ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ အပြန်အလှန်ပေးခဲ့သော ထူးခြားသည့် လက်ဆောင်များ

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ အပြန်အလှန်ပေးခဲ့သော ထူးခြားသည့် လက်ဆောင်များ - Property News in Myanmar from iMyanmarHouse.com
26 Jun 2024 1:25 pm တွင် တင်ခဲ့သည်
622 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် မြောက်ကိုရီးယားသို့ အလည်အပတ် သွားရောက်ခဲ့ရာ ပြုံယမ်းမြို့တော်တွင် မြင်းဖြူကြီးများ၊ ပူဖောင်းများ၊ ကြီးမားသော ပိုစတာကြီးများနှင့် ခမ်းနားထည်ဝါစွာ ကြိုဆိုခြင်း ခံခဲ့ရသည်။

မြောက်ကိုရီးယားသို့ ရာစုနှစ်၏ ၄ ပုံ ၁ ပုံကာလအတွင်း ရုရှားခေါင်းဆောင်တို့၏ ပထမဆုံး ခရီးစဉ်လည်း ဖြစ်သည်။

သမ္မတပူတင်အား မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြုံးရွှင်စွာ ပွေ့ဖက်ကြိုဆိုခဲ့ပြီး လက်ဖက်ရည် ပါတီပွဲနှင့် ဂုဏ်ပြုညစာစားပွဲတို့ဖြင့် ဧည့်ခံခဲ့သည်။

ခေါင်းဆောင် ၂ ဦးတည်း ၂ နာရီခန့် စကားပြောခဲ့ကြကြောင်း ဗြိတိန်အခြေစိုက် Express သတင်းဌာနက ဖော်ပြသည်။

ပြုံယမ်းမြို့တော် အပြင်ဘက်ရှိ Suan နိုင်ငံတကာလေဆိပ်တွင် စာတန်းတစ်ခု ချိတ်ဆွဲထားရာ “မြောက်ကိုရီးယားနှင့် ရုရှားအကြား မိတ်သင်္ဂဟ ဖြစ်မှုမှာ ထာဝရ ဖြစ်သည်”ဟု ရေးသားထားသည်။

အခြားစာတန်းတစ်ခုတွင်မူ “ရဲဘော် ရုရှားသမ္မတကြီး ဗလာဒီမာ ဗလာဒီမီရိုဗစ်ချ် ပူတင်အား လှိုက်လှဲစွာ ကြိုဆိုပါ၏” ဟု ရေးသားထားသည်။

 

(သမ္မတပူတင်သည် ပြုံယမ်းမြို့တော်တွင် မြင်းဖြူကြီးများ၊ ပူဖောင်းများ၊ ကြီးမားသော ပိုစတာကြီးများနှင့် ခမ်းနားထည်ဝါစွာ ကြိုဆိုခြင်း ခံခဲ့ရသည်။ ဓာတ်ပုံ-Getty)

 

၁၉၈၇ ခုနှစ်ကတည်းက စတင်ဆောက်လုပ်ခဲ့ကာ ယနေ့တိုင် ဆောက်လုပ်နေဆဲ အခြေအနေတွင်သာ ရှိသေးသော ၁၀၅ ထပ် မြင့်မားသည့် ပိရမစ်ပုံ မိုးမျှော်တိုက်ကြီးကို LED မီးများဖြင့် “သမ္မတကြီး ပူတင်အား ကြိုဆိုပါသည်။” “မိတ်သင်္ဂဟ” ဟူသော စာတန်းများ ပုံဖော်ထားသည်။

သမ္မတပူတင်က ကင်ဂျုံအန်အား ရုရှားထုတ် Aurus Limousine တစ်စီး လက်ဆောင်ပေးခဲ့ကြောင်း ရုရှား နိုင်ငံပိုင် သတင်းဌာနက ဖော်ပြသည်။

နှစ်နိုင်ငံခေါင်းဆောင်တို့ကို ကားထဲတွင် အတူတွေ့ရပြီး သမ္မတပူတင်မှာ ယာဉ်မောင်းခုံတွင် ရှိနေသည်။

သို့သော် ထိုကားမှာ ကင်ဂျုံအန်အား လက်ဆောင်ပေးခဲ့သော ကားဟုတ်မဟုတ် မသိရကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း သမ္မတပူတင်က ကင်ဂျုံအန်အား ရုရှားထုတ် Aurus တစ်စီး လက်ဆောင်ပေးခဲ့ဖူးသေးသည်။

ထိုကားသည် ရုရှားသမ္မတတို့ စီးနင်းသော ကားအမျိုးအစား ဖြစ်သည်။

သမ္မတ ပူတင်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အား အလွန်လှပသော လဘက်ရည်အိုးတစ်စုံ လည်း လက်ဆောင်ပေးခဲ့ကြောင်း ရုရှား၏ နိုင်ငံပိုင် TASS သတင်းအေဂျင်စီက ဖော်ပြသည်။

 

(သမ္မတပူတင်က ကင်ဂျုံအန်အား တန်ဖိုးကြီး Aurus limousine တစ်စီး လက်ဆောင်ပေးခဲ့သည်။ သမ္မတ ပူတင်ကို ယာဉ်မောင်းခုံတွင် တွေ့ရပုံ။ ဓာတ်ပုံ-Getty)

 

ရုရှားသမ္မတရုံးလက်ထောက်တစ်ဦးဖြစ်သူ Yuri Ushakov ၏ ပြောကြားချက်အရ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ကလည်း သမ္မတပူတင်အား လက်ဆောင်များ ပေးခဲ့ကြောင်း၊ ထိုလက်ဆောင်များတွင် သမ္မတပူတင်နှင့် ပတ်သက်သော ပန်းချီကားတစ်ချပ်လည်း ပါဝင်ပြီး အလွန်လက်ရာကောင်းကြောင်း ပြောသည်။

အေပီသတင်းတစ်ရပ်တွင် ဖော်ပြချက်အရ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် သမ္မတ ပူတင်ကို Pungsan ခွေးတစ်စုံလည်း လက်ဆောင်ပေးခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန KCNA ၏ ထုတ်ပြန်ချက်ကို ကိုးကားဖော်ပြသည်။

မြောက်ကိုရီးယားနိုင်ငံပိုင် ရုပ်သံဌာန Korean Central Television တွင် ထုတ်လွှင့်ခဲ့သော ဗွီဒီယိုဖိုင်အရ ကင်ဂျုံအန်နှင့် သမ္မတပူတင်တို့သည် နှင်းဆီပန်းများ လွှမ်းသော ခြံစည်းရိုးတစ်ခုနှင့် ကပ်ချည်ထားသည့် ခွေးများကို ကြည့်ရှုနေကြပုံ တွေ့ရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The bizarre list of gifts exchanged between Putin and Kim Jong Un - from tea set to limo (express, nbcnews)

Photo Credit: Getty

 

 

[Zawgyi]

ရုရွားသမၼတ ဗလာဒီမာပူတင္ႏွင့္ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအန္တို႔ အျပန္အလွန္ေပးခဲ့ေသာ ထူးျခားသည့္ လက္ေဆာင္မ်ား

ရုရွားသမၼတ ဗလာဒီမာပူတင္သည္ ေျမာက္ကိုရီးယားသို႔ အလည္အပတ္ သြားေရာက္ခဲ့ရာ ျပံဳယမ္းျမဳိ႕ေတာ္တြင္ ျမင္းျဖဴၾကီးမ်ား၊ ပူေဖာင္းမ်ား၊ ၾကီးမားေသာ ပုိစတာၾကီးမ်ားႏွင့္ ခမ္းနားထည္ဝါစြာ ၾကိဳဆိုျခင္း ခံခဲ့ရသည္။

ေျမာက္ကိုရီးယားသို႔ ရာစုႏွစ္၏ ၄ ပံု ၁ ပံုကာလအတြင္း ရုရွားေခါင္းေဆာင္တုိ႔၏ ပထမဆံုး ခရီးစဥ္လည္း ျဖစ္သည္။ သမၼတပူတင္အား ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအန္က ျပံဳးရႊင္စြာ ေပြ႔ဖက္ၾကိဳဆိုခဲ့ျပီး လက္ဖက္ရည္ ပါတီပြဲႏွင့္ ဂုဏ္ျပဳညစာစားပြဲတို႔ျဖင့္ ဧည့္ခံခဲ့သည္။

ေခါင္းေဆာင္ ၂ ဦးတည္း ၂ နာရီခန္႔ စကားေျပာခဲ့ၾကေၾကာင္း ျဗိတိန္အေျခစိုက္ Express သတင္းဌာနက ေဖာ္ျပသည္။

ျပံဳယမ္းျမဳိ႕ေတာ္ အျပင္ဘက္ရွိ Suan ႏိုင္ငံတကာေလဆိပ္တြင္ စာတန္္းတစ္ခု ခ်ိတ္ဆြဲထားရာ “ေျမာက္ကိုရီးယားႏွင့္ ရုရွားအၾကား မိတ္သဂၤဟ ျဖစ္မႈမွာ ထာဝရ ျဖစ္သည္”ဟု ေရးသားထားသည္။

အျခားစာတန္းတစ္ခုတြင္မူ “ရဲေဘာ္ ရုရွားသမၼတၾကီး ဗလာဒီမာ ဗလာဒီမီရိုဗစ္ခ်္ ပူတင္အား လႈိက္လွဲစြာ ၾကိဳဆိုပါ၏” ဟု ေရးသားထားသည္။

(သမၼတပူတင္သည္ ျပံဳယမ္းျမဳိ႕ေတာ္တြင္ ျမင္းျဖဴၾကီးမ်ား၊ ပူေဖာင္းမ်ား၊ ၾကီးမားေသာ ပုိစတာၾကီးမ်ားႏွင့္ ခမ္းနားထည္ဝါစြာ ၾကိဳဆိုျခင္း ခံခဲ့ရသည္။ ဓာတ္ပံု-Getty)

၁၉၈၇ ခုႏွစ္ကတည္းက စတင္ေဆာက္လုပ္ခဲ့ကာ ယေန႔တုိင္ ေဆာက္လုပ္ေနဆဲ အေျခအေနတြင္သာ ရွိေသးေသာ ၁၀၅ ထပ္ ျမင့္မားသည့္ ပိရမစ္ပံု မိုးေမွ်ာ္တုိက္ၾကီးကို LED မီးမ်ားျဖင့္ “သမၼတၾကီး ပူတင္အား ၾကိဳဆိုပါသည္။” “မိတ္သဂၤဟ” ဟူေသာ စာတန္းမ်ား ပံုေဖာ္ထားသည္။

သမၼတပူတင္က ကင္ဂ်ံဳအန္အား ရုရွားထုတ္ Aurus Limousine တစ္စီး လက္ေဆာင္ေပးခဲ့ေၾကာင္း ရုရွား ႏိုင္ငံပိုင္ သတင္းဌာနက ေဖာ္ျပသည္။

ႏွစ္ႏိုင္ငံေခါင္းေဆာင္တုိ႔ကို ကားထဲတြင္ အတူေတြ႔ရျပီး သမၼတပူတင္မွာ ယာဥ္ေမာင္းခံုတြင္ ရွိေနသည္။

သို႔ေသာ္ ထုိကားမွာ ကင္ဂ်ံဳအန္အား လက္ေဆာင္ေပးခဲ့ေသာ ကားဟုတ္မဟုတ္ မသိရေၾကာင္း BBC သတင္းဌာနက ေဖာ္ျပသည္။

ယခုႏွစ္ ေဖေဖာ္ဝါရီလအတြင္းကလည္း သမၼတပူတင္က ကင္ဂ်ံဳအန္အား ရုရွားထုတ္ Aurus တစ္စီး လက္ေဆာင္ေပးခဲ့ဖူးေသးသည္။

ထုိကားသည္ ရုရွားသမၼတတို႔ စီးနင္းေသာ ကားအမ်ဳိးအစား ျဖစ္သည္။

သမၼတ ပူတင္သည္ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအန္အား အလြန္လွပေသာ လဘက္ရည္အိုးတစ္စံု လည္း လက္ေဆာင္ေပးခဲ့ေၾကာင္း ရုရွား၏ ႏိုင္ငံပိုင္ TASS သတင္းေအဂ်င္စီက ေဖာ္ျပသည္။

(သမၼတပူတင္က ကင္ဂ်ံဳအန္အား တန္ဖိုးၾကီး Aurus limousine တစ္စီး လက္ေဆာင္ေပးခဲ့သည္။ သမၼတ ပူတင္ကို ယာဥ္ေမာင္းခံုတြင္ ေတြ႔ရပံု။ ဓာတ္ပုံ-Getty)

ရုရွားသမၼတရံုးလက္ေထာက္တစ္ဦးျဖစ္သူ Yuri Ushakov ၏ ေျပာၾကားခ်က္အရ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ံဳအန္ကလည္း သမၼတပူတင္အား လက္ေဆာင္မ်ား ေပးခဲ့ေၾကာင္း၊ ထိုလက္ေဆာင္မ်ားတြင္ သမၼတပူတင္ႏွင့္ ပတ္သက္ေသာ ပန္းခ်ီကားတစ္ခ်ပ္လည္း ပါဝင္ျပီး အလြန္လက္ရာေကာင္းေၾကာင္း ေျပာသည္။

ေအပီသတင္းတစ္ရပ္တြင္ ေဖာ္ျပခ်က္အရ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအန္သည္ သမၼတ ပူတင္ကို Pungsan ေခြးတစ္စံုလည္း လက္ေဆာင္ေပးခဲ့ေၾကာင္း ေျမာက္ကိုရီးယားႏိုင္ငံပုိင္ သတင္းဌာန KCNA ၏ ထုတ္ျပန္ခ်က္ကို ကိုးကားေဖာ္ျပသည္။

ေျမာက္ကိုရီးယားႏိုင္ငံပိုင္ ရုပ္သံဌာန Korean Central Television တြင္ ထုတ္လႊင့္ခဲ့ေသာ ဗြီဒီယိုဖိုင္အရ ကင္ဂ်ံဳအန္ႏွင့္ သမၼတပူတင္တို႔သည္ ႏွင္းဆီပန္းမ်ား လႊမ္းေသာ ျခံစည္းရိုးတစ္ခုႏွင့္ ကပ္ခ်ည္ထားသည့္ ေခြးမ်ားကို ၾကည့္ရႈေနၾကပံု ေတြ႔ရသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: The bizarre list of gifts exchanged between Putin and Kim Jong Un - from tea set to limo (express, nbcnews)

Photo Credit: Getty

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service