၁၈၆၀ ပြည့်ဝန်းကျင်အတွင်း ဗြိတိန်၏ ခံစစ်စည်းအဖြစ် ဆောက်လုပ်ခဲ့သော ပင်လယ်အတွင်းမှ ခံတပ်စခန်းဟောင်းကြီးကို ဒေါ်လာ ၇ သန်းကျော်ဖြင့် ရောင်းမည်

၁၈၆၀ ပြည့်ဝန်းကျင်အတွင်း ဗြိတိန်၏ ခံစစ်စည်းအဖြစ် ဆောက်လုပ်ခဲ့သော ပင်လယ်အတွင်းမှ ခံတပ်စခန်းဟောင်းကြီးကို ဒေါ်လာ ၇ သန်းကျော်ဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
20 Apr 2023 3:10 pm တွင် တင်ခဲ့သည်
1006 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အင်္ဂလန်နိုင်ငံ ကမ်းရိုးတန်း ပင်လယ်ရေပြင်အတွင်းရှိ အိပ်ခန်း ၂၃ ခန်းပါ စစ်ဘက်ခံတပ်ကြီးတစ်ခု ဒေါ်လာ ၇ ဒသမ ၇၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်နေသည်။

ရဟတ်ယာဉ်ကွင်းတစ်ခု ပါဝင်ပြီး No Mans Fort ဟု အမည်ပေးထားသော ခံတပ်ကြီးသည် ပို့စ်မောက်မြို့မှ လှေဖြင့်သွားလျှင် ၃၅ မိနစ်သာ သွားရသည်။

 

(ခံတပ်ကြီး၏ အကျယ်အဝန်းမှာ ၄၇၁၄ စတုရန်းမီတာရှိပြီး လူအများစုရုံးနိုင်သည့် ကြီးမားကျယ်ဝန်းသော နေရာတစ်ခုပါသည်။ ဓာတ်ပုံ- Christies International Real Estate)

 

 

(အိပ်ခန်း ၂၃ ခန်းအနက်မှ တစ်ခန်း။ ဓာတ်ပုံ- Christies International Real Estate)

 

(ခံတပ်ကြီး၏ အပေါ်ဆုံးထပ်တွင် ရဟတ်ယာဉ်ကွင်းတစ်ခုရှိရာ ပိုင်ရှင်အသစ်အနေဖြင့် ရဟတ်ယာဉ်ဖြင့် လာရောက်နိုင်သည်။ ဓာတ်ပုံ- Christies International Real Estate )

 

ခံတပ်ကြီးတွင် အိပ်ခန်း၂၃ ခန်းအပြင် ဝန်ထမ်းများအတွက် အိပ်ခန်း ၇ ခန်းပါ အဆောင်တစ်ခု ၊ Mess Hall ဟု အမည်ပေးထားသော ကိုယ်ပိုင်စားသောက်ဆိုင် ၊ မတူညီသော အသွင် ၅ မျိုးရှိ အရက်ဘား ၅ ခု ၊ အင်္ဂလန်ရိုးရာဟန် အရက်ဘားတစ်ခုတို့ ပါဝင်သည်။

ထို့အပြင် အမိုးပေါ်လသာဆောင်နေရာ ၊ Sauna ၊ BBQ နေရာများ ၊ Spa တစ်ခုပါသော ကျန်းမာရေးအခန်း ၄ ခုတို့လည်းရှိသည်။

လန်ဒန်မြို့လယ်မှ ရဟတ်ယာဉ်ဖြင့် လာမည်ဆိုလျှင် မိနစ် ၂၀ ခန့်သာ ကြာသည်။

 

(Tsle of Wight ကျွန်း၏ အနီး ပင်လယ်ရေပြင်တွင် ရှိသည်။ ဓာတ်ပုံ- Google)

 

 

(အပေါ်ဆုံးထပ်တွင် BBQ နေရာလည်း ပါဝင်သည်။ ဓာတ်ပုံ- Christies International Real Estate)

 

 

(ဧည့်ခန်းများစွာအနက်မှ တစ်ခု။ ဓာတ်ပုံ- Christies International Real Estate)

 

 

(No Man ခံတပ်တွင် အင်္ဂလိပ်ရိုးရာဟန် အရက်ဆိုင်တစ်ခုအပြင် လူအများစုဝေး နေထိုင်နိုင်သော နေရာများစွာ ပါသည်။ ဓာတ်ပုံ- Christies International Real Estate)

 

No Mans ခံတပ်အပြင် အနီးရှိ Spitbank ခံတပ်ကိုပါ ၂၀၁၅ ခုနှစ်အတွင်း ပေါင် ၈ သန်း (ကန်ဒေါ်လာ ၁၄ ဒသမ ၅ သန်း) နီးပါး သုံးစွဲကာ ခမ်းနားမွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

No man ခံတပ်သည် ပို့စ်မောက်မြို့ကမ်းခြေရှိ Gun wharf Quays ဈေးဝယ်စင်တာမှ မိနစ်ပိုင်းခရီးသာ ဝေးကွာသည်။

ထို့အပြင် HMS Victory ၊ HMS Warrior သင်္ဘောကြီးများနှင့် Mary Rose ပြတိုက်တို့ရှိသော သမိုင်းဝင် သဘောင်္ကျင်းနှင့် အနည်းငယ်သာ ဝေးကွာသည်။

 

(ခံတပ်ကြီးထဲတွင် ရှိသော Mess Hall အမည်ရှိ စားသောက်ဆိုင်။ ဓာတ်ပုံ- Christies International Real Estate)

 

 

(အိပ်ခန်း ၂၃ ခန်းရှိပြီး အခန်းတိုင်းတွင် သီးသန့်ရေချိုးခန်းပါသည်။ ဓာတ်ပုံ- Christies International Real Estate)

 

 

No Man ခံတပ်ကြီးကို ၁၈၆၀ ပြည့်လွန်ကာလများတွင် ဗြိတိန်ဝန်ကြီးချုပ် Lord Palmerston က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ဗြိတိန်အတွက် ခံစစ်စည်းအဖြစ် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

(အပေါ်ဆုံးထပ်မှတဆင့် မဆုံးနိုင်သော ပင်လယ်ရှုခင်းများကို လေးဘက်လေးတန် ရူမြင်နိုင်သည်။ ဓာတ်ပုံ- Christies International Real Estate)

No Mans ခံတပ်အပြင် ပို့စ်မောက်မြို့ကမ်းလွန်ရှိ Spitbank ခံတပ်နှင့် Horse Sand ခံတပ်တို့ကိုလည်း အရောင်းတင်ထားသည်။

အဆိုပါ ခံတပ်များကို တစ်ခုချင်း ဝယ်ယူနိုင်သလို အားလုံးတစ်ပေါင်းတည်းလည်း ဝယ်ယူနိုင်သည်။

No Mans ခံတပ်ကြီးကို အရောင်းဈေးကွက်တင်ပေးသည်မှာ Christie’s International Real Estate ကုမ္ပဏီမှ ဖြစ်သည်။

 

(No Mans ခံတပ်ကြီးကို အဝေးမှ မြင်ရပုံ။ ဓာတ်ပုံ- Christies International Real Estate)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

  Ref: No Mans Fort: Incredible 23-bedroom military fort house with helipad and saunas up for sale for $7.76 million (realestate,thesun)

 

 

 

[Zawgyi]

၁၈၆၀ ျပည့္ဝန္းက်င္အတြင္း ျဗိတိန္၏ ခံစစ္စည္းအျဖစ္ ေဆာက္လုပ္ခဲ့ေသာ ပင္လယ္အတြင္းမွ ခံတပ္စခန္းေဟာင္းၾကီးကို ေဒၚလာ ၇ သန္းေက်ာ္ျဖင့္ ေရာင္းမည္

 

အဂၤလန္ႏိုင္ငံ ကမ္းရိုးတန္း ပင္လယ္ေရျပင္အတြင္းရွိ အိပ္ခန္း ၂၃ ခန္းပါ စစ္ဘက္ခံတပ္ၾကီးတစ္ခု ေဒၚလာ ၇ ဒသမ ၇၆ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္ေနသည္။

ရဟတ္ယာဥ္ကြင္းတစ္ခု ပါဝင္ျပီး No Mans Fort ဟု အမည္ေပးထားေသာ ခံတပ္ၾကီးသည္ ပို႔စ္ေမာက္ျမိဳ႕မွ ေလွျဖင့္သြားလွ်င္ ၃၅ မိနစ္သာ သြားရသည္။

(ခံတပ္ၾကီး၏ အက်ယ္အဝန္းမွာ ၄၇၁၄ စတုရန္းမီတာရွိျပီး လူအမ်ားစုရံုးႏုိင္သည့္ ၾကီးမားက်ယ္ဝန္းေသာ ေနရာတစ္ခုပါသည္။ ဓာတ္ပံု- Christies International Real Estate)

(အိပ္ခန္း ၂၃ ခန္းအနက္မွ တစ္ခန္း။ ဓာတ္ပံု- Christies International Real Estate)

(ခံတပ္ၾကီး၏ အေပၚဆံုးထပ္တြင္ ရဟတ္ယာဥ္ကြင္းတစ္ခုရွိရာ ပိုင္ရွင္အသစ္အေနျဖင့္ ရဟတ္ယာဥ္ျဖင့္ လာေရာက္ႏိုင္သည္။ ဓာတ္ပံု- Christies International Real Estate )

ခံတပ္ၾကီးတြင္ အိပ္ခန္း၂၃ ခန္းအျပင္ ဝန္ထမ္းမ်ားအတြက္ အိပ္ခန္း ၇ ခန္းပါ အေဆာင္တစ္ခု ၊ Mess Hall ဟု အမည္ေပးထားေသာ ကိုယ္ပုိင္စားေသာက္ဆိုင္ ၊ မတူညီေသာ အသြင္ ၅ မ်ဳိးရွိ အရက္ဘား ၅ ခု ၊ အဂၤလန္ရုိးရာဟန္ အရက္ဘားတစ္ခုတို႔ ပါဝင္သည္။

ထို႔အျပင္ အမိုးေပၚလသာေဆာင္ေနရာ ၊ Sauna ၊ BBQ ေနရာမ်ား ၊ Spa တစ္ခုပါေသာ က်န္းမာေရးအခန္း ၄ ခုတို႔လည္းရွိသည္။ လန္ဒန္ျမိဳ႕လယ္မွ ရဟတ္ယာဥ္ျဖင့္ လာမည္ဆိုလွ်င္ မိနစ္ ၂၀ ခန္႔သာ ၾကာသည္။

(Tsle of Wight ကၽြန္း၏ အနီး ပင္လယ္ေရျပင္တြင္ ရွိသည္။ ဓာတ္ပံု- Google)

(အေပၚဆံုးထပ္တြင္ BBQ ေနရာလည္း ပါဝင္သည္။ ဓာတ္ပံု- Christies International Real Estate)

(ဧည့္ခန္းမ်ားစြာအနက္မွ တစ္ခု။ ဓာတ္ပံု- Christies International Real Estate)

(No Man ခံတပ္တြင္ အဂၤလိပ္ရုိးရာဟန္ အရက္ဆိုင္တစ္ခုအျပင္ လူအမ်ားစုေဝး ေနထုိင္ႏိုင္ေသာ ေနရာမ်ားစြာ ပါသည္။ ဓာတ္ပံု- Christies International Real Estate)

No Mans ခံတပ္အျပင္ အနီးရွိ Spitbank ခံတပ္ကိုပါ ၂၀၁၅ ခုႏွစ္အတြင္း ေပါင္ ၈ သန္း (ကန္ေဒၚလာ ၁၄ ဒသမ ၅ သန္း) နီးပါး သံုးစြဲကာ ခမ္းနားမြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။

No man ခံတပ္သည္ ပို႔စ္ေမာက္ျမိဳ႕ကမ္းေျခရွိ Gun wharf Quays ေစ်းဝယ္စင္တာမွ မိနစ္ပိုင္းခရီးသာ ေဝးကြာသည္။ ထုိ႔အျပင္ HMS Victory ၊ HMS Warrior သေဘၤာၾကီးမ်ားႏွင့္ Mary Rose ျပတိုက္တို႔ရွိေသာ သမိုင္းဝင္ သေဘာၤက်င္းႏွင့္ အနည္းငယ္သာ ေဝးကြာသည္။

(ခံတပ္ၾကီးထဲတြင္ ရွိေသာ Mess Hall အမည္ရွိ စားေသာက္ဆိုင္။ ဓာတ္ပံု- Christies International Real Estate)

(အိပ္ခန္း ၂၃ ခန္းရွိျပီး အခန္းတုိင္းတြင္ သီးသန္႔ေရခ်ဳိးခန္းပါသည္။ ဓာတ္ပံု- Christies International Real Estate)

No Man ခံတပ္ၾကီးကို ၁၈၆၀ ျပည့္လြန္ကာလမ်ားတြင္ ျဗိတိန္ဝန္ၾကီးခ်ဳပ္ Lord Palmerston က ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။

ျဗိတိန္အတြက္ ခံစစ္စည္းအျဖစ္ ရည္ရြယ္ခဲ့ျခင္း ျဖစ္သည္။

(အေပၚဆံုးထပ္မွတဆင့္ မဆံုးႏိုင္ေသာ ပင္လယ္ရႈခင္းမ်ားကို ေလးဘက္ေလးတန္ ရူျမင္ႏိုင္သည္။ ဓာတ္ပံု- Christies International Real Estate)

No Mans ခံတပ္အျပင္ ပုိ႔စ္ေမာက္ျမိဳ႕ကမ္းလြန္ရွိ Spitbank ခံတပ္ႏွင့္ Horse Sand ခံတပ္တုိ႔ကိုလည္း အေရာင္းတင္ထားသည္။

အဆိုပါ ခံတပ္မ်ားကို တစ္ခုခ်င္း ဝယ္ယူႏိုင္သလို အားလံုးတစ္ေပါင္းတည္းလည္း ဝယ္ယူႏိုင္သည္။

No Mans ခံတပ္ၾကီးကို အေရာင္းေစ်းကြက္တင္ေပးသည္မွာ Christie’s International Real Estate ကုမၸဏီမွ ျဖစ္သည္။

(No Mans ခံတပ္ၾကီးကုိ အေဝးမွ ျမင္ရပံု။ ဓာတ္ပံု- Christies International Real Estate)

 

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

  Ref: No Mans Fort: Incredible 23-bedroom military fort house with helipad and saunas up for sale for $7.76 million (realestate,thesun)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service