ပဋိညာဉ်ချုပ်ဆိုပြီးနောက် ကတိပြုသူနှင့် တာဝန်ရှိသူများမှ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

ပဋိညာဉ်ချုပ်ဆိုပြီးနောက် ကတိပြုသူနှင့် တာဝန်ရှိသူများမှ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
22 Jun 2024 10:53 am တွင် တင်ခဲ့သည်
697 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ကတိပြုပဋိဉာဉ်စာချုပ်အတိုင်း ဆောင်ရွက်ရန် တာဝန်ရှိသူဟု သတ်မှတ်ရာတွင် စာချုပ်အမျိုးအစား ပေါ်မူတည်၍ ကွဲပြားမှုရှိနိုင်ပါသည်။ တချို့ ပဋိဉာဉ်စာချုပ်များမှာ ကတိပြုသူ ကိုယ်တိုင် (သို့) ကိုယ်စားလှယ် (သို့) တရားဝင်ကိုယ်စားလှယ်များမှ မည်သူမဆို ဆောင်ရွက်နိုင်သော်လည်း၊ တချို့ ပဋိဉာဉ်စာချုပ်များမှာ အတတ်ပညာပိုင်းဆိုင်ရာ သဘောတူကတိပြုချက်ပင်ဖြစ်ပြီး ကတိပြုသူကိုယ်တိုင်ဆောင်ရွက်မှ သဘောတူညီချက် အထမြောက်မည် ဖြစ်ပါသည်။

ကျွမ်းကျင်မှုပေါ်အခြေခံသော လုပ်ငန်းအပ်နှံခြင်း စာချုပ်များမှာ ကိုယ်စားအခြားတစ်ဦးတစ်ယောက်မှ ဆောင်ရွက်ခွင့်မရှိသလို ကတိပြုသူ သေဆုံးသောအခါ သဘောတူညီချက်ရပ်စဲသွားမည်ဖြစ်ပါသည်။

မရွှေ့မပြောင်းနိုင်ပစ္စည်းအား အရောင်းအဝယ်ပြုလုပ်ရန် စရန်ပေးစာချုပ်ဆိုပြီး အမည်ပေါက် ရောင်းချသူမှာ ကွယ်လွန်ပါက၎င်း၏ တရားဝင်ကိုယ်စားလှယ်၊ အမွေဆက်ခံခွင့်ရှိသူများမှာ ဆက်လက်အရောင်း အဝယ်ပြုမှု လုပ်ဆောင်ရန် တာဝန်ကျရောက်ပါသည်။

ကွယ်လွန်သူကိုယ်စား တရားဝင်ဆောင်ရွက်ခွင့်ရှိသူကို ဥပဒေအရ တရားဝင်ကိုယ်စားလှယ်ဟု ခေါ်ဆိုပြီး တရားမမှုအတော်အတွင်းတွင်လဲ အမှုသည်တစ်ဦးဦး သေဆုံးလျှင် ရက်ပေါင်း (၉၀) အတွင်း တရားဝင်ကိုယ်စားလှယ် ထည့်သွင်းရမည်ဖြစ်ပါသည်။ ၎င်းတို့မှ ငြင်းဆန်လျှင်လဲ တဖက်အမှုသည်မှ သီးခြားဆောင်ရွက်ပေးစေရန် တောင်းဆိုခွင့်ရှိသည်။

ပဋိဉာဉ်စာချုပ်တွင် လူပုဂ္ဂိုလ် နှစ်ဦးနှစ်ယောက် တွဲဖက်ကာစာချုပ်ချုပ်ဆိုထားခြင်းဖြစ်လျှင် နှစ်ဦး တွဲဖက်၍ တာဝန်ရှိသည်။ တစ်ဦးမှ သေဆုံးလျှင် ၎င်း၏ အမွေဆက်ခံသူနှင့် ကျန်တစ်ဦး သဘောတူညီချက်အတိုင်း ဆောင်ရွက်ရန် ပူးတွဲတာဝန်ရှိနေပါသည်။

အစုရှင်များဖြင့် ဖွဲ့စည်းတည်ထောင်ထားသော အစုအဖွဲ့နှင့် ပဋိညာဉ်ပြုလုပ်ပါက အစုရှင်အားလုံးမှာ သဘောတူချက်အတွက် တာဝန်ကိုယ်စီရှိနေမည်ဖြစ်ပြီး အဖွဲ့အစည်းအား တောင်းဆိုခွင့်ရှိသည်။ ပဋိဉာဉ်ဥပဒေ ပုဒ်မ-၄၅အရ အခြားဆန့်ကျင်ကွဲလွဲသော ပဋိညာဉ်မရှိလျှင် တွဲဖက်ကတိပြုသူများအားလုံး ကတိအတိုင်း ဆောင်ရွက်ကြရန် တာဝန်ရှိကြောင်း ဖော်ပြထားပါသည်။ တွဲဖက်ကတိပြုသူများဖြင့် ချုပ်ဆိုသော စာချုပ်အားကတိပြုသူများမှ ဖောက်ဖျက်ပါက ကတိရသူမှာ ကတိပြုသူအားလုံးကို ထည့်သွင်း တရားစွဲဆိုမှုပြုရမည် ဖြစ်ပါသည်။

ပဋိညာဉ်တွင် အချိန်ကာလသတ်မှတ်ချက် ဖော်ပြထားပါက နှစ်ဦးနှစ်ဖက်လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကာ အချိန်ကာလမဖော်ပြထားပါက သင့်‌တော်သည့် အချိန်အတွင်း ကတိပြုသူများက ဆောင်ရွက်ပေးရန် တာဝန်ရှိနေပါသည်။ အချိန်ကာလ နောက်ဆုံးသတ်မှတ်ချက်ရှိသော ပဋိဉာဉ်စာချုပ်တွင် ဆောင်ရွက်ရန် ပျက်ကွက်ခြင်းသည် ပဋိညာဉ်ကို ဖောက်ဖျက်ခြင်းပင် ဖြစ်ပါသည်။

စာချုပ်ပါအချိန် ကာလသတ်မှတ်ချက်အား နှစ်ဦးနှစ်ဖက်သဘောတူညီချက်ဖြင့် တိုးမြှင့် ဆောင်ရွက်နိုင်ပြီး ထို့သို့စာချုပ်ပါသက်တမ်းကာလအား တိုးမြှင့်လျှင် ကတိပြုချက် ထပ်မံပြုလုပ်ရန်လိုအပ်ကြောင်း ဥပဒေဗဟု သုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ပဋိညာဥ္ခ်ဳပ္ဆိုၿပီးေနာက္ ကတိျပဳသူႏွင့္ တာဝန္႐ွိသူမ်ားမွ လိုက္နာေဆာင္႐ြက္ရမည့္ အခ်က္အလက္မ်ား ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပလိုက္ပါသည္။

ကတိျပဳပဋိဉာဥ္စာခ်ဳပ္အတိုင္း ေဆာင္႐ြက္ရန္ တာဝန္႐ွိသူဟု သတ္မွတ္ရာတြင္ စာခ်ဳပ္အမ်ိဳးအစား ေပၚမူတည္၍ ကြဲျပားမႈ႐ွိႏိုင္ပါသည္။ တခ်ိဳ႕ပဋိဉာဥ္စာခ်ဳပ္မ်ားမွာ ကတိျပဳသူ ကိုယ္တိုင္ (သို႔) ကိုယ္စားလွယ္ (သို႔) တရားဝင္ကိုယ္စားလွယ္မ်ားမွ မည္သူမဆို ေဆာင္႐ြက္ႏိုင္ေသာ္လည္း၊ တခ်ိဳ႕ပဋိဉာဥ္ စာခ်ဳပ္မ်ားမွာ အတတ္ပညာပိုင္းဆိုင္ရာ သေဘာတူကတိျပဳခ်က္ပင္ျဖစ္ၿပီး ကတိျပဳသူ ကိုယ္တိုင္ေဆာင္႐ြက္မွ သေဘာတူညီခ်က္ အထေျမာက္မည္ ျဖစ္ပါသည္။

ကြၽမ္းက်င္မႈေပၚအေျခခံေသာ လုပ္ငန္းအပ္ႏွံျခင္း စာခ်ဳပ္မ်ားမွာ ကိုယ္စားအျခားတစ္ဦးတစ္ေယာက္မွ ေဆာင္႐ြက္ခြင့္မ႐ွိသလို ကတိျပဳသူ ေသဆုံးေသာအခါ သေဘာတူညီခ်က္ရပ္စဲသြားမည္ျဖစ္ပါသည္။

မေ႐ႊ႕မေျပာင္းႏိုင္ပစၥည္းအား အေရာင္းအဝယ္ျပဳလုပ္ရန္ စရန္ေပးစာခ်ဳပ္ဆိုၿပီး အမည္ေပါက္ ေရာင္းခ်သူမွာ ကြယ္လြန္ပါက၎၏ တရားဝင္ကိုယ္စားလွယ္၊ အေမြဆက္ခံခြင့္႐ွိသူမ်ားမွာ ဆက္လက္အေရာင္း အဝယ္ျပဳမႈ လုပ္ေဆာင္ရန္ တာဝန္က်ေရာက္ပါသည္။

ကြယ္လြန္သူကိုယ္စား တရားဝင္ေဆာင္႐ြက္ခြင့္႐ွိသူကို ဥပေဒအရ တရားဝင္ကိုယ္စားလွယ္ဟု ေခၚဆိုၿပီး တရားမမႈ အေတာ္အတြင္းတြင္လဲ အမႈသည္တစ္ဦးဦး ေသဆုံးလွ်င္ ရက္ေပါင္း (၉၀) အတြင္း တရားဝင္ကိုယ္စားလွယ္ ထည့္သြင္းရမည္ျဖစ္ပါသည္။ ၎တို႔မွ ျငင္းဆန္လွ်င္လဲ တဖက္အမႈသည္မွ သီးျခားေဆာင္႐ြက္ေပးေစရန္ ေတာင္းဆိုခြင့္႐ွိသည္။

ပဋိဉာဥ္စာခ်ဳပ္တြင္ လူပုဂၢိဳလ္ ႏွစ္ဦးႏွစ္ေယာက္ တြဲဖက္ကာ စာခ်ဳပ္ခ်ဳပ္ဆိုထားျခင္းျဖစ္လွ်င္ ႏွစ္ဦး တြဲဖက္၍ တာဝန္႐ွိသည္။ တစ္ဦးမွ ေသဆုံးလွ်င္ ၎၏ အေမြဆက္ခံသူႏွင့္ က်န္တစ္ဦး သေဘာတူညီခ်က္ အတိုင္း ေဆာင္႐ြက္ရန္ ပူးတြဲတာဝန္႐ွိေနပါသည္။

အစု႐ွင္မ်ားျဖင့္ ဖြဲ႕စည္းတည္ေထာင္ထားေသာ အစုအဖြဲ႕ႏွင့္ ပဋိညာဥ္ျပဳလုပ္ပါက အစု႐ွင္အားလုံးမွာ သေဘာတူခ်က္အတြက္ တာဝန္ကိုယ္စီ႐ွိေနမည္ျဖစ္ၿပီး အဖြဲ႕အစည္းအား ေတာင္းဆိုခြင့္႐ွိသည္။ ပဋိဉာဥ္ဥပေဒ ပုဒ္မ-၄၅အရ အျခားဆန္႔က်င္ကြဲလြဲေသာ ပဋိညာဥ္မ႐ွိလွ်င္ တြဲဖက္ကတိျပဳသူမ်ားအားလုံး ကတိအတိုင္း ေဆာင္႐ြက္ၾကရန္ တာဝန္႐ွိေၾကာင္း ေဖာ္ျပထားပါသည္။ တြဲဖက္ ကတိျပဳသူမ်ားျဖင့္ ခ်ဳပ္ဆိုေသာ စာခ်ဳပ္အား ကတိျပဳသူမ်ားမွ ေဖာက္ဖ်က္ပါက ကတိရသူမွာ ကတိျပဳသူအားလုံးကို ထည့္သြင္း တရားစြဲဆိုမႈျပဳရမည္ ျဖစ္ပါ သည္။

ပဋိညာဥ္တြင္ အခ်ိန္ကာလသတ္မွတ္ခ်က္ ေဖာ္ျပထားပါက ႏွစ္ဦးႏွစ္ဖက္လိုက္နာ ေဆာင္႐ြက္ရမည္ျဖစ္ ကာ အခ်ိန္ကာလ မေဖာ္ျပထားပါက သင့္‌ေတာ္သည့္ အခ်ိန္အတြင္း ကတိျပဳသူမ်ားက ေဆာင္႐ြက္ေပးရန္ တာဝန္႐ွိေနပါသည္။ အခ်ိန္ကာလ ေနာက္ဆုံးသတ္မွတ္ခ်က္႐ွိေသာ ပဋိဉာဥ္စာခ်ဳပ္တြင္ ေဆာင္႐ြက္ရန္ ပ်က္ ကြက္ျခင္းသည္ ပဋိညာဥ္ကို ေဖာက္ဖ်က္ျခင္းပင္ ျဖစ္ပါသည္။

စာခ်ဳပ္ပါအခ်ိန္ ကာလသတ္မွတ္ခ်က္အား ႏွစ္ဦးႏွစ္ဖက္သေဘာတူညီခ်က္ျဖင့္ တိုးျမႇင့္ ေဆာင္႐ြက္ႏိုင္ၿပီး ထို႔သို႔စာခ်ဳပ္ပါသက္တမ္းကာလအား တိုးျမႇင့္လွ်င္ ကတိျပဳခ်က္ ထပ္မံျပဳလုပ္ရန္ လိုအပ္ေၾကာင္း ဥပေဒဗဟု သုတအေနျဖင့္ ေရးသား ေဖာ္ျပလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service