အိန္ဒိယတွင် ၇ တန်းဖြင့် ကျောင်းထွက်ခဲ့သော်လည်း အမေရိကန်ရှိ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ် ဝင်ခွင့်ရခဲ့သော အိန္ဒိယမှ ဉာဏ်ကြီးရှင် မိန်းကလေး
အိန္ဒိယတွင် ၇ တန်းဖြင့် ကျောင်းထွက်ခဲ့သော်လည်း အမေရိကန်ရှိ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ် ဝင်ခွင့်ရခဲ့သော အိန္ဒိယမှ ဉာဏ်ကြီးရှင် မိန်းကလေး - Property Knowledge in Myanmar from iMyanmarHouse.com
23 Jan 2024 10:55 am တွင် တင်ခဲ့သည်
738 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
အိန္ဒိယတွင် ပင်ကိုယ်ထူးချွန်သော အရည်အသွေးရှိသော်လည်း မြေတောင်မြှောက်ပေးမည့် မူဝါဒမျိုး မရှိ‌သောကြောင့် အခက်ကြုံရသည့်ဖြစ်ရပ်များစွာ ရှိသည်။
ထိုသို့ ကြုံရသူများတွင် မာလ်ဗီးကား ရာ့ဂျ် ဂျိုရှီးအမည်ရှိ မိန်းကလေးလည်း အပါအဝင် ဖြစ်သည်။
ဦးနှောက်ယိုစီးမှုသည် အိန္ဒိယ ရင်ဆိုင်နေရသော ကြီးမားသည့် ပြဿနာကြီးတစ်ခု ဖြစ်သည်။
သို့သော် ထိုပြဿနာကို တခုတ်တရ အလေးထားဆွေးနွေးမှုမျိုး မရှိချေ။
ထက်မြက်သော အိန္ဒိယလူတော်များမှာ ပြည်ပနိုင်ငံများတွင် ၎င်းတို့၏ ထူးချွန်မှုများအား အခြားနိုင်ငံများအတွက် စွမ်းဆောင်ပေးနေသည်မှာ မဆန်းတော့ချေ။
အိန္ဒိယ နည်းပညာသိပ္ပံ (IIT) နှင့် စီမံခန့်ခွဲမှုသိပ္ပံ (IIM) ကျောင်းထွက် ထူးချွန်သူများစွာသည် ပိုမိုကောင်းမွန်‌သော အခွင့်အလမ်း၊ မှန်ကန်သော ပတ်ဝန်းကျင်နှင့် တိုးတက်မှုရှာဖွေရန် အမေရိကန်နှင့် အခြားဥရောပနိုင်ငံများသို့ ထွက်ခွာသွားကြသည်။
အဆိုပါနိုင်ငံများသည် ထူးချွန်သောလူတော်များ အမြဲရှာဖွေနေကြသည်။ အိန္ဒိယကမူ လူတော်များစွာကို ထိန်းမထားနိုင်ခဲ့။
ယင်းအနက် မာလ်ဗီးကား ရာ့ဂျ် ဂျိုရှီးလည်း အပါအဝင် ဖြစ်သည်။
အရွယ်နှင့်မလိုက်အောင် ထူးချွန်သော ပါရီမီရှင်မိန်းကလေး မာလ်ဗီးကားသည် အိန္ဒိယ၏ ဂုဏ်ရှိန်ကြီးမားသော နည်းပညာသိပ္ပံ (IIT) သို့ ဝင်ခွင့်မရချေ။
သို့သော် မာလ်ဗီးကား၏ အရည်အသွေးများ ပျိုးထောင်ရှင်သန်ခွင့်ရမည့်နေရာကို အမေရိကန်တွင် ရှာတွေ့ခဲ့သည်။
အမေရိကန်ပြည်ထောင်စုရှိ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ် (MIT) က မာလ်ဗီးကားအား ပညာတော်သင်ဆု ပေးအပ်ခဲ့သည်။
မာလ်ဗီးကား အသက် ၁၇ နှစ်အရွယ်တွင် ပညာသင်ဆု ရရှိခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယ နည်းပညာတက္ကသိုလ် (IIT) မှာ အထက်တန်းအောင်မြင်ပြီးမှသာ ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် ရခြင်းဖြစ် ရာ မာလ်ဗီးကားအဖို့ IIT တွင် တက်ရောက်ရန် မဖြစ်နိုင်ချေ။
ထူးချွန်သော ပါရမီရှင်လေး မာလ်ဗီးကားသည် နိုင်ငံတကာ သတင်းအချက်အလက် အိုလံပစ်ပြိုင်ပွဲတွင် Programming ၌ ဆုတံဆိပ် ၃ ခုအထိ ရရှိထားသူ ဖြစ်သည်။
သို့သော် သူ၏ မိဘများက မာလ်ဗီးကား ၇ တန်းတွင် ကျောင်းထုတ်ခဲ့ကြသည်။
ထိုအချိန်က မာလ်ဗီးကားသည် မွန်ဘိုင်းမြို့ရှိ Dadar Parsee Youth Assembly School တွင် တက်ခဲ့ခြင်း ဖြစ်ပြီး ထူးချွန်သော ကျောင်းသူတစ်ဦး ဖြစ်ခဲ့သည်။
မာလ်ဗီးကားကို ကျောင်းထုတ်ရန် ဆုံးဖြတ်ခဲ့သူမှာ မိခင်ဖြစ်သူ ဖြစ်သည်။ မာလ်ဗီးကား၏ ဖခင်မှာ အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး အဆိုပါဆုံးဖြတ်ချက်ကို အချိန်အတန်ကြာမှ လက်ခံခဲ့ခြင်း ဖြစ်၏။
မိခင်ဖြစ်သူက အလုပ်ထွက်လိုက်ကာ သမီးဖြစ်သူကို အိမ်တွင် ပညာသင်ပေးရန် သင်ရိုးညွှန်းတမ်း ရေးဆွဲခဲ့သည်။
အလွန်ထူးခြားသော အရည်အချင်းရှိနေသော်လည်း မာလ်ဗီးကားအနေဖြင့် IIT သို့ တက်ရောက်ရေး ရွေးချယ်ရန် မဖြစ်နိုင်။
မာလ်ဗီးကားကို တက်ရောက်ခွင့်ပေးခဲ့သည့် တစ်ခုတည်းသော အိန္ဒိယတက္ကသိုလ်မှာ ချင်းနိုင်သင်္ချာသိပ္ပံ (CMI) ဖြစ်သည်။
၇ တန်းဖြင့် ကျောင်းထွက်ခဲ့သူ မာလ်ဗီးကားကို CMI က MSc အဆင့်များ သင်ကြားရသည့် သင်ရိုးတွင် တက်ရောက်ခွင့်ပေးခဲ့သည်။
မာလ်ဗီးကား၏ ပညာမှာ BSc အဆင့်နှင့် ညီမျှနေသည်ကို စစ်ဆေးတွေ့ရှိသောကြောင့် MSc အဆင့်တွင် တက်ခွင့်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
မာလ်ဗီးကား၏ ကွန်ပြူတာ Programming အရည်အသွေးကို သိရှိသွားသော အမေရိကန်ရှိ မက်ဆာချူးဆက် တက္ကသိုလ်က အထက်တန်းအောင်လက်မှတ်မရှိသော်လည်း ပညာတော်သင်ဆု ပေးအပ်ခဲ့သည်။
ထို့ကြောင့် မာလ်ဗီးကားသည် MIT တွင် BSc ဘွဲ့အတွက် တက်ရောက်နိုင်ခဲ့လေသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည်။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Meet Indian genius who left school in class 7 but got admission at MIT, couldn't join IIT due to… (dnaindia)
Photo Credit: DNA
[Zawgyi]
အိန္ဒိယတွင် ၇ တန်းဖြင့် ကျောင်းထွက်ခဲ့သော်လည်း အမေရိကန်ရှိ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ် ဝင်ခွင့်ရခဲ့သော အိန္ဒိယမှ ဥာဏ်ကြီးရှင် မိန်းကလေး
ထိုသို့ ကြုံရသူများတွင် မာလ်ဗီးကား ရာ့ဂ်ျ ဂျိုရှီးအမည်ရှိ မိန်းကလေးလည်း အပါအဝင် ဖြစ်သည်။
ယင်းအနက် မာလ်ဗီးကား ရာ့ဂ်ျ ဂျိုရှီးလည်း အပါအဝင် ဖြစ်သည်။
Photo Credit: DNA
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
CarsDB
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service