လက်တန်းပုံပြင်များ

လက်တန်းပုံပြင်များ - Property Knowledge in Myanmar from iMyanmarHouse.com
30 Mar 2023 2:09 pm တွင် တင်ခဲ့သည်
982 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

ကလေးတွေဆိုတာက သူတို့စိတ်ဝင်စားတဲ့ အကြောင်းအရာလေးတွေကို လက်တန်းပုံပြင်လိုလုပ်ပြီး ပြောပြရင်ကိုပဲ သဘောတွေကျနေတတ်တယ်။

အိပ်ရာဝင်လို့ မအိပ်ချင်သေးရင် မိဘဖြစ်သူကို ပုံပြင်ပြောခိုင်းတော့တာပါပဲ။အဲဒီအခါမျိုးမှာ ကိုယ့်မှာပြောစရာ မရှိရင် သူသိပြီးသား အကြောင်းအရာလေးတွေကို ပုံပြင်လုပ်ပြီးပြောရတာပါပဲ။ ဟုတ်တာလဲပါချင်ပါမယ်။ မဟုတ်တာလဲ ပါချင်ပါမယ်။ လောလောဆယ်တော့ ကလေးကျေနပ်ဖို့ပဲ မဟုတ်လား။ သူကျေနပ်ရင် ပြီးတာပါပဲ။ ဟာသလေးတွေ စွက်ပြီးပြောရတာပေါ့။

တစ်ခါတစ်ရံ ကိုယ်ပြောလိုက်တာကို သဘောကျပြီး အိပ်ချင်စိတ်တွေတောင်ပြေကုန်လို့ မနဲအိပ်ခိုင်းရတဲ့ အခါတွေလဲရှိပါတယ်။

ကျွန်တော်တို့မှာ ကြားဖူး သိဖူးပြီးသား ပုံပြင်တွေအများကြီးရှိကြပါတယ်။ဒါပေမယ့် တခါတခါ ကိုယ်သိပြီးသား ပုံပြင်ဇာတ်လမ်းတွေဟာ ကလေးက ပူဆာလို့ ပြောရတော့မယ်ဆိုရင် အစဖော်လို့မရတော့ဘူး။ဝေဝေဝါးဝါးတွေ ဖြစ်နေရောပဲ။

အဲဒီလို မေ့တေ့တေ့ဖြစ်နေတဲ့ပုံပြင်တွေ လက်တန်းထိုးဇာတ်တွေလုပ်ပြီး ပြောရတော့တာပါပဲ။နောက်ကျမှ အဲဒီဇာတ်လမ်းတွေရှာပြီး သေချာဖတ်ပြီးမှ ပြောမယ်လို့ တေးထားရတာတွေလဲ မနဲပါဘူး။

ကျွန်တော် ငယ်ငယ်က ဦးလေးဖြစ်သူ ပြောတဲ့ ပုံပြင်လေးတစ်ပုဒ်ကို ရေးတေးတေးမှတ်မိနေသေးတယ်။ သမီးက ပုံပြင်နားထောင်ချင်တယ်ပူဆာတော့ အဲဒီရေးတေးတေးမှတ်မိနေတဲ့ပုံပြင်လေးကို ထိုးဇာတ်တွေထည့်ပြီး လက်တန်းပြောခဲ့ရတယ်။

ခေါင်းစဉ်လဲ မသိတော့ အဲဒီပုံပြင်ထဲက ဇာတ်ကောင်လေးဦးကိုပဲရည်ရွယ်ပြီး မိတ်ဆွေလေးဦးလို့ ခေါင်းစဉ်တပ်ပြီး ပြောခဲ့ရတယ်။

အဲဒီပုံပြင်လေးကို လူအများလည်းသိကြမယ်လို့လည်းထင်ပါတယ်။မြည်းရယ်၊ခွေးရယ်၊ကြောင်ရယ်၊ကြက်ဖရယ် ပါဝင်တဲ့ ပုံပြင်ပါ။

မြည်းတစ်ကောင်ဟာ ရွာကထွက်လာခဲ့တယ်။ထွက်လာရတဲ့အကြောင်းကလည်း သူဟာ သူ့သခင်ခိုင်းတဲ့ အလုပ်တွေကို မလုပ်နိုင်လောက်အောင် အိုမင်းနေပြီဖြစ်တာကြောင့် သူ့သခင်က မောင်းထုတ်လိုက်လို့ ထွက်လာရခြင်းပါ။

အဲဒီလိုထွက်လာရာ လမ်းမှာ သူ့လို ဘဝတူ ခွေး၊ကြောင်၊ကြက်ဖတို့နဲ့ မိတ်ဆွေဖြစ်ပြီး သူတို့လေးဦး မိတ်ဆွေဖွဲ့ပြီး ထွက်ခဲ့ကြရာက တောအုပ်တစ်ခုထဲမှာ အိမ်တစ်အိမ်ကိုတွေ့ခဲ့ကြတယ်။ အဲဒီအိမ်ဟာ ဓားပြလူဆိုးတွေနေတဲ့အိမ်ပေါ့။

လူဆိုးတွေကို အသံမျိုးစုံနဲ့ ခြောက်လှန့်ထွက်ပြေးစေပြီး အဲဒီအိမ်ကို အပိုင်စီးပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားကြတဲ့ အကြောင်းလေးကို မှတ်မိသမျှလေးထဲကို ရီစရာ ထိုးဇာတ်တွေထည့်ပြီး လက်တန်းပြောရတာပါပဲ။

အဲဒါကိုကြိုက်ပြီး နောက်ရက်တွေမှာ ထပ်ပြီးပူဆာလို့ပြောရရင် အရင်ရက်ကပြောတာတွေနဲ့ လွဲနေတော့တာပေါ့။ ကိုယ်ပြောခဲ့တာ ကိုယ့်ဟာကိုယ်မေ့ကုန်တော့တာပါပဲ။

ဒါကို ကလေးတွေက သိပါတယ်။ အဲလိုမဟုတ်ဘူး ဟိုဟာက ဟိုလိုလေ။ဒီဟာကဒီလိုလေ ဆိုပြီး ကလေးကပြန်ထောက်ပြရတယ်။ကိုယ့်မှာ သူတို့ကို ကလေးဆိုပြီး လျော့တွက်လို့မရဘူး။

အရင်က ချန်နယ်ဆဲဗင်းမှာ ကိုးရီးယားက နာမည်ကြီးသူတွေရဲ့ သားသမီးတွေရဲ့ နေထိုင်မှုပုံစံလေးတွေကို (The Return of Superman) ဆိုပြီးပြခဲ့တယ်။အဲဒီထဲက ဘန်ထလေနဲ့ ဝီလီယံညီအစ်ကိုကို သမီးကကြိုက်တယ်။

သူတို့အကြောင်းကို အိပ်ရာဝင်တဲ့အချိန် ပြောခိုင်းတော့ ရုပ်သံထဲက လွှင့်တဲ့အတိုင်း ကျွန်တော်က မပြောတော့ ဘူး။မြန်မာပြည်က သမီးအမေ ချက်တဲ့ ဟင်းရဲ့အနံ့ကို အဲဒီညီအစ်ကိုရပြီး မြန်မာပြည်ရောက်လာကြပုံတွေ ပြောပြရတာပေါ့။

ဒီညီအစ်ကို မြန်မာပြည်ကို အမြန်လာချင်တော့ စူပါမင်းဆီက ဝတ်စုံတွေငှားပြီး လာတော့ မြန်မြန်ရောက်တယ် ဆိုတဲ့ အကြောင်းတွေ၊ဗန္ဓုလပန်းခြံထဲဆင်းတော့ စူပါမင်းဝတ်စုံနဲ့ လွတ်လပ်ရေးကျောက်တိုင်ငြိပြီး ပြုတ်ကျတဲ့အကြောင်းတွေ၊ပန်းခြံထဲက ဒန်းတွေစီးတဲ့ အကြောင်းတွေထည့်ပြီး လက်တန်းပြောရတာပေါ့။

မိဘတွေအနေနဲ့ လက်တန်းပုံပြင်တွေ မပြောချင်ရင်တော့ အိပ်ရာဝင်ပုံပြင်စာအုပ်တွေ ဝယ်ပြီးများများ ဖတ်ထားမှ တော်ကာကျပါလိမ့်မယ်။နို့မဟုတ်ရင်တော့ လက်တန်းပုံပြင်တွေ ဖန်တီးရပါလိမ့်မယ်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

လက္တန္းပုံျပင္မ်ား

 

ကေလးေတြဆိုတာက သူတို႔စိတ္ဝင္စားတဲ့ အေၾကာင္းအရာေလးေတြကို လက္တန္းပုံျပင္လိုလုပ္ၿပီး ေျပာျပရင္ကိုပဲ သေဘာေတြက်ေနတတ္တယ္။

အိပ္ရာဝင္လို႔ မအိပ္ခ်င္ေသးရင္ မိဘျဖစ္သူကို ပုံျပင္ေျပာခိုင္းေတာ့တာပါပဲ။အဲဒီအခါမ်ိဳးမွာ ကိုယ့္မွာေျပာစရာ မ႐ွိရင္ သူသိၿပီးသား အေၾကာင္းအရာေလးေတြကို ပုံျပင္လုပ္ၿပီးေျပာရတာပါပဲ။ ဟုတ္တာလဲပါခ်င္ပါမယ္။ မဟုတ္တာလဲ ပါခ်င္ပါမယ္။ ေလာေလာဆယ္ေတာ့ ကေလးေက်နပ္ဖို႔ပဲ မဟုတ္လား။ သူေက်နပ္ရင္ ၿပီးတာပါပဲ။ ဟာသေလးေတြ စြက္ၿပီးေျပာရတာေပါ့။

တစ္ခါတစ္ရံ ကိုယ္ေျပာလိုက္တာကို သေဘာက်ၿပီး အိပ္ခ်င္စိတ္ေတြေတာင္ေျပကုန္လို႔ မနဲအိပ္ခိုင္းရတဲ့ အခါေတြလဲ႐ွိပါတယ္။

ကြၽန္ေတာ္တို႔မွာ ၾကားဖူး သိဖူးၿပီးသား ပုံျပင္ေတြအမ်ားႀကီး႐ွိၾကပါတယ္။ဒါေပမယ့္ တခါတခါ ကိုယ္သိၿပီးသား ပုံျပင္ဇာတ္လမ္းေတြဟာ ကေလးက ပူဆာလို႔ ေျပာရေတာ့မယ္ဆိုရင္ အစေဖာ္လို႔မရေတာ့ဘူး။ေဝေဝဝါးဝါးေတြ ျဖစ္ေနေရာပဲ။

အဲဒီလို ေမ့ေတ့ေတ့ျဖစ္ေနတဲ့ပုံျပင္ေတြ လက္တန္းထိုးဇာတ္ေတြလုပ္ၿပီး ေျပာရေတာ့တာပါပဲ။ေနာက္က်မွ အဲဒီဇာတ္လမ္းေတြ႐ွာၿပီး ေသခ်ာဖတ္ၿပီးမွ ေျပာမယ္လို႔ ေတးထားရတာေတြလဲ မနဲပါဘူး။

ကြၽန္ေတာ္ ငယ္ငယ္က ဦးေလးျဖစ္သူ ေျပာတဲ့ ပုံျပင္ေလးတစ္ပုဒ္ကို ေရးေတးေတးမွတ္မိေနေသးတယ္။ သမီးက ပုံျပင္နားေထာင္ခ်င္တယ္ပူဆာေတာ့ အဲဒီေရးေတးေတးမွတ္မိေနတဲ့ပုံျပင္ေလးကို ထိုးဇာတ္ေတြထည့္ၿပီး လက္တန္းေျပာခဲ့ရတယ္။

ေခါင္းစဥ္လဲ မသိေတာ့ အဲဒီပုံျပင္ထဲက ဇာတ္ေကာင္ေလးဦးကိုပဲရည္႐ြယ္ၿပီး မိတ္ေဆြေလးဦးလို႔ ေခါင္းစဥ္တပ္ၿပီး ေျပာခဲ့ရတယ္။

အဲဒီပုံျပင္ေလးကို လူအမ်ားလည္းသိၾကမယ္လို႔လည္းထင္ပါတယ္။ျမည္းရယ္၊ေခြးရယ္၊ေၾကာင္ရယ္၊ၾကက္ဖရယ္ ပါဝင္တဲ့ ပုံျပင္ပါ။

ျမည္းတစ္ေကာင္ဟာ ႐ြာကထြက္လာခဲ့တယ္။ထြက္လာရတဲ့အေၾကာင္းကလည္း သူဟာ သူ႕သခင္ခိုင္းတဲ့ အလုပ္ေတြကို မလုပ္ႏိုင္ေလာက္ေအာင္ အိုမင္းေနၿပီျဖစ္တာေၾကာင့္ သူ႕သခင္က ေမာင္းထုတ္လိုက္လို႔ ထြက္လာရျခင္းပါ။

အဲဒီလိုထြက္လာရာ လမ္းမွာ သူ႕လို ဘဝတူ ေခြး၊ေၾကာင္၊ၾကက္ဖတို႔နဲ႔ မိတ္ေဆြျဖစ္ၿပီး သူတို႔ေလးဦး မိတ္ေဆြဖြဲ႕ၿပီး ထြက္ခဲ့ၾကရာက ေတာအုပ္တစ္ခုထဲမွာ အိမ္တစ္အိမ္ကိုေတြ႕ခဲ့ၾကတယ္။ အဲဒီအိမ္ဟာ ဓားျပလူဆိုးေတြေနတဲ့အိမ္ေပါ့။

လူဆိုးေတြကို အသံမ်ိဳးစုံနဲ႔ ေျခာက္လွန္႔ထြက္ေျပးေစၿပီး အဲဒီအိမ္ကို အပိုင္စီးၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနထိုင္သြားၾကတဲ့ အေၾကာင္းေလးကို မွတ္မိသမွ်ေလးထဲကို ရီစရာ ထိုးဇာတ္ေတြထည့္ၿပီး လက္တန္းေျပာရတာပါပဲ။

အဲဒါကိုႀကိဳက္ၿပီး ေနာက္ရက္ေတြမွာ ထပ္ၿပီးပူဆာလို႔ေျပာရရင္ အရင္ရက္ကေျပာတာေတြနဲ႔ လြဲေနေတာ့တာေပါ့။ ကိုယ္ေျပာခဲ့တာ ကိုယ့္ဟာကိုယ္ေမ့ကုန္ေတာ့တာပါပဲ။

ဒါကို ကေလးေတြက သိပါတယ္။ အဲလိုမဟုတ္ဘူး ဟိုဟာက ဟိုလိုေလ။ဒီဟာကဒီလိုေလ ဆိုၿပီး ကေလးကျပန္ေထာက္ျပရတယ္။ကိုယ့္မွာ သူတို႔ကို ကေလးဆိုၿပီး ေလ်ာ့တြက္လို႔မရဘူး။

အရင္က ခ်န္နယ္ဆဲဗင္းမွာ ကိုးရီးယားက နာမည္ႀကီးသူေတြရဲ႕ သားသမီးေတြရဲ႕ ေနထိုင္မႈပုံစံေလးေတြကို (The Return of Superman) ဆိုၿပီးျပခဲ့တယ္။အဲဒီထဲက ဘန္ထေလနဲ႔ ဝီလီယံညီအစ္ကိုကို သမီးကႀကိဳက္တယ္။

သူတို႔အေၾကာင္းကို အိပ္ရာဝင္တဲ့အခ်ိန္ ေျပာခိုင္းေတာ့ ႐ုပ္သံထဲက လႊင့္တဲ့အတိုင္း ကြၽန္ေတာ္က မေျပာေတာ့ ဘူး။ျမန္မာျပည္က သမီးအေမ ခ်က္တဲ့ ဟင္းရဲ႕အနံ႔ကို အဲဒီညီအစ္ကိုရၿပီး ျမန္မာျပည္ေရာက္လာၾကပုံေတြ ေျပာျပရတာေပါ့။

ဒီညီအစ္ကို ျမန္မာျပည္ကို အျမန္လာခ်င္ေတာ့ စူပါမင္းဆီက ဝတ္စုံေတြငွားၿပီး လာေတာ့ ျမန္ျမန္ေရာက္တယ္ ဆိုတဲ့ အေၾကာင္းေတြ၊ဗႏၶဳလပန္းျခံထဲဆင္းေတာ့ စူပါမင္းဝတ္စုံနဲ႔ လြတ္လပ္ေရးေက်ာက္တိုင္ၿငိၿပီး ျပဳတ္က်တဲ့အေၾကာင္းေတြ၊ပန္းျခံထဲက ဒန္းေတြစီးတဲ့ အေၾကာင္းေတြထည့္ၿပီး လက္တန္းေျပာရတာေပါ့။

မိဘေတြအေနနဲ႔ လက္တန္းပုံျပင္ေတြ မေျပာခ်င္ရင္ေတာ့ အိပ္ရာဝင္ပုံျပင္စာအုပ္ေတြ ဝယ္ၿပီးမ်ားမ်ား ဖတ္ထားမွ ေတာ္ကာက်ပါလိမ့္မယ္။ႏို႔မဟုတ္ရင္ေတာ့ လက္တန္းပုံျပင္ေတြ ဖန္တီးရပါလိမ့္မယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service