသမီးမွေးစားခြင်း စာချုပ်များအားလဲ အနည်းဆုံးအသိသက်သေ နှစ်ဦးရှေ့တွင် လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုရမည်ဖြစ်ကာ မှတ်ပုံတင်စာချုပ်ချုပ်ဆိုရမည်ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]


 














နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service