အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်တွင် လေအားလျှပ်စစ်ထုတ်သည့် ရဟတ်ဘီးပေါင်း ၅၄ ခု၊ အမြီးဖြူသမင်များ၊ ငုံးများ ပါဝင်သော မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်တွင် လေအားလျှပ်စစ်ထုတ်သည့် ရဟတ်ဘီးပေါင်း ၅၄ ခု၊ အမြီးဖြူသမင်များ၊ ငုံးများ ပါဝင်သော မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
21 Mar 2024 10:58 am တွင် တင်ခဲ့သည်
570 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်တွင် လေအားလျှပ်စစ်ထုတ်သည့် ရဟတ်ဘီးပေါင်း ၅၄ ခု ပါဝင်သော ဧကပေါင်း ၉၄၀၀ ရှိ မွေးမြူရေးခြံကြီး အရောင်းဈေးကွက်ဝင်လာသည်။

မွေးမြူရေးခြံကြီးအတွင်း စားကျက်များရှိသည့်အပြင် အမြီးဖြူ သမင်များမှသည် ငုံးများအထိ အပျော်တမ်း အမဲလိုက်နိုင်သော နေရာများစွာ ပါဝင်ပြီး Hall and Hall အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Layne Walker က ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်တင်ပေးလာခြင်း ဖြစ်သည်။

Crooked Tree Ranch ဟု အမည်ပေးထားသော မွေးမြူရေးခြံကြီးသည် တက္ကဆပ်ပြည်နယ်၊ Albany မြို့တွင် တည်ရှိပြီး Abilene မြို့နှင့် များစွာမဝေးလှ။

ဤမွေးမြူရေးခြံကြီးမှာ နွားမွေးမြူရေးခြံအဖြစ် လုပ်ငန်းလည်ပတ်နိုင်သည့်အပြင် လေအားလျှပ်စစ် ထုတ်လုပ်မှု မှလည်း အပိုဝင်ငွေ ရရှိနိုင်သည်။

မွေးမြူရေးခြံကြီးအတွင်း ခြံစည်းမြင့်မားစွာ ကာရံထားသော ဧက ၂၀၀ ကျယ်ဝန်းသည့် အပျော်တမ်း အမဲလိုက်ရန် နေရာလည်း ပါဝင်သည်။

 

 

ခြံဝန်းကြီးအတွင်း ပိုင်ရှင်နေထိုင်ရန် ကျေးလက်ဟန်ဆောက်လုပ်ထားသည့် ကျယ်ပြောသော အဆောက်အအုံ ၃ လုံးပါဝင်ပြီး အဆောက်အအုံတစ်ခုချင်းစီတွင် ရေချိုးခန်းများ၊ သီးသန့်ဝင်ပေါက်များ ပါရှိသည်။

ပင်မစံအိမ်အပြင် အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၃ ခန်းပါသော ဧည့်ဂေဟာအိမ်၊ အိပ်ခန်း ၃ ခန်းနှင့် ရေချိုးခန်း ၂ ခန်းပါသော မန်နေဂျာအတွက် နေအိမ်တို့လည်း ရှိသည်။

မွေးမြူရေးခြံကြီး၏ အဝင်ဝတွင် မီးအလှဆင်ထားပြီး အလိုအလျောက် ဖွင့်ပိတ်စနစ်ပါသော ဂိတ်တံခါးရှိကာ ဂိတ်တံခါးတွင် မွေးမြူရေးခြံ၏ အမည်ကို ဖော်ပြထားသည်။

ခြံဝန်းကြီးအတွင်း အလျား ၁၀ မိုင်ခန့်ရှိသော လမ်းများရှိသည်။ ထို့အပြင် အသားထုတ်လုပ်ရေး အအေးခန်းနှင့် walk-in cooler တို့လည်း ပါရှိသေးသည်။

 

ဤခြံကြီး၏ အထူးခြားဆုံး feature တစ်ခုမှာ လေအားလျှပ်စစ်ထုတ်လုပ်သည့် ရဟတ်များဖြစ်ပြီး လက်ရှိပိုင်ရှင် များက ဝင်ငွေလမ်းကြောင်းတစ်ခုရှိစေရန် လွန်ခဲ့သော ၁၅ နှစ်ခန့်က တပ်ဆင်ခဲ့ခြင်း ဖြစ်သည်။

မွေးမြူရေးခြံကြီးအတွင်း စပါးကျီများစွာ၊ မွေးမြူရေးတိရ စ္ဆာန်လှောင်သည့်ခြံများ၊ လှောင်ခြံဝိုင်းများ၊ အားကစား ကွင်းတစ်ခု၊ ခွေးလှောင်အိမ်များနှင့် ရုံးခန်းအဆောက်အအုံငယ်တစ်ခုတို့လည်း ရှိသည်။

တက္ကဆပ်ပြည်နယ်၏ ဤဒေသတွင် ရေအခက်အခဲရှိသော်လည်း Crooked Tree Ranch ခြံကြီးတွင်မူ ရေစုဆောင်းမှုစနစ်ကြောင့် ရေအလွယ်တကူ ရရှိနိုင်သည်။

လက်ရှိပိုင်ရှင်မိသားစုက ရာစုနှစ်၏ လေးပုံတစ်ပုံခန့် ပိုင်ဆိုင်ထားခဲ့ပြီး စားကျက်များကို ဂရုတစိုက် ထိန်းသိမ်း ထားနိုင်ရန်အတွက် စားကျက်လွှတ်ကျောင်းမှု အနည်းငယ်သာ လုပ်ဆောင်ခြင်း၊ မီးလောင်ကျွမ်းမှုများအား ထိန်းသိမ်းကာကွယ်ခြင်းများ ပြုလုပ်ခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: This massive Texas ranch, listed for $39M, comes with 54 wind turbines (chron)

Photo Credit: Hall and Hall

 

 

[Zawgyi]

အေမရိကန္ျပည္ေထာင္စု၊ တကၠဆပ္ျပည္နယ္တြင္ ေလအားလွ်ပ္စစ္ထုတ္သည့္ ရဟတ္ဘီးေပါင္း ၅၄ ခု၊ အျမီးျဖဴသမင္မ်ား၊ ငံုးမ်ား ပါဝင္ေသာ ေမြးျမဴေရးျခံၾကီး ကန္ေဒၚလာ ၃၉ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

 

အေမရိကန္ျပည္ေထာင္စု၊ တကၠဆပ္ျပည္နယ္တြင္ ေလအားလွ်ပ္စစ္ထုတ္သည့္ ရဟတ္ဘီးေပါင္း ၅၄ ခု ပါဝင္ေသာ ဧကေပါင္း ၉၄၀၀ ရွိ ေမြးျမဴေရးျခံၾကီး အေရာင္းေစ်းကြက္ဝင္လာသည္။

ေမြးျမဴေရးျခံၾကီးအတြင္း စားက်က္မ်ားရွိသည့္အျပင္ အျမီးျဖဴ သမင္မ်ားမွသည္ ငံုးမ်ားအထိ အေပ်ာ္တမ္း အမဲလိုက္ႏိုင္ေသာ ေနရာမ်ားစြာ ပါဝင္ျပီး Hall and Hall အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Layne Walker က ကန္ေဒၚလာ ၃၉ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ေပးလာျခင္း ျဖစ္သည္။

Crooked Tree Ranch ဟု အမည္ေပးထားေသာ ေမြးျမဴေရးျခံၾကီးသည္ တကၠဆပ္ျပည္နယ္၊ Albany ျမိဳ႕တြင္ တည္ရွိျပီး Abilene ျမိဳ႕ႏွင့္ မ်ားစြာမေဝးလွ။

ဤေမြးျမဴေရးျခံၾကီးမွာ ႏြားေမြးျမဴေရးျခံအျဖစ္ လုပ္ငန္းလည္ပတ္ႏိုင္သည့္အျပင္ ေလအားလွ်ပ္စစ္ ထုတ္လုပ္မႈ မွလည္း အပိုဝင္ေငြ ရရွိႏိုင္သည္။

ေမြးျမဴေရးျခံၾကီးအတြင္း ျခံစည္းျမင့္မားစြာ ကာရံထားေသာ ဧက ၂၀၀ က်ယ္ဝန္းသည့္ အေပ်ာ္တမ္း အမဲလိုက္ ရန္ ေနရာလည္း ပါဝင္သည္။

ျခံဝန္းၾကီးအတြင္း ပိုင္ရွင္ေနထုိင္ရန္ ေက်းလက္ဟန္ေဆာက္လုပ္ထားသည့္ က်ယ္ေျပာေသာ အေဆာက္အအံု ၃ လံုးပါဝင္ျပီး အေဆာက္အအံုတစ္ခုခ်င္းစီတြင္ ေရခ်ဳိးခန္းမ်ား၊ သီးသန္႔ဝင္ေပါက္မ်ား ပါရွိသည္။

ပင္မစံအိမ္အျပင္ အိပ္ခန္း ၅ ခန္းႏွင့္ ေရခ်ဳိးခန္း ၃ ခန္းပါေသာ ဧည့္ေဂဟာအိမ္၊ အိပ္ခန္း ၃ ခန္းႏွင့္ ေရခ်ဳိးခန္း ၂ ခန္းပါေသာ မန္ေနဂ်ာအတြက္ ေနအိမ္တို႔လည္း ရွိသည္။

ေမြးျမဴေရးျခံၾကီး၏ အဝင္ဝတြင္ မီးအလွဆင္ထားျပီး အလိုအေလ်ာက္ ဖြင့္ပိတ္စနစ္ပါေသာ ဂိတ္တံခါးရွိကာ ဂိတ္တံခါးတြင္ ေမြးျမဴေရးျခံ၏ အမည္ကို ေဖာ္ျပထားသည္။

ျခံဝန္းၾကီးအတြင္း အလ်ား ၁၀ မိုင္ခန္႔ရွိေသာ လမ္းမ်ားရွိသည္။ ထို႔အျပင္ အသားထုတ္လုပ္ေရး အေအးခန္းႏွင့္ walk-in cooler တုိ႔လည္း ပါရွိေသးသည္။

ဤျခံၾကီး၏ အထူးျခားဆံုး feature တစ္ခုမွာ ေလအားလွ်ပ္စစ္ထုတ္လုပ္သည့္ ရဟတ္မ်ားျဖစ္ျပီး လက္ရွိပိုင္ရွင္ မ်ားက ဝင္ေငြလမ္းေၾကာင္းတစ္ခုရွိေစရန္ လြန္ခဲ့ေသာ ၁၅ ႏွစ္ခန္႔က တပ္ဆင္ခဲ့ျခင္း ျဖစ္သည္။

ေမြးျမဴေရးျခံၾကီးအတြင္း စပါးက်ီမ်ားစြာ၊ ေမြးျမဴေရးတိရ စၦာန္ေလွာင္သည့္ျခံမ်ား၊ ေလွာင္ျခံဝိုင္းမ်ား၊ အားကစား ကြင္းတစ္ခု၊ ေခြးေလွာင္အိမ္မ်ားႏွင့္ ရံုးခန္းအေဆာက္အအံုငယ္တစ္ခုတို႔လည္း ရွိသည္။

တကၠဆပ္ျပည္နယ္၏ ဤေဒသတြင္ ေရအခက္အခဲရွိေသာ္လည္း Crooked Tree Ranch ျခံၾကီးတြင္မူ ေရစုေဆာင္းမႈစနစ္ေၾကာင့္ ေရအလြယ္တကူ ရရွိႏိုင္သည္။

လက္ရွိပိုင္ရွင္မိသားစုက ရာစုႏွစ္၏ ေလးပံုတစ္ပံုခန္႔ ပိုင္ဆိုင္ထားခဲ့ျပီး စားက်က္မ်ားကို ဂရုတစိုက္ ထိန္းသိမ္း ထားႏိုင္ရန္အတြက္ စားက်က္လႊတ္ေက်ာင္းမႈ အနည္းငယ္သာ လုပ္ေဆာင္ျခင္း၊ မီးေလာင္ကၽြမ္းမႈမ်ားအား ထိန္းသိမ္းကာကြယ္ျခင္းမ်ား ျပဳလုပ္ခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: This massive Texas ranch, listed for $39M, comes with 54 wind turbines (chron)

Photo Credit: Hall and Hall

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service