ဗြိတိန်တွင် ခြုံပုတ်တစ်ခုထဲတွင်ရှိသော အိမ်တစ်လုံး ပေါင် ၃၀၀၀၀ (မြန်မာငွေ ၇၇၅ သိန်း) ဖြင့် ရောင်းမည်

ဗြိတိန်တွင် ခြုံပုတ်တစ်ခုထဲတွင်ရှိသော အိမ်တစ်လုံး ပေါင် ၃၀၀၀၀ (မြန်မာငွေ ၇၇၅ သိန်း) ဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
13 Nov 2023 10:21 am တွင် တင်ခဲ့သည်
987 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဗြိတိန်၏ အသေးငယ်ဆုံး နေအိမ်တစ်လုံး ပေါင် ၃၀၀၀၀ (မြန်မာငွေ ၇၇၅ သိန်း) ဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

(မှတ်ချက်။ နိုဝင်ဘာ ၆ ရက်သတ်မှတ်ငွေလဲနှုန်း ဗြိတိန် ၁ ပေါင်လျှင် မြန်မာငွေ ၂၅၈၃ ကျပ်ဖြင့် တွက်ချက် ထားခြင်းဖြစ်ပါသည်။)

အံ့မခန်းရှုမျှော်ခင်းများရှိသော်လည်း သတိပြုရမည့်အချက်တစ်ခု ရှိနေသည်။

တမူထူးသော အဆိုပါအိမ်ကို သမိုင်းဝင် Cadw အဖြစ် ၂၀၀၁ ခုနှစ်တွင် သတ်မှတ်ခံထားရသည်။

(မှတ်ချက်။ cadw ဟူသည်မှာ ဝေလပြည် အသုံးအနှုန်းတစ်ခုဖြစ်ပြီး ကာကွယ်စောင့်ရှောက် ထိန်းသိမ်းပေးမှုကို ဆိုလိုသည်)

နာမည်ကျော် ဝေလရဲတိုက်ကြီးကို စီးမိုးတွေ့မြင်နေရသော ယခုအိမ်ကလေးသည် ၁၈၄၁ ခုနှစ်က ဆောက်လုပ် ခဲ့ခြင်းဖြစ်ပြီး ပြန်လည်ပြုပြင်မွမ်းမံမှုများစွာ ပြုလုပ်ရန် လိုအပ်နေသည်။

(ဗြိတိန်၏ အသေးငယ်ဆုံး၊ ဈေးအသက်သာဆုံးအိမ်ဖြစ်ပြီး ခြုံပုတ်တစ်ခုအောက်တွင် ရောက်ရှိနေသည်။ ဓာတ်ပုံ-SWNS)

 

ဤအိမ်လေး၏ တည်နေရာကား ယခုထက်ကောင်းသည့်နေရာ မရှိနိုင်တော့ချေ။

Cardigan Bay ၊ Llyn ကျွန်းဆွယ်၊ Snowdonia အမျိုးသားဥယျာဉ်အစပ်နှင့် သမိုင်းဝင် Harlech ရဲတိုက်ကြီး တို့၏ အံ့မခန်းရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည်။

၁၉ ရာစုနှစ် ဤအိမ်ငယ်လေးကို ဝယ်ယူလိုသည်ဆိုပါက ပေါင် ၃၀၀၀၀ ကျော် သုံးစွဲရမည် ဖြစ်သည်။

အတွင်းနံရံအများစုမှာ အစိတ်စိတ်အမြွှာမြွှာဖြစ်နေသည်။

ဤအိမ်ငယ်လေးတွင် လူမနေတော့သည်မှာ နှစ်ပေါင်း ၅၀ ခန့်ရှိပြီဖြစ်ပြီး ပစ္စည်းသိုလှောင်ရာ နေရာအဖြစ်သာ မကြာသေးမီက သုံးခဲ့သည်။

ဈေးကွက်တင်မှတ်တမ်းအရ ၁၉၉၆ ခုနှစ်မှ ၁၉၉၇ ခုနှစ်အကြား မြို့မှ ထောက်ပံ့သော အစီအစဉ်တစ်ရပ်ဖြင့် မွမ်းမံခြင်းနှင့် အမိုးပြင်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

အမိုးပေါ်တွင် ခြုံကြီးရှိနေပြီး အမိုးအခြေအနေကို အပြင်မှကြည့်ရုံဖြင့် သိနိုင်ရန် ခက်ခဲသည်။

Bryn Tirion ဟုအမည်ပေးထားသော ဤအိမ်လေးသည် တစ်သက်လျှင် တစ်ကြိမ်သာရနိုင်သော အခွင့်အရေးဟု Tom Parry အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီက ပြောသည်။

အကျိုးဆောင်တို့၏ ပြောကြားချက်အရ ဤအိမ်လေးကို တမူထူးသော အပန်းဖြေနေရာအဖြစ်လည်းကောင်း၊ အလုပ်နေရာအဖြစ်လည်းကောင်း၊ နေ့စဉ်ဘဝမှ ရုန်းထွက်ကာ မွန်းကြပ်မှုများ ဖြေလျော့ရန်နှင့် ပြန်လည် အားဖြည့်ရန် နေရာအဖြစ်လည်းကောင်း အသုံးပြုနိုင်ကြောင်း ပြောသည်။

အသေးစိတ်အချက်အလက်များ ပိုမိုသိရှိလိုသူများအနေဖြင့် ဈေးကွက်တင်ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်

https://www.tomparry.info/property-details.php?id=32690809 လင့်ခ်တွင် ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။

 

(၁၈၄၁ ခုနှစ်က ဆောက်လုပ်ခဲ့သောအိမ်ဖြစ်ပြီး လူမနေသည်မှာ နှစ်ပေါင်း ၅၀ ခန့်ရှိပြီဖြစ်သည်။ ဓာတ်ပုံ-SWNS)

 

(နေအိမ်တွင်း မြင်ကွင်း။ ဓာတ်ပုံ-SWNS)

 

(Snowdonia အမျိုးသားဥယျာဉ်၏ အံ့မခန်းရှုခင်းများကို အပေါ်စီးမှ စီးမိုးတွေ့မြင်ရသည်။ ဓာတ်ပုံ-SWNS)

 

(လူသူအလွန်အလှမ်းကွာဝေးသောနေရာတွင် တည်ရှိရာ ပြန်လည်အားမွေးရန် အကောင်းဆုံးနေရာ ဖြစ်သည်။ ဓာတ်ပုံ-SWNS)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside Britain’s SMALLEST home that’s up for sale for just £30k – but there’s a catch (thesun)

 

 

 

[Zawgyi]

ျဗိတိန္တြင္ ျခံဳပုတ္တစ္ခုထဲတြင္ရွိေသာ အိမ္တစ္လံုး ေပါင္ ၃၀၀၀၀ (ျမန္မာေငြ ၇၇၅ သိန္း) ျဖင့္ ေရာင္းမည္

 

ျဗိတိန္၏ အေသးငယ္ဆံုး ေနအိမ္တစ္လံုး ေပါင္ ၃၀၀၀၀ (ျမန္မာေငြ ၇၇၅ သိန္း) ျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။

(မွတ္ခ်က္။ ႏိုဝင္ဘာ ၆ ရက္သတ္မွတ္ေငြလဲႏႈန္း ျဗိတိန္ ၁ ေပါင္လွ်င္ ျမန္မာေငြ ၂၅၈၃ က်ပ္ျဖင့္ တြက္ခ်က္ ထားျခင္းျဖစ္ပါသည္။)

အံ့မခန္းရႈေမွ်ာ္ခင္းမ်ားရွိေသာ္လည္း သတိျပဳရမည့္အခ်က္တစ္ခု ရွိေနသည္။

တမူထူးေသာ အဆိုပါအိမ္ကို သမိုုင္းဝင္ Cadw အျဖစ္ ၂၀၀၁ ခုႏွစ္တြင္ သတ္မွတ္ခံထားရသည္။

(မွတ္ခ်က္။ cadw ဟူသည္မွာ ေဝလျပည္ အသံုးအႏႈန္းတစ္ခုျဖစ္ျပီး ကာကြယ္ေစာင့္ေရွာက္ ထိန္းသိမ္းေပးမႈကို ဆိုလိုသည္)

နာမည္ေက်ာ္ ေဝလရဲတိုက္ၾကီးကို စီးမိုးေတြ႔ျမင္ေနရေသာ ယခုအိမ္ကေလးသည္ ၁၈၄၁ ခုႏွစ္က ေဆာက္လုပ္ ခဲ့ျခင္းျဖစ္ျပီး ျပန္လည္ျပဳျပင္မြမ္းမံမႈမ်ားစြာ ျပဳလုပ္ရန္ လိုအပ္ေနသည္။

(ျဗိတိန္၏ အေသးငယ္ဆံုး၊ ေစ်းအသက္သာဆံုးအိမ္ျဖစ္ျပီး ျခံဳပုတ္တစ္ခုေအာက္တြင္ ေရာက္ရွိေနသည္။ ဓာတ္ပုံ-SWNS)

ဤအိမ္ေလး၏ တည္ေနရာကား ယခုထက္ေကာင္းသည့္ေနရာ မရွိႏိုင္ေတာ့ေခ်။

Cardigan Bay ၊ Llyn ကၽြန္းဆြယ္၊ Snowdonia အမ်ဳိးသားဥယ်ာဥ္အစပ္ႏွင့္ သမိုင္းဝင္ Harlech ရဲတိုက္ၾကီး တို႔၏ အံ့မခန္းရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားသည္။

၁၉ ရာစုႏွစ္ ဤအိမ္ငယ္ေလးကို ဝယ္ယူလိုသည္ဆိုပါက ေပါင္ ၃၀၀၀၀ ေက်ာ္ သံုးစြဲရမည္ ျဖစ္သည္။

အတြင္းနံရံအမ်ားစုမွာ အစိတ္စိတ္အျမႊာျမႊာျဖစ္ေနသည္။ ဤအိမ္ငယ္ေလးတြင္ လူမေနေတာ့သည္မွာ ႏွစ္ေပါင္း ၅၀ ခန္႔ရွိျပီျဖစ္ျပီး ပစၥည္းသိုေလွာင္ရာ ေနရာအျဖစ္သာ မၾကာေသးမီက သံုးခဲ့သည္။

ေစ်းကြက္တင္မွတ္တမ္းအရ ၁၉၉၆ ခုႏွစ္မွ ၁၉၉၇ ခုႏွစ္အၾကား ျမိဳ႕မွ ေထာက္ပံ့ေသာ အစီအစဥ္တစ္ရပ္ျဖင့္ မြမ္းမံျခင္းႏွင့္ အမိုးျပင္ျခင္းမ်ား ျပဳလုပ္ခဲ့သည္ဟု ဆိုသည္။

အမိုးေပၚတြင္ ျခံဳၾကီးရွိေနျပီး အမိုးအေျခအေနကို အျပင္မွၾကည့္ရံုျဖင့္ သိႏိုင္ရန္ ခက္ခဲသည္။

Bryn Tirion ဟုအမည္ေပးထားေသာ ဤအိမ္ေလးသည္ တစ္သက္လွ်င္ တစ္ၾကိမ္သာရႏိုင္ေသာ အခြင့္အေရးဟု Tom Parry အိမ္ျခံေျမအက်ဳိးေဆာင္ကုမၸဏီက ေျပာသည္။

အက်ဳိးေဆာင္တို႔၏ ေျပာၾကားခ်က္အရ ဤအိမ္ေလးကို တမူထူးေသာ အပန္းေျဖေနရာအျဖစ္လည္းေကာင္း၊ အလုပ္ေနရာအျဖစ္လည္းေကာင္း၊ ေန႔စဥ္ဘဝမွ ရုန္းထြက္ကာ မြန္းၾကပ္မႈမ်ား ေျဖေလ်ာ့ရန္ႏွင့္ ျပန္လည္ အားျဖည့္ရန္ ေနရာအျဖစ္လည္းေကာင္း အသံုးျပဳႏိုင္ေၾကာင္း ေျပာသည္။

အေသးစိတ္အခ်က္အလက္မ်ား ပိုမိုသိရွိလိုသူမ်ားအေနျဖင့္ ေစ်းကြက္တင္ကုမၸဏီ၏ ဝက္ဘ္ဆိုက္

https://www.tomparry.info/property-details.php?id=32690809 လင့္ခ္တြင္ ဝင္ေရာက္ၾကည့္ရႈ ႏိုင္ပါသည္။

(၁၈၄၁ ခုနွစ္က ေဆာက္လုပ္ခဲ့ေသာအိမ္ျဖစ္ျပီး လူမေနသည္မွာ ႏွစ္ေပါင္း ၅၀ ခန္႔ရွိျပီျဖစ္သည္။ ဓာတ္ပံု-SWNS)

(ေနအိမ္တြင္း ျမင္ကြင္း။ ဓာတ္ပံု-SWNS)

(Snowdonia အမ်ဳိးသားဥယ်ာဥ္၏ အံ့မခန္းရႈခင္းမ်ားကို အေပၚစီးမွ စီးမိုးေတြ႔ျမင္ရသည္။ ဓာတ္ပံု-SWNS)

(လူသူအလြန္အလွမ္းကြာေဝးေသာေနရာတြင္ တည္ရွိရာ ျပန္လည္အားေမြးရန္ အေကာင္းဆံုးေနရာ ျဖစ္သည္။ ဓာတ္ပံု-SWNS)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Inside Britain’s SMALLEST home that’s up for sale for just £30k – but there’s a catch (thesun)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
ကြယ်မိုးကြီးရွာမည့် သြဂုတ် ၁၂ ၊ ၁၃၊ ဂြိုဟ်ပူးယှဉ်ချိန်ကာလဖြစ်ပြီး လိုရာဆုတောင်းပြည့်နိုင်...
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service