ကီဗင်ကော့စ်နာ၏ ကွာရှင်းထားသော ဇနီးအား အိမ်ပေါ်မှဆင်းပေးရန် တရားရုံးက အမိန့်ချမှတ်ထားရာ အိမ်ပေါ်မှဆင်းကာ ဝန်ထမ်းတန်းလျားတွင် နေထိုင်
ကီဗင်ကော့စ်နာ၏ ကွာရှင်းထားသော ဇနီးအား အိမ်ပေါ်မှဆင်းပေးရန် တရားရုံးက အမိန့်ချမှတ်ထားရာ အိမ်ပေါ်မှဆင်းကာ ဝန်ထမ်းတန်းလျားတွင် နေထိုင် - Property News in Myanmar from iMyanmarHouse.com
9 Aug 2023 12:14 pm တွင် တင်ခဲ့သည်
592 ကြိမ် ကြည့်ရှု့ပြီး
 [Unicode]
ဟောလိဝုဒ်ကြယ်ပွင့် ကီဗင်ကော့စ်နာနှင့် ကွာရှင်းပြတ်စဲထားသော ဇနီးဖြစ်သူသည် ကီဗင်ကော့စ်နာ၏ နေအိမ်ဝန်းအတွင်းရှိ ဝန်ထမ်းဆောင်သို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။
ကီဗင်ကော့စ်နာ၏ ဇနီးဟောင်း ခရစ္စတင်း ဘန်းဂါတနာ (Christine Baumgartner) ကို ကီဗင်ကော့စ်နာနှင့် နှစ်ဦးအတူနေထိုင်ခဲ့သော ပင်လယ်ကမ်းခြေစံအိမ်မှ ပြောင်းရွှေ့ပေးရန် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။
ဇူလိုင်လ ၃၁ ရက်နောက်ဆုံးထားကာ ဒေါ်လာ ၁၄၅ သန်းတန် နေအိမ်မှ ရွေ့ပြောင်းပေးရန် အမိန့်ချမှတ်ထားခြင်းဖြစ်သည်။
ခရစ္စတင်းသည် အိမ်ရှာနေဆဲဖြစ်ကာ အမိန့်သတ်မှတ်ရက်အရ လတ်တလောဖြေရှင်းမှုလည်း ဖြစ်သည်။
People မဂ္ဂဇင်းသို့ သတင်းရင်းမြစ်တစ်ခုက ပြောသည်မှာ “လက်မထပ်မီ အကြိုသဘောတူညီချက်အတိုင်း ဥပဒေအကြံပြုချက်တွေကို လိုက်နာလျက်ရှိပါတယ်။ သူဟာ မိသားစုနေအိမ်ကနေ ရွှေ့ပြောင်းပေးနေပါတယ်။ အဲဒီခြံဝန်းထဲက အိမ်ငယ်တစ်ခုမှာ နေထိုင်လိမ့်မှာ ဖြစ်ပါတယ်။ ဒီအိမ်ဟာ အရင်တုန်းက ဝန်ထမ်းဆောင်အဖြစ် သုံးခဲ့တာ ဖြစ်ပါတယ်”ဟု ပြောသည်။
“ဒါက လတ်တလော ဖြေရှင်းမှုပါ။ သူက တခြားအိမ် ရှာနေပါတယ်။ ကလေးတွေရဲ့ ဘဝ ဖရိုဖရဲဖြစ်မသွားစေဖို့ ဒီဒေသမှာ နေထိုင်နေတာဖြစ်ပါတယ်။ ကလေးတွေက ဆောင်းတွင်းမှာ ကျောင်းပြန်တက်ရမှာ ဖြစ်ပါတယ်။ ခရစ္စတင်းက အားလုံးကို ဖြစ်နိုင်သမျှ ပုံမှန်အတိုင်းသွားနိုင်အောင် ကြိုးစားနေပါတယ်။ သူ့ရဲ့ အဓိကက ကလေးတွေပါ”
ကီဗင်ကော့စ်နာနှင့် ခရစ္စတင်းတို့သည် လက်မထပ်မီ အကြိုသဘောတူချက်စာချုပ်တစ်ခုကို ၂၀၀၄ ခုနှစ်အတွင်းက လက်မှတ်ရေးထိုးခဲ့ရာ ထိုစာချုပ်ပါအချက်များအတိုင်း တရားသူကြီးက ခရစ္စတင်းကို ဇူလိုင်လကုန်တွင် နေအိမ်မှ ထွက်ခွာပေးရန် အမိန့်ချမှတ်ခြင်းလည်း ဖြစ်သည်။
Page Six သတင်းဌာနက ရရှိခဲ့သော တရားရုံးစာရွက်စာတမ်းများအရ ကီဗင်ကော့စ်နာက စွပ်စွဲထားသည်မှာ ဇနီးဟောင်းသည် နေအိမ်မှ ဝန်ထမ်းတစ်ဦး၏ ခရက်ဒစ်ကတ်ဖြင့် တကိုယ်ရည်သုံးပစ္စည်းများဝယ်ယူခြင်း၊ ငွေထုတ်ယူခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ ခရက်ဒစ်ကတ်သည် နေအိမ်အတွက် လိုအပ်သည်များ သုံးစွဲရန် ကီဗင်ကော့စ်နာက ထုတ်ပေးထားသည့်ကတ်ဖြစ်ကြောင်း ဖော်ပြသည်။
ယခုနှစ်မေလအတွင်း ခရစ္စတင်းက ကွာရှင်းပြတ်စဲခွင့် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုသို့ မလျှောက်ထားမီ ကတည်းက ကြိုတင်စီစဉ်လုပ်ဆောင်နေခဲ့ခြင်းဖြစ်သည်ဟု ယူဆကြောင်းလည်း ကီဗင်ကော့စ်နာက ပြောထားသည်။ ဇူလိုင်လ ၁၃ ရက်နေ့ စာရွက်စာတမ်းများအရ ကီဗင်ကော့စ်နာက စွပ်စွဲထားသည်မှာ ခရစ္စတင်းသည် ခင်ပွန်းဖြစ်သူ၏ အိမ်ခြံမြေများမှ ဝင်ငွေများဖြင့် ခင်ပွန်းဖြစ်သူမသိဘဲ လော့စ်အိန်ဂျလိမှ ရှေ့နေတစ်ဦးကို ဒေါ်လာ ၂၅၀၀၀ ပေးခဲ့ကြောင်းလည်း စွပ်စွဲထားသည်။
ကွာရှင်းပြတ်စဲမှုလျှောက်ထားစဉ်က ခရစ္စတင်းသည် သူ၏ရှေ့နေ Susan Wiesner ကို ဝန်ထမ်းတစ်ဦး၏ ခရက်ဒစ်ကတ်ဖြင့် ငွေများပေးခဲ့ကြောင်း ထိုကတ်မှာ နေအိမ်အတွက် လိုအပ်သည်များ သုံးစွဲရန် ထုတ်ပေးထားသည့်ကတ်ဖြစ်ကြောင်းလည်း ကီဗင်ကော့စ်နာက စွပ်စွဲထားသည်။
(ဆက်စပ်သတင်းများ)
ကီဗင်ကော့စနာ၏ ဇနီးက ခင်ပွန်းနှင့် ကွာရှင်းရန် လျှောက်ထားခဲ့ပြီးနောက် ကယ်လီဖိုးနီးယားရှိ ဒေါ်လာ ၁၄၅ သန်းတန် စံအိမ်မှ ထွက်ခွာပေးရန် ငြင်းဆိုကာ ဆက်လက်နေထိုင်
https://www.imyanmarhouse.com/news/read/1072695
ကွာရှင်းထားသော ဇနီးဖြစ်သူက ဒေါ်လာ ၁၄၅ သန်းတန် အိမ်ပေါ်မှ ဆင်းမပေး၊ ကီဗင်ကော့စနာ ဘယ်မှာနေမလဲ
https://www.imyanmarhouse.com/news/read/1073398
ကီဗင်ကော့စနာနှင့် ကွာရှင်းထားသော ဇနီးက အိမ်ပေါ်မှ ဆင်းရန် ပြင်ဆင်ရာ အိုးခွက်ပန်းကန်များနှင့် ရုပ်မြင်သံကြားစက်များ မည်သူပိုင်ဆိုင်သည်ဆိုခြင်းနှင့် စပ်လျဉ်းပြီး အငြင်းပွား
https://www.imyanmarhouse.com/news/read/1076914
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: 'A temporsry solution': Kevin Costner's estranged wife moves into staff quarters after vacating family home (celebretainment)
[Zawgyi]
(ဆက်စပ်သတင်းများ)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service