ဘဝရဲ့ အားပေးလမ်းညွှန်မှု

ဘဝရဲ့ အားပေးလမ်းညွှန်မှု - Property Knowledge in Myanmar from iMyanmarHouse.com
3 Apr 2023 11:23 am တွင် တင်ခဲ့သည်
368 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

မျှဝေသင့်တဲ့ စကားလေးတွေမို့ ကူးယူမျှဝေလိုက်ရပါသည်။ခွင့်ပြုဖို့လည်းခွင့်တောင်းပါသည်။ ဘဝပြောင်းဖို့ ကောင်းတဲ့စကားလေးတွေမို့ ဖတ်မိသူတိုင်းအတွက် ကောင်းသောဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ အသိတို့ရကြလျှင် အမြတ်ဟုတွက်ပါသည်။

စကားတစ်ခွန်း၊စာတစ်ပုဒ်သည်လည်း ဘဝကို ပြောင်းလဲနိုင်အောင် စွမ်းဆောင်ကြသည်ဟု ကျွန်တော်ခံယူပါသည်။

ဒီနေ့လူမှုကွန်ရက်တွင်ဖတ်လိုက်ရသည့် စာတစ်ပုဒ်က Naing Win Aung (MBA, UK) ၏ “ လိုချင်တာတွေ မရမချင်း နည်းလမ်းတွေ ပြောင်းလဲပြီး လုပ်ပါ …”ဆိုတဲ့ အားပေးလမ်းညွှန် ဆောင်းပါးလေးပါ။

‘ ဘာအသစ်အဆန်းမှ မလုပ်ဘဲ ငါ့ဘဝက ဘာလို့ဒီလိုဖြစ်နေတာလဲလို့ တွေးမိတဲ့ အတွေးတွေက ဆရာ့ရဲ့လမ်းညွှန်ဆောင်းပါးလေးထဲက စာပိုဒ်တွေနဲ့ တိုက်ဆိုင်လွန်းနေတော့ ဒါလေးကို မျှဝေချင်စိတ် ဖြစ်သွားမိပါသည်။ဒါကြောင့်ပဲ မျှဝေလိုက်ရပါတယ်။

ဆရာ Naing Win Aung (MBA, UK) Breakthrough Coaching,Training & Consulting ၏ လမ်းညွှန် ဆောင်းပါးလေးကို အပြည့်အစုံပဲဖော်ပြလိုက်ရပါတယ်။ ဘဝလမ်းကြောင်းတို့ ဖြောင့်ဖြူးပါစေ။

“လိုချင်တာတွေ မရမချင်း နည်းလမ်းတွေ ပြောင်းလဲပြီး လုပ်ပါ …”

ပိုမိုကောင်းမွန်တဲ့ အပြောင်းအလဲတစ်ခုကို လိုချင်ရင် လုံခြုံမှု သိပ်လိုချင်နေလို့ မရဘူး …သိပ်လုံခြုံနေချင်ရင် အကျဉ်းထောင်ထဲသွားနေပါလို့ Tony Robbins က ပြောတယ် …

ဘာအသစ်အဆန်းမှ မလုပ်၊တစ်ရက်တစ်ရက် ဒီလူတွေနဲ့ပဲတွေ့ ၊ ဒီအချိန် ဒီနေရာမှာပဲတွေ့၊ လုပ်နေကျ ဟာတွေကိုပဲလုပ်၊ ပြီးရင် ငါတို့ဘာလို့ ဒီလိုဖြစ်နေကြတာလဲမေးနေရင် ရူးသွပ်မှုပဲ ဖြစ်လိမ့်မယ်ဆိုတဲ့ အိုင်းစတိုင်းရဲ့ စကားလည်း ရှိတယ် …...

တကယ်ကို ပြောင်းလဲချင်ရင် မိုးထဲရေထဲ လေထဲကို ထွက်ရတယ် … ချီးမွမ်းတာ ဝေဖန်တာ ကဲ့ရဲ့တာတွေကို ခံရတယ် … မပြောဖူးတာတွေ ပြောရတယ် … မလုပ်ဖူးတာတွေကို လုပ်ရတယ် ….. မသွားဖူးတဲ့နေရာတွေကို သွားရတယ် … မတွေ့ဖူးတဲ့သူတွေနဲ့ တွေ့ရတယ် … မခံစားဖူးတာတွေကို ခံစားရတယ် … မတွေ့ကြုံဖူးတာတွေကို တွေ့ကြုံရတယ် ….

Transformational Leadership ဆိုတာ ကိုယ့်အတွေးအခေါ် အယူအဆ အရည်အချင်း ဒါတွေကနေ စပြောင်းရတယ် … မပြောင်းရင် မဖြစ်တော့တဲ့ အကြောင်းရင်းတွေကိုလည်း ရှာဖွေရတယ် … ကိုယ်ရယ် ကိုယ့်ပတ်ဝန်းကျင် အဖွဲ့ဝင် အဖွဲ့အစည်း တဆင့်ချင်းနဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးကိုပါ ကောင်းမွန်တဲ့ တိုးတက်ပြောင်းလဲမှုတွေ လုပ်ဖို့ Making A Positive Difference ဖြစ်ဖို့ ကြိုးစားရတယ်။ ဒါက လူတိုင်းအတွက် မဟုတ်ဘဲ အရမ်းကို နည်းပါးတဲ့ ရာခိုင်နှုန်း နည်းနည်းလေးလောက်ရှိတဲ့ စိတ်ဆန္ဒပြင်းပြသူ ဖြစ်ချင် စိတ်ဟုန်းဟုန်းတောက်နေတဲ့အပြင် ကိုယ့်အတွက်တင်မကပဲ နီးစပ်ရာ ပတ်ဝန်းကျင်ကိုပါ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း မြှင့်တင်ပေးချင်တဲ့သူ အနည်းငယ်ကပဲ လုပ်နိုင်တယ်လို့ ကျွန်တော်တော့ ယုံကြည်တယ် …

သင်ရော အဆင်သင့်ဖြစ်ပြီလား … .. အဆင်သင့်ဖြစ်ပြီဆိုရင် အခုပဲ စပြီး ငါဘာဖြစ်နေတာလဲ ငါဘာကို လိုချင်တာလဲ မေးပါ … တဆင့်ချင်း တဆင့်ပြင်ဆင်ပါ၊ ပြောင်းလဲပါ။

သင့်အရည်အချင်းနဲ့ တူသလောက်တန်သလောက်ပဲ သင်ဖြစ်လာမှာ ဖြစ်လို့ အသားကုန်လေ့လာသင်ယူပါ … လက်တွေ့ဘဝမှာ ပြန်ပြီး အကျိုးရှိအောင် အသုံးချပါ … လိုချင်တာတွေ မရမချင်း နည်းလမ်းတွေ ပြောင်းလဲပြီး လုပ်ပါ … သင်သာ ခွင့်မပြုဘူးဆိုရင် သင့်မနက်ဖြန်ဟာ ဒီနေ့နဲ့ လုံးဝတူမှာ မဟုတ်ဘူး … တဲ့

သိပ်ကိုကောင်းလို့မျှဝေလိုက်ပါသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]


 



















နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service