အမေရိကန်ပြည် ၊ မင်နီဆိုတာပြည်နယ် ၊ မင်နီရာပိုလစ်မြို့တွင် ဝင်ငွေနည်းပါးသော မိသားစုများအား တစ်လလျှင် ဒေါ်လာ ၅၀၀ ထောက်ပံ့ရာ နေရေးအတွက် အထောက်အကူဖြစ်
အမေရိကန်ပြည် ၊ မင်နီဆိုတာပြည်နယ် ၊ မင်နီရာပိုလစ်မြို့တွင် ဝင်ငွေနည်းပါးသော မိသားစုများအား တစ်လလျှင် ဒေါ်လာ ၅၀၀ ထောက်ပံ့ရာ နေရေးအတွက် အထောက်အကူဖြစ် - Property News in Myanmar from iMyanmarHouse.com
7 Feb 2024 3:09 pm တွင် တင်ခဲ့သည်
601 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည် ၊ မင်နီဆိုတာပြည်နယ် ၊ မင်နီရာပိုလစ်မြို့တွင် ဝင်ငွေနည်းပါးသော မိသားစုများအား တစ်လလျှင် ဒေါ်လာ ၅၀၀ ထောက်ပံ့လျက်ရှိကြောင်း Business Insider သတင်းတစ်ရပ်တွင် ဖော်ပြသည်။
အာမခံရှိသော အခြေခံဝင်ငွေ အစီအစဉ်မှတဆင့် ထောက်ပံ့ခြင်းဖြစ်ပြီး အဆိုပါ ထောက်ပံ့မှုအတွက် မည်သည့် နှောင်ကြိုးမှ ထားရှိခြင်းမရှိချေ။
မင်နီယာပိုလစ်ပြည်နယ်၊ ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ ထိုထောက်ပံ့ငွေသည် နေရေးစရိတ်များအတွက် အများဆုံး အထောက်အကူဖြစ်ခဲ့ကြောင်း ဖော်ပြသည်။
၂ နှစ်တာ အထောက်အပံ့ရရှိမည့် ထိုအစီအစဉ်တွင် အိမ်ထောင်စုပေါင်း ၂၀၀ ပါဝင်သည်။
အိမ်ထောင်စုပေါင်း ၂၀၀ အနက် ၃၅ ရာခိုင်နှုန်းက ပြောသည်မှာ အဆိုပါငွေကို အိမ်ငှားခ (သို့မဟုတ်) အိမ်ခြံမြေချေးငွေ ပြန်လည်ပေးဆပ်မှုများအတွက် အသုံးပြုကြောင်း ပြောသည်။
ကျန် ၁၇ ရာခိုင်နှုန်းကမူ ဓာတ်ငွေ့ ၊ လျှပ်စစ်မီး ၊ ရေနှင့် အင်တာနက်တို့ကဲ့သို့ အထွေထွေကုန်ကျစရိတ်များ အတွက် အသုံးပြုကြောင်း ပြောသည်။ အစီအစဉ်စတင်ခဲ့ပြီး ၁၂ လ အကြာတွင် ထောက်ပံ့ငွေအား မည်သို့ အသုံးပြုသည်ကို စစ်တမ်းကောက်ယူ ခဲ့မှုအရ သိရှိလာခြင်း ဖြစ်သည်။
ငွေကြေးထောက်ပံ့မှု စတင်အပြီး ၆ လအကြာတွင် ပြုလုပ်ခဲ့သော စစ်တမ်းတွင်လည်း အလားတူရလဒ်များ တွေ့ရှိခဲ့သည်။
ထိုစဉ်ကမူ အထွေထွေကုန်ကျစရိတ်များအတွက် အသုံးပြုကြောင်း ဖြေဆိုသူ ၂၁ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။
ဖြေဆိုသူ အများစုဖြစ်သော ၅၉ ရာခိုင်နှုန်းက ပြောသည်မှာ ၎င်းတို့၏ ထိပ်တန်းဦးစားပေး ငွေကြေးသုံးစွဲမှု အကြောင်းရပ် ၃ ခုတွင် အိမ်ခြံမြေကဏ္ဍပါဝင်ကြောင်း ပြောသည်။
အထွေထွေကုန်ကျစရိတ်များအတွက် သုံးစွဲမှုမှာ ထိပ်တန်းဦးစားပေးတွင် ပါဝင်ကြောင်း ဖြေဆိုသူမှာ ၅၄ ရာခိုင်နှုန်းရှိကြောင်း ၁၂ လတာ စစ်တမ်းအရ ဖော်ပြသည်။
အိမ်ခြံမြေနှင့် အထွေထွေအသုံးစရိတ်များ ထိပ်တန်းနေရာတွင် ပါဝင်နေခြင်းမှာ မင်နီယာပိုလစ်၏ တန်ဖိုးနည်း အိမ်ခြံမြေရှားပါးမှုကို ပြသနေသည်။
အမြွှာမြို့ဟု ခေါ်ကြသော မင်နီယာပိုလစ်နှင့် စိန့်ပေါတို့တွင် ပြီးခဲ့သော ၅ နှစ်တာကာလအတွင်း အလယ်အလတ်တန်း အိမ်ငှားခဈေးနှုန်းများ ၂၀ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ကြောင်း ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ဗဟိုဘဏ်က ထုတ်ပြန်သည်။
အိမ်ငှားအားလုံး၏ ထက်ဝက်ခန့်မှာ ဝင်ငွေ၏ ၃၀ ရာခိုင်နှုန်းခန့်ကို အိမ်ငှားခအတွက် အသုံးပြုရလျက် ရှိသည်။
အဆိုပါစစ်တမ်းတွင် ထောက်ပံ့ငွေရရှိသူတို့၏ နေရေးတည်ငြိမ်မှု အခြေအနေ၊ ၎င်းတို့၏ နေအိမ်တွင် မိသားစုဝင် များလွန်းခြင်း ရှိမရှိ၊ အိမ်ငှားခအတွက် မည်မျှ မကြာခဏအခက်ကြုံရမှု အခြေအနေနှင့် အိမ်ငှား မနေနိုင်သည့် အခြေအနေများကိုလည်း မေးမြန်းခဲ့သည်။
ထောက်ပံ့ငွေအစီအစဉ်သည် နေရေးတည်ငြိမ်မှု တိုးတက်ခြင်းများ ရရှိနိုင်ဖွယ်ရှိကြောင်းလည်း တွေ့ရှိခဲ့ကြသည်။
သို့သော် အဆိုပါမိသားစုတို့၏ နေရေးအခြေအနေများ ကြီးမားစွာ တိုးတက်မှုရစေရန်မှာ ရေရှည်အထောက်အပံ့ ရှိမှသာ (သို့မဟုတ်) ပိုမိုများပြားသည့် ထောက်ပံ့ငွေ ရရှိမှသာ ဖြစ်နိုင်ဖွယ်ရှိကြောင်းလည်း စစ်တမ်းကောက်သူ တို့ တွေ့ရှိခဲ့ကြသည်။
(ဆက်စပ်သတင်း)
အမေရိကန်ပြည်ထောင်စု ၊ အော်စတင်မြို့တွင် ဆင်းရဲနွမ်းပါးသူများကို တစ်လလျှင် ဒေါ်လာ ၁၀၀၀ ပေးကာ စမ်းသပ်မှုပြုလုပ်ရာ နေရေးအတွက် အဓိကအသုံးပြုသည်ကို လေ့လာတွေ့ရှိ
https://www.imyanmarhouse.com/news/read/1097757
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Minneapolis is giving people $500 a month and recipients say the no-strings-attached cash is helping them fight soaring housing costs (businessinsider)
Photo Credit: Mark Vancleave/Getty Images
[Zawgyi]
(ဆက်စပ်သတင်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...
[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Magical World
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service