အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်မှ အမျိုးသမီးတစ်ဦး အီတလီနိုင်ငံတွင် လူမနေသော အိမ် ၃ လုံးကို တစ်လုံးလျှင် ၁ ဒသမ ၁ ဒေါ်လာ (မြန်မာငွေ ၂၃၀၀ ကျပ်) ဖြင့် ဝယ်ယူခဲ့

အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်မှ အမျိုးသမီးတစ်ဦး အီတလီနိုင်ငံတွင် လူမနေသော အိမ် ၃ လုံးကို တစ်လုံးလျှင် ၁ ဒသမ ၁ ဒေါ်လာ (မြန်မာငွေ ၂၃၀၀ ကျပ်) ဖြင့် ဝယ်ယူခဲ့ - Property News in Myanmar from iMyanmarHouse.com
19 May 2023 9:53 am တွင် တင်ခဲ့သည်
1353 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အီတလီနိုင်ငံမှ ဈေးအလွန်သက်သာသော နေအိမ်များအကြောင်း ရူဘီရာ ဒဲနီယယ် (Rubia Daniels ) သိလိုက်ရချိန်တွင် ကိုယ်တိုင်လေ့လာကြည့်ရန် ဆုံးဖြတ်ခဲ့သည်။

“ကျွန်မ ကိုယ်တိုင်လေ့လာမှု လုပ်ခဲ့တယ်။ ပြီးတော့ ၃ ရက်အတွင်း လေယာဉ်လက်မှတ်ဝယ် ၊ ကားငှား ၊ ဟိုတယ်အခန်းကြိုငှားတာတွေ လုပ်ခဲ့ပြီး ထွက်ခွာခဲ့ပါတယ်”ဟု ဆန်ဖရန်စစ္စကိုမြို့တွင် နေထိုင်သူ ရူဘီရာက ပြောသည်။

အီတလီနိုင်ငံ ၊ စစ္စလီကျောင်းမှ Mussomeli မြို့ကလေးသို့ ၂၀၁၉ ခုနှစ် ၊ ဇူလိုင်လအတွင်း ၁၀ ရက်ကြာ သွားရောက်ခဲ့ပြီးနောက် ရူဘီရာသည် ပျက်စီးယိုယွင်းနေသော နေအိမ် ၃ လုံးကို တစ်လုံးလျှင် ၁ ယူရို (၁ ဒသမ ၁ ဒေါ်လာ) ဖြင့် ဝယ်ယူနိုင်ခဲ့သည်။

Mussomeli မြို့ကလေးမှ နေအိမ်များကို ၁ ယူရိုဖြင့် ရောင်းချပေးနေသည့် အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရူဘီရာအား နေအိမ် ၃ လုံးရောင်းချပေးခဲ့သည်မှာ မှန်ကန်ကြောင်း အတည်ပြုသည်။

 

 

(ရူဘီရာကို သူဝယ်ယူခဲ့သော နေအိမ်တစ်လုံးရှေ့တွင် တွေ့ရပုံ။ ဓာတ်ပုံ-Rubia Daniels)

ရူဘီရာသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်က ဘရာဇီးနိုင်ငံ ၊ Brasilia မြို့ ၊ ဆင်ခြေဖုံးမှ အမေရိကန်ပြည် ၊ ကယ်လီဖိုးနီးယားပြည်နယ်သို့ ပြောင်းရွှေ့အခြေချခဲ့သူဖြစ်သည်။

ရူဘီရာက ပြောသည်မှာ အီတလီမြို့ကလေးသည် ကလေးဘဝနေထိုင်ခဲ့သောအိမ်ကို အမှတ်ရစေကြောင်း ပြောသည်။

“အဲဒီကလူတွေက သိပ်ကို နွေးထွေးဖော်ရွေကြတယ်။ လူတိုင်းက ကျွန်မနဲ့အတူ ကော်ဖီသောက်ချင်ကြတယ်။ အိမ်ခြံမြေအကျိုးဆောင်တွေက ကျွန်မကို ညီမတစ်ယောက်လို ဆက်ဆံကြသည်။ ကျွန်မ အဲဒီမှာနေတုန်း နေ့တိုင်း ကျွန်မနဲ့အတူ ရှိကြတယ်။”

မြို့ကလေး၏ သမိုင်းကြောင်းနှင့် ဒေသခံများကို နှစ်သက်သဘောကျကြောင်း ၊ စွန့်ပစ်ခံနေအိမ်များ ပြန်လည်ထိန်းသိမ်းသည့် စိတ်ကူးကိုလည်း သဘောကျကြောင်း ရူဘီရာက ပြောသည်။

 

 

(ရူဘီရာ ဝယ်ယူလိုက်သောအိမ်များ၏ အမိုး မပြုပြင်မီနှင့် ပြုပြင်ပြီးပုံ။ ဓာတ်ပုံ-Rubia Daniels)

 

 

“ဒါက သဘာဝပတ်ဝန်းကျင်နှင့်ဆိုင်ပါတယ်။ ကျွန်မတို့အနေနဲ့ အဆောက်အအုံသစ်ဆောက်လုပ်တာတွေ ရပ်တန့်ပြီး ရှိပြီးသားတွေကို ပြန်လည်မွမ်းမံဖို့ လိုပါတယ်”ဟု ဆိုလာပြားလုပ်ငန်းလုပ်ကိုင်သူ ရူဘီရာက ပြောသည်။

ရူဘီရာက ပြောသည်မှာ ဝယ်ယူလိုက်သော နေအိမ်များအတွက် ရည်မှန်းချက်အသီးသီးရှိကြောင်း ပြောသည်။

“လောလောဆယ် ကျွန်မမွမ်းမံနေတဲ့ အိမ်ကို ပန်းချီပြခန်းလုပ်ပါမယ်။ တစ်လုံးမှာတော့ ကျွန်မနေမယ်။ နောက်ဆုံးတစ်လုံးကိုတော့ ဒီဒေသက လူတွေအတွက် ကျန်းမာရေးနဲ့ အားကစားစင်တာတစ်ခုအဖြစ် ပြောင်းလဲမယ်။”

 

(အစိမ်းရောင်တံခါးများပါသော ဤအဆောက်အအုံမှာ ရူဘီရာပိုင်ဆိုင်ထားသည့် တတိယမြောက်အိမ် ဖြစ်သည်။ ဓာတ်ပုံ-Rubia Daniels)

 

အသက် ၄၉ နှစ်အရွယ်ရှိ ရူဘီရာသည် အဆိုပါ အဆောက်အအုံများကို ၂၀၁၉ နှစ်ကုန်ပိုင်းမှ စတင်ကာ ပြုပြင်မွမ်းမံခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် လုပ်ငန်းများရပ်ဆိုင်းထားရသည်။

ရူဘီရာသည် ဆန်ဖရန်စစ္စကိုနှင့် အီတလီတို့တွင် တစ်လှည့်စီနေထိုင်ပြီး အီတလီသို့ ရောက်ပါက အနည်းဆုံးတစ်လခန့် နေထိုင်သည်။

လက်ရှိအချိန်အထိ အိမ် ၂ လုံး၏ အပြင်ပိုင်းများကို ပြုပြင်မွမ်းမံမှု ပြီးစီးခဲ့ပြီဖြစ်သော်လည်း တတိယ တစ်လုံးမှာမူ မပြုပြင်ရသေး။ အီတလီတွင် လူနေနည်းပါးလာသော မြို့ငယ်များကို ပြန်လည်စည်ကားလာစေရန် နေအိမ်များအား ၁ ယူရိုဖြင့် ရောင်းချပေးခြင်းအပြင် အခြားမက်လုံးပေး ဆွဲဆောင်မှုများလည်း ပြုလုပ်လာကြသည်။

(ဆက်စပ်သတင်းများ)

အီတလီနိုင်ငံတွင် လူမနေသော အိမ် ၁၀၀ ကို တစ်အိမ်လျှင် ၁ ဒေါ်လာဖြင့် ရောင်းမည်

https://www.imyanmarhouse.com/news/read/1036228

 

အီတလီနိုင်ငံ၊ Presicce မြို့လေးတွင် လာရောက်အခြေချနေထိုင်သူတိုင်းကို ဒေါ်လာ ၃၀၀၀၀ (မြန်မာငွေ သိန်း ၆၃၀) ပေးမည်

https://www.imyanmarhouse.com/news/read/1043302

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A California-based woman bought 3 abandoned houses in a Sicilian village for $3.30, cashing in on Italy's desperation to repopulate its fast-emptying ghost towns

 

 

 

 

[Zawgyi]

အေမရိကန္ျပည္ ကယ္လီဖိုးနီးယားျပည္နယ္မွ အမ်ဳိးသမီးတစ္ဦး အီတလီႏိုင္ငံတြင္ လူမေနေသာ အိမ္ ၃ လံုးကို တစ္လံုးလွ်င္ ၁ ဒသမ ၁ ေဒၚလာ (ျမန္မာေငြ ၂၃၀၀ က်ပ္) ျဖင့္ ဝယ္ယူခဲ့

 

အီတလီႏိုင္ငံမွ ေစ်းအလြန္သက္သာေသာ ေနအိမ္မ်ားအေၾကာင္း ရူဘီရာ ဒဲနီယယ္ (Rubia Daniels ) သိလိုက္ရခ်ိန္တြင္ ကိုယ္တိုင္ေလ့လာၾကည့္ရန္ ဆံုးျဖတ္ခဲ့သည္။

“ကၽြန္မ ကိုယ္တိုင္ေလ့လာမႈ လုပ္ခဲ့တယ္။ ျပီးေတာ့ ၃ ရက္အတြင္း ေလယာဥ္လက္မွတ္ဝယ္ ၊ ကားငွား ၊ ဟိုတယ္အခန္းၾကိဳငွားတာေတြ လုပ္ခဲ့ျပီး ထြက္ခြာခဲ့ပါတယ္”ဟု ဆန္ဖရန္စစၥကိုျမိဳ႕တြင္ ေနထိုင္သူ ရူဘီရာက ေျပာသည္။

အီတလီႏိုင္ငံ ၊ စစၥလီေက်ာင္းမွ Mussomeli ျမိဳ႕ကေလးသုိ႔ ၂၀၁၉ ခုႏွစ္ ၊ ဇူလိုင္လအတြင္း ၁၀ ရက္ၾကာ သြားေရာက္ခဲ့ျပီးေနာက္ ရူဘီရာသည္ ပ်က္စီးယိုယြင္းေနေသာ ေနအိမ္ ၃ လံုးကို တစ္လံုးလွ်င္ ၁ ယူရို (၁ ဒသမ ၁ ေဒၚလာ) ျဖင့္ ဝယ္ယူႏိုင္ခဲ့သည္။

Mussomeli ျမိဳ႕ကေလးမွ ေနအိမ္မ်ားကို ၁ ယူရိုျဖင့္ ေရာင္းခ်ေပးေနသည့္ အဖြဲ႔မွ တာဝန္ရွိသူတစ္ဦးက ရူဘီရာအား ေနအိမ္ ၃ လံုးေရာင္းခ်ေပးခဲ့သည္မွာ မွန္ကန္ေၾကာင္း အတည္ျပဳသည္။

(ရူဘီရာကို သူဝယ္ယူခဲ့ေသာ ေနအိမ္တစ္လံုးေရွ႕တြင္ ေတြ႔ရပံု။ ဓာတ္ပံု-Rubia Daniels)

ရူဘီရာသည္ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၃၀ ခန္႔က ဘရာဇီးႏိုင္ငံ ၊ Brasilia ျမိဳ႕ ၊ ဆင္ေျခဖံုးမွ အေမရိကန္ျပည္ ၊ ကယ္လီဖုိးနီးယားျပည္နယ္သို႔ ေျပာင္းေရႊ႕အေျခခ်ခဲ့သူျဖစ္သည္။

ရူဘီရာက ေျပာသည္မွာ အီတလီျမိဳ႕ကေလးသည္ ကေလးဘဝေနထိုင္ခဲ့ေသာအိမ္ကို အမွတ္ရေစေၾကာင္း ေျပာသည္။

“အဲဒီကလူေတြက သိပ္ကို ေႏြးေထြးေဖာ္ေရြၾကတယ္။ လူတုိင္းက ကၽြန္မနဲ႔အတူ ေကာ္ဖီေသာက္ခ်င္ၾကတယ္။ အိမ္ျခံေျမအက်ဳိးေဆာင္ေတြက ကၽြန္မကို ညီမတစ္ေယာက္လို ဆက္ဆံၾကသည္။ ကၽြန္မ အဲဒီမွာေနတုန္း ေန႔တုိင္း ကၽြန္မနဲ႔အတူ ရွိၾကတယ္။”

ျမိဳ႕ကေလး၏ သမိုင္းေၾကာင္းႏွင့္ ေဒသခံမ်ားကို ႏွစ္သက္သေဘာက်ေၾကာင္း ၊ စြန္႔ပစ္ခံေနအိမ္မ်ား ျပန္လည္ထိန္းသိမ္းသည့္ စိတ္ကူးကိုလည္း သေဘာက်ေၾကာင္း ရူဘီရာက ေျပာသည္။

(ရူဘီရာ ဝယ္ယူလိုက္ေသာအိမ္မ်ား၏ အမိုး မျပဳျပင္မီႏွင့္ ျပဳျပင္ျပီးပံု။ ဓာတ္ပံု-Rubia Daniels)

“ဒါက သဘာဝပတ္ဝန္းက်င္ႏွင့္ဆိုင္ပါတယ္။ ကၽြန္မတို႔အေနနဲ႔ အေဆာက္အအံုသစ္ ေဆာက္လုပ္တာေတြ ရပ္တန္႔ျပီး ရွိျပီးသားေတြကို ျပန္လည္မြမ္းမံဖို႔ လိုပါတယ္”ဟု ဆိုလာျပားလုပ္ငန္းလုပ္ကိုင္သူ ရူဘီရာက ေျပာသည္။

ရူဘီရာက ေျပာသည္မွာ ဝယ္ယူလိုက္ေသာ ေနအိမ္မ်ားအတြက္ ရည္မွန္းခ်က္အသီးသီးရွိေၾကာင္း ေျပာသည္။

“ေလာေလာဆယ္ ကၽြန္မမြမ္းမံေနတဲ့ အိမ္ကို ပန္းခ်ီျပခန္းလုပ္ပါမယ္။ တစ္လံုးမွာေတာ့ ကၽြန္မေနမယ္။ ေနာက္ဆံုးတစ္လံုးကိုေတာ့ ဒီေဒသက လူေတြအတြက္ က်န္းမာေရးနဲ႔ အားကစားစင္တာတစ္ခုအျဖစ္ ေျပာင္းလဲမယ္။”

(အစိမ္းေရာင္တံခါးမ်ားပါေသာ ဤအေဆာက္အအံုမွာ ရူဘီရာပိုင္ဆိုင္ထားသည့္ တတိယေျမာက္အိမ္ ျဖစ္သည္။ ဓာတ္ပံု-Rubia Daniels)

အသက္ ၄၉ ႏွစ္အရြယ္ရွိ ရူဘီရာသည္ အဆိုပါ အေဆာက္အအံုမ်ားကို ၂၀၁၉ ႏွစ္ကုန္ပိုင္းမွ စတင္ကာ ျပဳျပင္မြမ္းမံခဲ့ေသာ္လည္း ကိုရုိနာဗိုင္းရပ္စ္ကပ္ေဘးေၾကာင့္ လုပ္ငန္းမ်ားရပ္ဆိုင္းထားရသည္။

ရူဘီရာသည္ ဆန္ဖရန္စစၥကိုႏွင့္ အီတလီတို႔တြင္ တစ္လွည့္စီေနထိုင္ျပီး အီတလီသို႔ ေရာက္ပါက အနည္းဆံုးတစ္လခန္႔ ေနထိုင္သည္။

လက္ရွိအခ်ိန္အထိ အိမ္ ၂ လံုး၏ အျပင္ပိုင္းမ်ားကို ျပဳျပင္မြမ္းမံမႈ ျပီးစီးခဲ့ျပီျဖစ္ေသာ္လည္း တတိယ တစ္လံုးမွာမူ မျပဳျပင္ရေသး။ အီတလီတြင္ လူေနနည္းပါးလာေသာ ျမိဳ႕ငယ္မ်ားကို ျပန္လည္စည္ကားလာေစရန္ ေနအိမ္မ်ားအား ၁ ယူရိုျဖင့္ ေရာင္းခ်ေပးျခင္းအျပင္ အျခားမက္လံုးေပး ဆြဲေဆာင္မႈမ်ားလည္း ျပဳလုပ္လာၾကသည္။

(ဆက္စပ္သတင္းမ်ား)

အီတလီႏိုင္ငံတြင္ လူမေနေသာ အိမ္ ၁၀၀ ကို တစ္အိမ္လွ်င္ ၁ ေဒၚလာျဖင့္ ေရာင္းမည္

https://www.imyanmarhouse.com/news/read/1036228

 

 

အီတလီႏိုင္ငံ၊ Presicce ျမိဳ႕ေလးတြင္ လာေရာက္အေျခခ်ေနထုိင္သူတိုင္းကို ေဒၚလာ ၃၀၀၀၀ (ျမန္မာေငြ သိန္း ၆၃၀) ေပးမည္

https://www.imyanmarhouse.com/news/read/1043302

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A California-based woman bought 3 abandoned houses in a Sicilian village for $3.30, cashing in on Italy's desperation to repopulate its fast-emptying ghost towns

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service