မျောက်ခေါင်းခြောက် ၊ ဆင်မြီးလက်ကောက်မှသည် ပုတ်သင်ညိုအမှုန့်ဖြင့် ပြုလုပ်ထားသော ပီယဆေးအထိ ရနိုင်သော ကမ္ဘာ့အကြီးမားဆုံး စုန်းဈေးကြီး

မျောက်ခေါင်းခြောက် ၊ ဆင်မြီးလက်ကောက်မှသည် ပုတ်သင်ညိုအမှုန့်ဖြင့် ပြုလုပ်ထားသော ပီယဆေးအထိ ရနိုင်သော ကမ္ဘာ့အကြီးမားဆုံး စုန်းဈေးကြီး - Property News in Myanmar from iMyanmarHouse.com
25 May 2023 10:59 am တွင် တင်ခဲ့သည်
1846 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

တိုဂိုနိုင်ငံ၏ မြို့တော် Lome တွင် Marche des Feticheurs အမည်ရှိ ဈေးကြီးတစ်ခုရှိပြီး ကမ္ဘာ့အကြီးမားဆုံး အောက်လမ်းပစ္စည်းများ ရောင်းချသည့် ဈေးကြီးတစ်ခုဖြစ်သည်ဟု ယူဆရသည်။

ထိုဈေးအတွင်း ရောင်းချသည့်ပစ္စည်းများတွင် မျောက်ခေါင်းခြောက်များ ၊ စပါးကြီးမြွေအရေခွံများ ၊ အာဖရိကတွင် ခေတ်စားသော ဟိုင်အီနားဟု ခေါ်သည့် အသားစားခွေးခေါင်းခြောက်များ ၊ ဆင်မြီးခြောက်များ ၊ သိမ်းငှက်အရှင်များ ၊ တောဆိတ်ခေါင်းများ ၊ ငှက်သေကောင်များ ၊ မိချောင်းပေါက်များ အပါအဝင်ဖြစ်သည်။

အာဖရိကအနောက်ပိုင်းတွင် ရှိသော ကမ္ဘာ့အကြီးဆုံး အောက်လမ်းဈေးကြီးတွင် Chanel No.5 ရေမွှေးထည့်သွင်းကာ ဖော်စပ်ထားသော ပုတ်သင်ညိုအမှုန့်ဖြင့် ပြုလုပ်ထားသည့် ပီယဆေးလည်း ဝယ်ယူရရှိနိုင်သည်။

ဆေးဝါးကုသမှုအနေဖြင့် ရောင်းချကြသော ပစ္စည်းများသည် မျောက်ခေါင်းများမှာ အာရုံကြောများ လန်းဆန်းစေသည်ဟု ယူဆကြသည်။

စပါးကြီးမြွေ အရေခွံမှာ မီးလောင်ဒဏ်ရာများ ပျောက်ကင်းစေနိုင်ကြောင်း ယုံကြည်ကြသည်။

 

 

(တိုဂို၏ မြို့တော်တွင် ရှိသော ကမ္ဘာ့အကြီးဆုံး စုန်းဈေးကြီးတွင် တရိစ္ဆာန် အသေကောင်များ၏ ခန္ဓာကိုယ်အစိတ်အပိုင်း အမျိုးမျိုးကို ထောင်နှင့်ချီကာ ခင်းကျင်းရောင်းချသည်။)

 

(ဤဈေးကြီးတွင် ရောင်းချရန် ခင်းကျင်းထားသည့် မျောက်ခေါင်းခြောက်များ )

(ဗူးဒူးပညာရပ်ကို ယုံကြည်သူတို့က သဘာဝတရားကြီးသည် ရေ ၊ မြေ ၊ လေ ၊ မီးဟူသော အရာများမှ ဆင်းသက်လာကြောင်း ယုံကြည်ရသည်။)

 

(ကမ္ဘာ့အကြီးဆုံး အောက်လမ်းဈေးကြီးတွင် တောဆိတ်ခေါင်းများ ၊ လိပ်ခွံများနှင့် ကျွဲချိုများကို တောင်ပုံယာပုံ တွေ့ရစဉ်။)

 

(ဗူးဒူးပညာသည် အနောက်အာဖရိကတွင် အခြေတည်ပြီး တိုဂိုနှင့် အိမ်နီးချင်း ဘီနင်းနိုင်ငံများတွင် ကျော်ကြားသည်။)

 

ကမ္ဘာ့အကြီးဆုံး အောက်လမ်းဈေးကြီးသို့ ရောက်ရှိခဲ့ကာ ယခုဓာတ်ပုံများကို ရိုက်ခဲ့သည့် ဓာတ်ပုံဆရာမ Emanuela Grieco က ပြောသည်မှာ “Lome မြို့က ဗူးဒူးဈေးမှာ အကုန်ရတယ်”ဟု ပြောသည်။

 

(ဆေးဝါးသုံးအဖြစ် အသုံးပြုသော မျောက်ခေါင်းခြောက်များ ၊ စပါးကြီးမြွေရေခွံများအပြင် အာဖရိက တောခွေးခေါင်းပုံများ ၊ ဆင်မြီးများနှင့် သိမ်းငှက်အရှင်များလည်း ရသည်။)

 

(ကမ္ဘာလှည့်တစ်ဦး ဈေးဝယ်နေပုံ။)

 

(မိချောင်းခေါင်းတစ်ခု ကိုင်ထားသူတစ်ဦး။)

 

(ဤအောက်လမ်းဈေးတွင် တရိ စ္ဆာန် အမျိုးမျိုး၏ ဦးခေါင်းခြောက်များ ၊ ခေါင်းခွံများနှင့် ချိုများ ရောင်းချသည်။)

 

(ဤဓာတ်ပုံများကို Emanuela Grieco အမည်ရှိ မိန်းကလေး တိုဂိုနိုင်ငံသို့ အလည်အပတ်သွားစဉ် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။)

 

(Emanuela Grieco က ပြောသည်မှာ ဤဈေးအတွင်း နွားခေါင်းများ ၊ မြင်းမြီးများအပြင် ကြောင်သေခေါင်းများ ၊ မြွေဟောက်များနှင့် တောဆိတ်ခေါင်းများလည်း တွေ့ရနိုင်ကြောင်းလည်း ပြောသည်။)

 

(ကမ္ဘာ့အကြီးမားဆုံး အောက်လမ်းဈေးကြီး၏ တစ်နေရာ)

 

(Marche des Feticheurs ဈေးကြီး၏ တစ်နေရာ)

 

(Marche des Feticheurs ဈေးထဲတွင် သစ်ကိုထွင်းထုထားသော အမျိုးသားရုပ်တုများကိုလည်း တွေ့ရသည်။)

 

(ဈေးသည်တစ်ဦးကို တောဆိတ်ချိုများနှင့် တွေ့ရပုံ။)

 

(ကျားသစ်ခေါင်းခြောက်တစ်ခု။)

 

(ဆိုင်ရှင်တစ်ဦးကို လိပ်အရှင်ကောင်တစ်ကောင်နှင့် တွေ့ရပုံ။)

 

(ဆင်ပေါင်ရိုးတစ်ခု ကိုင်မြှောက်ထားသော ဈေးသည်တစ်ဦး။)

 

(ဝေလငါးရိုး သယ်လာသော လူငယ်တစ်ဦး။)

 

(ဝေလငါးရိုးမှာ ခွန်အားရှိစေသည်ဟု ယုံကြည်ကြသည်။)

 

(တောင်ဆိတ်ခေါင်းခွံတစ်ခု။)

 

(စပါးကြီးမြွေရေခွံခြုံထားသော လူငယ်တစ်ဦး။)

 

(မျောက်ခြေထောက်တစ်ခု ကိုင်ထားသော ကလေးငယ်တစ်ဦး။)

 

(အသားစားတောခွေး ခေါင်းခြောက်များကို ပေါင် ၂၀၀ ခန့်ဖြင့် ဝယ်ယူနိုင်သည်။)

 

(အာဖရိက မျောက်ခေါင်းခြောက်များ ကိုင်ထားသော ကလေးငယ်တစ်ဦး။)

(သိမ်းငှက်အရှင်တစ်ကောင် ကိုင်ထားသော အမျိုးသားတစ်ဦး။ သိမ်းငှက်ဖြင့် ဂါထာတစ်ခုရွတ်ကာ ကျိန်စာများ ပျယ်လွင့်အောင် လုပ်ဆောင်နိုင်ကြောင်း ယုံကြည်ကြသည်။)

 

((ဆက်စပ်သတင်း))

ခွေးလျှာခြောက်မှုန့်၊ လားမား သန္ဓေသားနှင့် ဘိုလိဗီးယားနိုင်ငံမှ ထူးဆန်းသော စုန်းဈေး

https://www.imyanmarhouse.com/news/read/1045234

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Voodoo viagra: Inside the world's largest black magic market which sells monkey head aphrodisiacs and love potions made from chameleons ground up with Chanel No.5 (dailymail)

 

 

 

[Zawgyi]

ေမ်ာက္ေခါင္းေျခာက္ ၊ ဆင္ျမီးလက္ေကာက္မွသည္ ပုတ္သင္ညိဳအမႈန္႔ျဖင့္ ျပဳလုပ္ထားေသာ ပီယေဆးအထိ ရႏိုင္ေသာ ကမၻာ့အၾကီးမားဆံုး စုန္းေစ်းၾကီး

 

တိုဂိုႏိုင္ငံ၏ ျမိဳ႕ေတာ္ Lome တြင္ Marche des Feticheurs အမည္ရွိ ေစ်းၾကီးတစ္ခုရွိျပီး ကမၻာ့အၾကီးမားဆံုး ေအာက္လမ္းပစၥည္းမ်ား ေရာင္းခ်သည့္ ေစ်းၾကီးတစ္ခုျဖစ္သည္ဟု ယူဆရသည္။

ထိုေစ်းအတြင္း ေရာင္းခ်သည့္ပစၥည္းမ်ားတြင္ ေမ်ာက္ေခါင္းေျခာက္မ်ား ၊ စပါးၾကီးေျမြအေရခြံမ်ား ၊ အာဖရိကတြင္ ေခတ္စားေသာ ဟိုင္အီနားဟု ေခၚသည့္ အသားစားေခြးေခါင္းေျခာက္မ်ား ၊ ဆင္ျမီးေျခာက္မ်ား ၊ သိမ္းငွက္အရွင္မ်ား ၊ ေတာဆိတ္ေခါင္းမ်ား ၊ ငွက္ေသေကာင္မ်ား ၊ မိေခ်ာင္းေပါက္မ်ား အပါအဝင္ျဖစ္သည္။

အာဖရိကအေနာက္ပိုင္းတြင္ ရွိေသာ ကမၻာ့အၾကီးဆံုး ေအာက္လမ္းေစ်းၾကီးတြင္ Chanel No.5 ေရေမႊးထည့္သြင္းကာ ေဖာ္စပ္ထားေသာ ပုတ္သင္ညိဳအမႈန္႔ျဖင့္ ျပဳလုပ္ထားသည့္ ပီယေဆးလည္း ဝယ္ယူရရွိႏိုင္သည္။

ေဆးဝါးကုသမႈအေနျဖင့္ ေရာင္းခ်ၾကေသာ ပစၥည္းမ်ားသည္ ေမ်ာက္ေခါင္းမ်ားမွာ အာရံုေၾကာမ်ား လန္းဆန္းေစသည္ဟု ယူဆၾကသည္။

စပါးၾကီးေျမြ အေရခြံမွာ မီးေလာင္ဒဏ္ရာမ်ား ေပ်ာက္ကင္းေစႏိုင္ေၾကာင္း ယံုၾကည္ၾကသည္။

(တိုဂို၏ ျမိဳ႕ေတာ္တြင္ ရွိေသာ ကမၻာ့အၾကီးဆံုး စုန္းေစ်းၾကီးတြင္ တိရ စၦာန္ အေသေကာင္မ်ား၏ ခႏၶာကိုယ္အစိတ္အပိုင္း အမ်ဳိးမ်ဳိးကို ေထာင္ႏွင့္ခ်ီကာ ခင္းက်င္းေရာင္းခ်သည္။)

(ဤေစ်းၾကီးတြင္ ေရာင္းခ်ရန္ ခင္းက်င္းထားသည့္ ေမ်ာက္ေခါင္းေျခာက္မ်ား )

(ဗူးဒူးပညာရပ္ကို ယံုၾကည္သူတို႔က သဘာဝတရားၾကီးသည္ ေရ ၊ ေျမ ၊ ေလ ၊ မီးဟူေသာ အရာမ်ားမွ ဆင္းသက္လာေၾကာင္း ယံုၾကည္ရသည္။) (ကမၻာ့အၾကီးဆံုး ေအာက္လမ္းေစ်းၾကီးတြင္ ေတာဆိတ္ေခါင္းမ်ား ၊ လိပ္ခြံမ်ားႏွင့္ ကၽြဲခ်ဳိမ်ားကို ေတာင္ပံုယာပံု ေတြ႔ရစဥ္။)

(ဗူးဒူးပညာသည္ အေနာက္အာဖရိကတြင္ အေျခတည္ျပီး တိုဂိုႏွင့္ အိမ္နီးခ်င္း ဘီနင္းႏိုင္ငံမ်ားတြင္ ေက်ာ္ၾကားသည္။)

ကမၻာ့အၾကီးဆံုး ေအာက္လမ္းေစ်းၾကီးသို႔ ေရာက္ရွိခဲ့ကာ ယခုဓာတ္ပုံမ်ားကို ရုိက္ခဲ့သည့္ ဓာတ္ပံုဆရာမ Emanuela Grieco က ေျပာသည္မွာ “Lome ျမိဳ႕က ဗူးဒူးေစ်းမွာ အကုန္ရတယ္”ဟု ေျပာသည္။

 

(ေဆးဝါးသံုးအျဖစ္ အသံုးျပဳေသာ ေမ်ာက္ေခါင္းေျခာက္မ်ား ၊ စပါးၾကီးေျမြေရခြံမ်ားအျပင္ အာဖရိက ေတာေခြးေခါင္းပံုမ်ား ၊ ဆင္ျမီးမ်ားႏွင့္ သိမ္းငွက္အရွင္မ်ားလည္း ရသည္။)

(ကမၻာလွည့္တစ္ဦး ေစ်းဝယ္ေနပံု။)

(မိေခ်ာင္းေခါင္းတစ္ခု ကိုင္ထားသူတစ္ဦး။)

(ဤေအာက္လမ္းေစ်းတြင္ တိရ စၦာန္အမ်ဳိးမ်ဳိး၏ ဦးေခါင္းေျခာက္မ်ား ၊ ေခါင္းခြံမ်ားႏွင့္ ခ်ဳိမ်ား ေရာင္းခ်သည္။)

(ဤဓာတ္ပုံမ်ားကို Emanuela Grieco အမည္ရွိ မိန္းကေလး တုိဂိုႏိုင္ငံသုိ႔ အလည္အပတ္သြားစဥ္ ရိုက္ကူးခဲ့ျခင္း ျဖစ္သည္။)

(Emanuela Grieco က ေျပာသည္မွာ ဤေဈးအတြင္း ႏြားေခါင္းမ်ား ၊ ျမင္းၿမီးမ်ားအျပင္ ေၾကာင္ေသေခါင္းမ်ား ၊ ေႁမြေဟာက္မ်ားႏွင့္ ေတာဆိတ္ေခါင္းမ်ားလည္း ေတြ႕ရႏိုင္ေၾကာင္းလည္း ေျပာသည္။)

(ကမၻာ့အၾကီးမားဆံုး ေအာက္လမ္းေစ်းၾကီး၏ တစ္ေနရာ)

(Marche des Feticheurs ေစ်းၾကီး၏ တစ္ေနရာ)

(Marche des Feticheurs ေစ်းထဲတြင္ သစ္ကိုထြင္းထုထားေသာ အမ်ဳိးသားရုပ္တုမ်ားကိုလည္း ေတြ႔ရသည္။)

(ေစ်းသည္တစ္ဦးကို ေတာဆိတ္ခ်ဳိမ်ားႏွင့္ ေတြ႔ရပံု။)

(က်ားသစ္ေခါင္းေျခာက္တစ္ခု။)

(ဆိုင္ရွင္တစ္ဦးကို လိပ္အရွင္ေကာင္တစ္ေကာင္ႏွင့္ ေတြ႔ရပံု။)

(ဆင္ေပါင္ရိုးတစ္ခု ကိုင္ေျမွာက္ထားေသာ ေစ်းသည္တစ္ဦး။)

(ေဝလငါးရိုး သယ္လာေသာ လူငယ္တစ္ဦး။)

(ေဝလငါးရိုးမွာ ခြန္အားရွိေစသည္ဟု ယံုၾကည္ၾကသည္။)

(ေတာင္ဆိတ္ေခါင္းခြံတစ္ခု။)

(စပါးၾကီးေျမြေရခြံျခံဳထားေသာ လူငယ္တစ္ဦး။)

(ေမ်ာက္ေျခေထာက္တစ္ခု ကိုင္ထားေသာ ကေလးငယ္တစ္ဦး။)

(အသားစားေတာေခြး ေခါင္းေျခာက္မ်ားကို ေပါင္ ၂၀၀ ခန္႔ျဖင့္ ဝယ္ယူႏိုင္သည္။)

(အာဖရိက ေမ်ာက္ေခါင္းေျခာက္မ်ား ကိုင္ထားေသာ ကေလးငယ္တစ္ဦး။)

(သိမ္းငွက္အရွင္တစ္ေကာင္ ကိုင္ထားေသာ အမ်ဳိးသားတစ္ဦး။ သိမ္းငွက္ျဖင့္ ဂါထာတစ္ခုရြတ္ကာ က်ိန္စာမ်ား ပ်ယ္လြင့္ေအာင္ လုပ္ေဆာင္ႏိုင္ေၾကာင္း ယံုၾကည္ၾကသည္။)

((ဆက္စပ္သတင္း))

ေခြးလွ်ာေျခာက္မႈန္႔၊ လားမား သေႏၶသားႏွင့္ ဘိုလိဗီးယားႏိုင္ငံမွ ထူးဆန္းေသာ စုန္းေစ်း

https://www.imyanmarhouse.com/news/read/1045234

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Voodoo viagra: Inside the world's largest black magic market which sells monkey head aphrodisiacs and love potions made from chameleons ground up with Chanel No.5 (dailymail)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service