ဗြိတိန်တွင် ကိုယ်ပိုင် ရုပ်ရှင်ရုံနှင့် မီးပြတိုက်ပါသော သမိုင်းဝင် အံ့ဖွယ် ခံတပ်ကျွန်းတစ်ကျွန်း ပေါင် ၂ ဒသမ ၅ သန်းမျှဖြင့် ရောင်းမည်
ဗြိတိန်တွင် ကိုယ်ပိုင် ရုပ်ရှင်ရုံနှင့် မီးပြတိုက်ပါသော သမိုင်းဝင် အံ့ဖွယ် ခံတပ်ကျွန်းတစ်ကျွန်း ပေါင် ၂ ဒသမ ၅ သန်းမျှဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
24 Jan 2024 11:49 am တွင် တင်ခဲ့သည်
668 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဗြိတိန်တွင် ကမ်းခြေမှ တစ်မိုင်ခန့်အကွာတွင် တည်ရှိကာ ကိုယ်ပိုင်ရုပ်ရှင်ရုံနှင့် မီးပြတိုက်များပါသော ကိုယ်ပိုင် ကျွန်းတစ်ကျွန်း ပေါင် ၂ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်နေသည်။
အိပ်ခန်း ၉ ခန်းပါဝင်ကာ သာယာချမ်းမြေ့ဖွယ် ပင်လယ်ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည့် ဝိတိုရိယခေတ် သမိုင်းဝင် ခံတပ်ကျွန်းကြီးကို ကံကောင်းသူတစ်ဦး ပိုင်ဆိုင်ခွင့်ရမည် ဖြစ်သည်။
(ပို့စ်မောက်မြို့အနီး ပင်လယ်ပြင်တွင် တည်ရှိသော Spitbank ခံတပ်စခန်း။ ဓာတ်ပုံ-Getty)
ဗြိတိန်အား ပြည်ပကျူးကျော်မှုများမှ ကာကွယ်ရန် ၁၈၆၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ပို့စ်မောက်မြို့ ကမ်းခြေမှ တစ်မိုင်ခန့်အကွာ ပင်လယ်ပြင်အတွင်း တည်ရှိသည်။
ရင်သပ်ရှုမောဖွယ် ဆောက်လုပ်ရေး လက်ရာတစ်ခုဖြစ်ပြီး ရေတပ်ခံတပ်စခန်းအဖြစ် အသုံးပြုခဲ့ကာ လှေဖြင့် သာ သွားရောက်နိုင်သည်။
ဤခံတပ်ကို အခြားခံတပ် ၂ ခုဖြင့် ခြံရံထားရာ No Man’s Land ခံတပ်နှင့် Horsesands ခံတပ်တို့ ဖြစ်သည်။
စိတ်ဝင်စားသူများအနေဖြင့် သမိုင်းဝင်ခံတပ်စခန်းကြီးကို ပေါင် ၂ ဒသမ ၅ သန်းမျှဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်။
ခံတပ်စခန်းမှတဆင့် Solent ရေလက်ကြားနှင့် Isle of Wight ကျွန်းတို့၏ ရှုမျှော်ခင်းများကို ၃၆၀ ဒီဂရီ ကြည့်ရှု နိုင်သည်။
ခံတပ်စခန်းတွင် Sauna တစ်ခုလည်း ပါဝင်ပြီး ကိုယ်ပိုင်ရုပ်ရှင်ရုံအပါအဝင် အပန်းဖြေ Facility များလည်း ရှိသည်။
သမိုင်းကြောင်းကို ဆက်လက်ထိန်းသိမ်းသည့်အနေဖြင့် အခန်းများအားလုံး၏ ဝိတိုရိယခေတ် လက်ရာအချို့ကို ဆက်လက်ထိန်းသိမ်းထားသည်။
Knight Frank အိမ်ခြံမြေကုမ္ပဏီက Zoopla အိမ်ခြံမြေဝက်ဘ်ဆိုက်မှတဆင့် အရောင်းဈေးကွက်တင်လာခြင်း ဖြစ်သည်။ “ခံတပ်ပေါ်မှာ ရပ်လိုက်တာနဲ့ ပြီးပြည့်စုံတဲ့ ဆိတ်ငြိမ်အေးချမ်းမှုကို ချက်ချင်းသဘောကျသွားမှာ ဖြစ်ပါတယ်။
ဒါမျိုးက ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်မှာပဲ ရနိုင်ပါတယ်”ဟု ဈေးကွက်တင် မှတ်တမ်းတွင် ဖော်ပြသည်။
ဤခံတပ်စခန်းများကို ပြင်သစ်စစ်သင်္ဘောများရန်မှ ကာကွယ်ရန် ၁၈၆၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ခံတပ်စခန်းများကို ဆောက်လုပ်ခဲ့သူမှာ ဗြိတိန် ဝန်ကြီးချုပ် Henry Temple ဖြစ်သည်။
ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်များအတွင်းတွင်လည်း နာဇီတို့၏ တိုက်ခိုက်မှုမှ ကာကွယ်ရန် ဤကျွန်းများ ကို အသုံးပြုခဲ့သည်။
နံရံများမှာ ၁၅ ပေမြင့်မားပြီး ယာယီစစ်တန်းလျားများအဖြစ် အသုံးပြုခဲ့သည်။
ဒုတိယကမ္ဘာစစ် ပြီးဆုံးချိန်တွင် ဤကျွန်းကို ပြတိုက်အဖြစ် ပြောင်းလဲခဲ့သည်။
(ခံတပ်စခန်းတွင် အိပ်ခန်း ၆ ခန်းနှင့် ရုပ်ရှင်ရုံတစ်ခု ပါဝင်သည်။ ဓာတ်ပုံ-Alamy)
(ယခုအခါ ပိုင်ရှင်များက ပေါင် ၂ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက် တင်လာသည်။ ဓာတ်ပုံ-Alamy)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Amazing private ‘island’ a mile off UK coast could be yours for £2.5m – and it comes with its own cinema and lighthouse (thesun)
Photo Credit: Getty
[Zawgyi]
Photo Credit: Getty
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service