အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် အမည်မဖော်သော မြေပိုင်ရှင်များက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများအား မြေဧက ရာနှင့်ချီ၍ လှူဒါန်း

အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် အမည်မဖော်သော မြေပိုင်ရှင်များက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများအား မြေဧက ရာနှင့်ချီ၍ လှူဒါန်း - Property News in Myanmar from iMyanmarHouse.com
15 Jan 2024 10:57 am တွင် တင်ခဲ့သည်
589 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ် ၊ ဆန်တာခရုတောင်တန်းမှ Upper Zayante ရေဝေဒေသ တွင် တည်ရှိသည့် မြေဧကပေါင်း ၁၂၀ ကို အမည်မဖော်သော မြေပိုင်ရှင်များက လှူဒါန်းလိုက်သည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသည့်အဖွဲ့ဖြစ်သော Sempervirens Fund ထံ လှူဒါန်းလိုက်ခြင်း ဖြစ်သည်။

မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော ငွေရောင်ဆယ်လ်မွန်ဟု လူသိများသည့် Coho Salmon ငါးများ ပြန်လည်ထိန်းသိမ်းနိုင်စေရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကြိုးပမ်းမှုများအတွက် အရေးပါသော ခြေလှမ်းတစ်ခုလည်း ဖြစ်သည်။

ထို့အပြင် ဒေသတွင်းရှိ အခြား သက်ရှိမျိုးစိတ်များကိုလည်း ထိန်းသိမ်းနိုင်ရန် အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း Sempervirens Fund က ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Sempervirens Fund ကို ၁၉၀၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

Sempervirens Fund မှ မြေယာထိန်းသိမ်းရေးဒါရိုက်တာ Laura Mclendon က SFGATE သတင်းဌာနသို့ ပြောသည်မှာ ကယ်လီဖိုးနီးယားရှိ မိုင် ၄၅၀ ရှည်လျားသော ကမ်းရိုးတန်း ကမ်းမြောင်တစ်လျှောက်တွင် သစ်နီတောအုပ်ကြီးမှ သက်ရင့်ပင်များမှာ ၅ ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့ကြောင်း ပြောသည်။ “ယနေ့ကာလမှာ ဒီလိုအပင်တွေ တွေ့ရဖို့ တော်တော်ကို ရှားသွားပါပြီ။ သက်ရင့်ပင်အများစုကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်မှုပေးထားပါတယ်။”

သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ယခုလှူဒါန်းလိုက်သော မြေနေရာများ၏ တန်ကြေးမှာ ကန်ဒေါ်လာ ၆၈၀၀၀၀ ရှိသည်ဟု ဆိုသည်။

အဆိုပါ မြေနေရာပေါ်တွင် လူတို့ မွမ်းမံပြင်ဆင်မှုများ ၊ အဆောက်အအုံ ဆောက်လုပ်မှုများကို လုံးဝခွင့်ပြုသွားမည် မဟုတ်ချေ။

ထို့အပြင် လှူဒါန်းလိုက်သည့် မြေနေရာတွင် ပါရှိသော သစ်နီတောအုပ် ၆၇ ဧကကျော်မှ စီးပွားရေးအတွက် သစ်ထုတ်လုပ်ခြင်းကို တားမြစ်ကန့်သတ်သွားမည် ဖြစ်သည်။

သဘာဝအလျှောက် ပြန်လည်ပေါက်ရောက်သော ဒုတိယမျိုးဆက်အပင်များ ၊ ထင်းရှူးမျိုးစိတ်ဝင် Douglas Fir အပင်၊ ဝက်သစ်ချတောတို့ကိုလည်း အကာအကွယ်ပေးထားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါတောများသည် ရှားပါးမျိုးစိတ်များဖြစ်သော ဆန်ဖရန်စစ္စကို ကြွက်မျိုး၊ အမောက်ပါသစ်တောက်ငှက်နှင့် ဆန်တာခရု ရေပုတ်သင်နက်တို့အတွက် အရေးပါသော ကျက်စားရာနေရာ ဖြစ်သည်။

တောင်ခြင်္သေများသည်လည်း ဤဒေသတို့ မကြာခဏ လာရောက်လေ့ရှိကာ အမဲလိုက်ခြင်း ၊ မိတ်လိုက်ခြင်း များ ပြုလုပ်ကြသည်။

“ယေဘုယျအားဖြင့် တောရိုင်းတိရ စ္ဆာန်တွေဟာ လူတွေအနီးဝန်းကျင်မှာ မနေကြပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ လူတွေလုံးဝ အသုံးမပြုမဲ့ နေရာတစ်ခု ဖယ်ထားပေးရပါတယ်။ ဒါက တောရိုင်းသတ္တဝါ တွေအတွက် အထောက်အကူ ဖြစ်ပါလိမ့်မယ်”ဟု McLendon က ပြောသည်။

(ဆန်တာခရုတောင်တန်းပေါ် သစ်နီတောအုပ်အတွင်းမှ လမ်းကျဉ်းကလေးတစ်ခု။ ဓာတ်ပုံ-Getty Images)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Anonymous private owner donates 'very unusual' California land to conservationists (sfgate)

[Zawgyi]

အေမရိကန္ျပည္ ကယ္လီဖိုးနီးယားျပည္နယ္တြင္ အမည္မေဖာ္ေသာ ေျမပိုင္ရွင္မ်ားက သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းသူမ်ားအား ေျမဧက ရာႏွင့္ခ်ီ၍ လွဴဒါန္း

အေမရိကန္ျပည္ ကယ္လီဖိုးနီးယားျပည္နယ္ ၊ ဆန္တာခရုေတာင္တန္းမွ Upper Zayante ေရေဝေဒသ တြင္ တည္ရွိသည့္ ေျမဧကေပါင္း ၁၂၀ ကို အမည္မေဖာ္ေသာ ေျမပိုင္ရွင္မ်ားက လွဴဒါန္းလိုက္သည္။

သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းသည့္အဖြဲ႔ျဖစ္ေသာ Sempervirens Fund ထံ လွဴဒါန္းလိုက္ျခင္း ျဖစ္သည္။

မ်ဳိးသုဥ္းေပ်ာက္ကြယ္မည့္ အႏၱရာယ္ႏွင့္ ရင္ဆုိင္ေနရေသာ ေငြေရာင္ဆယ္လ္မြန္ဟု လူသိမ်ားသည့္ Coho Salmon ငါးမ်ား ျပန္လည္ထိန္းသိမ္းႏိုင္ေစရန္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးၾကိဳးပမ္းမႈမ်ားအတြက္ အေရးပါေသာ ေျခလွမ္းတစ္ခုလည္း ျဖစ္သည္။

ထို႔အျပင္ ေဒသတြင္းရွိ အျခား သက္ရွိမ်ဳိးစိတ္မ်ားကိုလည္း ထိန္းသိမ္းႏိုင္ရန္ အေထာက္အကူျဖစ္ေစမည္ ျဖစ္ေၾကာင္း Sempervirens Fund က ၾကာသပေတးေန႔တြင္ ထုတ္ျပန္ခဲ့ေသာ သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

Sempervirens Fund ကို ၁၉၀၀ ျပည့္ႏွစ္တြင္ စတင္တည္ေထာင္ခဲ့ျခင္း ျဖစ္သည္။

Sempervirens Fund မွ ေျမယာထိန္းသိမ္းေရးဒါရိုက္တာ Laura Mclendon က SFGATE သတင္းဌာနသို႔ ေျပာသည္မွာ ကယ္လီဖိုးနီးယားရွိ မိုင္ ၄၅၀ ရွည္လ်ားေသာ ကမ္းရိုးတန္း ကမ္းေျမာင္တစ္ေလွ်ာက္တြင္ သစ္နီေတာအုပ္ၾကီးမွ သက္ရင့္ပင္မ်ားမွာ ၅ ရာခိုင္ႏႈန္းခန္႔သာ က်န္ရွိေတာ့ေၾကာင္း ေျပာသည္။ “ယေန႔ကာလမွာ ဒီလိုအပင္ေတြ ေတြ႔ရဖို႔ ေတာ္ေတာ္ကို ရွားသြားပါျပီ။ သက္ရင့္ပင္အမ်ားစုကို ထိန္းသိမ္း ကာကြယ္ေစာင့္ေရွာက္မႈေပးထားပါတယ္။”

သဘာဝ ပတ္ဝန္းက်င္ထိန္းသိမ္းေရးအတြက္ ယခုလွဴဒါန္းလုိက္ေသာ ေျမေနရာမ်ား၏ တန္ေၾကးမွာ ကန္ေဒၚလာ ၆၈၀၀၀၀ ရွိသည္ဟု ဆိုသည္။

အဆိုပါ ေျမေနရာေပၚတြင္ လူတို႔ မြမ္းမံျပင္ဆင္မႈမ်ား ၊ အေဆာက္အအံု ေဆာက္လုပ္မႈမ်ားကို လံုးဝ ခြင့္ျပဳ သြားမည္ မဟုတ္ေခ်။

ထို႔အျပင္ လွဴဒါန္းလိုက္သည့္ ေျမေနရာတြင္ ပါရွိေသာ သစ္နီေတာအုပ္ ၆၇ ဧကေက်ာ္မွ စီးပြားေရးအတြက္ သစ္ထုတ္လုပ္ျခင္းကို တားျမစ္ကန္႔သတ္သြားမည္ ျဖစ္သည္။

သဘာဝအေလွ်ာက္ ျပန္လည္ေပါက္ေရာက္ေသာ ဒုတိယမ်ဳိးဆက္အပင္မ်ား ၊ ထင္းရွဴးမ်ဳိးစိတ္ဝင္ Douglas Fir အပင္၊ ဝက္သစ္ခ်ေတာတို႔ကိုလည္း အကာအကြယ္ေပးထားမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

အဆိုပါေတာမ်ားသည္ ရွားပါးမ်ဳိးစိတ္မ်ားျဖစ္ေသာ ဆန္ဖရန္စစၥကို ၾကြက္မ်ဳိး၊ အေမာက္ပါသစ္ေတာက္ငွက္ႏွင့္ ဆန္တာခရု ေရပုတ္သင္နက္တို႔အတြက္ အေရးပါေသာ က်က္စားရာေနရာ ျဖစ္သည္။

ေတာင္ျခေသၤမ်ားသည္လည္း ဤေဒသတုိ႔ မၾကာခဏ လာေရာက္ေလ့ရွိကာ အမဲလိုက္ျခင္း ၊ မိတ္လုိက္ျခင္း မ်ား ျပဳလုပ္ၾကသည္။

“ေယဘုယ်အားျဖင့္ ေတာရိုင္းတိရ စၦာန္ေတြဟာ လူေတြအနီးဝန္းက်င္မွာ မေနၾကပါဘူး။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔ အေနနဲ႔ လူေတြလံုးဝ အသံုးမျပဳမဲ့ ေနရာတစ္ခု ဖယ္ထားေပးရပါတယ္။ ဒါက ေတာရိုင္းသတၱဝါ ေတြအတြက္ အေထာက္အကူ ျဖစ္ပါလိမ့္မယ္”ဟု McLendon က ေျပာသည္။

(ဆန္တာခရုေတာင္တန္းေပၚ သစ္နီေတာအုပ္အတြင္းမွ လမ္းက်ဥ္းကေလးတစ္ခု။ ဓာတ္ပံု-Getty Images)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Anonymous private owner donates 'very unusual' California land to conservationists (sfgate)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service