တစ်ခါတုန်းက အဖြစ်လေးတွေ (၃)

တစ်ခါတုန်းက အဖြစ်လေးတွေ (၃) - Property Knowledge in Myanmar from iMyanmarHouse.com
26 Apr 2023 2:22 pm တွင် တင်ခဲ့သည်
592 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

  တစ်ခါတုန်းက အဖြစ်လေးတွေဆိုတာ လူတွေရဲ့ဘဝမှာ အလွန်ကိုမှ များသားကလား။ရေးရင်းနဲ့ တွေး။တွေးရင်းနဲ့ရေးတဲ့အခါ ပြောစရာတွေက အများကြီးဖြစ်လာတယ်။

ကျွန်တော်တို့က စက်မှုလယ်ယာဝင်းထဲက ဝန်ထမ်းလိုင်းခန်း ခြောက်ခန်းတွဲ မှာနေရပါတယ်။ဖေဖေက စက်ပြင်ပါ။ စက်မှုလယ်ယာမှာ ဝန်ထမ်းတွေများပေမယ့် စီနီယာကျတဲ့ သူတွေက လိုင်းခန်းရတော့ ဖေဖေလည်း အခန်းတစ်ခန်းရပါတယ်။ ဝန်ထမ်းတွေအတွက်နေဖို့ရာ အခန်းဆိုတာ အမှန်က ဆယ်ပေပတ်လည် အခန်းကျဉ်း လေးတွေပါ။အဲဒီလိုအခန်း ခြောက်ခန်းတွဲထားတော့ ခြောက်ခန်းတွဲလို့ ခေါ်တာပေါ့။

လင်ကိုယ်မယား နှစ်ယောက်ထဲဆိုရင်တော့ ဒီအခန်းတွေက ကျဉ်းတယ်လို့ မခေါ်သာပေမယ့် တဖြည်းဖြည်းနဲ့ မိသားစုများလာတဲ့နဲ့ အမျှ အဆင်မပြေတော့ပါဘူး။အလယ်ခန်းတွေက ရှေ့နောက် အဖီတွေချပြီး အခန်းတွေ ချဲ့ကြရတာပေါ့။ဘေးခန်း နှစ်ခန်းကတော့ ရှေ့ရော၊နောက်ရော၊ဘေးရောချဲ့လို့ရတော့ ပိုပြီး အဆင်ပြေတာပေါ့။

ဖေဖေရတဲ့ အခန်းက မြောက်ဖက်ဆုံး အခန်းဖြစ်တော့ နေရာတော်တော်ရတယ်ပဲ ပြောရမှာပေါ့။ရပ်ကွက်သူ ရက်ကွက်သားတွေသွားလာတဲ့လမ်းနဲ့ စက်မှုလယ်ယာခြံစည်းရိုးက ကပ်နေတာ။အဲဒီခြံစည်းရိုးနဲ့ ကျွန်တော်တို့နေတဲ့ အခန်းနဲ့ ကြား မြေနေရာလေး အတော်ရှိတော့ ဝက်ခြံလေးလုပ်ထားပြီး ဝက်တွေမွေးထားရတယ်။

ကျွန်တော်တို့ အိမ်ရဲ့ အနောက်မြောက်ဖက်မှာ ရေတွင်းကုန်းရှိတယ်။ ရေတွင်းကုန်းဆိုလို့ သိပ်အမြင့်ကြီး ထင်နေဦးမယ်။ တကယ်က ပုံမှန်မြေပြင်ကနေ တစ်ပေအမြင့်လောက်လေးရှိတာပါ။ဒါကိုကျွန်တော်တို့က ကုန်းခေါ်လိုက်တာပါ။ ကျွန်တော်တို့ငယ်ငယ်တုန်းက အဲဒီရေတွင်းကုန်းမှာရှိတဲ့ ရေတွင်းက ရေကိုပဲ သုံးရေအနေနဲ့ အားထားခဲ့ကြရတယ်။

ဝန်ထမ်းလိုင်းခန်းမှာ နေတဲ့သူတိုင်း ဒီတွင်းရေကိုပဲ သုံးကြရပါတယ်။ ဒါပေမဲ့ အဲဒီတွင်းက ရေချိုတွင်းတော့ မဟုတ်ဘူး။ ရေငန်တွင်းပါ။ရေတွေက ငန်တော့ ထမင်းဟင်းချက်လို့မရကြဘူး။

မြောင်ရဲ့ အရှေ့ဘက်မှာ ဧရာဝတီမြစ်ကြီး ရေလျှံလာတဲ့အခါကျ ရေဝင်ရပ်ရှိလို့ အဲဒီရေဝင်ရပ်မှာတူးထားတဲ့ ရေတွင်းတွေကတော့ ရေချိုရပါတယ်။ရေချိုလိုချင်ရင် အဲဒီထိ ရေသွားခတ်ရတယ်။ ရေဝင်ရပ်ရှိလို့ ရေချို သောက်ရပေမယ့်။ ကုန်းပေါ်မှာတူးလိုက်တဲ့ရေတွင်းတိုင်းက ရေငန်တွေကြီးထွက်တာ များပါတယ်။ ရေနဲ့ပတ်သက်လို့ ထားပါဦးလေ။

ဝန်ထမ်းလိုင်းခန်းတွေအကြောင်း ဆက်ပြောပါဦးမယ်။ကျွန်တော်တို့ နေတဲ့ ဝန်ထမ်းလိုင်းခန်းတွေဆိုတာ တစ်ခန်းနဲ့ တစ်ခန်းကို ကြမ်းတပြေးတည်းလို ဖြစ်နေပြီး သစ်သားနံရံတွေနဲ့ပိုင်းခြားထားတယ်။ ကိုယ့်အိမ်က ထွက်တဲ့အသံလည်း ဘေးအိမ်က ကြားရသလို၊ဘေးအိမ်က ဘာလုပ်လုပ် လုပ်တဲ့အသံတွေတိုင်းလိုလိုကို ကိုယ့်အိမ်က ကြားနေရတယ်။လှုပ်ရှားမှုတိုင်းက ဆက်စပ်နေတဲ့ခန်းကို သက်ရောက်စေတယ်။ဒီလိုနဲ့ အသံစုံကို သီးခံရင်း ကျွန်တော်တို့မှာ ညီအစ်ကို မောင်နှမတွေများလာခဲ့တယ်။

အဲဗျာ ..ပြောရင်းကျန်သွားခဲ့တာလေး။

ကျွန်တော်တို့ ဝန်ထမ်းလိုင်းခန်းကို စပြီးနေတုန်းက အဲဒီမြောက်ဖက်ဆုံးအခန်းမှာ မဟုတ်သေးပါဘူး။ တောင်ဘက်ခန်းကရေရင် ဒုတိယအခန်းမှာ စနေခဲ့ကြတယ်။နောက်မှ မြောက်ဘက်ဆုံးအခန်းကို ပြောင်းခဲ့ကြတာပါ။

ကျွန်တော်တို့မိသားစုအရင် မြောက်ဘက်ဆုံးအခန်းမှာ အဲဒီတုန်းက အိမ်ထောင်ကျစ လင်မယားတွေနှစ်ယောက် နေခဲ့ကြဖူးပါတယ်။အဲဒီအချိန်တုန်းက ကျွန်တော်က အနည်းငယ်သိတတ်စအရွယ်ပဲရှိပါသေးတယ်။ဘာရယ် ညာရယ်သိတတ်သေးတဲ့ အရွယ်မဟုတ်သေးပါဘူး။

အဲဒီထိပ်ဆုံးအိမ်ခန်းက ကာထားတဲ့ နံရံတွေမှာ သစ်သားပျဉ်ပြားတွေဟာ တစ်ခုပေါ်တစ်ခုထိပ်ချင်းထပ်ပြီး ခပ်စောင်းစောင်းလေးလုပ်ပြီးကာထားပါတယ်။အောက်ခြေကစယူတဲ့ ပျဉ်ပြားကတော့ အတည့်အပြားလိုက် ကပ်ထားပေမယ့် အောက်ခြေဘောင်နဲ့က လက်တစ်လုံးလောက်လွတ်နေတော့ အဲဒီလွတ်နေတဲ့နေရာကနေ အိမ်ထဲကို ကြည့်လို့ရတယ်။

တနေ့တော့ ကျွန်တော်တို့ထက်ကြီးတဲ့ ကာလသားကြီးတွေ ကျွန်တော်ကိုလာခေါ်ပြီး ပျက်နေတဲ့ပက်လက် ကုလားထိုင် လက်တင်လက်ရန်းပြား အပြုတ်ကြီးကိုပေးတယ်။ကျွန်တော်ကို သူတို့နောက်လိုက်ခဲ့ဖို့ခေါ်တယ်။ သူတို့ရိုက်ခိုင်းရင် ရိုက်ဖို့လည်းပြောတယ်။ကျွန်တော်လည်း ယောင်လည်လည်နဲ့ သူတို့နောက်ပါသွားတာပေါ့။

ပြီးတော့ခုနတုန်းက အိမ်ဘေးသွားကြတယ်။နံရံကလွတ်နေတဲ့ နေရာလေးကနေသူတို့ချောင်းကြည့်တယ်။ ကျွန်တော်လည်း သူတို့ကြည့်တော့ လိုက်ကြည့်တာပေါ့။လူရှိတယ်ဗျ။တံခါးကြီးပိတ်ထားပြီး မအိပ်ဘဲနဲ့ နှစ်ယောက်ပူးပြီး ဘာလုပ်နေတာလဲ မသိပါဘူး။

အဲဒီအချိန်မှာပဲ ကျွန်တော်ကိုခေါ်လာတဲ့ အစ်ကိုကြီးတွေက “…ရိုက်..ရိုက်..” ဆိုတာနဲ့ နံရံကို ထိုင်ခုံလက်ရန်းနဲ့ ရိုင်ချလိုက်တာ။အထဲက “ဟိတ်..နင့်မေကလွှား” ဆိုပြီး အော်ဆဲသံထွက်လာပါတော့တယ်။ပြီးတော့ တံခါးဖွင့်ပြီးထွက်လိုက်ပါတယ်။

ကျွန်တော်လည်း ဘာမသိညာမသိနဲ့ ကာလသား အစ်ကိုကြီးတွေနောက် အပြေးလိုက်ခဲ့လို့သာ လွတ်ခဲ့ရပါတယ်။ သူတို့လင်မယားကို ကျွန်တော်ဘာများနှောင့်ယှက်မိလို့လဲလို့ အဲဒီတုန်းက ကျွန်တော်ဉာဏ်မမီလို့ မသိခဲ့ပါဘူး။ နံရံကို တုတ်နဲ့ရိုက်မိတာလေးကိုများဗျာ…နော်။

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

 

[Zawgyi]

တစ္ခါတုန္းက အျဖစ္ေလးေတြ (၃)

 

  တစ္ခါတုန္းက အျဖစ္ေလးေတြဆိုတာ လူေတြရဲ႕ဘဝမွာ အလြန္ကိုမွ မ်ားသားကလား။ေရးရင္းနဲ႔ ေတြး။ေတြးရင္းနဲ႔ေရးတဲ့အခါ ေျပာစရာေတြက အမ်ားႀကီးျဖစ္လာတယ္။

ကြၽန္ေတာ္တို႔က စက္မႈလယ္ယာဝင္းထဲက ဝန္ထမ္းလိုင္းခန္း ေျခာက္ခန္းတြဲ မွာေနရပါတယ္။ေဖေဖက စက္ျပင္ပါ။ စက္မႈလယ္ယာမွာ ဝန္ထမ္းေတြမ်ားေပမယ့္ စီနီယာက်တဲ့ သူေတြက လိုင္းခန္းရေတာ့ ေဖေဖလည္း အခန္းတစ္ခန္းရပါတယ္။ ဝန္ထမ္းေတြအတြက္ေနဖို႔ရာ အခန္းဆိုတာ အမွန္က ဆယ္ေပပတ္လည္ အခန္းက်ဥ္း ေလးေတြပါ။အဲဒီလိုအခန္း ေျခာက္ခန္းတြဲထားေတာ့ ေျခာက္ခန္းတြဲလို႔ ေခၚတာေပါ့။

လင္ကိုယ္မယား ႏွစ္ေယာက္ထဲဆိုရင္ေတာ့ ဒီအခန္းေတြက က်ဥ္းတယ္လို႔ မေခၚသာေပမယ့္ တျဖည္းျဖည္းနဲ႔ မိသားစုမ်ားလာတဲ့နဲ႔ အမွ် အဆင္မေျပေတာ့ပါဘူး။အလယ္ခန္းေတြက ေ႐ွ႕ေနာက္ အဖီေတြခ်ၿပီး အခန္းေတြ ခ်ဲ႕ၾကရတာေပါ့။ေဘးခန္း ႏွစ္ခန္းကေတာ့ ေ႐ွ႕ေရာ၊ေနာက္ေရာ၊ေဘးေရာခ်ဲ႕လို႔ရေတာ့ ပိုၿပီး အဆင္ေျပတာေပါ့။

ေဖေဖရတဲ့ အခန္းက ေျမာက္ဖက္ဆုံး အခန္းျဖစ္ေတာ့ ေနရာေတာ္ေတာ္ရတယ္ပဲ ေျပာရမွာေပါ့။ရပ္ကြက္သူ ရက္ကြက္သားေတြသြားလာတဲ့လမ္းနဲ႔ စက္မႈလယ္ယာျခံစည္း႐ိုးက ကပ္ေနတာ။အဲဒီျခံစည္း႐ိုးနဲ႔ ကြၽန္ေတာ္တို႔ေနတဲ့ အခန္းနဲ႔ ၾကား ေျမေနရာေလး အေတာ္႐ွိေတာ့ ဝက္ျခံေလးလုပ္ထားၿပီး ဝက္ေတြေမြးထားရတယ္။

ကြၽန္ေတာ္တို႔ အိမ္ရဲ႕ အေနာက္ေျမာက္ဖက္မွာ ေရတြင္းကုန္း႐ွိတယ္။ ေရတြင္းကုန္းဆိုလို႔ သိပ္အျမင့္ႀကီး ထင္ေနဦးမယ္။ တကယ္က ပုံမွန္ေျမျပင္ကေန တစ္ေပအျမင့္ေလာက္ေလး႐ွိတာပါ။ဒါကိုကြၽန္ေတာ္တို႔က ကုန္းေခၚလိုက္တာပါ။ ကြၽန္ေတာ္တို႔ငယ္ငယ္တုန္းက အဲဒီေရတြင္းကုန္းမွာ႐ွိတဲ့ ေရတြင္းက ေရကိုပဲ သုံးေရအေနနဲ႔ အားထားခဲ့ၾကရတယ္။

ဝန္ထမ္းလိုင္းခန္းမွာ ေနတဲ့သူတိုင္း ဒီတြင္းေရကိုပဲ သုံးၾကရပါတယ္။ ဒါေပမဲ့ အဲဒီတြင္းက ေရခ်ိဳတြင္းေတာ့ မဟုတ္ဘူး။ ေရငန္တြင္းပါ။ေရေတြက ငန္ေတာ့ ထမင္းဟင္းခ်က္လို႔မရၾကဘူး။

ေျမာင္ရဲ႕ အေ႐ွ႕ဘက္မွာ ဧရာဝတီျမစ္ႀကီး ေရလွ်ံလာတဲ့အခါက် ေရဝင္ရပ္႐ွိလို႔ အဲဒီေရဝင္ရပ္မွာတူးထားတဲ့ ေရတြင္းေတြကေတာ့ ေရခ်ိဳရပါတယ္။ေရခ်ိဳလိုခ်င္ရင္ အဲဒီထိ ေရသြားခတ္ရတယ္။ ေရဝင္ရပ္႐ွိလို႔ ေရခ်ိဳ ေသာက္ရေပမယ့္။ ကုန္းေပၚမွာတူးလိုက္တဲ့ေရတြင္းတိုင္းက ေရငန္ေတြႀကီးထြက္တာ မ်ားပါတယ္။ ေရနဲ႔ပတ္သက္လို႔ ထားပါဦးေလ။

ဝန္ထမ္းလိုင္းခန္းေတြအေၾကာင္း ဆက္ေျပာပါဦးမယ္။ကြၽန္ေတာ္တို႔ ေနတဲ့ ဝန္ထမ္းလိုင္းခန္းေတြဆိုတာ တစ္ခန္းနဲ႔ တစ္ခန္းကို ၾကမ္းတေျပးတည္းလို ျဖစ္ေနၿပီး သစ္သားနံရံေတြနဲ႔ပိုင္းျခားထားတယ္။ ကိုယ့္အိမ္က ထြက္တဲ့အသံလည္း ေဘးအိမ္က ၾကားရသလို၊ေဘးအိမ္က ဘာလုပ္လုပ္ လုပ္တဲ့အသံေတြတိုင္းလိုလိုကို ကိုယ့္အိမ္က ၾကားေနရတယ္။လႈပ္႐ွားမႈတိုင္းက ဆက္စပ္ေနတဲ့ခန္းကို သက္ေရာက္ေစတယ္။ဒီလိုနဲ႔ အသံစုံကို သီးခံရင္း ကြၽန္ေတာ္တို႔မွာ ညီအစ္ကို ေမာင္ႏွမေတြမ်ားလာခဲ့တယ္။

အဲဗ်ာ ..ေျပာရင္းက်န္သြားခဲ့တာေလး။

ကြၽန္ေတာ္တို႔ ဝန္ထမ္းလိုင္းခန္းကို စၿပီးေနတုန္းက အဲဒီေျမာက္ဖက္ဆုံးအခန္းမွာ မဟုတ္ေသးပါဘူး။ ေတာင္ဘက္ခန္းကေရရင္ ဒုတိယအခန္းမွာ စေနခဲ့ၾကတယ္။ေနာက္မွ ေျမာက္ဘက္ဆုံးအခန္းကို ေျပာင္းခဲ့ၾကတာပါ။

ကြၽန္ေတာ္တို႔မိသားစုအရင္ ေျမာက္ဘက္ဆုံးအခန္းမွာ အဲဒီတုန္းက အိမ္ေထာင္က်စ လင္မယားေတြႏွစ္ေယာက္ ေနခဲ့ၾကဖူးပါတယ္။အဲဒီအခ်ိန္တုန္းက ကြၽန္ေတာ္က အနည္းငယ္သိတတ္စအ႐ြယ္ပဲ႐ွိပါေသးတယ္။ဘာရယ္ ညာရယ္သိတတ္ေသးတဲ့ အ႐ြယ္မဟုတ္ေသးပါဘူး။

အဲဒီထိပ္ဆုံးအိမ္ခန္းက ကာထားတဲ့ နံရံေတြမွာ သစ္သားပ်ဥ္ျပားေတြဟာ တစ္ခုေပၚတစ္ခုထိပ္ခ်င္းထပ္ၿပီး ခပ္ေစာင္းေစာင္းေလးလုပ္ၿပီးကာထားပါတယ္။ေအာက္ေျခကစယူတဲ့ ပ်ဥ္ျပားကေတာ့ အတည့္အျပားလိုက္ ကပ္ထားေပမယ့္ ေအာက္ေျခေဘာင္နဲ႔က လက္တစ္လုံးေလာက္လြတ္ေနေတာ့ အဲဒီလြတ္ေနတဲ့ေနရာကေန အိမ္ထဲကို ၾကည့္လို႔ရတယ္။

တေန႔ေတာ့ ကြၽန္ေတာ္တို႔ထက္ႀကီးတဲ့ ကာလသားႀကီးေတြ ကြၽန္ေတာ္ကိုလာေခၚၿပီး ပ်က္ေနတဲ့ပက္လက္ ကုလားထိုင္ လက္တင္လက္ရန္းျပား အျပဳတ္ႀကီးကိုေပးတယ္။ကြၽန္ေတာ္ကို သူတို႔ေနာက္လိုက္ခဲ့ဖို႔ေခၚတယ္။ သူတို႔႐ိုက္ခိုင္းရင္ ႐ိုက္ဖို႔လည္းေျပာတယ္။ကြၽန္ေတာ္လည္း ေယာင္လည္လည္နဲ႔ သူတို႔ေနာက္ပါသြားတာေပါ့။

ၿပီးေတာ့ခုနတုန္းက အိမ္ေဘးသြားၾကတယ္။နံရံကလြတ္ေနတဲ့ ေနရာေလးကေနသူတို႔ေခ်ာင္းၾကည့္တယ္။ ကြၽန္ေတာ္လည္း သူတို႔ၾကည့္ေတာ့ လိုက္ၾကည့္တာေပါ့။လူ႐ွိတယ္ဗ်။တံခါးႀကီးပိတ္ထားၿပီး မအိပ္ဘဲနဲ႔ ႏွစ္ေယာက္ပူးၿပီး ဘာလုပ္ေနတာလဲ မသိပါဘူး။

အဲဒီအခ်ိန္မွာပဲ ကြၽန္ေတာ္ကိုေခၚလာတဲ့ အစ္ကိုႀကီးေတြက “…႐ိုက္..႐ိုက္..” ဆိုတာနဲ႔ နံရံကို ထိုင္ခုံလက္ရန္းနဲ႔ ႐ိုင္ခ်လိုက္တာ။အထဲက “ဟိတ္..နင့္ေမကလႊား” ဆိုၿပီး ေအာ္ဆဲသံထြက္လာပါေတာ့တယ္။ၿပီးေတာ့ တံခါးဖြင့္ၿပီးထြက္လိုက္ပါတယ္။

ကြၽန္ေတာ္လည္း ဘာမသိညာမသိနဲ႔ ကာလသား အစ္ကိုႀကီးေတြေနာက္ အေျပးလိုက္ခဲ့လို႔သာ လြတ္ခဲ့ရပါတယ္။ သူတို႔လင္မယားကို ကြၽန္ေတာ္ဘာမ်ားေႏွာင့္ယွက္မိလို႔လဲလို႔ အဲဒီတုန္းက ကြၽန္ေတာ္ဉာဏ္မမီလို႔ မသိခဲ့ပါဘူး။ နံရံကို တုတ္နဲ႔႐ိုက္မိတာေလးကိုမ်ားဗ်ာ…ေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service