အသက်ကြီးသူများ အလွန်များပြားနေသော ဂျပန်နိုင်ငံတွင် လူမနေသော အိမ်လွတ်များ ၉ သန်းခန့်အထိ ရှိလာ

အသက်ကြီးသူများ အလွန်များပြားနေသော ဂျပန်နိုင်ငံတွင် လူမနေသော အိမ်လွတ်များ ၉ သန်းခန့်အထိ ရှိလာ - Property News in Myanmar from iMyanmarHouse.com
27 May 2024 11:13 am တွင် တင်ခဲ့သည်
746 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

လူဦးရေ အမြဲကျဆင်းနေမှုနှင့် ရင်ဆိုင်နေရသော ဂျပန်နိုင်ငံတွင် လူမနေသော နေအိမ်လွတ်ပေါင်း ၉ သန်း ခန့်အထိ စံချိန်တင်မြင့်တက်လာနေသည်။

ထိုပမာဏမှာ နယူးယောက်မြို့ကြီးရှိ လူအားလုံး နေထိုင်နိုင်သည့် ပမာဏထက်ပင် များပြားနေသည်။

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသောအိမ်များကို အကိယဟု ခေါ်ကြသည်။

ထိုစကားမှာ ကျေးလက်ဒေသရှိ ယိုယွင်းပျက်စီးနေသော လူနေအိမ်များကို ရည်ညွှန်းခြင်း ဖြစ်သည်။

သို့သော် တိုကျိုနှင့် ကျိုတိုတို့ကဲသို့သော မြို့ကြီးပြကြီးများတွင်ပင် အကိယများ တွေ့လာရသည်။

အသက်အရွယ်ကြီးမြင့်သူ များပြားလာနေပြီး နှစ်စဉ် ကလေးမွေးဖွားနှုန်း ကျဆင်းနေမှုကို ဖြေရှင်းရန် ကြိုးစားနေရသော ဂျပန်အစိုးရအတွက် အကိယများမှာ ပြဿနာတစ်ခု ဖြစ်လာသည်။

“ဒါဟာ ဂျပန်မှာ လူဦးရေကျဆင်းနေမှုရဲ့ ပြယုဂ်တစ်ခုပါပဲ”ဟု ဂျပန်နိုင်ငံ ချီဗာမြို့ရှိ Kanda University of International Studies မှ ကထိကဖြစ်သူ ဂျက်ဖရီဟောက ပြောသည်။

“ဒါက နေအိမ်တွေ အများကြီးဆောက်လို့ ဖြစ်ရတဲ့ ပြဿနာမဟုတ်ပါဘူး။ လူဦးရေ လုံလုံလောက်လောက် မရှိတဲ့ ပြဿနာပါ”ဟု ၎င်းက ပြောသည်။

ဂျပန်ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ ဂျပန်နိုင်ငံတဝန်းရှိ လူနေအိမ်များ အားလုံးအနက် ၁၄ ရာခိုင်နှုန်းမှာ အိမ်လွတ်များဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ကိန်းဂဏန်းတွင် ဒုတိယအိမ်အဖြစ် ဝယ်ယူထားသောအိမ်များ၊ အိမ်ပိုင်ရှင်များက ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေသောကြောင့် ယာယီအားဖြင့် လူမရှိသောအိမ်များ အပါအဝင် အခြား အကြောင်းရင်းများကြောင့် လူသူကင်းမဲ့နေသော အိမ်များလည်း ပါဝင်သည်။

မြို့ပြများရှိ အိမ်များမှာမူ ရိုးရာ အကိယများကဲ့သို့ ပျက်စီးနေသည့် အိမ်များချည်း မဟုတ်ချေ။

အကိယများ တစထက်တစ များပြားလာနေခြင်းမှာ အစိုးရနှင့် ဒေသတွင်း အသိုက်အဝန်းအတွက် ပြဿနာ များစွာ ရှိလာစေကြောင်း ကျွမ်းကျင်ပညာရှင်များက CNN သတင်းဌာနသို့ ပြောသည်။

ယိုယွင်းပျက်စီးနေသောမြို့များ ပြန်လည်ရှင်သန်လာစေရန် ကြိုးစားရခြင်း ၊ ပြုပြင်ထိန်းသိမ်းမှုမရှိသောကြောင့် အန္တရာယ်ဖြစ်လာနိုင်ခြင်း ၊ ငလျင်နှင့် ဆူနာမီများ မကြာခဏ ရင်ဆိုင်နေရသော နိုင်ငံဖြစ်ရာ သဘာဝ ဘေးအန္တရာယ်ကြုံရချိန်များတွင် ကယ်ဆယ်ရေးသမားများအတွက် အန္တရာယ်များပြားခြင်း ပြဿနာများ ရှိသည်။

အကိယများကို အများအားဖြင့် မျိုးရိုးစဉ်ဆက် အမွေပေးကြလေ့ရှိသည်။ သို့သော် မွေးဖွားနှုန်းကျဆင်းနေသော ဂျပန်တွင် နေအိမ်များစွာမှာ အမွေခံမရှိဘဲ ကျန်ရစ်ခဲ့ကြသည်။

အချို့အိမ်များမှာ အမွေခံရှိသော်လည်း လူငယ်မျိုးဆက်တို့က မြို့ကြီးပြကြီးများသို့ ပြောင်းရွှေ့သွားကြပြီး ကျေးလက်သို့ ပြန်မလာကြတော့သောကြောင့် စွန့်ပစ်ခံဖြစ်နေကြောင်း ကျွမ်းကျင်ပညာရှင်များက CNN သတင်းဌာနသို့ ပြောသည်။

အချို့သောအိမ်များမှာ စီမံခန့်ခွဲရေးအတွက် အခက်ကြုံရသော အခြေအနေမျိုးရှိသည်။

မှတ်တမ်းတင်မှု အားနည်းသောကြောင့် အိမ်ပိုင်ရှင် မည်သူဖြစ်သည်ကို ဒေသတွင်း အုပ်ချုပ်ရေးအဖွဲ့များက မသိကြချေ။

ထို့အပြင် ပိုင်ရှင်များအနေဖြင့် ထိုအိမ်များကို ရောင်းချလိုသည့်တိုင် ဝယ်လက်ရှာတွေ့ရန် မလွယ်ကူကြောင်း Kanda University မှ Hall က ပြောသည်။

“ဒီလိုအိမ်တွေ များစွာဟာ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ အပါအဝင် ကုန်စုံဆိုင်တွေနဲ့တောင် ဝေးကွာပါတယ်”ဟု ၎င်းက ပြောသည်။

 

(ဂျပန်နိုင်ငံ ကနဂဝ စီရင်စု ၊ ယို့ကို့ဆုကမြို့၊ ယတို့အရပ်ရှိ လူမနေသော နေအိမ်တစ်လုံးတွင် ခြုံနွယ်ပိတ်ပေါင်း များ ဖုံးလွှမ်းနေသည်ကို ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၁ ရက်က တွေ့ရပုံ။ ဓာတ်ပုံ-Bloomberg)

 

(ဂျပန်နိုင်ငံ တမ်ဘာဆဆယာမတွင်ရှိသော စွန့်ပစ်ခံ သစ်သားအိမ်တစ်လုံး ပြိုကျစ ပြုနေသည်ကို ၂၀၂၃ ခုနှစ် ဧပြီလ ၅ ရက်က တွေ့ရပုံ။ ဓာတ်ပုံ-Getty Images)

 

(ဆက်စပ်သတင်း)

အကိယ 空き家(သို့မဟုတ်) ဂျပန်နိုင်ငံမှ မြန်မာငွေ ၈ သိန်းဖြင့် ဝယ်ယူနိုင်မည့်အိမ်များ

https://www.imyanmarhouse.com/news/read/1049568

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Super-aged Japan now has 9 million vacant homes. And that’s a problem (cnn)

Photo Credit-Bloomberg, Getty Images

 

[Zawgyi]

အသက္ၾကီးသူမ်ား အလြန္မ်ားျပားေနေသာ ဂ်ပန္ႏိုင္ငံတြင္ လူမေနေသာ အိမ္လြတ္မ်ား ၉ သန္းခန္႔အထိ ရွိလာ

 

လူဦးေရ အျမဲက်ဆင္းေနမႈႏွင့္ ရင္ဆုိင္ေနရေသာ ဂ်ပန္ႏိုင္ငံတြင္ လူမေနေသာ ေနအိမ္လြတ္ေပါင္း ၉ သန္း ခန္႔အထိ စံခ်ိန္တင္ျမင့္တက္လာေနသည္။

ထိုပမာဏမွာ နယူးေယာက္ျမဳိ႕ၾကီးရွိ လူအားလံုး ေနထိုင္ႏိုင္သည့္ ပမာဏထက္ပင္ မ်ားျပားေနသည္။

ဂ်ပန္ႏိုင္ငံတြင္ စြန္႔ပစ္ထားေသာအိမ္မ်ားကို အကိယဟု ေခၚၾကသည္။

ထိုစကားမွာ ေက်းလက္ေဒသရွိ ယိုယြင္းပ်က္စီးေနေသာ လူေနအိမ္မ်ားကို ရည္ညႊန္းျခင္း ျဖစ္သည္။

သို႔ေသာ္ တိုက်ဳိႏွင့္ က်ိဳတိုတို႔ကဲသို႔ေသာ ျမဳိ႕ၾကီးျပၾကီးမ်ားတြင္ပင္ အကိယမ်ား ေတြ႔လာရသည္။

အသက္အရြယ္ၾကီးျမင့္သူ မ်ားျပားလာေနျပီး ႏွစ္စဥ္ ကေလးေမြးဖြားႏႈန္း က်ဆင္းေနမႈကို ေျဖရွင္းရန္ ၾကိဳးစားေနရေသာ ဂ်ပန္အစိုးရအတြက္ အကိယမ်ားမွာ ျပႆနာတစ္ခု ျဖစ္လာသည္။

“ဒါဟာ ဂ်ပန္မွာ လူဦးေရက်ဆင္းေနမႈရဲ႕ ျပယုဂ္တစ္ခုပါပဲ”ဟု ဂ်ပန္ႏိုင္ငံ ခ်ီဗာျမဳိ႕ရွိ Kanda University of International Studies မွ ကထိကျဖစ္သူ ဂ်က္ဖရီေဟာက ေျပာသည္။

“ဒါက ေနအိမ္ေတြ အမ်ားၾကီးေဆာက္လုိ႔ ျဖစ္ရတဲ့ ျပႆနာမဟုတ္ပါဘူး။ လူဦးေရ လံုလံုေလာက္ေလာက္ မရွိတဲ့ ျပႆနာပါ”ဟု ၎က ေျပာသည္။ ဂ်ပန္ျပည္ထဲေရးႏွင့္ ဆက္သြယ္ေရးဝန္ၾကီးဌာနမွ ထုတ္ျပန္ေသာ အခ်က္အလက္မ်ားအရ ဂ်ပန္ႏိုင္ငံတဝန္းရွိ လူေနအိမ္မ်ား အားလံုးအနက္ ၁၄ ရာခုိင္ႏႈန္းမွာ အိမ္လြတ္မ်ားျဖစ္သည္ဟု ဆိုသည္။

အဆုိပါ ကိန္းဂဏန္းတြင္ ဒုတိယအိမ္အျဖစ္ ဝယ္ယူထားေသာအိမ္မ်ား၊ အိမ္ပိုင္ရွင္မ်ားက ျပည္ပႏိုင္ငံမ်ားသို႔ သြားေရာက္အလုပ္လုပ္ကိုင္ေနေသာေၾကာင့္ ယာယီအားျဖင့္ လူမရွိေသာအိမ္မ်ား အပါအဝင္ အျခား အေၾကာင္းရင္းမ်ားေၾကာင့္ လူသူကင္းမဲ့ေနေသာ အိမ္မ်ားလည္း ပါဝင္သည္။ ျမိဳ႕ျပမ်ားရွိ အိမ္မ်ားမွာမူ ရိုးရာ အကိယမ်ားကဲ့သို႔ ပ်က္စီးေနသည့္ အိမ္မ်ားခ်ည္း မဟုတ္ေခ်။

အကိယမ်ား တစထက္တစ မ်ားျပားလာေနျခင္းမွာ အစိုးရႏွင့္ ေဒသတြင္း အသိုက္အဝန္းအတြက္ ျပႆနာ မ်ားစြာ ရွိလာေစေၾကာင္း ကၽြမ္းက်င္ပညာရွင္မ်ားက CNN သတင္းဌာနသို႔ ေျပာသည္။

ယိုယြင္းပ်က္စီးေနေသာျမဳိ႕မ်ား ျပန္လည္ရွင္သန္လာေစရန္ ၾကိဳးစားရျခင္း ၊ ျပဳျပင္ထိန္းသိမ္းမႈမရွိေသာေၾကာင့္ အႏၱရာယ္ျဖစ္လာႏိုင္ျခင္း ၊ ငလ်င္ႏွင့္ ဆူနာမီမ်ား မၾကာခဏ ရင္ဆုိင္ေနရေသာ ႏိုင္ငံျဖစ္ရာ သဘာဝ ေဘးအႏၱရာယ္ၾကံဳရခ်ိန္မ်ားတြင္ ကယ္ဆယ္ေရးသမားမ်ားအတြက္ အႏၱရာယ္မ်ားျပားျခင္း ျပႆနာမ်ား ရွိသည္။

အကိယမ်ားကို အမ်ားအားျဖင့္ မ်ိဳးရိုးစဥ္ဆက္ အေမြေပးၾကေလ့ရွိသည္။ သို႔ေသာ္ ေမြးဖြားႏႈန္းက်ဆင္းေနေသာ ဂ်ပန္တြင္ ေနအိမ္မ်ားစြာမွာ အေမြခံမရွိဘဲ က်န္ရစ္ခဲ့ၾကသည္။

အခ်ဳိ႕အိမ္မ်ားမွာ အေမြခံရွိေသာ္လည္း လူငယ္မ်ဳိးဆက္တုိ႔က ျမဳိ႕ၾကီးျပၾကီးမ်ားသုိ႔ ေျပာင္းေရႊ႕သြားၾကျပီး ေက်းလက္သို႔ ျပန္မလာၾကေတာ့ေသာေၾကာင့္ စြန္႔ပစ္ခံျဖစ္ေနေၾကာင္း ကၽြမ္းက်င္ပညာရွင္မ်ားက CNN သတင္းဌာနသုိ႔ ေျပာသည္။

အခ်ိဳ႕ေသာအိမ္မ်ားမွာ စီမံခန္႔ခြဲေရးအတြက္ အခက္ၾကံဳရေသာ အေျခအေနမ်ဳိးရွိသည္။

မွတ္တမ္းတင္မႈ အားနည္းေသာေၾကာင့္ အိမ္ပိုင္ရွင္ မည္သူျဖစ္သည္ကို ေဒသတြင္း အုပ္ခ်ဳပ္ေရးအဖြဲ႔မ်ားက မသိၾကေခ်။

ထို႔အျပင္ ပိုင္ရွင္မ်ားအေနျဖင့္ ထုိအိမ္မ်ားကို ေရာင္းခ်လိုသည့္တုိင္ ဝယ္လက္ရွာေတြ႔ရန္ မလြယ္ကူေၾကာင္း Kanda University မွ Hall က ေျပာသည္။

“ဒီလိုအိမ္ေတြ မ်ားစြာဟာ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးစနစ္ ၊ က်န္းမာေရးေစာင့္ေရွာက္မႈေတြ အပါအဝင္ ကုန္စံုဆိုင္ေတြနဲ႔ေတာင္ ေဝးကြာပါတယ္”ဟု ၎က ေျပာသည္။

 

(ဂ်ပန္ႏိုင္ငံ ကနဂဝ စီရင္စု ၊ ယို႔ကို႔ဆုကျမဳိ႕၊ ယတို႔အရပ္ရွိ လူမေနေသာ ေနအိမ္တစ္လံုးတြင္ ျခံဳႏြယ္ပိတ္ေပါင္း မ်ား ဖုံးလႊမ္းေနသည္ကို ၂၀၁၃ ခုႏွစ္ ၾသဂုတ္လ ၂၁ ရက္က ေတြ႔ရပံု။ ဓာတ္ပံု-Bloomberg)

(ဂ်ပန္ႏိုင္ငံ တမ္ဘာဆဆယာမတြင္ရွိေသာ စြန္႔ပစ္ခံ သစ္သားအိမ္တစ္လံုး ျပိဳက်စ ျပဳေနသည္ကို ၂၀၂၃ ခုႏွစ္ ဧျပီလ ၅ ရက္က ေတြ႔ရပံု။ ဓာတ္ပံု-Getty Images)

(ဆက္စပ္သတင္း)

အကိယ 空き家(သို႔မဟုတ္) ဂ်ပန္ႏိုင္ငံမွ ျမန္မာေငြ ၈ သိန္းျဖင့္ ဝယ္ယူႏိုင္မည့္အိမ္မ်ား

https://www.imyanmarhouse.com/news/read/1049568

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Super-aged Japan now has 9 million vacant homes. And that’s a problem (cnn)

Photo Credit-Bloomberg, Getty Images

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service