Tommy Hilfiger က ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ကမ်းခြေစံအိမ် ရောင်းမထွက်သောကြောင့် ကန်ဒေါ်လာ ၃၅ ဒသမ ၉ သန်းဖြင့် အရောင်းဈေးကွက်ပြန်တင်

Tommy Hilfiger က ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ကမ်းခြေစံအိမ် ရောင်းမထွက်သောကြောင့် ကန်ဒေါ်လာ ၃၅ ဒသမ ၉ သန်းဖြင့် အရောင်းဈေးကွက်ပြန်တင် - Property News in Myanmar from iMyanmarHouse.com
19 Dec 2023 12:21 pm တွင် တင်ခဲ့သည်
699 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဖက်ရှင်လောကထိပ်သီးတစ်ဦးဖြစ်သူ Tommy Hilfiger နှင့် ဇနီးဖြစ်သူ Dee Ocleppo တို့ စုံတွဲသည် ဖလော်ရီဒါပြည်နယ်၊ Palm Beach မြို့ရှိ စံအိမ်သစ်သို့ ပြောင်းရွှေ့နေထိုင်နေကြပြီ ဖြစ်သည်။

South Ocean Boulevard လမ်းရှိ စံအိမ်ကို ၃ နှစ်ကြာ အချိန်ယူမွမ်းမံခဲ့ပြီးနောက် Dunbar လမ်း၊ အမှတ် ၃၁၃ ရှိ ယာယီနေထိုင်သောအိမ်အား ကျောခိုင်းကာ စံအိမ်သစ်သို့ ပြောင်းခဲ့ကြခြင်း ဖြစ်သည်။

“Dunbar လမ်းက ကမ်းခြေအိမ်ဟာ တကယ့်ရတနာတစ်ပါး ပါပဲ။ ကျွန်တော်တို့ အဲဒီမှာနေရတာ တကယ်ကို မြတ်နိုးပါတယ်”ဟု Hilfiger က Alexa သတင်းဌာနသို့ ပြောသည်။

အိမ်တွင်းဒီဇိုင်နာ Martyn Lawrence က Tommy Hilfiger တို့စုံတွဲအတွက် အလုံးစုံပြောင်းလဲပေးခဲ့ကြောင်း လည်း ၎င်းက ပြောသည်။

Tommy Hilfiger တို့စုံတွဲက မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော စံအိမ်ကို ၂၀၂၁ ခုနှစ်၊ ဇွန်လအတွင်း ကန်ဒေါ်လာ ၂၁ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ယခင်ဈေးကွက်တင်ခဲ့သော ခေါ်ဈေးမှာ ကန်ဒေါ်လာ ၃၉ ဒသမ ၇ သန်းဖြစ်ပြီး ရောင်းမထွက်သောကြောင့် ယခုအခါ ကန်ဒေါ်လာ ၃၅ ဒသမ ၉ သန်းသို့ ဈေးလျှော့ပေးလာသည်။

စံအိမ်အကျယ်အဝန်း စတုရန်းပေ ၅၀၄၇ ရှိပြီး အိပ်ခန်း ၃ ခန်း ၊ ရေချိုးခန်း ၄ ခန်းနှင့် ဧည့်သည်များအတွက် အိမ်သာတို့ ပါဝင်ပြီး Lake Worth Lagoon ရေကန်ကြီးကို အပေါ်စီးမှ စီးမိုးတွေ့မြင်ရသည်။

Palm Beach တွင် နေထိုင်ရခြင်းမှာ အိပ်မက်ဆန်ကြောင်း၊ မိမိတို့ဇနီးမောင်နှံ အနှစ်သက်ဆုံး စားသောက်ဆိုင် များတွင် Le Bilboquet ,Sant Ambroeus နှင့် Carriage House တို့ ပါဝင်ကြောင်း Hilfiger က Architectural Digest သို့ ပြောသည်။

 

 (ဖက်ရှင်ထိပ်သီး Tommy Hilfiger ။ ဓာတ်ပုံ-Getty Images)

 

 

(၎င်းတို့စုံတွဲက ဤစံအိမ်ကို ၂၀၂၁ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂၁ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-Danny Petroni )

 

 

 (ညစာစားခန်း။ ဓာတ်ပုံ-Danny Petroni)

  

(စတုရန်းပေ ၅၀၄၇ ကျယ်ဝန်းသော စံအိမ်မှတဆင့် ရေကန်ကြီးကို စီးမိုးတွေ့မြင်နိုင်သည်။ ဓာတ်ပုံ-Danny Petroni)

  

(မီးလင်းဖိုတစ်ခုပါသော ဧည့်ခန်း။ ဓာတ်ပုံ-Danny Petroni)

  

၂၀၀၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး အဝင်ခန်းမ ၊ ညစာစားခန်း ၊ စားသောက်ရန် နေရာပါသော မီးဖိုဆောင် ၊ မီးလင်းဖိုတစ်ခုပါသော ဧည့်ခန်းတို့ ပါဝင်သည်။

ထို့အပြင် နားနေခန်း ၊ ရေချိုးခန်းနှင့် ရေကန်ဘက်သို့ မျက်နှာမူသည့် လသာဆောင်တစ်ခုပါသော ပင်မအိပ်ခန်း တစ်ခုလည်း ရှိသည်။

အရောင်းဈေးကွက်တင်ပေးသည်မှာ Christian Angle Real Estate အိမ်ခြံမြေကုမ္ပဏီမှ Christian J.Angle ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Tommy Hilfiger’s lake-side Palm Beach villa re-lists for $35.9M (nypost)

 

 

 

 

[Zawgyi]

Tommy Hilfiger က ဖေလာ္ရီဒါျပည္နယ္၊ Palm Beach ရွိ ကမ္းေျခစံအိမ္ ေရာင္းမထြက္ေသာေၾကာင့္ ကန္ေဒၚလာ ၃၅ ဒသမ ၉ သန္းျဖင့္ အေရာင္းေစ်းကြက္ျပန္တင္

 

ဖက္ရွင္ေလာကထိပ္သီးတစ္ဦးျဖစ္သူ Tommy Hilfiger ႏွင့္ ဇနီးျဖစ္သူ Dee Ocleppo တို႔ စံုတြဲသည္ ဖေလာ္ရီဒါျပည္နယ္၊ Palm Beach ျမိဳ႕ရွိ စံအိမ္သစ္သို႔ ေျပာင္းေရႊ႕ေနထိုင္ေနၾကျပီ ျဖစ္သည္။

South Ocean Boulevard လမ္းရွိ စံအိမ္ကို ၃ ႏွစ္ၾကာ အခ်ိန္ယူမြမ္းမံခဲ့ျပီးေနာက္ Dunbar လမ္း၊ အမွတ္ ၃၁၃ ရွိ ယာယီေနထိုင္ေသာအိမ္အား ေက်ာခိုင္းကာ စံအိမ္သစ္သို႔ ေျပာင္းခဲ့ၾကျခင္း ျဖစ္သည္။

“Dunbar လမ္းက ကမ္းေျခအိမ္ဟာ တကယ့္ရတနာတစ္ပါး ပါပဲ။ ကၽြန္ေတာ္တို႔ အဲဒီမွာေနရတာ တကယ္ကို ျမတ္ႏိုးပါတယ္”ဟု Hilfiger က Alexa သတင္းဌာနသို႔ ေျပာသည္။

အိမ္တြင္းဒီဇိုင္နာ Martyn Lawrence က Tommy Hilfiger တို႔စံုတြဲအတြက္ အလံုးစံုေျပာင္းလဲေပးခဲ့ေၾကာင္း လည္း ၎က ေျပာသည္။

Tommy Hilfiger တို႔စံုတြဲက ေျမထဲပင္လယ္ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားေသာ စံအိမ္ကို ၂၀၂၁ ခုႏွစ္၊ ဇြန္လအတြင္း ကန္ေဒၚလာ ၂၁ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ယခင္ေစ်းကြက္တင္ခဲ့ေသာ ေခၚေစ်းမွာ ကန္ေဒၚလာ ၃၉ ဒသမ ၇ သန္းျဖစ္ျပီး ေရာင္းမထြက္ေသာေၾကာင့္ ယခုအခါ ကန္ေဒၚလာ ၃၅ ဒသမ ၉ သန္းသို႔ ေစ်းေလွ်ာ့ေပးလာသည္။

စံအိမ္အက်ယ္အဝန္း စတုရန္းေပ ၅၀၄၇ ရွိျပီး အိပ္ခန္း ၃ ခန္း ၊ ေရခ်ဳိးခန္း ၄ ခန္းႏွင့္ ဧည့္သည္မ်ားအတြက္ အိမ္သာတု႔ိ ပါဝင္ျပီး Lake Worth Lagoon ေရကန္ၾကီးကို အေပၚစီးမွ စီးမိုးေတြ႔ျမင္ရသည္။

Palm Beach တြင္ ေနထိုင္ရျခင္းမွာ အိပ္မက္ဆန္ေၾကာင္း၊ မိမိတို႔ဇနီးေမာင္ႏွံ အႏွစ္သက္ဆံုး စားေသာက္ဆိုင္ မ်ားတြင္ Le Bilboquet ,Sant Ambroeus ႏွင့္ Carriage House တို႔ ပါဝင္ေၾကာင္း Hilfiger က Architectural Digest သို႔ ေျပာသည္။

(ဖက္ရွင္ထိပ္သီး Tommy Hilfiger ။ ဓာတ္ပံု-Getty Images)

(၎တို႔စံုတြဲက ဤစံအိမ္ကို ၂၀၂၁ ခုႏွစ္အတြင္း ကန္ေဒၚလာ ၂၁ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။ ဓာတ္ပံု-Danny Petroni )

(ညစာစားခန္း။ ဓာတ္ပံု-Danny Petroni)

(စတုရန္းေပ ၅၀၄၇ က်ယ္ဝန္းေသာ စံအိမ္မွတဆင့္ ေရကန္ၾကီးကို စီးမိုးေတြ႔ျမင္ႏိုင္သည္။ ဓာတ္ပံု-Danny Petroni)

(မီးလင္းဖိုတစ္ခုပါေသာ ဧည့္ခန္း။ ဓာတ္ပံု-Danny Petroni)

၂၀၀၆ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျပီး အဝင္ခန္းမ ၊ ညစာစားခန္း ၊ စားေသာက္ရန္ ေနရာပါေသာ မီးဖိုေဆာင္ ၊ မီးလင္းဖိုတစ္ခုပါေသာ ဧည့္ခန္းတို႔ ပါဝင္သည္။

ထို႔အျပင္ နားေနခန္း ၊ ေရခ်ဳိးခန္းႏွင့္ ေရကန္ဘက္သို႔ မ်က္ႏွာမူသည့္ လသာေဆာင္တစ္ခုပါေသာ ပင္မအိပ္ခန္း တစ္ခုလည္း ရွိသည္။

အေရာင္းေစ်းကြက္တင္ေပးသည္မွာ Christian Angle Real Estate အိမ္ျခံေျမကုမၸဏီမွ Christian J.Angle ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Tommy Hilfiger’s lake-side Palm Beach villa re-lists for $35.9M (nypost)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service