အောက်ထပ်တွင် နေသော အိမ်နီးချင်း၏ သားက အဆောက်အအုံနံရံကို နေ့ရောညပါ ဘောလုံးဖြင့် ကန်နေသဖြင့် အိပ်မရသောကြောင့် နောက်ဆုံးတွင် သင်ခန်းစာပေးခဲ့

အောက်ထပ်တွင် နေသော အိမ်နီးချင်း၏ သားက အဆောက်အအုံနံရံကို နေ့ရောညပါ ဘောလုံးဖြင့် ကန်နေသဖြင့် အိပ်မရသောကြောင့် နောက်ဆုံးတွင် သင်ခန်းစာပေးခဲ့ - Property News in Myanmar from iMyanmarHouse.com
25 Jun 2024 10:11 am တွင် တင်ခဲ့သည်
838 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အောက်ထပ်တွင် နေသော အိမ်နီးချင်း၏ သားက အဆောက်အအုံနံရံကို နေ့ရောညပါ ဘောလုံးဖြင့် ကန်နေသဖြင့် အိပ်မရသောကြောင့် နောက်ဆုံးတွင် သင်ခန်းစာပေးရန် ဆုံးဖြတ်ခဲ့ပုံကို အမျိုးသားတစ်ဦးက Reddit လူမှုကွန်ရက်တွင် ရေးသားဖော်ပြလာကြောင်း အင်္ဂလန်အခြေစိုက် Express သတင်းဌာနက ဖော်ပြသည်။

ထိုအမျိုးသား နေထိုင်သော နိုင်ငံနှင့် တည်နေရာ၊ ၎င်း၏ အမည်တို့ကိုမူ မသိရချေ။ထိုအမျိုးသားမှာ အသက် ၃၀ ကျော်အရွယ်ရှိပြီး ၎င်း၏ အမည်နာမကို ထုတ်ဖော်လိုခြင်း မရှိချေ။

၎င်းက ပြောသည်မှာ မိမိသည် လူနေအဆောက်အအုံတစ်ခု၏ တတိယထပ်တွင် နေထိုင်ပြီး မိမိ၏ အောက်ထပ်တွင် နေသော မိသားစု၌ သားငယ်တစ်ဦးရှိကြောင်း၊ ထိုကလေးမှာ တစ်နေ့လုံးတစ်ညလုံး ဘောလုံးကန်နေလေ့ ရှိကြောင်း ပြောသည်။

ဒေါသထွက်နေသော ထိုအမျိုးသားက ပြောသည်မှာ အဆောက်အအုံ၏ နံရံကို ထိုကလေးက ဘောလုံးဖြင့် ကန်လိုက်ချိန်တွင် အိမ်တစ်ခုလုံး လှုပ်ခါသွားကြောင်း ပြောသည်။

“ ကျွန်တော် ဘယ်လိုမှ အိပ်လို့မရပါဘူး”ဟု ၎င်းက ညည်းညူပြောဆိုသည်။

“ ဒီကလေးက တနေကုန် ဘောလုံးကန်နေရတာ သဘောကျတယ်။ အဆောက်အအုံရဲ့ နံရံကို ဘောလုံးနဲ့ ကန်တယ်။ သူ့အိမ်ခန်းထဲက နံရံကိုလည်း ကန်တယ်။ ဒါ့အပြင် ကျွန်တော်နေတဲ့အထပ်က မျက်နှာကြက် ကိုလည်း လာမှန်လေ့ရှိတယ်။ တခါတလေ အမိုးပေါ်အထိ ကျတယ်။”

တနေ့တွင်မူ ထိုကလေး၏ ဘောလုံးသည် ထိုအမျိုးသား၏ ဝရန်တာသို့ ရောက်လာရာ ဒေါသထွက်နေသော အမျိုးသားက ဘောလုံးကို သိမ်းထားရန် ဆုံးဖြတ်ခဲ့သည်။

“ ကျွန်တော် သူ့ကို ပြန်မပေးဘဲ ထားထားတယ်”ဟု ၎င်းက ဝန်ခံသည်။

“ ဘောလုံးသိမ်းထားတာ ၂ ရက်ရှိပြီ။ သူ ကျွန်တော့်အခန်းတံခါးကို ၂ ရက်ဆက်တိုက် လာခေါက်တယ်။ ဒီနေ့ဆိုရင် ကျွန်တော့် အခန်းတံခါးကို ၂ နာရီဆက်တိုက် လာထုနေတယ်။ အဲဒီနောက်ပိုင်း တစ်နာရီကြား တစ်ခါ တံခါးလာခေါက်ပါတယ်။ ကောင်းသွားတာ တစ်ခုက အိမ်နံရံကို ဘောလုံးလာမှန်နေရင် ကျွန်တော် အိပ်လို့ရမှာ မဟုတ်ဘူး။ တံခါးကို လူတစ်ယောက် လာခေါက်နေရုံလောက်ကတော့ အိပ်လို့ရပါတယ်။ ”

ထိုသို့ ဘောလုံးသိမ်းထားပြီးနောက်ပိုင်း ညဘက်တွင် အိပ်ချိန် ၈ နာရီ အပြည့်အဝရခဲ့ကြောင်း၊ ဘောလုံး ပြန်ပေးလိုက်ပါက အိပ်မရသည့် ညများနှင့် ပြန်လည်ရင်ဆိုင်ရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

“ကျွန်တော် အဲ့လို မဖြစ်ချင်တော့ဘူး။ ဘယ်လိုလုပ်ရမလဲ”ဟု ထိုအမျိုးသားက Reddit လူမှုကွန်ရက် သုံးစွဲသူတို့အား မေးမြန်းခဲ့သည်။

သူ၏ ပို့စ်မှာ လူမှုကွန်ရက်တွင် ဂယက်ရိုက် ပျံ့နှံ့ခဲ့ပြီး ဝင်ရောက် မှတ်ချက်ပြုမှု ထောင်ပေါင်းများစွာ ရှိခဲ့သည်။

“ မိဘတစ်ယောက်အနေနဲ့ ဒီလိုလုပ်တာ ထောက်ခံပါတယ်။ ဒါက သူ့အမေအတွက် သင်ခန်းစာ ဖြစ်ပါလိမ့်မယ်။ သူ့ကလေးကို ဘောလုံးအသစ် သူပဲ ဝယ်ပေးရတော့မယ်လေ ” ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။

အခြားတစ်ဦးက အကြံပြုသည်မှာ “ကျွန်တော်သာဆိုရင် ဘောလုံးကို ယူပြီး သူ့အခန်းဆီကို သွားမယ်။ ပြီးရင် ဘဲလ်တီးပြီး သူ့အမေရဲ့ မျက်လုံးကို တည့်တည့်ကြည့်ရင်း ဘောလုံးကို ထိုးဖောက်ပစ်မယ်။ ပြီးရင် စကားတစ်ခွန်းမှ မပြောဘဲ ပြန်ထွက်လာမယ်”ဟု ဆိုသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Ref: 'My neighbour's son keeps kicking ball over – but I finally taught him a lesson' (express)

Photo Credit: Getty Images/Westend61

 

 

[Zawgyi]

 

ေအာက္ထပ္တြင္ ေနေသာ အိမ္နီးခ်င္း၏ သားက အေဆာက္အအံုနံရံကို ေန႔ေရာညပါ ေဘာလံုးျဖင့္ ကန္ေနသျဖင့္ အိပ္မရေသာေၾကာင့္ ေနာက္ဆံုးတြင္ သင္ခန္းစာေပးခဲ့

ေအာက္ထပ္တြင္ ေနေသာ အိမ္နီးခ်င္း၏ သားက အေဆာက္အအံုနံရံကို ေန႔ေရာညပါ ေဘာလံုးျဖင့္ ကန္ေနသျဖင့္ အိပ္မရေသာေၾကာင့္ ေနာက္ဆံုးတြင္ သင္ခန္းစာေပးရန္ ဆံုးျဖတ္ခဲ့ပံုကို အမ်ဳိးသားတစ္ဦးက Reddit လူမႈကြန္ရက္တြင္ ေရးသားေဖာ္ျပလာေၾကာင္း အဂၤလန္အေျခစိုက္ Express သတင္းဌာနက ေဖာ္ျပသည္။

ထိုအမ်ဳိးသား ေနထုိင္ေသာ ႏိုင္ငံႏွင့္ တည္ေနရာ၊ ၎၏ အမည္တို႔ကုိမူ မသိရေခ်။

ထိုအမ်ဳိးသားမွာ အသက္ ၃၀ ေက်ာ္အရြယ္ရွိျပီး ၎၏ အမည္နာမကို ထုတ္ေဖာ္လိုျခင္း မရွိေခ်။

၎က ေျပာသည္မွာ မိမိသည္ လူေနအေဆာက္အအံုတစ္ခု၏ တတိယထပ္တြင္ ေနထိုင္ျပီး မိမိ၏ ေအာက္ထပ္တြင္ ေနေသာ မိသားစု၌ သားငယ္တစ္ဦးရွိေၾကာင္း၊ ထိုကေလးမွာ တစ္ေန႔လံုးတစ္ညလံုး ေဘာလံုးကန္ေနေလ့ ရွိေၾကာင္း ေျပာသည္။

ေဒါသထြက္ေနေသာ ထိုအမ်ဳိးသားက ေျပာသည္မွာ အေဆာက္အအံု၏ နံရံကို ထိုကေလးက ေဘာလံုးျဖင့္ ကန္လိုက္ခ်ိန္တြင္ အိမ္တစ္ခုလံုး လႈပ္ခါသြားေၾကာင္း ေျပာသည္။

“ကၽြန္ေတာ္ ဘယ္လိုမွ အိပ္လို႔မရပါဘူး”ဟု ၎က ညည္းညဴေျပာဆိုသည္။

“ ဒီကေလးက တေနကုန္ ေဘာလံုးကန္ေနရတာ သေဘာက်တယ္။ အေဆာက္အအံုရဲ႕ နံရံကို ေဘာလံုးနဲ႔ ကန္တယ္။ သူ႔အိမ္ခန္းထဲက နံရံကိုလည္း ကန္တယ္။ ဒါ့အျပင္ ကၽြန္ေတာ္ေနတဲ့အထပ္က မ်က္ႏွာၾကက္ ကိုလည္း လာမွန္ေလ့ရွိတယ္။ တခါတေလ အမိုးေပၚအထိ က်တယ္။”

တေန႔တြင္မူ ထိုကေလး၏ ေဘာလံုးသည္ ထုိအမ်ဳိးသား၏ ဝရန္တာသို႔ ေရာက္လာရာ ေဒါသထြက္ေနေသာ အမ်ိဳးသားက ေဘာလံုးကို သိမ္းထားရန္ ဆံုးျဖတ္ခဲ့သည္။

“ ကၽြန္ေတာ္ သူ႔ကို ျပန္မေပးဘဲ ထားထားတယ္”ဟု ၎က ဝန္ခံသည္။

“ေဘာလံုးသိမ္းထားတာ ၂ ရက္ရွိျပီ။ သူ ကၽြန္ေတာ့္အခန္းတံခါးကို ၂ ရက္ဆက္တုိက္ လာေခါက္တယ္။ ဒီေန႔ဆိုရင္ ကၽြန္ေတာ့္ အခန္းတံခါးကို ၂ နာရီဆက္တုိက္ လာထုေနတယ္။ အဲဒီေနာက္ပိုင္း တစ္နာရီၾကား တစ္ခါ တံခါးလာေခါက္ပါတယ္။ ေကာင္းသြားတာ တစ္ခုက အိမ္နံရံကို ေဘာလံုးလာမွန္ေနရင္ ကၽြန္ေတာ္ အိပ္လို႔ရမွာ မဟုတ္ဘူး။ တံခါးကို လူတစ္ေယာက္ လာေခါက္ေနရံုေလာက္ကေတာ့ အိပ္လို႔ရပါတယ္။”

ထိုသို႔ ေဘာလံုးသိမ္းထားျပီးေနာက္ပိုင္း ညဘက္တြင္ အိပ္ခ်ိန္ ၈ နာရီ အျပည့္အဝရခဲ့ေၾကာင္း၊ ေဘာလံုး ျပန္ေပးလိုက္ပါက အိပ္မရသည့္ ညမ်ားႏွင့္ ျပန္လည္ရင္ဆိုင္ရမည္ျဖစ္ေၾကာင္းလည္း ၎က ေျပာသည္။

“ကၽြန္ေတာ္ အဲ့လို မျဖစ္ခ်င္ေတာ့ဘူး။ ဘယ္လုိလုပ္ရမလဲ”ဟု ထုိအမ်ဳိးသားက Reddit လူမႈကြန္ရက္ သံုးစြဲသူတို႔အား ေမးျမန္းခဲ့သည္။

သူ၏ ပို႔စ္မွာ လူမႈကြန္ရက္တြင္ ဂယက္ရုိက္ ပ်ံ႕ႏွံ႔ခဲ့ျပီး ဝင္ေရာက္ မွတ္ခ်က္ျပဳမႈ ေထာင္ေပါင္းမ်ားစြာ ရွိခဲ့သည္။

“ မိဘတစ္ေယာက္အေနနဲ႔ ဒီလိုလုပ္တာ ေထာက္ခံပါတယ္။ ဒါက သူ႔အေမအတြက္ သင္ခန္းစာ ျဖစ္ပါလိမ့္မယ္။ သူ႔ကေလးကို ေဘာလံုးအသစ္ သူပဲ ဝယ္ေပးရေတာ့မယ္ေလ ” ဟု လူမႈကြန္ရက္သံုးစြဲသူတစ္ဦးက မွတ္ခ်က္ျပဳ သည္။

အျခားတစ္ဦးက အၾကံျပဳသည္မွာ “ကၽြန္ေတာ္သာဆိုရင္ ေဘာလံုးကို ယူျပီး သူ႔အခန္းဆီကို သြားမယ္။ ျပီးရင္ ဘဲလ္တီးျပီး သူ႔အေမရဲ႕ မ်က္လံုးကို တည့္တည့္ၾကည့္ရင္း ေဘာလံုးကို ထုိးေဖာက္ပစ္မယ္။ ျပီးရင္ စကားတစ္ခြန္းမွ မေျပာဘဲ ျပန္ထြက္လာမယ္”ဟု ဆိုသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 'My neighbour's son keeps kicking ball over – but I finally taught him a lesson' (express)

Photo Credit: Getty Images/Westend61

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service