“ရှောင်လွှဲမရ သင်္ခါရသာ”

“ရှောင်လွှဲမရ သင်္ခါရသာ” - Property Knowledge in Myanmar from iMyanmarHouse.com
19 Apr 2023 1:37 pm တွင် တင်ခဲ့သည်
431 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

ရှိမြဲမရှိ(သို့)သင်္ခါရ

နုရွယ်စဉ်တုန်းမို့ လှနေတုန်း လှကြမယ်။ အရာရာတိုင်းဟာ တကယ်လို့ ဟောင်းသွားရင် မြင်ချင်မလားျ..ယူချင်မလား…တွယ်တာစရာ ..ခင်တွယ်စရာလည်း မကောင်းတော့ပါ…ကိုယ့်အတွက် အဲဒါ…သင်္ခါရတရား…

လှတိုင်းလည်းပဲ လှမြဲမနေပါ…ရှိတိုင်းလည်းပဲ အစဉ်အမြဲရှိလို့ မနေပါ…အဲဒီအဖြစ်မျိုးကို ဒီလူသားခံစားရဦးမှာ…

ခုအချိန်မှာပြုံးလို့…တနေ့ငိုကြရဦးမှာ သင်္ခါရတရား ..ဒွန်တွဲလျက်ရှိလာ…အရွယ်အိုလာရင်…ျမြင်ချင်မလား တွယ်တာစရာ ..ခင်တွယ်စရာလည်း ရှိဦးမလား…တို့အတွက် အဲဒါ သင်္ခါရတရား…

လှတိုင်းလည်းပဲ လှမြဲမနေပါ…ရှိတိုင်းလည်းပဲ အစဉ်အမြဲရှိလို့ မနေပါ…အဲဒီအဖြစ်မျိုးကို ဒီလူသားခံစားရဦးမှာ…

ခုအချိန်မှာပြုံးလို့…တနေ့ငိုကြရဦးမှာ သင်္ခါရတရား ..ဒွန်တွဲလျက်ရှိလာ…အရွယ်အိုလာရင်…ျ... မြင်ချင်မလား တွယ်တာစရာ ..ခင်တွယ်စရာလည်း မကောင်းတော့ပါ…တို့အတွက် အဲဒါ သင်္ခါရတရား…

“ရှိမြဲမရှိ(သို့)သင်္ခါရ” တဲ့ ဒီသီချင်းကို ကျွန်တော်ကြိုက်ခဲ့သည်။ထိုကြိုက်ခဲ့သည့် အချိန်က ကျွန်တော့အရွယ်မှာ နုရွယ်စဉ်တုန်းပါပဲ။ ငယ်ရွယ်သေးပင်မယ့် သင်္ခါရသဘောတွေ၊ မမြဲခြင်းသဘောတွေကို၊လွမ်းတခြင်း သဘောတွေပါဝင်သည့် သူ့သီချင်းများကိုလည်း စွဲစွဲမက်မက် ကျွန်တော်နှစ်သက်ခဲ့သည်။

အချို့သောသီချင်းများမှာ ရှမ်ရိုးရာ တီးလုံးလေးများနှင့် ဆိုထားခြင်းကြောင့်လည်း ကြည်နူးနှစ်သက်ရသည်။ သူ့သီချင်းတွေကိုချစ်ရသည်။အချို့သော သီချင်းအပုဒ်မျာတွင် ရှမ်းစကားနှင့် သီဆိုထားသည်။ နားမလည် သော်လည်း ကြိုက်သည်။ လိုက်ဆိုသည်။မရောက်ဖူးသော ရှမ်းနယ်မြေကို တွေးဆရောက်မိနေသလို ခံစားရသည်။

အထူးသဖြင့် စိုင်းဆိုင်မောဝ်၏ သီချင်းများကို အနှစ်သက်ဆုံးနှင့် အခုံမင်ဆုံး ကျွန်တော် ငြီးမိတတ်၏။ သူ့သီချင်းများတွင် ဒီသဘောတွေပါဝင်သည့် သီချင်းတွေကလည်းများသည်။ သူ့စီရီးခွေတိုင်းလိုလိုမှာ လွမ်းလွမ်းဆွေးဆွေးနှင့် တရားသဘောပါသည့် သီချင်းများလည်း ပါဝင်နေတတ်သည်။

ဒီနေ့လည်း လူမှုကွန်ရက်တွင် “ရှိမြဲမရှိ(သို့)သင်္ခါရ”ဆိုတဲ့ သီချင်းလေးကိုသူ့သားလေးက ပြန်ဆိုထားတာကို တင်ပြလာကြသည်ကို နားထောင်လိုက်ရသည်။ စိုင်းဆိုင်မောဝ်ကိုချစ်သည့်စိတ် ဒီသီချင့်ကိုကြိုက်သည့်စိတ်ဖြင့်နားထောင်လိုက်ရသည်။ျ..ဒီတေးသီချင်းကပင် တရားသဘောပြလေပြီ။

တစ်ချိန်က သူ့ရဲ့နုပျိုခြင်းတို့ ဆိတ်သုဉ်းသွားပြီဆိုတာကိုလည်း ပြသသွားသည်ဟုလည်း ခံစားလိုက်ရသည်။ ဇရာအိုနှင့်လုလင်ပျို။သူ့သား၏ နုပျိုခြင်း၊သူ၏အိုမင်းခြင်းတို့ကို နိမိတ်ပြသွားသည်ဟုထင်သည်။

တစ်ချိန်က နုပျိုပြည့်တင်းခြင်းတို့က အတော်ပင်ဆုတ်ယုတ်ပျက်ပြားခဲ့ပြီဆိုသည့် သင်္ခါရတရားကိုပြသွားသည်။ သူ့သီချင်းတွေထဲကအတိုင်း သူ့ပုံရိပ်ကဆိုနေသည်။

နုပျိုသစ်လွင်ခြင်းဆိုတာတွေကလည်း အချိန်၏တိုက်စားခြင်းနှင့်အတူ ယိုယွင်းလာကြရမည်ပင်။ YouTube မှာ ဒီသီချင်းကိုပင် တစ်ချိန်က ပြည်သူ့အချစ်တော်အနုပညာရှင်ကြီးမျာ၏ ပုံရိပ်ကို အသုံးပြုပြီး လွှင့်တင်ထား သည်ကိုတွေ့ရသည်။နုပျိုခြင်းနှင့်အိုမင်းခြင်းတွေကို ယှဉ်တွဲဖော်ပြထားသည်မှာ တရားရဖို့ပင်ကောင်းလှသည်။

နုပျိုခြင်း၊အောင်မြင်ခြင်း၊ကျော်ကြားခြင်းတွေကို ကျေကျေနပ်နပ် သိမ်းပိုက်ဆုပ်ကိုင် ပိုင်ဆိုင်ခဲ့သလိုပါပဲ အိုမင်းခြင်း၊ကျရှုံးခြင်း၊ ပျက်စီးခြင်းများကိုလည်း မလွှဲမရှောင်သာ ပိုင်ဆိုင်ရရှိလာဦးမည် ဆိုသည်ကိုလည်း သိထားရပါလိမ့်ဦးမည်။

အခုချိန်မှာ ပြုံးနိုင်ကြသူတွေလည်း၊တစ်နေ့ ငိုကြရဦးမှာပဲဖြစ်သည်။ အခုချိန်မှာမော်ကြွားနိုင်သူတွေလည်း၊ တစ်နေ့ ငုပ်လျှိုးပျောက်ကွယ်ကြရဦးမှာပင်ဖြစ်သည်။နုပျိုခြင်းကို ဖက်တွယ်ရင်းနှင့်ပင် အိုမင်းခြင်းတို့က တရိပ်ရိပ်ပင်ကပ်ပါလာသည်။

ဘယ်သူ ယူချင်ပါမည်နည်း။မယူချင်လည်း ရလာပါလိမ့်မည်။ဘဝတွေရလာကတည်းက သင်္ခါရသဘောတွေကို ဘယ်လိုလူပင်ဖြစ်ပါစေ ရှောင်လွှဲလို့ မရနိုင်ကောင်းပေ။မာန်သိပ်မတတ်ချင်ပါနှင့်ဟူ၍သာ…။

**တေးစာသားအား ကူးယူဖော်ပြရခြင်းအတွက် မူရင်းပိုင်ရှင်နှင့် အဆိုတော်ကြီးစိုင်းဆိုင်မောဝ်အား အသိအမှတ် ဂါရဝပြုပါ၏။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

“ေရွာင္လႊဲမရ သခၤါရသာ”

 

ရွိျမဲမရွိ(သို႔)သခၤါရ

ႏုရြယ္စဥ္တုန္းမို႔ လွေနတုန္း လွၾကမယ္။ အရာရာတိုင္းဟာ တကယ္လို႔ ေဟာင္းသြားရင္ ျမင္ခ်င္မလား ေဩာ္..ယူခ်င္မလား…တြယ္တာစရာ ..ခင္တြယ္စရာလည္း မေကာင္းေတာ့ပါ…ကိုယ့္အတြက္ အဲဒါ…သခၤါရတရား…

လွတိုင္းလည္းပဲ လွၿမဲမေနပါ…ရွိတိုင္းလည္းပဲ အစဥ္အၿမဲရွိလို႔ မေနပါ…အဲဒီအျဖစ္မ်ိဳးကို ဒီလူသားခံစားရဦးမွာ…

ခုအခ်ိန္မွာျပဳံးလို႔…တေန႔ငိုၾကရဦးမွာ သခၤါရတရား ..ဒြန္တြဲလ်က္ရွိလာ…အရြယ္အိုလာရင္…ေဩာ္ျမင္ခ်င္မလား တြယ္တာစရာ ..ခင္တြယ္စရာလည္း ရွိဦးမလား…တို႔အတြက္ အဲဒါ သခၤါရတရား…

လွတိုင္းလည္းပဲ လွၿမဲမေနပါ…ရွိတိုင္းလည္းပဲ အစဥ္အၿမဲရွိလို႔ မေနပါ…အဲဒီအျဖစ္မ်ိဳးကို ဒီလူသားခံစားရဦးမွာ…

ခုအခ်ိန္မွာျပဳံးလို႔…တေန႔ငိုၾကရဦးမွာ သခၤါရတရား ..ဒြန္တြဲလ်က္ရွိလာ…အရြယ္အိုလာရင္…ေဩာ္... ျမင္ခ်င္မလား တြယ္တာစရာ ..ခင္တြယ္စရာလည္း မေကာင္းေတာ့ပါ…တို႔အတြက္ အဲဒါ သခၤါရတရား…

“ရွိျမဲမရွိ(သို႔)သခၤါရ” တဲ့ ဒီသီခ်င္းကို ကၽြန္ေတာ္ႀကိဳက္ခဲ့သည္။ထိုႀကိဳက္ခဲ့သည့္ အခ်ိန္က ကၽြန္ေတာ့အရြယ္မွာ ႏုရြယ္စဥ္တုန္းပါပဲ။ ငယ္ရြယ္ေသးပင္မယ့္ သခၤါရသေဘာေတြ၊ မၿမဲျခင္းသေဘာေတြကို၊လြမ္းတျခင္း သေဘာေတြပါဝင္သည့္ သူ႔သီခ်င္းမ်ားကိုလည္း စြဲစြဲမက္မက္ ကၽြန္ေတာ္ႏွစ္သက္ခဲ့သည္။

အခ်ိဳ႕ေသာသီခ်င္းမ်ားမွာ ရွမ္ရိုးရာ တီးလုံးေလးမ်ားႏွင့္ ဆိုထားျခင္းေၾကာင့္လည္း ၾကည္ႏူးႏွစ္သက္ရသည္။ သူ႔သီခ်င္းေတြကိုခ်စ္ရသည္။အခ်ိဳ႕ေသာ သီခ်င္းအပုဒ္မ်ာတြင္ ရွမ္းစကားႏွင့္ သီဆိုထားသည္။ နားမလည္ ေသာ္လည္း ႀကိဳက္သည္။ လိုက္ဆိုသည္။မေရာက္ဖူးေသာ ရွမ္းနယ္ေျမကို ေတြးဆေရာက္မိေနသလို ခံစားရသည္။

အထူးသျဖင့္ စိုင္းဆိုင္ေမာဝ္၏ သီခ်င္းမ်ားကို အႏွစ္သက္ဆုံးႏွင့္ အခုံမင္ဆုံး ကၽြန္ေတာ္ ၿငီးမိတတ္၏။ သူ႔သီခ်င္းမ်ားတြင္ ဒီသေဘာေတြပါဝင္သည့္ သီခ်င္းေတြကလည္းမ်ားသည္။ သူ႔စီရီးေခြတိုင္းလိုလိုမွာ လြမ္းလြမ္းေဆြးေဆြးႏွင့္ တရားသေဘာပါသည့္ သီခ်င္းမ်ားလည္း ပါဝင္ေနတတ္သည္။

ဒီေန႔လည္း လူမႈကြန္ရက္တြင္ “ရွိျမဲမရွိ(သို႔)သခၤါရ”ဆိုတဲ့ သီခ်င္းေလးကိုသူ႔သားေလးက ျပန္ဆိုထားတာကို တင္ျပလာၾကသည္ကို နားေထာင္လိုက္ရသည္။ စိုင္းဆိုင္ေမာဝ္ကိုခ်စ္သည့္စိတ္ ဒီသီခ်င့္ကိုႀကိဳက္သည့္စိတ္ျဖင့္နားေထာင္လိုက္ရသည္။ေဩာ္..ဒီေတးသီခ်င္းကပင္ တရားသေဘာျပေလၿပီ။

တစ္ခ်ိန္က သူ႔ရဲ႕နုပ်ိဳျခင္းတို႔ ဆိတ္သုဥ္းသြားၿပီဆိုတာကိုလည္း ျပသသြားသည္ဟုလည္း ခံစားလိုက္ရသည္။ ဇရာအိုႏွင့္လုလင္ပ်ိဳ။သူ႔သား၏ ႏုပ်ိဳျခင္း၊သူ၏အိုမင္းျခင္းတို႔ကို နိမိတ္ျပသြားသည္ဟုထင္သည္။

တစ္ခ်ိန္က ႏုပ်ိဳျပည့္တင္းျခင္းတို႔က အေတာ္ပင္ဆုတ္ယုတ္ပ်က္ျပားခဲ့ၿပီဆိုသည့္ သခၤါရတရားကိုျပသြားသည္။ သူ႔သီခ်င္းေတြထဲကအတိုင္း သူ႕ပုံရိပ္ကဆိုေနသည္။

ႏုပ်ိဳသစ္လြင္ျခင္းဆိုတာေတြကလည္း အခ်ိန္၏တိုက္စားျခင္းႏွင့္အတူ ယိုယြင္းလာၾကရမည္ပင္။ YouTube မွာ ဒီသီခ်င္းကိုပင္ တစ္ခ်ိန္က ျပည္သူ႔အခ်စ္ေတာ္အႏုပညာရွင္ႀကီးမ်ာ၏ ပုံရိပ္ကို အသုံးျပဳၿပီး လႊင့္တင္ထား သည္ကိုေတြ႔ရသည္။ႏုပ်ိဳျခင္းႏွင့္အိုမင္းျခင္းေတြကို ယွဥ္တြဲေဖာ္ျပထားသည္မွာ တရားရဖို႔ပင္ေကာင္းလွသည္။

ႏုပ်ိဳျခင္း၊ေအာင္ျမင္ျခင္း၊ေက်ာ္ၾကားျခင္းေတြကို ေက်ေက်နပ္နပ္ သိမ္းပိုက္ဆုပ္ကိုင္ ပိုင္ဆိုင္ခဲ့သလိုပါပဲ အိုမင္းျခင္း၊က်ရႈံးျခင္း၊ ပ်က္စီးျခင္းမ်ားကိုလည္း မလႊဲမေရွာင္သာ ပိုင္ဆိုင္ရရွိလာဦးမည္ ဆိုသည္ကိုလည္း သိထားရပါလိမ့္ဦးမည္။

အခုခ်ိန္မွာ ၿပဳံးႏိုင္ၾကသူေတြလည္း၊တစ္ေန႔ ငိုၾကရဦးမွာပဲျဖစ္သည္။ အခုခ်ိန္မွာေမာ္ၾကြားႏိုင္သူေတြလည္း၊ တစ္ေန႔ ငုပ္လွ်ိဳးေပ်ာက္ကြယ္ၾကရဦးမွာပင္ျဖစ္သည္။ႏုပ်ိဳျခင္းကို ဖက္တြယ္ရင္းႏွင့္ပင္ အိုမင္းျခင္းတို႔က တရိပ္ရိပ္ပင္ကပ္ပါလာသည္။

ဘယ္သူ ယူခ်င္ပါမည္နည္း။မယူခ်င္လည္း ရလာပါလိမ့္မည္။ဘဝေတြရလာကတည္းက သခၤါရသေဘာေတြကို ဘယ္လိုလူပင္ျဖစ္ပါေစ ေရွာင္လႊဲလုိ႔ မရႏိုင္ေကာင္းေပ။မာန္သိပ္မတတ္ခ်င္ပါႏွင့္ဟူ၍သာ…။

**ေတးစာသားအား ကူးယူေဖာ္ျပရျခင္းအတြက္ မူရင္းပိုင္ရွင္ႏွင့္ အဆိုေတာ္ႀကီးစိုင္းဆိုင္ေမာဝ္အား အသိအမွတ္ ဂါရဝျပဳပါ၏။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
Magical World
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service