ဗီယက်နမ်နိုင်ငံမှ ထူးဆန်းသောကျေးရွာများ

ဗီယက်နမ်နိုင်ငံမှ ထူးဆန်းသောကျေးရွာများ - Property News in Myanmar from iMyanmarHouse.com
3 Jun 2023 12:00 pm တွင် တင်ခဲ့သည်
2410 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အကယ်၍ သင်သည် ကမ္ဘာပေါ်ရှိ ထူးဆန်းသောအရာများအကြောင်း ဖတ်ရှုရခြင်းကို နှစ်သက်သူဆိုပါက ဗီယက်နမ်ရှိ ထူးဆန်းသော ရွာများအကြောင်း ဖော်ပြမည့် ဤဆောင်းပါးကို နှစ်သက်မည်မှာ သေချာပါသည်။

 

၁။ အံ့ဖွယ်ဖရဲသီးကြီးများ သီးသော ချိုင်ထရက်( Chanh Trach ) ကျေးရွာ

 

 

 

ဗီယက်နမ်နိုင်ငံ ၊ Binh Dinh ပြည်နယ် ၊ ချိုင်ထရက်ကျေးရွာသည် အံ့ဖွယ်ဖရဲသီးကြီးများ သီးရာမြေအဖြစ် နာမည်ကြီးခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ထိုရွာရှိ နေအိမ်အများစုတွင် ကြီးမားသည့် ဖရဲသီးကြီးများ အပြွတ်အသိပ်သီးနေသည့် ဖရဲစင်များ များစွာရှိသည်။

ကမ္ဘာ့နေရာအနှံအပြားတွင် တွေ့ရလေ့ရှိသော ပုံမှန်ဖရဲသီးတစ်လုံး၏ အလေးချိန်မှာ ၇ မှ ၁၀ ကီလိုဂရမ်ကြား (၄ ပိဿာမှ ၆ ပိဿာ) သာရှိသော်လည်း ချိုင်ထရက်ရွာမှ ဖရဲသီးများမှာ အနည်းဆုံး ၄၀ မှ ၅၀ ကီလိုဂရမ်ကြား (၂၄ ပိဿာမှ ပိဿာ ၃၀) ရှိသည်။

ချိုင်ထရက်ရွာမှ ဖရဲသီးများမှာ အဘယ်ကြောင့် အံ့ဖွယ်ကြီးမားရသည်ကို မည်သူမျှ ရှင်းမပြနိုင်ချေ။

 

၂။ ရွာသုံးကိုယ်ပိုင်စကားရှိသော ဒါချက် (Da Chat) ကျေးရွာ

 

 

ဗီယက်နမ်၏ မြို့တော် ၊ ဟနွိုင်းမြို့လယ်မှ ၄၀ ကီလိုမီတာခန့်အကွာတွင် တစ်ရွာတည်းသီးသန့်သုံး ကိုယ်ပိုင်ဘာသာစကားရှိသည့် ဒါချက်အမည်ရှိ ထူးဆန်းသော ရွာတစ်ရွာရှိသည်။

ဗီယက်နမ်နိုင်ငံသားဖြစ်သည့်တိုင် ထိုရွာသားမဟုတ်ပါက စကားပြန်မရှိဘဲ နားမလည်နိုင်ချေ။

ထိုရွာကလေးတွင် စက်ပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းများကို ရှေးနှစ်ပေါင်းများစွာကတည်းက လုပ်ကိုင်ခဲ့ကြရာ လုပ်ငန်းလျှို့ဝှက်ချက်များ ထိန်းသိမ်းထားရန်အတွက် သီးသန့်ဘာသာစကားတစ်ခု တီထွင်ခဲ့ကြပြီး အဆိုပါ ဘာသာစကားကို မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းခဲ့ကြသည်။

 

 

 

၃။ လူဝင်စားကျေးရွာ

 

 

ဗီယက်နမ်နိုင်ငံ ၊ Hoa Binh ပြည်နယ် ၊ Mai Chau ခရိုင် ၊ Chieng Chau ကျေးရွာတွင် မကြာသေးမီ ဆယ်စုနှစ်များအတွင်း လူဝင်စားဖြစ်ရပ်များစွာ ပေါ်ပေါက်ခဲ့ကြောင်း သတင်းမီဒီယာတို့က ဖော်ပြသည်။

လူဝင်စားမှု ဖြစ်ရပ်အားလုံးတွင် ကလေးငယ်များသည် အသက် ၃ ၊ ၄ နှစ်အရွယ်အထိ သာမန်ကလေးများသာ ဖြစ်ကြသော်လည်း ထိုအရွယ်ကျော်သည်နှင့် ထိုကလေးတို့က ၎င်းတို့သည် ရွာမှ ကီလိုမီတာပေါင်းများစွာ ဝေးကွာသော ဒေသတစ်ခုရှိ မိသားစုတစ်ခုမှ သား (သို့မဟုတ်) သမီးများ ဖြစ်သည်ဟု ပြောလာကြသည်။

၎င်းတို့သည် ယခင်က ထိုမိသားစုများအကြောင်း ကြားပင်မကြားဖူးခဲ့ကြချေ။

 

 

၄။ အမြွှာကျေးရွာ

 

 

ဗီယက်နမ်နိုင်ငံ ၊ Hung Hiep ရွာတွင် အမြွှာကလေးအတွဲပေါင်း ၁၀၀ နီးပါးရှိပြီး အသက်အကြီးဆုံးအမြွှာမှာ အသက် ၆၀ ကျော်ပြီဖြစ်ကာ အသက်အငယ်ဆုံးအမြွှာများမှာ ၂ နှစ် ၊ ၃ နှစ်အရွယ်သာ ရှိကြသေးသည်။

Hung Hiep ရွာကို ဗီယက်နမ်တွင် အမြွှာရွာဟု ခေါ်ကြသည်။

 

၅။ အရူးရွာ

 

 

ဗီယက်နမ်နိုင်ငံ ၊ Thua Thien ပြည်နယ် ၊ Phu Loc ခရိုင် ၊ Phu Gia ရွာတွင် စိတ်ဝေဒနာခံစားရသူ အလွန်များပြားပြီး လူဦးရေ၏ ၁၀ ရာခိုင်နှုန်းကျော်ရှိသည်။

သုတေသနအဖွဲ့များသာ ရွာကလေးသို့ လာရောက်လေ့လာခဲ့ကြသော်လည်း ဆန်းကြယ်သော ဖြစ်ရပ်၏ အခြေခံအကြောင်းအရင်းကို မရှာဖွေနိုင်ကြချေ။

ရွာကလေးကို အခြားနေရာသို့ ပြောင်းရွှေ့ရန် အကြံပြုမှုများရှိသော်လည်း ရွာသားတို့က သဘောမတူကြ။

 

၆။ တံခါးမရှိသော ရွာ

 

 

 

ဗီယက်နမ်မှ Xom Mui အမည်ရှိ ရွာကလေး၏ နေအိမ်များအနက် ၈၀ ရာခိုင်နှုန်းကျော်တွင် တံခါးများ မရှိချေ။

ထိုရွာကလေးတွင် ခိုးခြင်း ၊ ဝှက်ခြင်းများ တစ်ကြိမ်မှ မဖြစ်ခဲ့ဖူးသည်မှာလည်း ဆန်းကြယ်လှသည်။

ရွာသားတို့က ပြောသည်မှာ တောဆန်ခြင်းနှင့် ရက်ရောခြင်းတို့ကြောင့် အိမ်တံခါးများ မထားခြင်းဖြစ်ကြောင်း ပြောသည်။

ထို့အပြင် ရွာကလေးသည် အခြားဒေသများနှင့် ဝေးလံခေါင်သီလှပြီး ရွာသို့ဝင်ရန် တစ်လမ်းထဲသာ ရှိသောကြောင့် သူခိုးများ မလာရဲကြ။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Most unusual villages in Vietnam (vietnamvisa)

 

 

 

 

[Zawgyi]

 

ဗီယက္နမ္ႏိုင္ငံမွ ထူးဆန္းေသာေက်းရြာမ်ား

 

အကယ္၍ သင္သည္ ကမၻာေပၚရွိ ထူးဆန္းေသာအရာမ်ားအေၾကာင္း ဖတ္ရႈရျခင္းကို ႏွစ္သက္သူဆိုပါက ဗီယက္နမ္ရွိ ထူးဆန္းေသာ ရြာမ်ားအေၾကာင္း ေဖာ္ျပမည့္ ဤေဆာင္းပါးကို ႏွစ္သက္မည္မွာ ေသခ်ာပါသည္။

၁။ အံ့ဖြယ္ဖရဲသီးၾကီးမ်ား သီးေသာ ခ်ိဳင္ထရက္( Chanh Trach ) ေက်းရြာ

ဗီယက္နမ္ႏိုင္ငံ ၊ Binh Dinh ျပည္နယ္ ၊ ခ်ိဳင္ထရက္ေက်းရြာသည္ အံ့ဖြယ္ဖရဲသီးၾကီးမ်ား သီးရာေျမအျဖစ္ နာမည္ၾကီးခဲ့သည္မွာ ၾကာျမင့္ခဲ့ျပီ ျဖစ္သည္။

ထိုရြာရွိ ေနအိမ္အမ်ားစုတြင္ ၾကီးမားသည့္ ဖရဲသီးၾကီးမ်ား အျပြတ္အသိပ္သီးေနသည့္ ဖရဲစင္မ်ား မ်ားစြာရွိသည္။

ကမၻာ့ေနရာအႏွံအျပားတြင္ ေတြ႔ရေလ့ရွိေသာ ပံုမွန္ဖရဲသီးတစ္လံုး၏ အေလးခ်ိန္မွာ ၇ မွ ၁၀ ကီလိုဂရမ္ၾကား (၄ ပိႆာမွ ၆ ပိႆာ) သာရွိေသာ္လည္း ခ်ဳိင္ထရက္ရြာမွ ဖရဲသီးမ်ားမွာ အနည္းဆံုး ၄၀ မွ ၅၀ ကီလိုဂရမ္ၾကား (၂၄ ပိႆာမွ ပိႆာ ၃၀) ရွိသည္။

ခ်ဳိင္ထရက္ရြာမွ ဖရဲသီးမ်ားမွာ အဘယ္ေၾကာင့္ အ့ံဖြယ္ၾကီးမားရသည္ကုိ မည္သူမွ် ရွင္းမျပႏုိင္ေခ်။

 

၂။ ရြာသံုးကိုယ္ပိုင္စကားရွိေသာ ဒါခ်က္ (Da Chat) ေက်းရြာ

ဗီယက္နမ္၏ ျမဳိ႕ေတာ္ ၊ ဟႏြဳိင္းျမဳိ႕လယ္မွ ၄၀ ကီလုိမီတာခန္႔အကြာတြင္ တစ္ရြာတည္းသီးသန္႔သံုး ကိုယ္ပိုင္ဘာသာစကားရွိသည့္ ဒါခ်က္အမည္ရွိ ထူးဆန္းေသာ ရြာတစ္ရြာရွိသည္။

ဗီယက္နမ္ႏိုင္ငံသားျဖစ္သည့္တိုင္ ထုိရြာသားမဟုတ္ပါက စကားျပန္မရွိဘဲ နားမလည္ႏိုင္ေခ်။

ထိုရြာကေလးတြင္ စက္ပစၥည္းမ်ားထုတ္လုပ္သည့္ လုပ္ငန္းမ်ားကို ေရွးႏွစ္ေပါင္းမ်ားစြာကတည္းက လုပ္ကုိင္ခဲ့ၾကရာ လုပ္ငန္းလွ်ိဳ႕ဝွက္ခ်က္မ်ား ထိန္းသိမ္းထားရန္အတြက္ သီးသန္႔ဘာသာစကားတစ္ခု တီထြင္ခဲ့ၾကျပီး အဆိုပါ ဘာသာစကားကို မ်ဳိးရုိးစဥ္ဆက္ လက္ဆင့္ကမ္းခဲ့ၾကသည္။

 

၃။ လူဝင္စားေက်းရြာ

ဗီယက္နမ္ႏိုင္ငံ ၊ Hoa Binh ျပည္နယ္ ၊ Mai Chau ခရိုင္ ၊ Chieng Chau ေက်းရြာတြင္ မၾကာေသးမီ ဆယ္စုႏွစ္မ်ားအတြင္း လူဝင္စားျဖစ္ရပ္မ်ားစြာ ေပၚေပါက္ခဲ့ေၾကာင္း သတင္းမီဒီယာတို႔က ေဖာ္ျပသည္။

လူဝင္စားမႈ ျဖစ္ရပ္အားလံုးတြင္ ကေလးငယ္မ်ားသည္ အသက္ ၃ ၊ ၄ ႏွစ္အရြယ္အထိ သာမန္ကေလးမ်ားသာ ျဖစ္ၾကေသာ္လည္း ထိုအရြယ္ေက်ာ္သည္ႏွင့္ ထိုကေလးတုိ႔က ၎တို႔သည္ ရြာမွ ကီလိုမီတာေပါင္းမ်ားစြာ ေဝးကြာေသာ ေဒသတစ္ခုရွိ မိသားစုတစ္ခုမွ သား (သို႔မဟုတ္) သမီးမ်ား ျဖစ္သည္ဟု ေျပာလာၾကသည္။

၎တို႔သည္ ယခင္က ထိုမိသားစုမ်ားအေၾကာင္း ၾကားပင္မၾကားဖူးခဲ့ၾကေခ်။

 

၄။ အျမႊာေက်းရြာ

ဗီယက္နမ္ႏိုင္ငံ ၊ Hung Hiep ရြာတြင္ အျမႊာကေလးအတြဲေပါင္း ၁၀၀ နီးပါးရွိျပီး အသက္အၾကီးဆံုးအျမႊာမွာ အသက္ ၆၀ ေက်ာ္ျပီျဖစ္ကာ အသက္အငယ္ဆံုးအျမႊာမ်ားမွာ ၂ ႏွစ္ ၊ ၃ ႏွစ္အရြယ္သာ ရွိၾကေသးသည္။

Hung Hiep ရြာကို ဗီယက္နမ္တြင္ အျမႊာရြာဟု ေခၚၾကသည္။

 

၅။ အရူးရြာ

ဗီယက္နမ္ႏိုင္ငံ ၊ Thua Thien ျပည္နယ္ ၊ Phu Loc ခရိုင္ ၊ Phu Gia ရြာတြင္ စိတ္ေဝဒနာခံစားရသူ အလြန္မ်ားျပားျပီး လူဦးေရ၏ ၁၀ ရာခုိင္ႏႈန္းေက်ာ္ရွိသည္။

သုေတသနအဖြဲ႔မ်ားသာ ရြာကေလးသို႔ လာေရာက္ေလ့လာခဲ့ၾကေသာ္လည္း ဆန္းၾကယ္ေသာ ျဖစ္ရပ္၏ အေျခခံအေၾကာင္းအရင္းကို မရွာေဖြႏိုင္ၾကေခ်။

ရြာကေလးကို အျခားေနရာသို႔ ေျပာင္းေရႊ႕ရန္ အၾကံျပဳမႈမ်ားရွိေသာ္လည္း ရြာသားတို႔က သေဘာမတူၾက။

 

၆။ တံခါးမရွိေသာ ရြာ

ဗီယက္နမ္မွ Xom Mui အမည္ရွိ ရြာကေလး၏ ေနအိမ္မ်ားအနက္ ၈၀ ရာခုိင္ႏႈန္းေက်ာ္တြင္ တံခါးမ်ား မရွိေခ်။

ထိုရြာကေလးတြင္ ခိုးျခင္း ၊ ဝွက္ျခင္းမ်ား တစ္ၾကိမ္မွ မျဖစ္ခဲ့ဖူးသည္မွာလည္း ဆန္းၾကယ္လွသည္။

ရြာသားတို႔က ေျပာသည္မွာ ေတာဆန္ျခင္းႏွင့္ ရက္ေရာျခင္းတို႔ေၾကာင့္ အိမ္တံခါးမ်ား မထားျခင္းျဖစ္ေၾကာင္း ေျပာသည္။

ထုိ႔အျပင္ ရြာကေလးသည္ အျခားေဒသမ်ားႏွင့္ ေဝးလံေခါင္သီလွျပီး ရြာသို႔ဝင္ရန္ တစ္လမ္းထဲသာ ရွိေသာေၾကာင့္ သူခုိးမ်ား မလာရဲၾက။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Most unusual villages in Vietnam (vietnamvisa)

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service