ခရစ္စတီယာနိုရော်နယ်ဒိုနှင့် ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်တို့စုံတွဲ ကိုယ်ပိုင်ဂျက်လေယာဉ်ကြီးကို ယူရို သန်း ၂၀ ဖြင့် ရောင်းမည်
ခရစ္စတီယာနိုရော်နယ်ဒိုနှင့် ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်တို့စုံတွဲ ကိုယ်ပိုင်ဂျက်လေယာဉ်ကြီးကို ယူရို သန်း ၂၀ ဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
6 Apr 2023 10:02 am တွင် တင်ခဲ့သည်
2284 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ခရစ္စတီယာနိုရော်နယ်ဒိုနှင့် ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်တို့စုံတွဲသည် ၎င်းတို့၏ ကိုယ်ပိုင်ဂျက်လေယာဉ်ကြီးကို ယူရို သန်း ၂၀ ဖြင့် ရောင်းချရန် အရောင်းဈေးကွက်တင်လာကြောင်း SPORT.es. က ဖော်ပြသည်။
စီရော်နယ်ဒိုတို့ စုံတွဲသည် Gulfstream G200 အမျိုးအစားတန်ဖိုးကြီး ဂျက်လေယာဉ်ကြီးကို ယခုအခါတွင် မနှစ်သက်ကြတော့ချေ။
ထိုဂျက်လေယာဉ်ကြီးကို စီရော်နယ်ဒိုနှင့် ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်တို့စုံတွဲက လုပ်ငန်းအတွက်နှင့် ကိုယ်ရေးကိုယ်တာကိစ္စများအတွက် အသုံးပြုခဲ့သည်။
ထို့အပြင် ဂျော်ဂျီနာ၏ Netflix ရုပ်သံမှ I am Georgina အစီအစဉ်တွင် ထည့်သွင်းဖော်ပြခဲ့ဖူးသည်။
စီရော်နယ်ဒိုတို့ စုံတွဲသည် ယခုထက်ပိုမိုကြီးမားသော ဂျက်လေယာဉ်ကြီးတစ်စင်း ဝယ်လိုသောကြောင့် ယခုလေယာဉ်ကို ရောင်းချရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
လက်ရှိ လေယာဉ်၏ အရွယ်အစားကို ၎င်းတို့စုံတွဲ စိတ်ကျေနပ်ဟန် မရချေ။ ဂျော်ဂျီနာ၏ Netflix အစီအစဉ်သည် များစွာအောင်မြင်ခဲ့ရာ ယခုထက်ပိုမိုကြီးမားသော လေယာဉ်ကြီးတစ်စင်း ဝယ်ယူနိုင်ရန် ဝင်ငွေများစွာ ရခဲ့သည်။
စီရော်နယ်ဒိုနှင့် ဂျော်ဂျီနာတို့သည် လက်ရှိအားဖြင့် ဆော်ဒီအာရေးဘီးယားနိုင်ငံ၏ မြို့တော် ရီယာ့ဒ်တွင် အခြေချနေထိုင်လျက်ရှိသည်။
စီရော်နယ်ဒိုက ဆော်ဒီကလပ်အသင်း Al-Nassr သို့ ကမ္ဘာ့စံချိန်တင် လစာဖြင့် ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း ၎င်းတို့စုံတွဲ ဆော်ဒီတို့ ပြောင်းရွှေ့အခြေချခဲ့ခြင်း ဖြစ်သည်။
ဆော်ဒီတွင် နေထိုင်ရမှု ဘဝနှင့် ပတ်သက်ပြီး ဂျော်ဂျီနာက ဖွင့်ဟပြောကြားသည်မှာ ဆော်ဒီသည် အလွန်လုံခြုံဘေးကင်းသည့် နေရာဖြစ်ပြီး ပျူငှာဖော်ရွေကြကြောင်း ပြောသည်။
ဆော်ဒီမှ နာမည်ကြီးရေမွှေးတံဆိပ်ဖြစ်သော Laverne က ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်အား ၎င်းတို့၏ ambassador သစ်အဖြစ် ခန့်အပ်ခဲ့သည်။
ဂျော်ဂျီနာက Laverne နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်မှာ “ဒီမှာနေရတာ အတော်ကို ဘေးကင်းလုံခြုံတာ ခံစားရပါတယ်။ ဆော်ဒီ သဲကန္တာရထဲကို လည်ပတ်ခဲ့တဲ့ အချိန်မှာ ကျွန်မ တော်တော်ကြီးကို ပျော်ခဲ့တယ်။ ညဘက်မှာ ဆော်ဒီ သဲကနာ္တရရဲ့ မှော်ဆန်တဲ့ စွမ်းအားက မယုံနိုင်လောက်အောင်ပါပဲ"ဟု ပြောသည်။
စီရော်နယ်ဒိုသည်လည်း Al-Nassr ကလပ်အသင်းတွင် ကစားရသည့် ဘဝကို ကျေနပ်ပျော်ရွှင်နေဟန် ရသည်။
စီရော်နယ်ဒိုသည် Saudi Pro League တွင် ၈ ပွဲပါဝင်ကစားထားရာ ၉ ဂိုးသွင်းထားပြီး ဂိုးရရန် ၂ ကြိမ် ပံ့ပိုးမှု ပြုလုပ်ပေးခဲ့သည်။
ဂျော်ဂျီနာက စီရော်နယ်ဒိုနှင့် ပတ်သက်၍ ပြောသည်မှာ “သူက အရမ်းချောပါတယ်”ဟု ဆိုသည်။
စီရော်နယ်ဒိုနှင့် ပထမဆုံးအကြိမ် တွေ့ဆုံမှုတွင် ရှက်နေခဲ့ကြောင်း ဂျော်ဂျီနာက ပြောသည်။
“သူက အရမ်းကို ချောပါတယ်။ သူအရမ်းချောတာကို ကျွန်မတွေ့ရတော့ သူ့ကို ကြည့်ရမှာ ရှက်နေခဲ့တယ်။ သူပြန်သွားပြီးတဲ့နောက် ဆိုင်ကနေ ကျွန်မပြန်သင့်တဲ့ အချိန်ထက် ၃ နာရီလောက်နောက်ကျပြီးမှ အိမ်ပြန်နိုင်ခဲ့တယ်။ ”
ဂျော်ဂျီနာသည် Gucci စတိုးဆိုင်တွင် အရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်နေစဉ် စီရော်နယ်ဒိုနှင့် ပထမဆုံး ဆုံစည်းခဲ့ခြင်း ဖြစ်သည်။
(ဆက်စပ်သတင်းများ)
စီရော်နယ်ဒို ဆော်ဒီအာရေးဗီးယားတွင် နေထိုင်မည့်စံအိမ်
https://www.imyanmarhouse.com/news/read/1050091
စီရော်နယ်ဒိုနှင့် ချစ်သူမိန်းကလေး ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်တို့၏ ပေါင် ၇ သန်းတန် လူနေခန်း
https://www.imyanmarhouse.com/news/read/1050001
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Cristiano Ronaldo and Georgina Rodriguez put up private jet worth €20 million for sale as they aim for ambitious upgrade: Reports (sportskeeda)
[Zawgyi]
(ဆက်စပ်သတင်းများ)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service