၂၀၂၃ ခုနှစ်က ရုံတင်ခဲ့သော Poor Things ဇာတ်ကားဖြင့် အကောင်းဆုံးရုပ်ရှင်မင်းသမီးအဖြစ် ရွှေကမ္ဘာလုံးဆု ရခဲ့သူ ၊ အော်စကာဆုရှင် ဟောလိဝုဒ်မင်းသမီး အင်မာစတုန်းက လော့စ်အိန်ဂျလိမှ ဘန်ဂလိုအိမ်ကို ကန်ဒေါ်လာ ၄ သန်းဖြင့် အရောင်းဈေးကွက်တင်

၂၀၂၃ ခုနှစ်က ရုံတင်ခဲ့သော Poor Things ဇာတ်ကားဖြင့် အကောင်းဆုံးရုပ်ရှင်မင်းသမီးအဖြစ် ရွှေကမ္ဘာလုံးဆု ရခဲ့သူ ၊ အော်စကာဆုရှင် ဟောလိဝုဒ်မင်းသမီး အင်မာစတုန်းက လော့စ်အိန်ဂျလိမှ ဘန်ဂလိုအိမ်ကို ကန်ဒေါ်လာ ၄ သန်းဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
24 Jan 2024 12:12 pm တွင် တင်ခဲ့သည်
824 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

(အင်မာစတုန်း ဘယ်သူလဲ)

အင်မာစတုန်း (မွေး ၁၉၈၈) သည် အမေရိကန်ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်ပြီး အော်စကာဆု ၁ ဆု၊ ဗြိတိသျှ အကယ်ဒမီဆု ၁ ဆု၊ ရွှေကမ္ဘာလုံး ၁ ဆုအပြင် ဆုပေါင်းများစွာ ရရှိထားသူ ဖြစ်သည်။

ကမ္ဘာ့အနုပညာကြေးအမြင့်ဆုံး ရုပ်ရှင်မင်းသမီးများတွင် တစ်ဦးပါဝင်ပြီး တိုင်းမ်မဂ္ဂဇင်းကြီး၏ ကမ္ဘာ့သြဇာအလွှမ်းဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ထည့်သွင်းဖော်ပြခံရဖူးသည်။

၂၀၁၆ ခုနှစ်က ရုံတင်ပြသခဲ့သော အချစ်ဂီတဇာတ်ကား La La Land တွင် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် အကောင်းဆုံးဇာတ်ဆောင်မင်းသမီးအဖြစ် အော်စကာဆု ရရှိခဲ့သည်။

 

      (photo -Dominique Charriau/WireImage)

 

 

(လော့စ်အိန်ဂျလိ ဘန်ဂလိုအိမ်ရောင်းမည်))

အော်စကာဆုရှင် အင်မာစတုန်းသည် ၂၀၂၃ ခုနှစ်က ရုံတင်ခဲ့သော Poor Things ဇာတ်ကားဖြင့် အကောင်းဆုံးရုပ်ရှင်မင်းသမီးအဖြစ် ရွှေကမ္ဘာလုံးဆုရခဲ့ပြီးနောက် လော့စ်အိန်ဂျလိမြို့ရှိ ဘန်ဂလိုအိမ်ကို အရောင်းဈေးကွက်တင်လာသည်။

အင်မာစတုန်းသည် ၂၀၂၂ ခုနှစ်အတွင်းကလည်း ကယ်လီဖိုးနီးယားပြည်နယ်၊ မာလီဘူးရှိ စံအိမ်ကို ရောင်းချခဲ့ရာ ခေါ်ဈေးထက် များပြားသော ဈေးနှုန်းဖြင့် ရောင်းထွက်ခဲ့သည်။

 

(နေအိမ်၏ ဧည့်ခန်း)

 

 

(ဆက်စပ်သတင်း)

La La Land ဖြင့် အော်စကာဆုရခဲ့သူ အင်မာစတုန်း၏ စံအိမ် တစ်ပတ်အတွင်း ရောင်းထွက်

https://www.imyanmarhouse.com/news/read/1021451

 

 

(နေအိမ်၏ ဧည့်ခန်း)

 

အင်မာစတုန်း အမြဲအခြေချနေထိုင်သည်မှာ တက္ကဆပ်ပြည်နယ် အော်စတင်မြို့တွင် ဖြစ်သည်။

အိမ်ခြံမြေမှတ်တမ်းများအရ အင်မာစတုန်း ရောင်းချမည့် စံအိမ်သည် လော့စ်အိန်ဂျလိမြို့ Westwood ဒေသ Comstock Hills အရပ်တွင် တည်ရှိပြီး ဒေါ်လာ ၄ သန်းခန့် ဈေးခေါ်ထားသည်။

 

 

သာမန်အိမ်တစ်လုံးဖြစ်သော်လည်း စွဲဆောင်မှုရှိသော စပိန်ဗိသုကာဟန် ဘန်ဂလိုအိမ်ဖြစ်ကာ အင်မာစတုန်း၏ မိခင် ကာလကြာရှည် နေထိုင်ခဲ့သော စံအိမ်ဖြစ်သည်။

အင်မာစတုန်းက ဤစံအိမ်ကို လွန်ခဲ့သော ၅ နှစ် ၊ ၂၀၁၉ ခုနှစ် နွေရာသီက ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

 

 

ယခုခေါ်ဈေးမှာ ဝယ်ယူခဲ့စဉ်က ဈေးနှုန်းထက် ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းခန့် များပြားသော်လည်း သူပိုင်ဆိုင်ထားစဉ်ကာလအတွင်း စံအိမ်ကို ပြုပြင်မွမ်းမံမှု များစွာပြုလုပ်ထားသည်။

 

 

ဝေါစထရိဂျာနယ်၏ ဖော်ပြချက်အရ အင်မာစတုန်းသည် မီးဖိုဆောင်ချဲ့ထွင်ခြင်း ၊ ကိုယ်ပိုင်မီးဖိုဆောင်နှင့် ဧည့်ခန်းပါသော အိပ်ခန်း ၁ ခန်းပါ ဧည့်ဂေဟာတစ်လုံး ဖြည့်စွက်ဆောက်လုပ်ခြင်းများ ပြုလုပ်ခဲ့သည်။

၁၉၂၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့သောစံအိမ်ဖြစ်ပြီး စတုရန်းပေ ၃၂၀၀ ကျော် ကျယ်ဝန်းကာ အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၄ ခန်းပါဝင်သည်။

(နေအိမ်၏ ဧည့်ခန်း)

 

အင်မာစတုန်းသည် ယခုဈေးကွက်တင်သော အိမ်နှင့် အော်စတင်မြို့မှ စံအိမ်တို့အပြင် နယူးယောက်မြို့ တွင်လည်း တိုက်ခန်းတစ်ခန်း ပိုင်ဆိုင်ထားသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: Emma Stone’s Charming L.A. Bungalow Hits the Market for $4 Million (robbreport)

Photo Credit: RYAN LAHIFF FOR SOTHEBY’S INTERNATIONAL REALTY

 

 

 

 

[Zawgyi]

၂၀၂၃ ခုႏွစ္က ရံုတင္ခဲ့ေသာ Poor Things ဇာတ္ကားျဖင့္ အေကာင္းဆံုးရုပ္ရွင္မင္းသမီးအျဖစ္ ေရႊကမၻာလံုးဆု ရခဲ့သူ ၊ ေအာ္စကာဆုရွင္ ေဟာလိဝုဒ္မင္းသမီး အင္မာစတုန္းက ေလာ့စ္အိန္ဂ်လိမွ ဘန္ဂလိုအိမ္ကို ကန္ေဒၚလာ ၄ သန္းျဖင့္ အေရာင္းေစ်းကြက္တင္

(အင္မာစတုန္း ဘယ္သူလဲ)

အင္မာစတုန္း (ေမြး ၁၉၈၈) သည္ အေမရိကန္ရုပ္ရွင္မင္းသမီးတစ္ဦးျဖစ္ျပီး ေအာ္စကာဆု ၁ ဆု၊ ျဗိတိသွ် အကယ္ဒမီဆု ၁ ဆု၊ ေရႊကမၻာလံုး ၁ ဆုအျပင္ ဆုေပါင္းမ်ားစြာ ရရွိထားသူ ျဖစ္သည္။

ကမၻာ့အႏုပညာေၾကးအျမင့္ဆံုး ရုပ္ရွင္မင္းသမီးမ်ားတြင္ တစ္ဦးပါဝင္ျပီး တုိင္းမ္မဂၢဇင္းၾကီး၏ ကမၻာ့ၾသဇာအလႊမ္းဆံုး ပုဂၢိဳလ္ ၁၀၀ စာရင္းတြင္ ထည့္သြင္းေဖာ္ျပခံရဖူးသည္။

၂၀၁၆ ခုႏွစ္က ရံုတင္ျပသခဲ့ေသာ အခ်စ္ဂီတဇာတ္ကား La La Land တြင္ ပါဝင္သရုပ္ေဆာင္ခဲ့မႈျဖင့္ အေကာင္းဆံုးဇာတ္ေဆာင္မင္းသမီးအျဖစ္ ေအာ္စကာဆု ရရွိခဲ့သည္။

(ေလာ့စ္အိန္ဂ်လိ ဘန္ဂလိုအိမ္ေရာင္းမည္))

ေအာ္စကာဆုရွင္ အင္မာစတုန္းသည္ ၂၀၂၃ ခုႏွစ္က ရံုတင္ခဲ့ေသာ Poor Things ဇာတ္ကားျဖင့္ အေကာင္းဆံုးရုပ္ရွင္မင္းသမီးအျဖစ္ ေရႊကမၻာလံုးဆုရခဲ့ျပီးေနာက္ ေလာ့စ္အိန္ဂ်လိျမိဳ႕ရွိ ဘန္ဂလိုအိမ္ကို အေရာင္းေစ်းကြက္တင္လာသည္။

အင္မာစတုန္းသည္ ၂၀၂၂ ခုႏွစ္အတြင္းကလည္း ကယ္လီဖုိးနီးယားျပည္နယ္၊ မာလီဘူးရွိ စံအိမ္ကို ေရာင္းခ်ခဲ့ရာ ေခၚေစ်းထက္ မ်ားျပားေသာ ေစ်းႏႈန္းျဖင့္ ေရာင္းထြက္ခဲ့သည္။

 

(ဆက္စပ္သတင္း)

La La Land ျဖင့္ ေအာ္စကာဆုရခဲ့သူ အင္မာစတုန္း၏ စံအိမ္ တစ္ပတ္အတြင္း ေရာင္းထြက္

https://www.imyanmarhouse.com/news/read/1021451

 

အင္မာစတုန္း အျမဲအေျခခ်ေနထိုင္သည္မွာ တကၠဆပ္ျပည္နယ္ ေအာ္စတင္ျမဳိ႕တြင္ ျဖစ္သည္။

အိမ္ျခံေျမမွတ္တမ္းမ်ားအရ အင္မာစတုန္း ေရာင္းခ်မည့္ စံအိမ္သည္ ေလာ့စ္အိန္ဂ်လိျမဳိ႕ Westwood ေဒသ Comstock Hills အရပ္တြင္ တည္ရွိျပီး ေဒၚလာ ၄ သန္းခန္႔ ေစ်းေခၚထားသည္။

သာမန္အိမ္တစ္လံုးျဖစ္ေသာ္လည္း စြဲေဆာင္မႈရွိေသာ စပိန္ဗိသုကာဟန္ ဘန္ဂလိုအိမ္ျဖစ္ကာ အင္မာစတုန္း၏ မိခင္ ကာလၾကာရွည္ ေနထုိင္ခဲ့ေသာ စံအိမ္ျဖစ္သည္။

အင္မာစတုန္းက ဤစံအိမ္ကို လြန္ခဲ့ေသာ ၅ ႏွစ္ ၊ ၂၀၁၉ ခုႏွစ္ ေႏြရာသီက ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ယခုေခၚေစ်းမွာ ဝယ္ယူခဲ့စဥ္က ေစ်းႏႈန္းထက္ ကန္ေဒၚလာ ၁ ဒသမ ၇ သန္းခန္႔ မ်ားျပားေသာ္လည္း သူပိုင္ဆိုင္ထားစဥ္ကာလအတြင္း စံအိမ္ကို ျပဳျပင္မြမ္းမံမႈ မ်ားစြာျပဳလုပ္ထားသည္။

ေဝါစထရိဂ်ာနယ္၏ ေဖာ္ျပခ်က္အရ အင္မာစတုန္းသည္ မီးဖိုေဆာင္ခ်ဲ႕ထြင္ျခင္း ၊ ကိုယ္ပိုင္မီးဖိုေဆာင္ႏွင့္ ဧည့္ခန္းပါေသာ အိပ္ခန္း ၁ ခန္းပါ ဧည့္ေဂဟာတစ္လံုး ျဖည့္စြက္ေဆာက္လုပ္ျခင္းမ်ား ျပဳလုပ္ခဲ့သည္။

၁၉၂၀ ျပည့္လြန္ကာလမ်ားက ေဆာက္လုပ္ခဲ့ေသာစံအိမ္ျဖစ္ျပီး စတုရန္းေပ ၃၂၀၀ ေက်ာ္ က်ယ္ဝန္းကာ အိပ္ခန္း ၄ ခန္းႏွင့္ ေရခ်ဳိးခန္း ၄ ခန္းပါဝင္သည္။

(ေနအိမ္၏ ဧည့္ခန္း)

အင္မာစတုန္းသည္ ယခုေစ်းကြက္တင္ေသာ အိမ္ႏွင့္ ေအာ္စတင္ျမဳိ႕မွ စံအိမ္တုိ႔အျပင္ နယူးေယာက္ျမဳိ႕ တြင္လည္း တုိက္ခန္းတစ္ခန္း ပိုင္ဆုိင္ထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Emma Stone’s Charming L.A. Bungalow Hits the Market for $4 Million (robbreport)

Photo Credit: RYAN LAHIFF FOR SOTHEBY’S INTERNATIONAL REALTY

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service