ကယ်လီဖိုးနီးယားပြည်နယ်မှ တမူထူးသော လှိုဏ်ဂူအိမ်ကို ကန်ဒေါ်လာ ၅၉၉၀၀၀ ဖြင့် ရောင်းမည်

ကယ်လီဖိုးနီးယားပြည်နယ်မှ တမူထူးသော လှိုဏ်ဂူအိမ်ကို ကန်ဒေါ်လာ ၅၉၉၀၀၀ ဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
3 Jan 2024 12:36 pm တွင် တင်ခဲ့သည်
734 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အကယ်၍ သင့်အနေဖြင့် လိုဏ်ဂူတစ်ခုအတွင်း နေထိုင်ရန် (သို့မဟုတ်) ပြင်ပမှ သဘာဝတရားခံစားချက်ကို နေအိမ်အတွင်း ဆောင်ကျဉ်းရန် အမြဲအိပ်မက်မက်နေသူဆိုပါက ကယ်လီဖိုးနီးယားပြည်နယ်၊ Indio မြို့ရှိ လိုဏ်ဂူအိမ်တစ်လုံး ကန်ဒေါ်လာ ၅၉၉၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်နေသည်။

ဧည့်ခန်း ၊ မီးဖိုဆောင်နှင့် အဝင်ခန်းမတို့တွင် ကျောက်ဆောင်တုများဖြင့် အလှဆင်ထားပြီး စိမ်းလန်းသော သစ်ပင်များ စိုက်ပျိုးထားသည့် ပန်းဘောင်နေရာများ ပါဝင်သည်။

Indio မြို့၊ Starlight Lane လမ်း ၊ အမှတ် ၇၉၁၅၃ တွင် တည်ရှိပြီး ထူးခြားသော အိုအေစစ်လေးတစ်ခု ဖြစ်သည်။

နံရံနေရာများစွာတွင် သိမ်းငှက်ပန်းချီပုံများ များစွာရှိနေပြီး လိုဏ်ဂူအသွင် အရက်ဘားတစ်ခုလည်း ရှိသည်။

“တကယ့်ကို တမူထူးခြားပါတယ်”ဟု Sotheby’s အိမ်ခြံမြေကုမ္ပဏီမှ ဈေးကွက်တင်ပေးသော အကျိုးဆောင် ဘရန်ဒန် စပရင်းက ပြောသည်။

 

 (လိုဏ်ဂူအိမ်အတွင်းရှိ နံရံနေရာအများအပြားတွင် ပန်းချီပုံများ ပြည့်နှက်နေသည်။ ဓာတ်ပုံ-Sotheby’s International Realty)

 

အကျိုးဆောင် ဘရန်ဒန် စပရင်း ပြောကြားချက်အရ ရောင်းချသူသည် ယခင်ကလည်း လိုဏ်ဂူအသွင် အတွင်းပိုင်း ဖန်တီးမှုများ ပြုလုပ်ခဲ့ဖူးကြောင်း၊ Palm Springs ရှိ ရေပူစမ်းဟိုတယ်တစ်ခုနှင့် ကျောက်မျက်ရတနာဆိုင်တို့ကို မွမ်းမံမှုများ ပြုလုပ်ပေးခဲ့ဖူးကြောင်း ပြောသည်။

 

(လိုဏ်ဂူအသွင် အရက်ဘား။ ဓာတ်ပုံ-Sotheby’s International Realty)

 

အဆောက်အအုံ၏ နောက်ဘက်ကွက်လပ်မှာ လက်ရှိအားဖြင့် စွန့်ပစ်ထားသော်လည်း ပိုင်ရှင်က ထိုနေရာတွင် ကျောက်ဆောင်တို့ဖြင့် ဝန်းပတ်သော ရေကူးကန်တစ်ခု ဆောက်လုပ်ရန် ရည်မှန်းထားကြောင်း အကျိုးဆောင် က ပြောသည်။

နာမည်ကြီး လူမှုကွန်ရက်အကောင့်တစ်ခုဖြစ်သော Zillow Gone Wild က ယခုစံအိမ်ကို အင်စတာဂရမ်တွင် တင်ထားရာ လူကြိုက်များလျက်ရှိသည်။ ပိုင်ရှင်က ခြံနောက်ဘက်ကွက်လပ်တွင် ကျောက်ဆောင်ဝန်းပတ်ထားသော ရေကူးကန်တစ်ခု ဆောက်လုပ်ရန် စီစဉ်ခဲ့သည်။

 

 

 (နောက်ဖေးတွင် ရေကူးကန်တစ်ခု ထားရှိရန် စီစဉ်နေပုံ။ ဓာတ်ပုံ-Sotheby’s International Realty)

 

 (နေအိမ်အတွင်းပိုင်း မြင်ကွင်းတစ်ခု။ ဓာတ်ပုံ-Sotheby’s International Realty)

 

 

 (နေအိမ်အတွင်းမှ စိမ်းလန်းသော အပင်များ။ ဓာတ်ပုံ-Sotheby’s International Realty)

 

Indio သည် Coachella ဂီတပွဲတော်နှင့် Stagecoach ကန်းထရီးဂီတပွဲတော်များ ကျင်းပသောနေရာဖြစ်ပြီး အနိမ့်အမြင့်တောင်ကုန်းများ ရေကန်စပ် နေအိမ်များဖြင့် ပြည့်နှက်နေသည်။

 

(အဆောက်အအုံအပြင်ပိုင်း မြင်ကွင်း။ ဓာတ်ပုံ-Sotheby’s International Realty)

 

 

 အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: This quirky California 'cave home' is for sale for $599,000 (sfgate)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service