မိသားစုဝင်တစ်ဦးဦးအား မေတ္တာဖြင့်အပိုင်ပေးကမ်းခြင်း ပြုရာတွင် အခြေခံအားဖြင့် သိရှိထားသင့်သည့် အချက်အလက်များ

မိသားစုဝင်တစ်ဦးဦးအား မေတ္တာဖြင့်အပိုင်ပေးကမ်းခြင်း ပြုရာတွင် အခြေခံအားဖြင့် သိရှိထားသင့်သည့် အချက်အလက်များ - Property Knowledge in Myanmar from iMyanmarHouse.com
2 Sep 2023 11:57 am တွင် တင်ခဲ့သည်
1525 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

မြေကွက်အား ပူးတွဲပိုင်ဆိုင်သူ နှစ်ဦးအနက် တစ်ဦးမှ မိမိပိုင်ဆိုင်မှုကို ကျန်တစ်ဦးထံ ပေးကမ်းမှုပြုလိုက ပေးကမ်းခြင်းစာချုပ်ချုပ်ဆိုရန်မလိုဘဲ စွန့်လွှတ်စာချုပ်ချုပ်ဆို၍ မှတ်ပုံတင်ပြုလုပ်လျှင် ရပါသည်။

ပူးတွဲပိုင်ဆိုင်သူမဟုတ်သူအား စွန့်လွှတ်စာချုပ်ဖြင့် ပေးကမ်းခြင်းပြု၍မရပါ မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ်ချုပ်ဆိုကာ ပေးကမ်းရပါသည်။ ထိုသို့မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်း စာချုပ်ရာတွင်လဲ ပေးကမ်းသူနှင့် လက်ခံသူမှာ ဆွေမျိုးတော်စပ်မှုရှိရန် လိုအပ်ပါသည်။ ပေးကမ်းခြင်းစာချုပ်ပြုလုပ်ရာတွင် အနည်းဆုံးသက်သေနှစ်ဦးရှိရန် လိုအပ်ပြီး ပစ္စည်းလက်ခံသူက လက်ခံတဲ့အကြောင်း ဖွင့်ဟ ဝန်ခံချက်ဖြင့် လက်မှတ်ရေးထိုးရမည်။ ပေးကမ်းသူမှ မိမိပိုင်ပစ္စည်းများအားလုံးအား ပေးကမ်း၍ မရသလို သေခံနီးဆဲဆဲတွင် ပေးကမ်းခြင်း စာချုပ်ပြုလုပ်ချုပ်ဆို၍ မရှိပါ။ စာချုပ်တွင် ပေးကမ်းသည့် ပစ္စည်းစာရင်း ဖော်ပြပါရှိရမည်။

ပေးကမ်းခြင်းအထမြောက်ရန်မှာ ပေးကမ်းသူနှင့် လက်ခံသူရှိရမည်အပြင် လက်ရှိပစ္စည်းဖြစ်ရန် လိုအပ်ပြီး အဖိုးစားနားမပါရပါ။ နောင်တွင် ပေါ်ပေါက်မည့်ပစ္စည်းကို အပိုင်ပေးလျှင် ပျက်ပြယ်ပါသည်။ လက်ခံသူက ပေးသူသက်ရှိထင်ရှားရှိစဉ် လက်ခံရန်လိုအပ်ပြီး ပစ္စည်းကို လက်ခံပြီးမှသာ ပေးကမ်းခြင်း အတည်ဖြစ်သည်။

မေတ္တာဖြင့်ပေးကမ်းသော ပစ္စည်းသည်လက်ရှိဖြစ်ရန်လိုအပ်ကြောင်း ဦးမောင်မြပါ-၆ နှင့် မသန်းသန်းချို အမှု (၂၀၀၁ခုနှစ်၊မြန်မာနို်ငငံတရားစီရင်ထုံး၊စာ-၂၉၀)၊ဒေါ်လေးတင်(၎င်း၏ ကိုယ်စားလှယ်စာရသူ ဦးအုန်းတင် ) နှင့် ဦးအောင်ဝင်းပါ -၃ အမှု (၂၀၀၁ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊စာ-၃၉၂) တွင် ဖော်ပြထားပါသည်။

ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ-၁၂၂ အရ အပိုင်ပေးခြင်းဆိုသည်မှာ ရွှေ့ပြောင်းနိုင်သောပစ္စည်း/ မရွှေ့ပြောင်းနိုင်သောပစ္စည်းကို လွှဲပြောင်းပေးအပ်ခြင်းသာဖြစ်ပြီး လက်ရှိပစ္စည်းဖြစ်ရန် လိုသည်ဆိုခြင်းမှာ တည်ဆဲပစ္စည်းအဖြစ်ရှိစေခြင်းပင် ဖြစ်ပါသည်။

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းစာချုပ်တွင် မိဘမှ သားသမီးကို ပေးကမ်းပါက တံဆိပ်ခေါင်း ၄% ပေးဆောင်ရပြီး မောင်နှမသားချင်းများအား ပေးအပ်ပါက တံဆိပ်ခေါင်းခွန် ၇% ပေးဆောင်ရပါမည်။ မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ခ အနေဖြင့် ၀.၅% ထမ်းဆောင်ရမည်ဖြစ်ပါသည်။ ထို့ပြင် ကျန်သားသမီးများမှ သဘောတူ ကြောင်း အထောက်အထားအဖြစ် တစ်ဦးလျှင် တစ်စောင်နှုန်း ကျမ်းကျိန်လွှာ လိုအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 

မိသားစုဝင္တစ္ဦးဦးအား ေမတၱာျဖင့္အပိုင္ေပးကမ္းျခင္း ျပဳရာတြင္ အေျခခံအားျဖင့္ သိ႐ွိထားသင့္သည့္ အခ်က္အလက္မ်ား

 

ေျမကြက္အား ပူးတြဲပိုင္ဆိုင္သူ ႏွစ္ဦးအနက္ တစ္ဦးမွ မိမိပိုင္ဆိုင္မႈကို က်န္တစ္ဦးထံ ေပးကမ္းမႈျပဳလိုက ေပးကမ္းျခင္းစာခ်ဳပ္ခ်ဳပ္ဆိုရန္မလိုဘဲ စြန္႔လႊတ္စာခ်ဳပ္ခ်ဳပ္ဆို၍ မွတ္ပုံတင္ျပဳလုပ္လွ်င္ ရပါသည္။

ပူးတြဲပိုင္ဆိုင္သူမဟုတ္သူအား စြန္႔လႊတ္စာခ်ဳပ္ျဖင့္ ေပးကမ္းျခင္းျပဳ၍မရပါ ေမတၱာျဖင့္ အပိုင္ေပးကမ္းျခင္း မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုကာ ေပးကမ္းရပါသည္။ ထိုသို႔ေမတၱာျဖင့္ အပိုင္ေပးကမ္းျခင္း စာခ်ဳပ္ရာတြင္လဲ ေပးကမ္းသူႏွင့္ လက္ခံသူမွာ ေဆြမ်ိဳးေတာ္စပ္မႈ႐ွိရန္ လိုအပ္ပါသည္။ ေပးကမ္းျခင္းစာခ်ဳပ္ျပဳလုပ္ရာတြင္ အနည္းဆုံးသက္ေသႏွစ္ဦး႐ွိရန္ လိုအပ္ၿပီး ပစၥည္းလက္ခံသူက လက္ခံတဲ့အေၾကာင္း ဖြင့္ဟ ဝန္ခံခ်က္ျဖင့္ လက္မွတ္ေရးထိုးရမည္။ ေပးကမ္းသူမွ မိမိပိုင္ပစၥည္းမ်ားအားလုံးအား ေပးကမ္း၍ မရသလို ေသခံနီးဆဲဆဲတြင္ ေပးကမ္းျခင္း စာခ်ဳပ္ျပဳလုပ္ခ်ဳပ္ဆို၍ မ႐ွိပါ။ စာခ်ဳပ္တြင္ ေပးကမ္းသည့္ ပစၥည္းစာရင္း ေဖာ္ျပပါ႐ွိရမည္။

ေပးကမ္းျခင္းအထေျမာက္ရန္မွာ ေပးကမ္းသူႏွင့္ လက္ခံသူ႐ွိရမည္အျပင္ လက္႐ွိပစၥည္းျဖစ္ရန္ လိုအပ္ၿပီး အဖိုးစားနားမပါရပါ။ ေနာင္တြင္ ေပၚေပါက္မည့္ပစၥည္းကို အပိုင္ေပးလွ်င္ ပ်က္ျပယ္ပါသည္။ လက္ခံသူက ေပးသူသက္႐ွိထင္႐ွား႐ွိစဥ္ လက္ခံရန္လိုအပ္ၿပီး ပစၥည္းကို လက္ခံၿပီးမွသာ ေပးကမ္းျခင္း အတည္ျဖစ္သည္။

ေမတၱာျဖင့္ေပးကမ္းေသာ ပစၥည္းသည္လက္႐ွိျဖစ္ရန္လိုအပ္ေၾကာင္း ဦးေမာင္ျမပါ-၆ ႏွင့္ မသန္းသန္းခ်ိဳ အမႈ (၂၀၀၁ခုႏွစ္၊ျမန္မာႏို္ငငံတရားစီရင္ထုံး၊စာ-၂၉၀)၊ေဒၚေလးတင္(၎၏ ကိုယ္စားလွယ္စာရသူ ဦးအုန္းတင္ ) ႏွင့္ ဦးေအာင္ဝင္းပါ -၃ အမႈ (၂၀၀၁ခုႏွစ္၊ ျမန္မာႏိုင္ငံတရားစီရင္ထုံး၊စာ-၃၉၂) တြင္ ေဖာ္ျပထားပါသည္။

ပစၥည္းလႊဲေျပာင္းျခင္းအက္ဥပေဒပုဒ္မ-၁၂၂ အရ အပိုင္ေပးျခင္းဆိုသည္မွာ ေ႐ႊ႕ေျပာင္းႏိုင္ေသာပစၥည္း/ မေ႐ႊ႕ေျပာင္းႏိုင္ေသာပစၥည္းကို လႊဲေျပာင္းေပးအပ္ျခင္းသာျဖစ္ၿပီး လက္႐ွိပစၥည္းျဖစ္ရန္ လိုသည္ဆိုျခင္းမွာ တည္ဆဲပစၥည္းအျဖစ္႐ွိေစျခင္းပင္ ျဖစ္ပါသည္။

ေမတၱာျဖင့္ အပိုင္ေပးကမ္းျခင္းစာခ်ဳပ္တြင္ မိဘမွ သားသမီးကို ေပးကမ္းပါက တံဆိပ္ေခါင္း ၄% ေပးေဆာင္ရၿပီး ေမာင္ႏွမသားခ်င္းမ်ားအား ေပးအပ္ပါက တံဆိပ္ေခါင္းခြန္ ၇% ေပးေဆာင္ရပါမည္။ မွတ္ပုံတင္႐ုံးတြင္ မွတ္ပုံတင္ခ အေနျဖင့္ ၀.၅% ထမ္းေဆာင္ရမည္ျဖစ္ပါသည္။ ထို႔ျပင္ က်န္သားသမီးမ်ားမွ သေဘာတူ ေၾကာင္း အေထာက္အထားအျဖစ္ တစ္ဦးလွ်င္ တစ္ေစာင္ႏႈန္း က်မ္းက်ိန္လႊာ လိုအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
Magical World
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service