တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။

တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
14 Apr 2024 4:33 pm တွင် တင်ခဲ့သည်
1271 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

အမှုအမျိုးအစားနှစ်မျိုးရှိရာ လူတစ်ဦးတစ်ယောက်အား ထိခိုက်နစ်နာအောင် ပြုမှုများတွင် ရာဇဝတ်မှုဖြင့် တိုင်တန်းအမှု ဖွင့်လှစ်တရားစွဲဆိုရပြီး နိုင်ငံတော်မှ နစ်နာသူကိုယ်စား တရားလို ပြုလုပ်ပါသည်။

လူပုဂ္ဂိုလ်အချင်းချင်း ငွေရေးကြေးရေးနှင့်သက်ဆိုင်သော အငြင်းပွားမှု၊ နစ်နာကြေးများ တောင်းခံမှု၊ စာချုပ်ပါ ကတိပြုချက်များ ဖောက်ဖျက်မှုများအား တရားမမှုဖြင့် အမှုဖွင့်လှစ်‌ဆောင်ရွက်ရပြီး တရားလိုမှ အဆိုလွှာဖြင့် အကြောင်း အရာ ရေးသားကာ ၎င်း၏ နစ်နာမှုအတွက် တရားရုံးသို့ တင်ပြတောင်းဆိုရပါမည်။

တရားမမှုတွင် အမှုသည်များ (Parties)၊ အဆိုလွှာတွင် အမှုစွဲဆိုရန် အကြောင်း ပေါ်ပေါက် ခြင်း ( The cause of action) ၊ အမှုအကြောင်းအရာ အဖြစ်အပျက် ( The subject matter )၊ တောင်းဆိုသော သက်သာခွင့် ( The relief claimed )တို့ ပါဝင်ရမည်။

စီရင်ပိုင်ခွင့်ရှိသော အနိမ့်ဆုံးတရားရုံးတွင် သတ်မှတ်သော ရုံးခွန်ထမ်းဆောင်၍ တရားမမှုစွဲဆိုရမည်။ အဆိုလွှာကို လက်ခံပြီးပါက တရားရုံးမှ အဆိုလွှာ မိတ္တူတစ်ဆောင်ကို ပူးတွဲ၍ တရားပြိုင်ထံ အမိန့်၅၊ နည်း-၁ အရ ရုံးခေါ်စာချ အပ်ပေးပါသည်။

တရားပြိုင်မှ ကောင်းစွာ ခုခံချေပနိုင်ရန် တရားလိုထံမှ စာချုပ်စာတမ်းများ ထုတ်ဖော်ပြသစေခြင်း၊ ကြည့်ရှုစစ် ဆေးခြင်းတို့ တရားရုံး၏ ခွင့်ပြုချက်ဖြင့် ပြုနိုင်သည်။ အမိန့်-၈၊ နည်း-၁အရ တရားပြိုင်မှ ချေလွှာတင်သွင်းရာတွင်လဲ အဆိုလွှာပါ အပိုဒ်တစ်ပိုဒ်ချင်းအပေါ် ဝန်ခံရမည် (သို့) ငြင်းဆိုမှုပြုရမည်။ တရားပြိုင်မှ မိမိမှ ချေလွှာတင်စဉ်တွင် ခုခံချေ ပရန် သက်သေခံစာရွက်စာတမ်းများ တင်ပြရမည် (သို့) ပထမ အကြိမ်အမှု ကြားနာသောအချိန်တွင် သက်သေခံများ တင်ပြရမည်။

တရားမမှုများ တရားလို တရားပြိုင်တို့ တင်ပြသော အဆိုလွှာ၊ ချေလွှာ ပေါ်သုံးသပ်ကာ တရားရုံးမှ ငြင်းချက် ရုံးကောက်ချက် ထုတ်ပေးပါသည်။

တရားမကျင့်ထုံးဥပဒေ အမိန့် -၁၄ ၊ နည်း-၂ အရ ဥပဒေငြင်းချက် သက်သက်ဖြစ်သော အငြင်းထွက်ပြသနာကို ဦးစွာ ဆုံးဖြတ်ပေးခြင်းဖြင့် မလိုအပ်ဘဲ အမှုကို ကြာမြင့်စွာခုခံနေရမှုမှ ကင်းဝေးစေပါသည်။

(ဒေါ်ညွှန့်ညွှန့်ခင်နှင့် ဒေါ်အိမ်ကြည်(၎င်း၏ ကိုယ်စားလှယ်စာရသူ ဦးထွန်းရီ)၁၉၉၀၊မတစ(ရုံးချုပ်)၂၂)

အဆိုအချေပေါ်မှုတည်၍ တရားရုံးမှ အနိုင်အရှုံး ဆုံးဖြတ်ရပါမည်။ မူလရုံးမှလည်းကောင်း၊ အယူခံရုံးမှ လည်းကောင်း အဆိုအချေ၌ မပါဝင်ဆန့်ကျင် ကွဲလွဲသည့်ကိစ္စကို ဖော်ထုတ်ဆုံးဖြတ်၍ သက်သာခွင့်ပေးခြင်း မပြုရပေ။ (အေအက်စ်၊ ပီ၊ အက်စ်၊ ကေအာရ်၊ ကရုပန် ချစ်တီး ယားနှင့် အေချွတ်ကလင်ဂန် ချစ်တီးယား) (ဦးဂဖူးနှင့် ဦးစိန်မောင်ပါ-၂၊ ၁၉၉၁၊မတစ(ရုံးချုပ်)၄၆)

တရားလိုသည် ဆင့်ဆိုနိုင်ရန် လိပ်စာတင်သွင်းရန် ပျက်ကွက်လျှင် တရားမကျင့်ထုံးဥပဒေ အမိန့်-၅၊နည်း-၂၀အရ အဆိုလွှာကို ပလပ်သည်အထိ အရေးယူခြင်းခံရနိုင်ပါသည်။

တရားမမှုများတွင် ကာလစည်းကမ်းသတ်ဥပဒေသည်လဲ လွန်စွာမှ အရေးကြီးပါသည်။ တရားရုံးမှာ ကာလစည်း ကမ်းသတ်ကျော်လွန်ခြင်းရှိမရှိ၊ အဓိက စစ်ဆေးသုံးသပ်ပါသည်။ ကာလစည်းကမ်းသတ်ပြဿနာသည် အမှုတစ်ခုလုံးတွင် အရေးပါသော ပြသနာတစ်ရပ်ဖြစ်ပါသည်။ ထို့အပြင် အမှုကြားနာရန် ချိန်းဆိုသောရက်တွင် တရားလိုနှင့်တရားပြိုင် လာရောက်ခြင်းမရှိပါက အမိန့်-၉၊ နည်း-၃အရ အမှုအား ပလပ်နိုင်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ လိုက်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

တရားမမႈစြဲဆိုရာတြင္ သိ႐ွိထားသင့္သည့္ အခ်က္အလက္မ်ားအေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသား ေဖာ္ျပလိုက္ပါတယ္။

 

အမႈအမ်ိဳးအစားႏွစ္မ်ိဳး႐ွိရာ လူတစ္ဦးတစ္ေယာက္အား ထိခိုက္နစ္နာေအာင္ ျပဳမႈမ်ားတြင္ ရာဇဝတ္မႈျဖင့္ တိုင္တန္းအမႈ ဖြင့္လွစ္တရားစြဲဆိုရၿပီး ႏိုင္ငံေတာ္မွ နစ္နာသူကိုယ္စား တရားလို ျပဳလုပ္ပါသည္။

လူပုဂၢိဳလ္အခ်င္းခ်င္း ေငြေရးေၾကးေရးႏွင့္သက္ဆိုင္ေသာ အျငင္းပြားမႈ၊ နစ္နာေၾကးမ်ား ေတာင္းခံမႈ၊ စာခ်ဳပ္ပါ ကတိျပဳခ်က္မ်ား ေဖာက္ဖ်က္မႈမ်ားအား တရားမမႈျဖင့္ အမႈဖြင့္လွစ္‌ေဆာင္႐ြက္ရၿပီး တရားလိုမွ အဆိုလႊာျဖင့္ အေၾကာင္း အရာ ေရးသားကာ ၎၏ နစ္နာမႈအတြက္ တရား႐ုံးသို႔ တင္ျပေတာင္းဆိုရပါမည္။

တရားမမႈတြင္ အမႈသည္မ်ား (Parties)၊ အဆိုလႊာတြင္ အမႈစြဲဆိုရန္ အေၾကာင္း ေပၚေပါက္ ျခင္း ( The cause of action) ၊ အမႈအေၾကာင္းအရာ အျဖစ္အပ်က္ ( The subject matter )၊ ေတာင္းဆိုေသာ သက္သာခြင့္ ( The relief claimed )တို႔ ပါဝင္ရမည္။

စီရင္ပိုင္ခြင့္႐ွိေသာ အနိမ့္ဆုံးတရား႐ုံးတြင္ သတ္မွတ္ေသာ ႐ုံးခြန္ထမ္းေဆာင္၍ တရားမမႈစြဲဆိုရမည္။ အဆိုလႊာကို လက္ခံၿပီးပါက တရား႐ုံးမွ အဆိုလႊာ မိတၱဴတစ္ေဆာင္ကို ပူးတြဲ၍ တရားၿပိဳင္ထံ အမိန္႔၅၊ နည္း-၁ အရ ႐ုံးေခၚစာခ် အပ္ေပးပါသည္။

တရားၿပိဳင္မွ ေကာင္းစြာ ခုခံေခ်ပႏိုင္ရန္ တရားလိုထံမွ စာခ်ဳပ္စာတမ္းမ်ား ထုတ္ေဖာ္ျပသေစျခင္း၊ ၾကည့္႐ႈစစ္ ေဆးျခင္းတို႔ တရား႐ုံး၏ ခြင့္ျပဳခ်က္ျဖင့္ ျပဳႏိုင္သည္။ အမိန္႔-၈၊ နည္း-၁အရ တရားၿပိဳင္မွ ေခ်လႊာတင္သြင္းရာတြင္လဲ အဆိုလႊာပါ အပိုဒ္တစ္ပိုဒ္ခ်င္းအေပၚ ဝန္ခံရမည္ (သို႔) ျငင္းဆိုမႈျပဳရမည္။ တရားၿပိဳင္မွ မိမိမွ ေခ်လႊာတင္စဥ္တြင္ ခုခံေခ် ပရန္ သက္ေသခံစာ႐ြက္စာတမ္းမ်ား တင္ျပရမည္ (သို႔) ပထမ အႀကိမ္အမႈ ၾကားနာေသာအခ်ိန္တြင္ သက္ေသခံမ်ား တင္ျပရမည္။

တရားမမႈမ်ား တရားလို တရားၿပိဳင္တို႔ တင္ျပေသာ အဆိုလႊာ၊ ေခ်လႊာ ေပၚသုံးသပ္ကာ တရား႐ုံးမွ ျငင္းခ်က္ ႐ုံးေကာက္ခ်က္ ထုတ္ေပးပါသည္။

တရားမက်င့္ထုံးဥပေဒ အမိန္႔ -၁၄ ၊ နည္း-၂ အရ ဥပေဒျငင္းခ်က္ သက္သက္ျဖစ္ေသာ အျငင္းထြက္ျပသနာကို ဦးစြာ ဆုံးျဖတ္ေပးျခင္းျဖင့္ မလိုအပ္ဘဲ အမႈကို ၾကာျမင့္စြာခုခံေနရမႈမွ ကင္းေဝးေစပါသည္။

(ေဒၚၫႊန္႔ၫႊန္႔ခင္ႏွင့္ ေဒၚအိမ္ၾကည္(၎၏ ကိုယ္စားလွယ္စာရသူ ဦးထြန္းရီ)၁၉၉၀၊မတစ(႐ုံးခ်ဳပ္)၂၂)

အဆိုအေခ်ေပၚမႈတည္၍ တရား႐ုံးမွ အႏိုင္အ႐ႈံး ဆုံးျဖတ္ရပါမည္။ မူလ႐ုံးမွလည္းေကာင္း၊ အယူခံ႐ုံးမွ လည္းေကာင္း အဆိုအေခ်၌ မပါဝင္ဆန္႔က်င္ ကြဲလြဲသည့္ကိစၥကို ေဖာ္ထုတ္ဆုံးျဖတ္၍ သက္သာခြင့္ေပးျခင္း မျပဳရေပ။ (ေအအက္စ္၊ ပီ၊ အက္စ္၊ ေကအာရ္၊ က႐ုပန္ ခ်စ္တီး ယားႏွင့္ ေအခြၽတ္ကလင္ဂန္ ခ်စ္တီးယား) (ဦးဂဖူးႏွင့္ ဦးစိန္ေမာင္ပါ-၂၊ ၁၉၉၁၊မတစ(႐ုံးခ်ဳပ္)၄၆)

တရားလိုသည္ ဆင့္ဆိုႏိုင္ရန္ လိပ္စာတင္သြင္းရန္ ပ်က္ကြက္လွ်င္ တရားမက်င့္ထုံးဥပေဒ အမိန္႔-၅၊နည္း-၂၀အရ အဆိုလႊာကို ပလပ္သည္အထိ အေရးယူျခင္းခံရႏိုင္ပါသည္။

တရားမမႈမ်ားတြင္ ကာလစည္းကမ္းသတ္ဥပေဒသည္လဲ လြန္စြာမွ အေရးႀကီးပါသည္။ တရား႐ုံးမွာ ကာလစည္း ကမ္းသတ္ေက်ာ္လြန္ျခင္း႐ွိမ႐ွိ၊ အဓိက စစ္ေဆးသုံးသပ္ပါသည္။ ကာလစည္းကမ္းသတ္ျပႆနာသည္ အမႈတစ္ခုလုံးတြင္ အေရးပါေသာ ျပသနာတစ္ရပ္ျဖစ္ပါသည္။ ထို႔အျပင္ အမႈၾကားနာရန္ ခ်ိန္းဆိုေသာရက္တြင္ တရားလိုႏွင့္တရားၿပိဳင္ လာေရာက္ျခင္းမ႐ွိပါက အမိန္႔-၉၊ နည္း-၃အရ အမႈအား ပလပ္ႏိုင္ေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပ လိုက္ပါတယ္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
imyanmarmarket
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service