မြေဌားဂရန်သက်တမ်းတိုးဆောင်ရွက်ဖို့ ဘယ်အချက်အလက်များလိုအပ်ပြီး ဘယ်လိုစတင်လျှောက်ထားရမလဲ ရှင်းပြပေးစေချင်ပါတယ်ဆရာ။
မြေဌားဂရန်သက်တမ်းတိုးဆောင်ရွက်ဖို့ ဘယ်အချက်အလက်များလိုအပ်ပြီး ဘယ်လိုစတင်လျှောက်ထားရမလဲ ရှင်းပြပေးစေချင်ပါတယ်ဆရာ။ - Property Knowledge in Myanmar from iMyanmarHouse.com
27 Apr 2023 12:28 pm တွင် တင်ခဲ့သည်
676 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
မြေကွက်တစ်ကွက်ကို ဂရန်သက်တိုးဆောင်ရွက်မယ်ဆိုရင်-
(၁)။ မြေကွက် အမည်ပေါက် ပိုင်ဆိုင်သူတွေ၊
(၂)။ မှတ်ပုံတင်စာချုပ်စာတမ်းဖြင့် လွှဲပြောင်းဆက်ခံသူ (သို့) တရားရုံးကထုတ်သည့် မရွှေ့မပြောင်းနိုင် သည့်ပစ္စည်း ရောင်းကြောင်းလက်မှတ်စာရရှိသူတွေအနေနဲ့ မြေဌားဂရန်သက်တမ်းတိုး ဆောင်ရွက်နိုင်ပြီး
- သက်တမ်းကုန်ဆုံးနေသည့်မြေဌားစာချုပ်(ဂရန်)မူရင်း၊မှတ်ပုံတင်ထားသော စာချုပ်စာတမ်းများ၊
- မြေပိုင်ဆိုင်မှုနှင့်စပ်လျဉ်းသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ရောင်းကြောင်းလက်မှတ်စာ၊
- နိုင်ငံသားစီစစ်ရေးကတ်ပြား(သို့)အမျိုးသားမှတ်ပုံတင်ကတ်ပြား
- မြေဌားခကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက်(သို့)မြေဌားခ နောက်ဆုံးပေးဆောင်ပြီးကြောင်းပြေစာ တို့ကို သက်ဆိုင်ရာဌာနသို့တင်ပြပြီး လျှောက်ထားရတယ် -----အဲ့လိုတင်ပြပြီးရင်တော့ သမီးတို့သိတဲ့ အတိုင်းပဲဌာနက -လျှောက်လွှာပုံစံတွင် တိကျစွာဖြည့်ခြင်းရှိမရှိ၊ ပိုင်ဆိုင်မှုအထောက်အထားများစီစစ်ခြင်း၊ နိုင်ငံသားစီစစ်ရေး ကတ်ပြား၊ မြေဌားခကြွေးကျန်ကင်းရှင်း ကြောင်း၊ မြေတိုင်း မြေရာဇဝင်နှင့် မြေစာရင်း မှတ်ချက်၊ မြေရာဇဝင်နှင့် မြေရာဇဝင်စစ်ဆေးခြင်း၊ မရွှေ့ မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေနှင့်ငြိစွန်းမှုရှိမရှိတွေ စစ်ဆေးတယ်လေ
"ဟုတ်ကဲ့ပါဆရာ .... ပြီးရင်ရော ဘယ်အချက်တွေ ဌာနက ဆက်လက်ဆောင်ရွက်ပါသေးလဲဆရာ"
ပြီးရင်တော့ ဌာနက ဆက်လက်ဆောင်ရွက်ရန်ကျန်ရှိနေသေးတဲ့ ကန့်ကွက်ရန်ကြေငြာစာ၊ ကွင်းဆင်း တိုင်းတာ စစ်ဆေးခြင်း၊ သတင်းစာကြေငြာခြင်းများ ပြုလုပ်တာပေါ့။
"ဆရာကန့်ကွက်သူမရှိရင်ဌာနက ဘာတွေဆက်လုပ်ပေးလဲဆရာ"
အင်း------ကန့်ကွက်သူ မရှိရင်တော့ ဌာနမှူး၏ ခွင့်ပြုချက်ရယူခြင်းနှင့် ကော်မတီဝင်များအစည်းအဝေးသို့ တင်ပြ ခွင့်ပြုချက်ရယူခြင်း၊ ဝန်ဆောင်ခနှုန်းထား ပေးသွင်းစေခြင်းတို့ သက်တမ်းဖြတ်ဒဏ်ကြေးပေးသွင်းစေခြင်းနှင့် (ဂရန်)စာအုပ်တောင်းခံခြင်း၊သက်ဆိုင်ရာ မြေတိုင်းမှ မြေပုံကို ရေးဆွဲခြင်းများ ဆက်လက် ဆောင်ရွက်တာပေါ့။ မြေဌားချထားသူ၊ သက်သေများနှင့်ဌာနမှူး အတည်ပြုလက်မှတ်ရေးထိုးပြီးရင်တော့ တံဆိပ်ခေါင်းခွန်များ ကပ်ကာ၊ မြေဌားခ စည်းကြပ် ကောက်ခံနိုင်ရန်အတွက် အမှုတွဲ စနစ်တကျ ထိန်းသိမ်းပြီး ဂရန်သက်တိုးပေးပါတယ်ကွယ်။
"ဟုတ်ဆရာ .... အခုလို ဂရန်သက်တိုးအမူတွဲလေးအကြောင်းတိတိကျကျ ရှင်းဖော်ပြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်နော် ဆရာ....."
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service