မိမိခင်ပွန်းအပြင် ချစ်သူယောက်ျားလေးနှင့် ၃ ဦးအတူနေထိုင်ကြကာ ၃ ဦးပေါင်း ဝင်ငွေဖြင့် အိမ်တစ်လုံး ဝယ်ယူရန် ကြိုးစားသည့် အမေရိကန်က မိန်းကလေး

မိမိခင်ပွန်းအပြင် ချစ်သူယောက်ျားလေးနှင့် ၃ ဦးအတူနေထိုင်ကြကာ ၃ ဦးပေါင်း ဝင်ငွေဖြင့် အိမ်တစ်လုံး ဝယ်ယူရန် ကြိုးစားသည့် အမေရိကန်က မိန်းကလေး - Property News in Myanmar from iMyanmarHouse.com
23 Feb 2024 11:29 am တွင် တင်ခဲ့သည်
1075 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

((မှတ်ချက်။ Jeniffer Martin ရေးသားသည့် ရသစာတမ်းကို ဆိုလိုရင်းပေါ်လွင်အောင် အနှစ်ချုပ် မြန်မာပြန်ဆိုထားခြင်း ဖြစ်ပါသည်))

ကျွန်မဟာ Millennial တစ်ဦးပါ။

(မှတ်ချက်။ Millennial ဟူသည်မှာ ၁၉၈၁ မှ ၁၉၉၆ ကြား မွေးဖွားသူများဖြစ်သည်။)

ဒါကြောင့် ကျွန်မရဲ့ မျိုးဆက်မှာ အများကြုံတွေ့ရလေ့ရှိကြတဲ့ နည်းတူ ငွေကြေး ခက်ခဲတဲ့ ကာလတွေ ရှိခဲ့ပါတယ်။

ကျောင်းတက်တုန်းက ကုန်ကျခဲ့တဲ့ Student Loan တွေ၊ ငွေကြေးဖောင်းပွမှုတွေ၊ လုပ်ခလစာ မတိုးတာတွေနဲ့ ကျွန်မ ရင်ဆိုင်ရပါတယ်။

လူနေမှုစရိတ်က အရမ်းကြီးမြင့်ပြီး အမျိုးထဲမှာလည်း သူဌေးသူကြွယ်တွေ မရှိပါဘူး။

ကျွန်မ အသက်တန်းရှိတဲ့ တခြားသူတွေအနေနဲ့လည်း အိမ်ပိုင်ဖို့ အိပ်မက်တွေ၊ သားသမီးနဲ့ သူတို့ချစ်တဲ့ အသက်မွေးဝမ်းကျောင်းတွေကို စတေးပစ်ရတာမျိုးတွေ ရှိနေနိုင်ပါတယ်။

ဒီလိုအခြေအနေမှာ ယောင်္ကျားအများကြီးနဲ့တွဲဖို့ (polyamory) ဆိုတာကလွဲလို့ ကျွန်မအတွက် လွတ်မြောက်ရာ နည်းလမ်းမရှိတော့ပါဘူး။

ဒီလိုနည်းလမ်း သုံးဖို့ကို ယောက်ျားဖြစ်သူ ဒင်နီယယ်နဲ့ ကျွန်မ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလမှာ သဘောတူခဲ့ပါတယ်။

ကျွန်မတို့ ၂၀၀၈ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး သားသမီး ၂ ဦးရှိပါတယ်။

ပထမနှစ်အနည်းငယ်အတွင်း ကျွန်မတို့ဟာ တခြားသူတွေနဲ့ တွဲခဲ့ကြတယ်။

အဲ့ဒီတခြားသူတွေဆိုတာမှာလည်း သူတို့ရဲ့ လက်တွဲဖော်တွေ ရှိနေကြတာပါ။

အဲ့လို နောက်ထပ်တွဲတဲ့သူတွေနဲ့ အတူနေမယ်လို့ ကျွန်မ အရင်က မတွေးခဲ့ပါဘူး။

ဒါပေမယ့် ၂၀၁၈ ခုနှစ်ထဲမှာ Ty နဲ့ ဆုံစည်းပြီးနောက်ပိုင်း ကျွန်မသဘောထားတွေ ပြောင်းလဲစ ပြုလာခဲ့ပါတယ်။

(Jared Soares for BI)

ကလေး ၂ ဦးအပါအဝင် ကျွန်မတို့ ၅ ဦးဟာ အလွန်စည်းလုံးတဲ့ မိသားစုတစ်ခုလို ဖြစ်လာခဲ့ပါတယ်။

ကျွန်မတို့ရဲ့ ဆက်ဆံရေးက polyamory လောကမှာ V ပုံသဏ္ဍာန် ဆက်ဆံရေးလို့ ခေါ်ကြပါတယ်။

ကျွန်မက သူတို့နှစ်ယောက်နဲ့ သီးခြားစီ တွဲပေမယ့် သူတို့ချင်းကတော့ မတွဲပါဘူး။

ကျွန်မတို့ကြား အသေအချာ ဆွေးနွေးပြီးတဲ့နောက် ၂၀၂၀ ပြည့်နှစ် အစောပိုင်းမှာ အိမ်တစ်လုံးငှားပြီး အတူနေဖို့ ဆုံးဖြတ်ချက်ချခဲ့ကြတယ်။

ဒီလိုအတူနေဖို့ ဆုံးဖြတ်ရတာမှာ ငွေက အဓိက အကြောင်းရင်းပါ။

ကျွန်မရဲ့ ဝင်ငွေက တစ်နှစ်ကို ဒေါ်လာ ၇၀၀၀၀ ဝန်းကျင်ရှိခဲ့ပါတယ်။

ဒါပေမယ့် အခုနွေရာသီမှာတော့ ကျွန်မရဲ့ အချိန်ပြည့်အလုပ်ကနေ ထွက်လိုက်ပြီး အယ်ဒီတာတစ်ယောက် အဖြစ် အချိန်ပိုင်းလုပ်ကိုင်နေပါတယ်။

ဒီလိုအချိန်ပိုင်းအလုပ်လုပ်ရင်း Polyamory နဲ့ ခရစ်ယာန်ဘာသာအကြောင်း စာအုပ်တစ်အုပ် ရေးနေပါတယ်။

ပြီးတော့ တခြားအချိန်ပိုင်းအလုပ်တွေလည်း လုပ်နေပါတယ်။ အခုချိန်မှာ ကျွန်မရဲ့ဝင်ငွေက အရင်ထက်အများကြီးနည်းသွားပြီး တစ်နှစ်ကို ဒေါ်လာ ၂၅၀၀၀ အောက်ပဲ ရှိပါတော့တယ်။

ဒင်နီယယ်က ကိုယ်ပိုင်ကျောင်းတစ်ကျောင်းက ကျောင်းဆရာပါ။

သူ့ဝင်ငွေက တစ်နှစ်ကို ဒေါ်လာ ၅၅၀၀၀ လောက်ရပါတယ်။ အဲဒီဝင်ငွေနဲ့ ကျွန်မ၊ ကလေးတွေနဲ့ သူ့အတွက် ကျန်းမာရေးအာမခံစရိတ်တွေ ကျခံပါတယ်။

ဒါကြောင့်မို့လည်း စာအုပ်တစ်အုပ်ရေးဖို့နဲ့ အချိန်ပိုင်းအလုပ်တွေလုပ်ဖို့ ကျွန်မအိပ်မက်ကို အကောင်အထည် ဖော်နိုင်ခဲ့တာပါ။

Ty က ဒေသတွင်းက ဘဏ်တစ်ခုမှာ process manager တစ်ယောက်ပါ။ သူ့ဝင်ငွေက တစ်နှစ်ကို ဒေါ်လာ ၇၅၀၀၀ လောက်ရပါတယ်။

(ဓာတ်ပုံ-Jared Soaren for BI)

အမေရိကန်ပြည်ထောင်စုရဲ့ နေရာအများစုမှာ ကလေးတွေမှာ တရားဝင်အုပ်ထိန်းသူ ၂ ယောက်ပဲ ရှိလို့ရပါတယ်။

ကျွန်မနဲ့ ဒင်နီယယ် ကွယ်လွန်သွားရင် ကလေးတွေကို Ty က ဆက်လက်အုပ်ထိန်းခွင့် ရစေချင်ပါတယ်။

Ty ကလည်း သူကွယ်လွန်သွားရင် ကျွန်မ (ဒါမှမဟုတ်) ကလေးတွေကို သူ့ပိုင်ဆိုင်မှုတွေ ဆက်ခံခွင့် ရစေချင်တယ်။

သူက ကလေးတွေရဲ့ တရားဝင်အုပ်ထိန်းသူ မဟုတ်တဲ့အပြင် ကျွန်မကလည်း သူ့ရဲ့ တရားဝင် ဇနီးမယား မဟုတ်တာကြောင့် ငွေကြေးကို ကာလတာရှည် မျှဝေသုံးစွဲမှု အထောက်အထားတွေက တရားရုံးမှာ အထောက်အကူ ပြုနိုင်ပါတယ်။

အိမ်လခက တစ်လကို ၁၅၃၇ ဒေါ်လာ ပေးရပြီး ကျွန်မတို့ မျှဝေကျခံပါတယ်။

ဒင်နီယယ်နဲ့ ကျွန်မက ၈၃၇ ဒေါ်လာပေးပြီး Ty က ဒေါ်လာ ၇၀၀ ပေးပါတယ်။

ဒင်နီယယ်နဲ့ ကျွန်မက ဖုန်းဘေဖိုးနဲ့ စားသောက်ကုန်ပစ္စည်းဖိုးတွေ ကျခံပြီး Ty က ရေမီးအသုံးစရိတ်တွေနဲ့ ဝိုင်ဖိုင်ဖိုး ပေးပါတယ်။

အဲဒီနောက် ကျွန်မတို့ ၃ ယောက်ပေါင်းပြီး အိမ်ဝယ်ဖို့ စဉ်းစားကြပါတယ်။

Ty နဲ့ ဒင်နီယယ်က အိမ်ခြံမြေချေးငွေ တင်ထားပါတယ်။ ကျွန်မကတော့ အဲဒီထဲမှာ မပါပါဘူး။

ဘာကြောင့်လဲဆိုတော့ အချိန်ပိုင်းနဲ့ ကိုယ်ပိုင်အလုပ်လုပ်နေတာ အချိန်အနည်းငယ်သာရှိသေးတာကြောင့် အိမ်ခြံမြေချေးငွေ ထုတ်ပေးမယ့် ကုမ္ပဏီက စဉ်းစားလိမ့်မှာ မဟုတ်ပါဘူး။ ကျွန်မဟာ အိမ်တစ်လုံး ပိုင်ဆိုင်ရမယ်လို့ အိပ်မက်တောင် မမက်ဖူးပါဘူး။

အခုအချိန်မှာတော့ ၃ ယောက်ပေါင်း ဝင်ငွေနဲ့ အိမ်ဝယ်ဖို့ လွယ်သွားပါပြီ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: I'm poly and live with my husband and boyfriend. We make $155,000 combined and can finally buy a house (Businessinsider)

Photo Credit- Jared Soaren for BI

[Zawgyi]

မိမိခင္ပြန္းအျပင္ ခ်စ္သူေယာက်္ားေလးႏွင့္ ၃ ဦးအတူေနထိုင္ၾကကာ ၃ ဦးေပါင္း ဝင္ေငြျဖင့္ အိမ္တစ္လံုး ဝယ္ယူရန္ ၾကိဳးစားသည့္ အေမရိကန္က မိန္းကေလး

((မွတ္ခ်က္။ Jeniffer Martin ေရးသားသည့္ ရသစာတမ္းကို ဆိုလိုရင္းေပၚလြင္ေအာင္ အႏွစ္ခ်ဳပ္ ျမန္မာျပန္ဆိုထားျခင္း ျဖစ္ပါသည္))

ကၽြန္မဟာ Millennial တစ္ဦးပါ။

(မွတ္ခ်က္။ Millennial ဟူသည္မွာ ၁၉၈၁ မွ ၁၉၉၆ ၾကား ေမြးဖြားသူမ်ားျဖစ္သည္။)

ဒါေၾကာင့္ ကၽြန္မရဲ႕ မ်ဳိးဆက္မွာ အမ်ားၾကံဳေတြ႔ရေလ့ရွိၾကတဲ့ နည္းတူ ေငြေၾကး ခက္ခဲတဲ့ ကာလေတြ ရွိခဲ့ပါတယ္။

ေက်ာင္းတက္တုန္းက ကုန္က်ခဲ့တဲ့ Student Loan ေတြ၊ ေငြေၾကးေဖာင္းပြမႈေတြ၊ လုပ္ခလစာ မတိုးတာေတြနဲ႔ ကၽြန္မ ရင္ဆိုင္ရပါတယ္။

လူေနမႈစရိတ္က အရမ္းၾကီးျမင့္ျပီး အမ်ဳိးထဲမွာလည္း သူေဌးသူၾကြယ္ေတြ မရွိပါဘူး။

ကၽြန္မ အသက္တန္းရွိတဲ့ တျခားသူေတြအေနနဲ႔လည္း အိမ္ပိုင္ဖုိ႔ အိပ္မက္ေတြ၊ သားသမီးနဲ႔ သူတို႔ခ်စ္တဲ့ အသက္ေမြးဝမ္းေက်ာင္းေတြကို စေတးပစ္ရတာမ်ဳိးေတြ ရွိေနႏိုင္ပါတယ္။

ဒီလိုအေျခအေနမွာ ေယာက်ၤားအမ်ားၾကီးနဲ႔တြဲဖို႔ (polyamory) ဆိုတာကလြဲလို႔ ကၽြန္မအတြက္ လြတ္ေျမာက္ရာ နည္းလမ္းမရွိေတာ့ပါဘူး။

ဒီလိုနည္းလမ္း သံုးဖို႔ကို ေယာက်္ားျဖစ္သူ ဒင္နီယယ္နဲ႔ ကၽြန္မ ၂၀၁၅ ခုႏွစ္၊ ဒီဇင္ဘာလမွာ သေဘာတူခဲ့ပါတယ္။

ကၽြန္မတို႔ ၂၀၀၈ ခုႏွစ္မွာ လက္ထပ္ခဲ့ၾကျပီး သားသမီး ၂ ဦးရွိပါတယ္။

ပထမႏွစ္အနည္းငယ္အတြင္း ကၽြန္မတို႔ဟာ တျခားသူေတြနဲ႔ တြဲခဲ့ၾကတယ္။

အဲ့ဒီတျခားသူေတြဆိုတာမွာလည္း သူတု႔ိရဲ႕ လက္တြဲေဖာ္ေတြ ရွိေနၾကတာပါ။

အဲ့လို ေနာက္ထပ္တြဲတဲ့သူေတြနဲ႔ အတူေနမယ္လို႔ ကၽြန္မ အရင္က မေတြးခဲ့ပါဘူး။

ဒါေပမယ့္ ၂၀၁၈ ခုႏွစ္ထဲမွာ Ty နဲ႔ ဆံုစည္းျပီးေနာက္ပိုင္း ကၽြန္မသေဘာထားေတြ ေျပာင္းလဲစ ျပဳလာခဲ့ပါတယ္။

ကေလး ၂ ဦးအပါအဝင္ ကၽြန္မတို႔ ၅ ဦးဟာ အလြန္စည္းလံုးတဲ့ မိသားစုတစ္ခုလို ျဖစ္လာခဲ့ပါတယ္။

ကၽြန္မတို႔ရဲ႕ ဆက္ဆံေရးက polyamory ေလာကမွာ V ပံုသ႑ာန္ ဆက္ဆံေရးလို႔ ေခၚၾကပါတယ္။

ကၽြန္မက သူတုိ႔ႏွစ္ေယာက္နဲ႔ သီးျခားစီ တြဲေပမယ့္ သူတုိ႔ခ်င္းကေတာ့ မတြဲပါဘူး။

ကၽြန္မတို႔ၾကား အေသအခ်ာ ေဆြးေႏြးျပီးတဲ့ေနာက္ ၂၀၂၀ ျပည့္ႏွစ္ အေစာပိုင္းမွာ အိမ္တစ္လံုးငွားျပီး အတူေနဖို႔ ဆံုးျဖတ္ခ်က္ခ်ခဲ့ၾကတယ္။

ဒီလိုအတူေနဖို႔ ဆံုးျဖတ္ရတာမွာ ေငြက အဓိက အေၾကာင္းရင္းပါ။

ကၽြန္မရဲ႕ ဝင္ေငြက တစ္ႏွစ္ကို ေဒၚလာ ၇၀၀၀၀ ဝန္းက်င္ရွိခဲ့ပါတယ္။

ဒါေပမယ့္ အခုေႏြရာသီမွာေတာ့ ကၽြန္မရဲ႕ အခ်ိန္ျပည့္အလုပ္ကေန ထြက္လိုက္ျပီး အယ္ဒီတာတစ္ေယာက္ အျဖစ္ အခ်ိန္ပိုင္းလုပ္ကိုင္ေနပါတယ္။

ဒီလိုအခ်ိန္ပိုင္းအလုပ္လုပ္ရင္း Polyamory နဲ႔ ခရစ္ယာန္ဘာသာအေၾကာင္း စာအုပ္တစ္အုပ္ ေရးေနပါတယ္။

ျပီးေတာ့ တျခားအခ်ိန္ပိုင္းအလုပ္ေတြလည္း လုပ္ေနပါတယ္။ အခုခ်ိန္မွာ ကၽြန္မရဲ႕ဝင္ေငြက အရင္ထက္အမ်ားၾကီးနည္းသြားျပီး တစ္ႏွစ္ကို ေဒၚလာ ၂၅၀၀၀ ေအာက္ပဲ ရွိပါေတာ့တယ္။

ဒင္နီယယ္က ကိုယ္ပိုင္ေက်ာင္းတစ္ေက်ာင္းက ေက်ာင္းဆရာပါ။

သူ႔ဝင္ေငြက တစ္ႏွစ္ကို ေဒၚလာ ၅၅၀၀၀ ေလာက္ရပါတယ္။ အဲဒီဝင္ေငြနဲ႔ ကၽြန္မ၊ ကေလးေတြနဲ႔ သူ႔အတြက္ က်န္းမာေရးအာမခံစရိတ္ေတြ က်ခံပါတယ္။

ဒါေၾကာင့္မို႔လည္း စာအုပ္တစ္အုပ္ေရးဖို႔နဲ႔ အခ်ိန္ပိုင္းအလုပ္ေတြလုပ္ဖုိ႔ ကၽြန္မအိပ္မက္ကို အေကာင္အထည္ ေဖာ္ႏိုင္ခဲ့တာပါ။

Ty က ေဒသတြင္းက ဘဏ္တစ္ခုမွာ process manager တစ္ေယာက္ပါ။ သူ႔ဝင္ေငြက တစ္ႏွစ္ကို ေဒၚလာ ၇၅၀၀၀ ေလာက္ရပါတယ္။

(ဓာတ္ပံု-Jared Soaren for BI)

အေမရိကန္ျပည္ေထာင္စုရဲ႕ ေနရာအမ်ားစုမွာ ကေလးေတြမွာ တရားဝင္အုပ္ထိန္းသူ ၂ ေယာက္ပဲ ရွိလို႔ရပါတယ္။

ကၽြန္မနဲ႔ ဒင္နီယယ္ ကြယ္လြန္သြားရင္ ကေလးေတြကို Ty က ဆက္လက္အုပ္ထိန္းခြင့္ ရေစခ်င္ပါတယ္။

Ty ကလည္း သူကြယ္လြန္သြားရင္ ကၽြန္မ (ဒါမွမဟုတ္) ကေလးေတြကို သူ႔ပိုင္ဆိုင္မႈေတြ ဆက္ခံခြင့္ ရေစခ်င္တယ္။

သူက ကေလးေတြရဲ႕ တရားဝင္အုပ္ထိန္းသူ မဟုတ္တဲ့အျပင္ ကၽြန္မကလည္း သူ႔ရဲ႕ တရားဝင္ ဇနီးမယား မဟုတ္တာေၾကာင့္ ေငြေၾကးကို ကာလတာရွည္ မွ်ေဝသံုးစြဲမႈ အေထာက္အထားေတြက တရားရံုးမွာ အေထာက္အကူ ျပဳႏိုင္ပါတယ္။

အိမ္လခက တစ္လကို ၁၅၃၇ ေဒၚလာ ေပးရျပီး ကၽြန္မတို႔ မွ်ေဝက်ခံပါတယ္။

ဒင္နီယယ္နဲ႔ ကၽြန္မက ၈၃၇ ေဒၚလာေပးျပီး Ty က ေဒၚလာ ၇၀၀ ေပးပါတယ္။

ဒင္နီယယ္နဲ႔ ကၽြန္မက ဖုန္းေဘဖိုးနဲ႔ စားေသာက္ကုန္ပစၥည္းဖိုးေတြ က်ခံျပီး Ty က ေရမီးအသံုးစရိတ္ေတြနဲ႔ ဝိုင္ဖိုင္ဖိုး ေပးပါတယ္။

အဲဒီေနာက္ ကၽြန္မတို႔ ၃ ေယာက္ေပါင္းျပီး အိမ္ဝယ္ဖို႔ စဥ္းစားၾကပါတယ္။

Ty နဲ႔ ဒင္နီယယ္က အိမ္ျခံေျမေခ်းေငြ တင္ထားပါတယ္။ ကၽြန္မကေတာ့ အဲဒီထဲမွာ မပါပါဘူး။

ဘာေၾကာင့္လဲဆိုေတာ့ အခ်ိန္ပိုင္းနဲ႔ ကိုယ္ပိုင္အလုပ္လုပ္ေနတာ အခ်ိန္အနည္းငယ္သာရွိေသးတာေၾကာင့္ အိမ္ျခံေျမေခ်းေငြ ထုတ္ေပးမယ့္ ကုမၸဏီက စဥ္းစားလိမ့္မွာ မဟုတ္ပါဘူး။ ကၽြန္မဟာ အိမ္တစ္လံုး ပိုင္ဆိုင္ရမယ္လို႔ အိပ္မက္ေတာင္ မမက္ဖူးပါဘူး။

အခုအခ်ိန္မွာေတာ့ ၃ ေယာက္ေပါင္း ဝင္ေငြနဲ႔ အိမ္ဝယ္ဖုိ႔ လြယ္သြားပါျပီ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: I'm poly and live with my husband and boyfriend. We make $155,000 combined and can finally buy a house (Businessinsider)

Photo Credit- Jared Soaren for BI

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
MIngalardon Garden City
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service