မိုးနေ့များအစပြုပြီမို့ ချစ်စရာအိမ်ကလေးအသွင် ကူးပြောင်းကြစို့...

မိုးနေ့များအစပြုပြီမို့ ချစ်စရာအိမ်ကလေးအသွင် ကူးပြောင်းကြစို့... - Property Knowledge in Myanmar from iMyanmarHouse.com
11 Jun 2023 2:01 pm တွင် တင်ခဲ့သည်
927 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

တဖွဲဖွဲကျဆင်းနေတဲ့ မိုးရေစက်တွေကြား ယူတို့ရဲ့အိမ်အပြန်လမ်းလေးဟာ စိတ်ညစ်ညူးစရာဖြစ်နေခဲ့မယ်ဆို ကွန်းခိုအနားယူရမယ့်အိမ်ငယ်လေးကတော့ စိတ်ချမ်းသာဖွယ်နိဗ္ဗာန်ဘုံလေးဖြစ်နေဖို့လိုအပ်ပါတယ်။ ချစ်သူတစ်ဝက် မုန်းသူတစ်ဝက် မိုးရာသီဥတုကတော့ မှိုင်းပြပြ ရာသီဥတုကို အစပြုလို့ ချင်းနင်းဝင်ရောက်လာခဲ့ပါပြီ.... မိုးနေ့များမှာ ကိုယ့်ရဲ့အိမ်ကလေးကို မိုးရာသီခံစားချက်ကလေးအတိုင်းသစ်လွင်စေဖို့ ဘယ်လိုမျိုးပြင်ဆင်ရမလဲ...အလွမ်းအဆွေးမုဒ်လေးနဲ့ စိမ်းစိုနေတဲ့ မိုးရာသီအိမ်လေးကို ပြင်ဆင်ကြည့်လိုက်ရအောင်နော်....

 

 

ညိုးငယ်တဲ့ မိုးနေ့များမှာ အရောင်ကလေးများနဲ့ ပြောင်းလဲပါ...

 

 

အရောင်တွေက မိမိရဲ့စိတ်ခံစားမှုကို ပြောင်းလဲပစ်နိုင်တဲ့စွမ်းအားရှိတယ်ဆိုရင် သင်ယုံမလား။ ညိုးငယ်နေတဲ့ မိုးနေ့အိမ်ပြန်လမ်းမှာ အိမ်တံခါးကိုတွန်းဖွင့်လိုက်တာနဲ့ စိတ်တက်ကြွမှုအပြည့်ရရှိဖို့ အိမ်တွင်းပြင်ဆင်မှုကို အရောင်တွေနဲ့စတင်လိုက်ပါ။ စိတ်တက်ကြွမှုကို တွန်းအားပေးမယ့်အရောင်ရင့်ရင့်လေးတွေပေါ့။ အိမ်နံရံ၊ ကူရှင်၊ လိုက်ကာ၊ ကြမ်းခင်း အစရှိတာတွေကို အနီ၊ အဝါ၊ အပြာ၊ ပန်းရင့်၊ ပန်းနု၊ ခရမ်းတို့လို့ စိတ်တက်ကြွမှုဖြစ်စေတဲ့အရောင်လေးတွေ အသုံးပြုလိုက်ပါ။ ဧည့်ခန်းမှာဖြစ်ဖြစ်၊ အိပ်ခန်းမှာဖြစ်ဖြစ် တအိမ်လုံးမှာဖြစ်ဖြစ်ပေါ့။

 

 

 

လေကောင်းလေသန့်ဝင်ဖို့ရာ လိုက်ကာ....

 

 

 

အမြဲတစေ အုံ့မှိုင်းနေတဲ့မိုးရာသီဥတုထဲ လိုက်ကာအထူကြီးတွေနဲ့ ပိတ်ပိန်းအောင်ကာဆီးထားခြင်းက သင့်ကို စမတ် မဖြစ်စေနိုင်ပါဘူး။ ပါးလျလျ လိုက်ကာလေးတွေ အရောင်ဖျော့ဖျော့ လေးတွေနဲ့ ပြတင်းပေါက်ကို ကာရံထားလိုက်ပါ။ ချည်သား၊ ဇာကဲ့သို့ ပါးတဲ့အသားတွေကို အသုံးပြုနိုင်ပါတယ်။ ဒါမှသာ အပြင်ဘက်က သဘာဝအလင်းရောင်နဲ့လေဟာ ကိုယ့်အိမ်ထဲကို တိုးဝင်နိုင်မှာပါ။

 

 

 

ကော်ဖီခွက်လေးလက်မှာကိုင် အချစ်ကလေးအကြောင်း တွေးရအောင်...

 

မိုးပေါက်လေးတွေအသံကြားတာနဲ့သူနဲ့ပျော်ဖူးခဲ့တဲ့ မိုးနေ့များကို သတိရလာမိတယ်ဟုတ်....ပိုပြီး Feel ဖို့အတွက် ပြတင်းပေါက် ဘောင်မှာ ထိုင်ခုံလေးတပ်ထားလိုက်ပါ။ ကော်ဖီခွက်လေးနဲ့ စာအုပ်လေးကို ဘေးမှာချ မိုးရာသီရဲ့အရသာအစစ်ကို ခံစားကြည့်လိုက်ပါနော်။

 

 

 

မိုးတွင်းမှာလဲ အစိမ်းရောင်ကုသမှု လိုအပ်ပါတယ်

 

 

အစိမ်းရောင်ကုသမှုဆိုတာကတော့ ကိုယ့်ရဲ့အိမ်အတွင်းပိုင်းကို စိမ်းစိုစိုအပင်လေးများနဲ့အလှဆင်တာပါပဲ။ အပြင်ဘက်မှာစိမ်းစိုနေတဲ့ ရာသီဥတုလေးဖြစ်နေပေမယ့်လို့ အိမ်တွင်းအောက်စီဂျင်တိုးပွားအောင် အိမ်တွင်းအပင်လေးတွေစိုက်ပျိုးပေးသင့်ပါတယ်။ အခန်းတွင်းအောက်စီဂျင်ထုတ်ပေးမှုအမြင့်ဆုံးအိမ်တွင်းအပင်လေးများကတော့ အိမ်တွင်းစိုက်ရွက်လှပန်းမျိုးစိတ်များနဲ့ White Lily ၊ ရှားဇောင်း၊ Lady Palm အစရှိတဲ့ အပင်လေးများပဲဖြစ်ပါတယ်။

ကဲ ... မိုးရာသီအတွင်း လန်းဆန်းတက်ကြွမှုအပြည့်နဲ့ မိုးနေ့များကို ဖြတ်သန်းနိုင်ဖို့ အခုပဲ အိမ်တွင်းအပြင်အဆင်လေးများကိုပြောင်းလဲလိုက်ပါတော့နော်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 

 


 


 



 



 



 




 




 



 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service