ကန်ဒေါ်လာ ၁၃ ဘီလီယံ ချမ်းသာကြွယ်ဝသူ ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီ Hermes ၏ ပိုင်ရှင် သူဌေးကြီးက သူ၏ ပိုင်ဆိုင်မှုများကို ဝန်ထမ်းဖြစ်သူ ပန်းဥယျာဉ်မှူးအား လွှဲပြောင်းပေးရန် စီစဉ်
ကန်ဒေါ်လာ ၁၃ ဘီလီယံ ချမ်းသာကြွယ်ဝသူ ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီ Hermes ၏ ပိုင်ရှင် သူဌေးကြီးက သူ၏ ပိုင်ဆိုင်မှုများကို ဝန်ထမ်းဖြစ်သူ ပန်းဥယျာဉ်မှူးအား လွှဲပြောင်းပေးရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
27 Dec 2023 11:19 am တွင် တင်ခဲ့သည်
973 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဥရောပ၏ အချမ်းသာဆုံး မိသားစုတစ်ခုမှ ဆင်းသက်လာသူတစ်ဦးက ၎င်းထံတွင် တာဝန်ထမ်းဆောင်ခဲ့သော သက်လတ်ပိုင်းအရွယ် ပန်းဥယျာဉ်မှူးဟောင်းအား မွေးစားရန်နှင့် ၎င်းကြွယ်ဝသော ယူရို ၁၂ ဘီလီယံ (ကန်ဒေါ်လာ ၁၃ ဘီလီယံ) မှ အနည်းဆုံး ထက်ဝက်ခန့်ကို လွှဲပြောင်းပေးရန် စီစဉ်လျက်ရှိသည်။
ဘီလျံနာသူဌေးကြီး နီကိုလပ်စ် ဖြူးယဲ့ရှ် (Nicolas Puech) သည် အသက် ၈၀ အရွယ်ရှိပြီဖြစ်ပြီး ပြင်သစ် Luxury ဖက်ရှင်ကုမ္ပဏီ Hermes ၏ ပဉ္စမမျိုးဆက်ဖြစ်သည်။
နီကိုလပ်စ်သည် ယခင်က စီစဉ်ခဲ့သည်မှာ ၎င်းတည်ထောင်ထားသော Isocrates ဖောင်ဒေးရှင်းထံ ပိုင်ဆိုင်မှု များ လွှဲပြောင်းပေးရန် စီစဉ်ခဲ့သော်လည်း ယခုအခါ သူ၏ ဝန်ထမ်းတစ်ဦးအား တရားဝင်အမွေခံအဖြစ် လွှဲပြောင်းပေးရန် စီစဉ်လာခြင်း ဖြစ်သည်။
ဆွစ်ဇာလန်သတင်းစာများဖြစ်သော Tribunw de Geneve နှင့် 24 heures တို့က ယခုလအစောပိုင်းတွင် ဖော်ပြချက်အရ ဘီလျံနာကြီး နီကိုလပ်စ် ဖြူးယဲ့ရှ်၏ အမွေခံဖြစ်လာဖွယ်ရှိသူမှာ သူ၏ ဝန်ထမ်းပန်းဥယျာဉ်မှူး လက်တိုလက်တောင်းခိုင်းသူဖြစ်ကြောင်း ဖော်ပြခဲ့သည်။
နီကိုလပ်စ်၏ ဆုံးဖြတ်ချက်အပေါ် Isocrates ဖောင်ဒေးရှင်းက မသင့်လျော်ကြောင်း ကန့်ကွက်ထားပြီး အဆိုပါ စီစဉ်မှုကို မကြာသေးမီကမှ သိရှိရကြောင်း ပြောသည်။
“ဥပဒေရှုထောင့်က ကြည့်မည်ဆိုရင် အမွေလွှဲပြောင်းမှု သဘောတူညီချက်ကို တဖက်သတ် ဖျက်သိမ်းတာဟာ အခြေအမြစ်မရှိတဲ့အပြင် တရားမဝင်ပါဘူး”ဟု ဖောင်ဒေးရှင်းက CNN သတင်းဌာနထံ ပေးပို့ခဲ့သော ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“ဒါကြောင့်မို့ ဖောင်ဒေးရှင်းအနေနဲ့ အမွေလွှဲပြောင်းမှု ဖျက်သိမ်းတဲ့အပေါ် ကန့်ကွက်ပါတယ်။ တချိန်တည်းမှာပဲ ဖောင်ဒေးရှင်း တည်ထောင်သူကို ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ဖို့ တံခါးဖွင့်ပေးထားပါတယ်။”
ဆွစ်ဇာလန်သတင်းမီဒီယာတို့တွင် ဖော်ပြသော “နီကိုလပ်စ်က ဝန်ထမ်းဖြစ်သူအား မွေးစားရန် စီစဉ်ခြင်း” နှင့်စပ်လျဉ်းပြီး ဖောင်ဒေးရှင်းက ပြောသည်မှာ နီကိုလပ်စ်၏ အဆိုပါ ဆောင်ရွက်မှုအပေါ် ဝေဖန်ပြောကြားရန် မရှိကြောင်း၊ ထိုကိစ္စမှာ သက်ဆိုင်ရာ အာဏာပိုင်များ၏ ကိစ္စသာဖြစ်ကြောင်း ပြောသည်။
Isocrates ဖောင်ဒေးရှင်းသည် ဘီလျံနာကြီး နီကိုလပ်စ် ဖြူးယဲ့ရှ်ကိုယ်တိုင် ၂၀၁၁ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း ဖောင်ဒေးရှင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။
ဖောင်ဒေးရှင်းနှင့် သားသမီးမရှိသော နီကိုလပ်စ်တို့အကြား အမွေဆက်ခံမှု သဘောတူညီချက်တစ်ခု ရှိခဲ့ရာ Hermes ကုမ္ပဏီမှရှယ်ယာများကို ဖောင်ဒေးရှင်းထံ လွှဲပြောင်းပေးရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ မကွယ်လွန်မီ သားသမီးရှိလာပြီး သားဖြစ်သည်ဆိုပါက ပိုင်ဆိုင်မှု၏ ၅၀ ရာခိုင်နှုန်း အမွေရရှိမည် ဖြစ်သည်။
နီကိုလပ်စ်သည် Hermes ကုမ္ပဏီ၏ ရှယ်ယာ ၅ ဒသမ ၇ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။
ထိုကုမ္ပဏီသည် ပိုးထည်လည်စီးများ ၊ သားရေလက်ကိုင်အိတ်များဖြင့် ကမ္ဘာကျော်ပြီး ကိုဗစ်ကပ်ဘေးအလွန် ကာလတွင် Luxury ဖက်ရှင်ပစ္စည်းများ ဝယ်လိုအား အလွန်မြင့်တက်ခဲ့ရာ Hermes ကုမ္ပဏီ၏ တန်ကြေးမှာ ကန်ဒေါ်လာ ၂၃၀ ဒသမ ၈ ဘီလီယံအထိ ရှိလာပြီး Bloomberg သတင်းဌာနမှ ဖော်ပြသော ၂၀၂၃ ခုနှစ် ကမ္ဘာ့အချမ်းသာဆုံး မိသားစုများ စာရင်းတွင် Hermes မိသားစုမှာ တတိယနေရာတွင် ရပ်တည်နေသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
  Ref: Hermès billionaire wants to bequeath fortune to his former gardener (cnn.com)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service