ဗြိတိန်ကို ကျောခိုင်းကာ ဂျပန်ကို ရွှေ့ပြောင်းခဲ့ကြသော မိသားစု ၊ ဂျပန်တွင် ကလေးငယ်များ ဘေးကင်း လုံခြုံမှုကို အလွန်နှစ်သက်သဘောကျ
ဗြိတိန်ကို ကျောခိုင်းကာ ဂျပန်ကို ရွှေ့ပြောင်းခဲ့ကြသော မိသားစု ၊ ဂျပန်တွင် ကလေးငယ်များ ဘေးကင်း လုံခြုံမှုကို အလွန်နှစ်သက်သဘောကျ - Property News in Myanmar from iMyanmarHouse.com
22 Feb 2024 11:12 am တွင် တင်ခဲ့သည်
1243 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဂျိမ်းစ်အိုးဒ်နှင့် ဇနီးဖြစ်သူ မော်ဂန်အိုးဒ်တို့သည် အသက် ၁၁ နှစ်အရွယ် သမီးဖြစ်သူ လီလီယန်တစ်ယောက် ဂျပန်တွင် ညနေ ၆ နာရီအမှောင်ထဲ၌ ဘတ်စ်ကားတိုးစီးကာ ကျောင်းမှ အိမ်ပြန်လာခြင်းအပေါ် စိုးရိမ်စိတ် စိုးစဉ်းမျှ မရှိချေ။
အဆိုပါ အနေအထားမျိုးမှာ အနောက်နိုင်ငံများတွင်ဆိုလျှင် မိဘများ တုန်လှုပ်ဖွယ် အခြေအနေတစ်ရပ် ဖြစ်သည်။
ဂျိမ်းစ်အိုးဒ်တို့ ဇနီးမောင်နှံသည် ၂၀၂၂ ခုနှစ်တွင် အင်္ဂလန်မှ တိုကျိုမြို့သို့ ပြောင်းရွှေ့အခြေချခဲ့ကြသည်။
ဂျပန်တွင် ဂျိမ်းစ်အိုးဒ်တို့သည် သမီးများဖြစ်သော လီလီယန်နှင့် ၇ နှစ်အရွယ် သမီးငယ် အက်စ်မီတို့ အပြင်သွားခြင်း၊ ပြန်လာခြင်းတို့အပေါ် ပူပန်စိတ်များ မရှိချေ။
ရောမတွင်ဆိုလျှင် ထိုအခြေအနေမှာ စိုးရိမ်ဖွယ်ရာရှိကြောင်း ဂျိမ်းစ်အိုးဒ်က Business Insider သတင်းဌာနသို့ ပြောသည်။
ဂျပန်တွင် မိဘများသည် ကလေးငယ်များ လမ်းလျှောက်ခြင်းကို သဘောကျကြောင်း၊ အများအားဖြင့် ကျောင်းသို့ အလွန်ဝေးကွာစွာ လမ်းလျှောက်သွားခြင်း (သို့မဟုတ်) တစ်ဦးတည်း ရထားစီးသွားခြင်းများ တွေ့ရကြောင်း ၎င်းက ပြောသည်။
“အသက် ၅ နှစ် ၊ ၆ နှစ်အရွယ်ကလေးတွေ ကျောင်းကို ကိုယ့်ဟာကို လမ်းလျှောက်သွားနေကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒီမှာ အဲဒါက မထူးဆန်းပါဘူး။”
ဂျပန်တွင် ကလေးများကို အလွန်ငယ်ရွယ်သော အချိန်ကတည်းမှစပြီး အမှီအခိုကင်းစွာ ရပ်တည်နိုင်ရန် အားပေးကြကြောင်း ၎င်းက ပြောသည်။
အမေရိကန်နှင့် ဗြိတိန်ကဲ့သို့ နိုင်ငံမျိုးတွင်ဆိုလျှင် ကလေးများကို အမြဲစောင့်ကြည့်နေကြရကြောင်းလည်း ဂျိမ်းစ်အိုးဒ်က ပြောသည်။
အင်္ဂလန်တွင်ဆိုလျှင် မိသားစုတစ်စုသည် ရွာငယ်ကလေးတစ်ခုတွင် နေထိုင်လျှင်ပင် မိမိတို့သမီးများ ကျောင်းပို့ရာတွင် ဖခင် (သို့မဟုတ်) မိခင် အမြဲလိုက်ပါ စောင့်ရှောက်ရကြောင်း ပြောသည်။
အသက် ၃၈ နှစ်အရွယ်ရှိ ဂျိမ်းစ်အိုးဒ်က ပြောသည်မှာ ဂျပန်မှ ကျောင်းဆရာများက ကလေးကျောင်းတက်ရာတွင် မိဘများ လိုက်လာခြင်းကို အားမပေးကြောင်း ပြောသည်။
ကျောင်းသားများစွာမှာ အလုပ်ပြီးမြောက်အောင်မြင်မှုနှင့် တာဝန်ယူစိတ်များ မွေးမြူပေးနိုင်ရန် မနက်ပိုင်းတွင် ကျောင်းဝေယျာဝစ္စများလုပ်ရကြောင်း ၎င်းက ပြောသည်။
“သူတို့ ကျောင်းကို အစောကြီးသွားပြီး သန့်ရှင်းရေးလုပ်ရပါတယ်။”
လီလီယန်နှင့် အက်စမီတို့တွင် ရထားနှင့် ကားစီးရန် JR Pass ဟု ခေါ်သော ကိုယ်ပိုင်ကဒ်များ ရှိသည်။
ထိုကဒ်ကို မိဘများက ငွေရှင်းပေးခြင်း ဖြစ်သည်။
အဆိုပါ ကဒ်များဖြင့် စတိုးဆိုင်များ ၊ ငွေထည့်လိုက်လျှင် စားသောက်စရာ ထုတ်ပေးသည့်စက်များတွင် ဝယ်ယူခြင်းများလည်း ပြုလုပ်နိုင်သည်။
“ဒီကဒ်ကို ယုံယုံကြည်ကြည်နဲ့ သူတို့ကို အသုံးပြုခွင့်ပေးထားတဲ့ အပေါ်သဘောကျကြတယ်။”
(မိမိတို့မိသားစု ဂျပန်တွင် နေထိုင်ရမှုကို သဘောကျကြောင်း ဂျိမ်းစ်အိုးဒ်က ပြောသည်။ ဓာတ်ပုံ-James Ould)
မိန်းကလေးများသည် တိုက်ခန်းအနီးရှိ ပန်းခြံထဲတွင် မိဘများ စောင့်ကြည့်ရမှုမရှိဘဲ ပျော်ရွှင်စွာ ဆော့ကစားကြ ကြောင်းလည်း ၎င်းက ပြောသည်။
“ကျွန်တော်တို့ အက်စမီကို ပြောလေ့ရှိတာက…. သမီးအစ်မနဲ့သွားရမယ်…လို့ အရင်က ပြောခဲ့တယ်။ ခုချိန်မှာတော့ သူတစ်ယောက်ထဲသွားလည်း ကျွန်တော်တို့ စိတ်မပူတော့ဘူး။”
“ဈေးဆိုင်တွေကိုလည်း သူတို့ ဈေးသွားဝယ်ပေးတယ်။ ချက်ပြုတ်နေရင်း တစ်ခုခုကုန်သွားတဲ့အချိန်မှာ သူတို့ကို ကျွန်တော်ပြောလေ့ရှိတယ်။… အဖေတော့ ဒီပစ္စည်းကုန်သွားပြီ ၊ သမီးသွားဝယ်ပေးမလား။”
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: A British dad moved his family to Japan and copied Tokyo parents. He is raising his kids to be independent. (businessinsider)
Photo Credit: James Ould
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...
[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Magical World
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service