နေအိမ်ခြံဝန်းအတွင်း မိုးရွာလျှင် မြေအောက်သို့ တိုးလျှိုးဝင်ရောက်သွားသည့် အလျား ၁၈ ပေ၊ အနံ ၈ ပေရှိ ဒေါ်လာ ၁ သန်းတန် ရုပ်မြင်သံကြားစက်ကြီးရှိသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၃၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်နေ

နေအိမ်ခြံဝန်းအတွင်း မိုးရွာလျှင် မြေအောက်သို့ တိုးလျှိုးဝင်ရောက်သွားသည့် အလျား ၁၈ ပေ၊ အနံ ၈ ပေရှိ ဒေါ်လာ ၁ သန်းတန် ရုပ်မြင်သံကြားစက်ကြီးရှိသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၃၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်နေ - Property News in Myanmar from iMyanmarHouse.com
26 Apr 2023 11:31 am တွင် တင်ခဲ့သည်
655 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ Hamptons အရပ်ရှိ စံအိမ်ကြီးတစ်လုံး ခေါ်ဈေး ကန်ဒေါ်လာ ၃၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်နေပြီး ထူးခြားချက်မှာ ဒေါ်လာ ၁ သန်းတန် အလွန်တရာကြီးမားလှသော ရုပ်မြင်သံကြားစက်ကြီးတစ်လုံး ပါဝင်နေခြင်းပင်။

Duck Pond လမ်းတွင်ရှိသော အဆိုပါစံအိမ်ကြီးမှာ ၂၀၂၁ ခုနှစ်ကမှ ဆောက်လုပ်ပြီးစီးခဲ့သော စံအိမ်ဖြစ်ပြီး ပိုင်ရှင်မှာ Hamptons Luxury Estates ၏ ဥက္ကဌ အိမ်ခြံမြေ developer ဖြစ်သူ Yale Fishman ဖြစ်သည်။

(fite pit ဘေး ရေကူးကန်ကို ညနေခင်းတွင် တွေ့မြင်ရပုံ။ ဓာတ်ပုံ-Realtor)

(ထည်ဝါသော ဧည့်ခန်း။ ဓာတ်ပုံ-Realtor)

(စံအိမ်အတွင်းပိုင်းမွမ်းမံမှုတွင် အဖြူရောင်ကိုသာ အသုံးပြုထားသည်။ ဓာတ်ပုံ-Realtor)

စံအိမ်တွင် ဓာတ်လှေကားတစ်စင်း၊ လူ ၁၂ ဦးဆန့် အိမ်တွင်းရုပ်ရှင်ရုံတို့အပြင် စံအိမ်အပြင်ဘက်တွင် ဒေါ်လာ ၁ သန်း တန်ကြေးရှိ ရုပ်မြင်သံကြားစက်ကြီးတစ်လုံးလည်း ပါဝင်လာသည်။

Peloton စက်ဘီးနှင့် Peloton အပြေးလေ့ကျင့်စက်တို့ပါသော အားကစားလေ့ကျင့်ခန်းမတစ်ခုလည်း ရှိသည်။

ခြံဝန်းအတွင်း firepit တစ်ခုဘေးတွင် လူ ၁၂ ဦးအတွက် ထိုင်ခုံနေရာများနှင့် ဒေါ်လာ ၁ သန်းတန် ရုပ်မြင်သံကြားစက်ကြီးရှိသည်။

ရုပ်မြင်သံကြားစက်ကြီးမှာ အလျား ၅ ဒသမ ၅ မီတာ (၂၁၆ ဒသမ ၅ လက်မ) ၊ အနံ ၂ ဒသမ ၅ မီတာ (၉၈ ဒသမ ၄ လက်မ) အထိ အံ့မခန်းကြီးမားလှသည်။

“ဟိုက်ဒရောလစ်စနစ်တပ်ထားပြီး ရုပ်သံကြည့်ချင်တဲ့အချိန်မျိုးမှာ မြေအောက်ကနေ ထွက်လာတာ ဖြစ်ပါတယ်”ဟု Nest Seekers International အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Shawn Elliott က ပြောသည်။

(အိမ်တွင်း ဘတ်စ်ကက်ဘောကွင်း။ ဓာတ်ပုံ-Realtor)

“မိုးရွာလာပြီဆိုတာနဲ့ မြေအောက်ထဲကို ချက်ချင်းနိမ့်ဆင်းဝင်သွားပြီး သူ့ကို ထားတဲ့ vault ထဲကို ပြန်ဝင်သွားပါတယ်”

အိပ်ခန်း ၉ ခန်း၊ ရေချိုးခန်း ၁၂ ခန်းပါပြီး ခြံအကျယ် ၁၅၀၀ စတုရန်းမီတာရှိကာ နာမည်ကျော် Cooper’s Beach ကမ်းခြေအနီးတွင် တည်ရှိသည်။

 (မိုးရွာလာလျှင် ကြီးမားသော ရုပ်မြင်သံကြားစက်ကြီးမှာ မြေအောက်သို့ နိမ့်ဆင်းဝင်ရောက်သွားသည်။ ဓာတ်ပုံ-Realtor)

ပထမထပ်တွင် ၆ မီတာမြင့်သော မျက်နှာကြက်ရှိသည့် အဝင်ဝနေရာနှင့် စကျင်ကျောက် မီးလင်းဖိုကြီးတစ်ခုပါသော ခန်းမကြီးတို့ ရှိသည်။

စံအိမ်တွင် ပြတင်းပေါက်များစွာပါဝင်သောကြောင့် အတွင်းပိုင်းကို လင်းလင်းချင်းချင်းရှိစေသည်။

(ဝိုင်သိုလှောင်ခန်းကြီး။ ဓာတ်ပုံ-Realtor)

အောက်ထပ်တွင် ပုလင်း ၁၁၀၀ ထားသိုနိုင်သော ဝိုင်သိုလှောင်ခန်းကြီး၊ ကျောက်တုံးကြမ်းပြင်၊ အိမ်တွင်း ဘတ်စ်ကက်ဘောကွင်း၊ အားကစားလေ့ကျင့်ခန်းမ၊ ရုပ်ရှင်ရုံ၊ Spa တို့ ရှိသည်။

(နေအိမ်ပြင်ပ မီးလင်းဖိုနေရာ။ ဓာတ်ပုံ-Realtor)

စံအိမ်အပြင်ဘက်တွင် ရေကူးကန်၊ fire pit၊ spa ၊ တင်းနစ်ကွင်းနှင့် ၁၁၂ စတုရန်းမီတာကျယ်သော ရေကူးကန်ဘေးအိမ်တို့ ရှိသည်။

အပူချိန်ညှိကိရိယာများ၊ အပူပေးကြမ်းခင်းများ၊ စိုထိုင်းဆ လျှော့ချသည့်စနစ်၊ နေစွမ်းအင်စနစ်၊ လျှပ်စစ်ဓာတ်အားပေးစက်၊ ခရမ်းလွန်ရောင်ခြည် (အိုဇုန်း) ကာကွယ်ရေးစနစ်၊ လျှပ်စစ်ကား အားသွင်းစက်ပါသော ကား ၃ စင်းဆန့် ဂိုဒေါင်တို့လည်း ပါရှိသည်။

(အိမ်တွင်း ရေကူးကန်ကြီး။ ဓာတ်ပုံ-Realtor)

(အိပ်ခန်း ၉ ခန်း၊ ရေချိုးခန်း ၁၂ ခန်းပါဝင်သည်။ ဓာတ်ပုံ-Realtor)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Stunning new mega-mansion in the Hamptons comes with 2.5m-tall $1.3m TV (realestate)

[Zawgyi]

ေနအိမ္ျခံဝန္းအတြင္း မိုးရြာလွ်င္ ေျမေအာက္သို႔ တိုးလွ်ိဳးဝင္ေရာက္သြားသည့္ အလ်ား ၁၈ ေပ၊ အနံ ၈ ေပရွိ ေဒၚလာ ၁ သန္းတန္ ရုပ္ျမင္သံၾကားစက္ၾကီးရွိေသာ နယူးေယာက္မွ စံအိမ္ၾကီး ကန္ေဒၚလာ ၃၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္ေန

အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ျမိဳ႕၊ Hamptons အရပ္ရွိ စံအိမ္ၾကီးတစ္လံုး ေခၚေစ်း ကန္ေဒၚလာ ၃၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္ေနျပီး ထူးျခားခ်က္မွာ ေဒၚလာ ၁ သန္းတန္ အလြန္တရာၾကီးမားလွေသာ ရုပ္ျမင္သံၾကားစက္ၾကီးတစ္လံုး ပါဝင္ေနျခင္းပင္။

Duck Pond လမ္းတြင္ရွိေသာ အဆိုပါစံအိမ္ၾကီးမွာ ၂၀၂၁ ခုႏွစ္ကမွ ေဆာက္လုပ္ျပီးစီးခဲ့ေသာ စံအိမ္ျဖစ္ျပီး ပိုင္ရွင္မွာ Hamptons Luxury Estates ၏ ဥကၠဌ အိမ္ျခံေျမ developer ျဖစ္သူ Yale Fishman ျဖစ္သည္။

(fite pit ေဘး ေရကူးကန္ကို ညေနခင္းတြင္ ေတြ႔ျမင္ရပံု။ ဓာတ္ပံု-Realtor)

(ထည္ဝါေသာ ဧည့္ခန္း။ ဓာတ္ပံု-Realtor)

(စံအိမ္အတြင္းပိုင္းမြမ္းမံမႈတြင္ အျဖဴေရာင္ကိုသာ အသံုးျပဳထားသည္။ ဓာတ္ပံု-Realtor)

စံအိမ္တြင္ ဓာတ္ေလွကားတစ္စင္း၊ လူ ၁၂ ဦးဆန္႔ အိမ္တြင္းရုပ္ရွင္ရံုတို႔အျပင္ စံအိမ္အျပင္ဘက္တြင္ ေဒၚလာ ၁ သန္း တန္ေၾကးရွိ ရုပ္ျမင္သံၾကားစက္ၾကီးတစ္လံုးလည္း ပါဝင္လာသည္။

Peloton စက္ဘီးႏွင့္ Peloton အေျပးေလ့က်င့္စက္တို႔ပါေသာ အားကစားေလ့က်င့္ခန္းမတစ္ခုလည္း ရွိသည္။

ျခံဝန္းအတြင္း firepit တစ္ခုေဘးတြင္ လူ ၁၂ ဦးအတြက္ ထိုင္ခံုေနရာမ်ားႏွင့္ ေဒၚလာ ၁ သန္းတန္ ရုပ္ျမင္သံၾကားစက္ၾကီးရွိသည္။

ရုပ္ျမင္သံၾကားစက္ၾကီးမွာ အလ်ား ၅ ဒသမ ၅ မီတာ (၂၁၆ ဒသမ ၅ လက္မ) ၊ အနံ ၂ ဒသမ ၅ မီတာ (၉၈ ဒသမ ၄ လက္မ) အထိ အံ့မခန္းၾကီးမားလွသည္။

“ဟိုက္ဒေရာလစ္စနစ္တပ္ထားျပီး ရုပ္သံၾကည့္ခ်င္တဲ့အခ်ိန္မ်ဳိးမွာ ေျမေအာက္ကေန ထြက္လာတာ ျဖစ္ပါတယ္”ဟု Nest Seekers International အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Shawn Elliott က ေျပာသည္။

(အိမ္တြင္း ဘတ္စ္ကက္ေဘာကြင္း။ ဓာတ္ပံု-Realtor)

“မိုးရြာလာျပီဆိုတာနဲ႔ ေျမေအာက္ထဲကို ခ်က္ခ်င္းနိမ့္ဆင္းဝင္သြားျပီး သူ႔ကို ထားတဲ့ vault ထဲကို ျပန္ဝင္သြားပါတယ္”

အိပ္ခန္း ၉ ခန္း၊ ေရခ်ဳိးခန္း ၁၂ ခန္းပါျပီး ျခံအက်ယ္ ၁၅၀၀ စတုရန္းမီတာရွိကာ နာမည္ေက်ာ္ Cooper’s Beach ကမ္းေျခအနီးတြင္ တည္ရွိသည္။

(မိုးရြာလာလွ်င္ ၾကီးမားေသာ ရုပ္ျမင္သံၾကားစက္ၾကီးမွာ ေျမေအာက္သို႔ နိမ့္ဆင္းဝင္ေရာက္သြားသည္။ ဓာတ္ပံု-Realtor)

ပထမထပ္တြင္ ၆ မီတာျမင့္ေသာ မ်က္ႏွာၾကက္ရွိသည့္ အဝင္ဝေနရာႏွင့္ စက်င္ေက်ာက္ မီးလင္းဖိုၾကီးတစ္ခုပါေသာ ခန္းမၾကီးတို႔ ရွိသည္။

စံအိမ္တြင္ ျပတင္းေပါက္မ်ားစြာပါဝင္ေသာေၾကာင့္ အတြင္းပိုင္းကို လင္းလင္းခ်င္းခ်င္းရွိေစသည္။

(ဝိုင္သိုေလွာင္ခန္းၾကီး။ ဓာတ္ပံု-Realtor)

ေအာက္ထပ္တြင္ ပုလင္း ၁၁၀၀ ထားသိုႏိုင္ေသာ ဝိုင္သိုေလွာင္ခန္းၾကီး၊ ေက်ာက္တံုးၾကမ္းျပင္၊ အိမ္တြင္း ဘတ္စ္ကက္ေဘာကြင္း၊ အားကစားေလ့က်င့္ခန္းမ၊ ရုပ္ရွင္ရံု၊ Spa တို႔ ရွိသည္။

(ေနအိမ္ျပင္ပ မီးလင္းဖိုေနရာ။ ဓာတ္ပံု-Realtor)

စံအိမ္အျပင္ဘက္တြင္ ေရကူးကန္၊ fire pit၊ spa ၊ တင္းနစ္ကြင္းႏွင့္ ၁၁၂ စတုရန္းမီတာက်ယ္ေသာ ေရကူးကန္ေဘးအိမ္တို႔ ရွိသည္။

အပူခ်ိန္ညွိကိရိယာမ်ား၊ အပူေပးၾကမ္းခင္းမ်ား၊ စိုထိုင္းဆ ေလွ်ာ့ခ်သည့္စနစ္၊ ေနစြမ္းအင္စနစ္၊ လွ်ပ္စစ္ဓာတ္အားေပးစက္၊ ခရမ္းလြန္္ေရာင္ျခည္ (အိုဇုန္း) ကာကြယ္ေရးစနစ္၊ လွ်ပ္စစ္ကား အားသြင္းစက္ပါေသာ ကား ၃ စင္းဆန္႔ ဂိုေဒါင္တို႔လည္း ပါရွိသည္။

(အိမ္တြင္း ေရကူးကန္ၾကီး။ ဓာတ္ပံု-Realtor)

(အိပ္ခန္း ၉ ခန္း၊ ေရခ်ဳိးခန္း ၁၂ ခန္းပါဝင္သည္။ ဓာတ္ပံု-Realtor)

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Stunning new mega-mansion in the Hamptons comes with 2.5m-tall $1.3m TV (realestate)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
imyanmarmarket
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service