အမေရိကန်ပြည် တက္ကဆပ်ပြည်နယ်တွင် အမျိုးသားတစ်ဦးက လေကို အဓိက အသုံးပြုကာ ထူးဆန်းသော နေအိမ်တစ်လုံး ဆောက်လုပ်

အမေရိကန်ပြည် တက္ကဆပ်ပြည်နယ်တွင် အမျိုးသားတစ်ဦးက လေကို အဓိက အသုံးပြုကာ ထူးဆန်းသော နေအိမ်တစ်လုံး ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
16 Feb 2024 1:46 pm တွင် တင်ခဲ့သည်
1103 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်တွင် အိမ်ပိုင်ရှင်တစ်ဦးသည် သူ၏အိမ်သစ်ကို လေဖြင့် အဓိက အသုံးပြု ဆောက်လုပ်လျက်ရှိရာ အိမ်နီးချင်းများက ၎င်းအား ရူးသွပ်နေပြီဟု တွေးနေဖွယ်ရှိသည်။

(တက္ကဆပ်ပြည်မှ အိမ်ပိုင်ရှင်က ၃ ထပ်အိမ်တစ်လုံးကို ၉၈ ရာခိုင်နှုန်း လေဖြင့် ဖွဲ့စည်းထားသော ရေမြှုပ်တုံးများဖြင့် ဆောက်လုပ်လျက် ရှိသည်။ ဓာတ်ပုံ-KXAN)

(ဆောက်လုပ်သည့် နည်းပညာကို အရီဇိုးနားပြည်နယ် အခြေစိုက်ကုမ္ပဏီဖြစ်သော Strata International Group Inc. က ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဓာတ်ပုံ- Strata International Group)

(ရေမြှုပ်တုံးများကို အရည်ရေမြှုပ်ဖြင့် စွဲကပ်ထားသည်။ ဓာတ်ပုံ-KXAN)

(ကုမ္ပဏီက ပြောသည်မှာ ဤနည်းပညာသည် ကုန်ကျစရိတ်သက်သာပြီး ဘေးကင်းလုံခြုံမှု အကျိုးကျေးဇူးများ ရှိကြောင်း ပြောသည်။ ဓာတ်ပုံ-KXAN)

အိမ်ရှင်၏ အမည်မှာ Aaron Rowsell ဖြစ်ပြီး နေအိမ်တည်နေရာမှာ တက္ကဆပ်ပြည်နယ် ၊ Jonestown မြို့တွင် ဖြစ်ပြီး အော်စတင်မြို့မှ မိုင် ၃၀ ခန့်အကွာတွင် တည်ရှိသည်။

Rowsell ဆောက်လုပ်နေသော ၃ ထပ်အိမ်သည် Lake Travis ရေကန်ကြီးကို စီးမိုးတွေ့မြင်နေရသည့် နေရာတွင် ရှိသည်။

သူ၏အိမ်မှာ ထိုဒေသရှိ အခြားအိမ်များနှင့် မတူဘဲ တမူထူးခြားနေသည်။

Rowsell က Fox သတင်းဌာန၏ လက်အောက်ခံ KXAN သတင်းဌာနသို့ ပြောသည်မှာ နေအိမ်များကို ရေမြှုပ်ဖြင့် ဆောက်လုပ်သည့် သတင်းများအား လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ခန့်က စတင်ကြားသိခဲ့ကြောင်း ပြောသည်။

၎င်းအနေဖြင့်လည်း ထိုနည်းလမ်းဖြင့် နေအိမ်တစ်လုံး ဆောက်လုပ်လိုခဲ့ကြောင်း ပြောသည်။

“ရေမြှုပ်တုံးတွေကို ကားကြီးတွေအပြည့်တင်လာတာ တွေ့တဲ့အချိန်မှာ အိမ်နီးချင်းတွေက ကျွန်တော်တော့ ရူးနေပြီလို့ တွေးနေနိုင်ပါတယ်”ဟု ၎င်းက ပြောသည်။

Rowsell က ထိုအိမ်ကို Phoenix မြို့အခြေစိုက် Strata International Group ကုမ္ပဏီ၏ အကူအညီဖြင့် ဆောက်လုပ်နေခြင်း ဖြစ်သည်။

အဆိုပါ ကုမ္ပဏီက နေအိမ်ဆောက်လုပ်မှု အံ့ဖွယ်နည်းပညာကို ဖော်ထုတ်ခဲ့ပြီး ထိုနည်းပညာသည် လူအများ ယူဆကြသည်ထက် ပိုမိုများပြားသော အကျိုးကျေးဇူးများ ရှိသည်ဟု ဆိုသည်။

ထိုဆောက်လုပ်ရေး နည်းပညာကို Saebi Alternative Building System ဟု ခေါ်သည်။

ကြီးမားသော ရေမြှုပ်တုံးကြီးများ ထုတ်လုပ်ပြီး ထိုရေမြှုပ်တုံးများတွင် လေကို ၉၈ ရာခိုင်နှုန်း အသုံးပြုထားသည်။

ထိုရေမြှုပ်တုံးများသည် ၁၀၀ ရာခိုင်နှုန်း Recycle ပြုလုပ်နိုင်သည်ဟု ဆိုသည်။

ရေမြှုပ်တုံးများကို ကော်ဖြင့် နှစ်သက်ရာ ပုံဖော်နိုင်သည်ဟု ဆိုသည်။ နေအိမ်၏ နံရံများကိုသာမက လှေကားများနှင့် ကြမ်းပြင်များကိုလည်း ရေမြှုပ်တုံးဖြင့် ဆောက်လုပ်သည်။

ရေမြှုပ်တုံးများဖြင့် အိမ်ပုံကြမ်း ဖော်ဆောင်ပြီးပါက ထိုကုမ္ပဏီက မူပိုင်ခွင့်တင်ထားသော Sabscrete ဟု ခေါ်သည့် ကွန်ကရစ်တစ်မျိုးဖြင့် အပေါ်မှ အုပ်လိုက်သည်။

ထိုကုမ္ပဏီသည် ယခုနည်းပညာကို အသုံးပြုနေသည်မှာ ဆယ်စုနှစ် ၂ ခုခန့် ရှိပြီဖြစ်ပြီး ပထမဆုံးအိမ်ကို ၂၀၀၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။

ယခုနည်းပညာဖြင့် အိမ်ဆောက်ရာတွင် လူအင်အား အနည်းငယ်သာလိုအပ်ကြောင်း ထိုကုမ္ပဏီ၏ ဒုတိယ ဥက္ကဌ Amir Saebi က KXAN သတင်းဌာနသို့ ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: I’m building a unique house made of ‘98% air’ – my neighbors think I’m ‘crazy’ but I’ll never needed to insulate it (The-sun)

Photo Credit: KXAN

[Zawgyi] အေမရိကန္ျပည္ တကၠဆပ္ျပည္နယ္တြင္ အမ်ဳိးသားတစ္ဦးက ေလကို အဓိက အသံုးျပဳကာ ထူးဆန္းေသာ ေနအိမ္တစ္လံုး ေဆာက္လုပ္

အေမရိကန္ျပည္တြင္ အိမ္ပိုင္ရွင္တစ္ဦးသည္ သူ၏အိမ္သစ္ကို ေလျဖင့္ အဓိက အသံုးျပဳ ေဆာက္လုပ္လ်က္ရွိရာ အိမ္နီးခ်င္းမ်ားက ၎အား ရူးသြပ္ေနျပီဟု ေတြးေနဖြယ္ ရွိသည္။

(တကၠဆပ္ျပည္မွ အိမ္ပိုင္ရွင္က ၃ ထပ္အိမ္တစ္လံုးကို ၉၈ ရာခိုင္ႏႈန္း ေလျဖင့္ ဖြဲ႔စည္းထားေသာ ေရျမွဳပ္တံုးမ်ားျဖင့္ ေဆာက္လုပ္လ်က္ ရွိသည္။ ဓာတ္ပံု-KXAN)

(ေဆာက္လုပ္သည့္ နည္းပညာကို အရီဇိုးနားျပည္နယ္ အေျခစိုက္ကုမၸဏီျဖစ္ေသာ Strata International Group Inc. က ေဖာ္ေဆာင္ခဲ့ျခင္းျဖစ္သည္။ ဓာတ္ပံု- Strata International Group)

(ေရျမွဳပ္တံုးမ်ားကို အရည္ေရျမွဳပ္ျဖင့္ စြဲကပ္ထားသည္။ ဓာတ္ပံု-KXAN)

(ကုမၸဏီက ေျပာသည္မွာ ဤနည္းပညာသည္ ကုန္က်စရိတ္သက္သာျပီး ေဘးကင္းလံုျခံဳမႈ အက်ဳိးေက်းဇူးမ်ား ရွိေၾကာင္း ေျပာသည္။ ဓာတ္ပံု-KXAN)

အိမ္ရွင္၏ အမည္မွာ Aaron Rowsell ျဖစ္ျပီး ေနအိမ္တည္ေနရာမွာ တကၠဆပ္ျပည္နယ္ ၊ Jonestown ျမဳိ႕တြင္ ျဖစ္ျပီး ေအာ္စတင္ျမဳိ႕မွ မိုင္ ၃၀ ခန္႔အကြာတြင္ တည္ရွိသည္။

Rowsell ေဆာက္လုပ္ေနေသာ ၃ ထပ္အိမ္သည္ Lake Travis ေရကန္ၾကီးကို စီးမိုးေတြ႔ျမင္ေနရသည့္ ေနရာတြင္ ရွိသည္။

သူ၏အိမ္မွာ ထိုေဒသရွိ အျခားအိမ္မ်ားႏွင့္ မတူဘဲ တမူထူးျခားေနသည္။

Rowsell က Fox သတင္းဌာန၏ လက္ေအာက္ခံ KXAN သတင္းဌာနသို႔ ေျပာသည္မွာ ေနအိမ္မ်ားကို ေရျမွဳပ္ျဖင့္ ေဆာက္လုပ္သည့္ သတင္းမ်ားအား လြန္ခဲ့သည့္ ႏွစ္ေပါင္း ၂၀ ခန္႔က စတင္ၾကားသိခဲ့ေၾကာင္း ေျပာသည္။

၎အေနျဖင့္လည္း ထုိနည္းလမ္းျဖင့္ ေနအိမ္တစ္လံုး ေဆာက္လုပ္လိုခဲ့ေၾကာင္း ေျပာသည္။

“ေရျမွဳပ္တံုးေတြကို ကားၾကီးေတြအျပည့္တင္လာတာ ေတြ႔တဲ့အခ်ိန္မွာ အိမ္နီးခ်င္းေတြက ကၽြန္ေတာ္ေတာ့ ရူးေနျပီလို႔ ေတြးေနႏိုင္ပါတယ္”ဟု ၎က ေျပာသည္။

Rowsell က ထိုအိမ္ကို Phoenix ျမိဳ႕အေျခစိုက္ Strata International Group ကုမၸဏီ၏ အကူအညီျဖင့္ ေဆာက္လုပ္ေနျခင္း ျဖစ္သည္။

အဆိုပါ ကုမၸဏီက ေနအိမ္ေဆာက္လုပ္မႈ အ့ံဖြယ္နည္းပညာကို ေဖာ္ထုတ္ခဲ့ျပီး ထုိနည္းပညာသည္ လူအမ်ား ယူဆၾကသည္ထက္ ပိုမိုမ်ားျပားေသာ အက်ဳိးေက်းဇူးမ်ား ရွိသည္ဟု ဆိုသည္။

ထိုေဆာက္လုပ္ေရး နည္းပညာကို Saebi Alternative Building System ဟု ေခၚသည္။

ၾကီးမားေသာ ေရျမွဳပ္တံုးၾကီးမ်ား ထုတ္လုပ္ျပီး ထိုေရျမွဳပ္တံုးမ်ားတြင္ ေလကို ၉၈ ရာခုိင္ႏႈန္း အသံုးျပဳထားသည္။

ထိုေရျမွဳပ္တံုးမ်ားသည္ ၁၀၀ ရာခိုင္ႏႈန္း Recycle ျပဳလုပ္ႏိုင္သည္ဟု ဆိုသည္။

ေရျမွဳပ္တံုးမ်ားကို ေကာ္ျဖင့္ ႏွစ္သက္ရာ ပံုေဖာ္ႏိုင္သည္ဟု ဆိုသည္။ ေနအိမ္၏ နံရံမ်ားကိုသာမက ေလွကားမ်ားႏွင့္ ၾကမ္းျပင္မ်ားကိုလည္း ေရျမွဳပ္တံုးျဖင့္ ေဆာက္လုပ္သည္။

ေရျမွဳပ္တံုးမ်ားျဖင့္ အိမ္ပံုၾကမ္း ေဖာ္ေဆာင္ျပီးပါက ထုိကုမၸဏီက မူပိုင္ခြင့္တင္ထားေသာ Sabscrete ဟု ေခၚသည့္ ကြန္ကရစ္တစ္မ်ဳိးျဖင့္ အေပၚမွ အုပ္လိုက္သည္။

ထိုကုမၸဏီသည္ ယခုနည္းပညာကို အသံုးျပဳေနသည္မွာ ဆယ္စုႏွစ္ ၂ ခုခန္႔ ရွိျပီျဖစ္ျပီး ပထမဆံုးအိမ္ကို ၂၀၀၄ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့သည္။

ယခုနည္းပညာျဖင့္ အိမ္ေဆာက္ရာတြင္ လူအင္အား အနည္းငယ္သာလိုအပ္ေၾကာင္း ထုိကုမၸဏီ၏ ဒုတိယ ဥကၠဌ Amir Saebi က KXAN သတင္းဌာနသုိ႔ ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

  (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: I’m building a unique house made of ‘98% air’ – my neighbors think I’m ‘crazy’ but I’ll never needed to insulate it (The-sun)

Photo Credit: KXAN

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
Magical World
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service