အ‌ရောင်းအဝယ်ပြုလုပ်သော ကိစ္စများတွင် အမည်ငှားဖြင့် ဝယ်ယူခဲ့ခြင်း ရှိ မရှိ သုံးသပ်ရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များ

အ‌ရောင်းအဝယ်ပြုလုပ်သော ကိစ္စများတွင် အမည်ငှားဖြင့် ဝယ်ယူခဲ့ခြင်း ရှိ မရှိ သုံးသပ်ရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
11 Mar 2023 12:04 pm တွင် တင်ခဲ့သည်
539 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode] ယုံမှတ်အပ်နှံခြင်းအက်ဥပဒေပုဒ်မ ၈၂ ပါ ပြဋ္ဌာန်းချက်အရ ငွေစိုက်ထုတ်ပေးသူသည် လွှဲပြောင်း ရရှိသူ၏ အကျိုးငှာ ငွေစိုက်ထုတ်ဝယ်ယူခြင်းမဟုတ်လျှင် ပစ္စည်းကိုလွှဲ ပြောင်းရရှိသူသည် ငွေပေးသူ၏ အမည်ငှားအနေဖြင့် ထိုသူ၏ အကျိုးငှာ လက်ရှိထားခြင်းဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

ငွေရှင်သည် ပိုင်ရှင်ဖြစ်သည်ဟု တရားသေကောက်ယူပါလျှင် ယုံမှတ်အပ်နှံခြင်းအက်ဥပဒေ ပုဒ်မ ၈၂ ပါ ပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်မည်ဖြစ်သည်။ ငွေရှင်က စာချုပ်၌ လွှဲပြောင်းရရှိသူဟု ဖော်ပြထား သူအား အပိုင်ဝယ်ပေးလိုသော ရည်ရွယ်ချက် ရှိ မရှိသည် အဓိကအချက်ဖြစ်သည်။ ထိုရည်ရွယ်ချက် မရှိပါက ငွေရှင်သည် ပိုင်ရှင်ဖြစ်မည် ဖြစ်သည်။

ဒေါ်အစူရာဘီ (ခ)ဒေါ်ချစ်တီးယားနှင့် ဒေါ်ဖာတူး (ခ) ဒေါ်မြမြဝင်း ၁၉၆၉ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ-၁၄၈ တွင် ဘီနာမီ (ခ) အမည်ငှားဖြင့် အရောင်းအဝယ်ပြုလုပ်သောကိစ္စများ၌ အောက်ပါအချက်များအပေါ် မူတည်၍ စဉ်းစားသင့်ကြောင်း သုံးသပ်ဆုံးဖြတ်ထားသည်-

(၁) အမည်ငှားစနစ်ဖြင့်အရောင်းအဝယ်ပြုလုပ်ရန်အကြောင်း ရှိ မရှိ၊

(၂) နာမည်ငှားများနှင့်တကယ်တမ်းဝယ်ယူသူတို့ ဆက်စပ်နေပုံအရ တကယ်တမ်းဝယ်ယူသူက ထိုနာမည် ငှားများကိုရွေးချယ်ရန်အကြောင်း ရှိ မရှိ၊ (၃) ပစ္စည်းပိုင်ဆိုင်မှုနှင့် စပ်လျဉ်းသည့် စာချုပ်စာတမ်းများ မည်သူ့ထံတွင် ရှိသနည်း၊ (၄) ပစ္စည်းသည်မည်သူ့လက်ဝယ်တွင်ရှိသနည်း၊ (၅) မည်သူ့ထံမှအဖိုးငွေကို ရရှိသနည်း။

အလားတူ ဒေါ်အေးတင်ပါ ၂ နှင့် ဦးခေးဝှက် (ခ)ဦးစိန်တင် ၁၉၉၃ ခုနှစ်၊ မြန်မာနိုင်ငံ တရား စီရင်ထုံး၊ စာမျက်နှာ- ၈၁ တွင်လည်း အထက်ပါ စီရင်ထုံးကိုလိုက်နာလျက်ဆုံးဖြတ်ခဲ့သည်။ ယုံမှတ်အပ်နှံခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၈၂ ပါ ပြဋ္ဌာန်းချက်နှင့် ညီညွတ်ရန်အတွက် ဘီနာမီ (ခ) အမည်ငှားဖြင့် အရောင်းအဝယ်ပြုလုပ်သောကိစ္စများ၌ အထက်ဖော်ပြပါ စဉ်းစားရမည့် အချက် (၅) ချက် အပြင် အောက်ပါအချက်ကိုပါထည့်သွင်းစဉ်းစားရမည်ဖြစ်သည်-

(၆) ငွေပေးသူကလွှဲပြောင်းရရှိသူဟု ဖော်ပြထားသူ၏ အကျိုးငှာ ငွေပေးချေရန် ရည်ရွယ်ခဲ့ခြင်း ရှိမရှိ။

အထက်ဖော်ပြပါ အကြောင်းချင်းရာများအပေါ် သုံးသပ်ပြီးမှသာ အ‌ရောင်းအဝယ်ပြုလုပ်သော ကိစ္စများတွင် အမည်ငှားဖြင့် ဝယ်ယူခဲ့ခြင်း ရှိ မရှိ ကို ဆုံးဖြတ်နိုင်မည် ဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

အ‌ေရာင္းအဝယ္ျပဳလုပ္ေသာ ကိစၥမ်ားတြင္ အမည္ငွားျဖင့္ ဝယ္ယူခဲ့ျခင္း ႐ွိ မ႐ွိ သုံးသပ္ရာတြင္ ထည့္သြင္းစဥ္းစားရမည့္အခ်က္မ်ား

ယုံမွတ္အပ္ႏွံျခင္းအက္ဥပေဒပုဒ္မ ၈၂ ပါ ျပ႒ာန္းခ်က္အရ ေငြစိုက္ထုတ္ေပးသူသည္ လႊဲေျပာင္း ရ႐ွိသူ၏ အက်ိဳးငွာ ေငြစိုက္ထုတ္ဝယ္ယူျခင္းမဟုတ္လွ်င္ ပစၥည္းကိုလႊဲ ေျပာင္းရ႐ွိသူသည္ ေငြေပးသူ၏ အမည္ငွားအေနျဖင့္ ထိုသူ၏ အက်ိဳးငွာ လက္႐ွိထားျခင္းျဖစ္သည္ဟု ဆိုလိုျခင္းျဖစ္သည္။

ေငြ႐ွင္သည္ ပိုင္႐ွင္ျဖစ္သည္ဟု တရားေသေကာက္ယူပါလွ်င္ ယုံမွတ္အပ္ႏွံျခင္းအက္ဥပေဒ ပုဒ္မ ၈၂ ပါ ျပ႒ာန္းခ်က္ႏွင့္ ဆန္႔က်င္မည္ျဖစ္သည္။ ေငြ႐ွင္က စာခ်ဳပ္၌ လႊဲေျပာင္းရ႐ွိသူဟု ေဖာ္ျပထား သူအား အပိုင္ဝယ္ေပးလိုေသာ ရည္႐ြယ္ခ်က္ ႐ွိ မ႐ွိသည္ အဓိကအခ်က္ျဖစ္သည္။ ထိုရည္႐ြယ္ခ်က္ မ႐ွိပါက ေငြ႐ွင္သည္ ပိုင္႐ွင္ျဖစ္မည္ ျဖစ္သည္။

ေဒၚအစူရာဘီ (ခ)ေဒၚခ်စ္တီးယားႏွင့္ ေဒၚဖာတူး (ခ) ေဒၚျမျမဝင္း ၁၉၆၉ ခုႏွစ္၊ ျမန္မာႏိုင္ငံ တရားစီရင္ထုံး၊ စာမ်က္ႏွာ-၁၄၈ တြင္ ဘီနာမီ (ခ) အမည္ငွားျဖင့္ အေရာင္းအဝယ္ျပဳလုပ္ေသာကိစၥမ်ား၌ ေအာက္ပါအခ်က္မ်ားအေပၚ မူတည္၍ စဥ္းစားသင့္ေၾကာင္း သုံးသပ္ဆုံးျဖတ္ထားသည္-

(၁) အမည္ငွားစနစ္ျဖင့္အေရာင္းအဝယ္ျပဳလုပ္ရန္အေၾကာင္း ႐ွိ မ႐ွိ၊

(၂) နာမည္ငွားမ်ားႏွင့္တကယ္တမ္းဝယ္ယူသူတို႔ ဆက္စပ္ေနပုံအရ တကယ္တမ္းဝယ္ယူသူက ထိုနာမည္ ငွားမ်ားကိုေ႐ြးခ်ယ္ရန္အေၾကာင္း ႐ွိ မ႐ွိ၊ (၃) ပစၥည္းပိုင္ဆိုင္မႈႏွင့္ စပ္လ်ဥ္းသည့္ စာခ်ဳပ္စာတမ္းမ်ား မည္သူ႕ထံတြင္ ႐ွိသနည္း၊ (၄) ပစၥည္းသည္မည္သူ႕လက္ဝယ္တြင္႐ွိသနည္း၊ (၅) မည္သူ႕ထံမွအဖိုးေငြကို ရ႐ွိသနည္း။

အလားတူ ေဒၚေအးတင္ပါ ၂ ႏွင့္ ဦးေခးဝွက္ (ခ)ဦးစိန္တင္ ၁၉၉၃ ခုႏွစ္၊ ျမန္မာႏိုင္ငံ တရား စီရင္ထုံး၊ စာမ်က္ႏွာ- ၈၁ တြင္လည္း အထက္ပါ စီရင္ထုံးကိုလိုက္နာလ်က္ဆုံးျဖတ္ခဲ့သည္။ ယုံမွတ္အပ္ႏွံျခင္းဆိုင္ရာဥပေဒ ပုဒ္မ ၈၂ ပါ ျပ႒ာန္းခ်က္ႏွင့္ ညီၫြတ္ရန္အတြက္ ဘီနာမီ (ခ) အမည္ငွားျဖင့္ အေရာင္းအဝယ္ျပဳလုပ္ေသာကိစၥမ်ား၌ အထက္ေဖာ္ျပပါ စဥ္းစားရမည့္ အခ်က္ (၅) ခ်က္ အျပင္ ေအာက္ပါအခ်က္ကိုပါထည့္သြင္းစဥ္းစားရမည္ျဖစ္သည္-

(၆) ေငြေပးသူကလႊဲေျပာင္းရ႐ွိသူဟု ေဖာ္ျပထားသူ၏ အက်ိဳးငွာ ေငြေပးေခ်ရန္ ရည္႐ြယ္ခဲ့ျခင္း ႐ွိမ႐ွိ။

အထက္ေဖာ္ျပပါ အေၾကာင္းခ်င္းရာမ်ားအေပၚ သုံးသပ္ၿပီးမွသာ အ‌ေရာင္းအဝယ္ျပဳလုပ္ေသာ ကိစၥမ်ားတြင္ အမည္ငွားျဖင့္ ဝယ္ယူခဲ့ျခင္း ႐ွိ မ႐ွိ ကို ဆုံးျဖတ္ႏိုင္မည္ ျဖစ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service