“ဈာပန”

“ဈာပန” - Property Knowledge in Myanmar from iMyanmarHouse.com
8 Mar 2023 2:15 pm တွင် တင်ခဲ့သည်
755 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

 

တနေ့က လူမှုကွန်ရက်စာမျက်နှာမှာ ကာတွန်းလေးတွေ တက်လာလို့ ကြည့်မိတယ်။

နိုင်ငံတကာက ကာတွန်းတွေပါပဲ။ စာမဲ့ကာတွန်းလေးတွေပေါ့။

ဒီစာမဲ့ကာတွန်းတွေက အသက်ပါ ပေါ်လွင်လှတော့ ကြည့်သူရဲ့နှလုံးသားမှာ စကားတွေ၊စာတွေ အများကြီးကိုဖြစ်စေမှာပါ။ ကိုယ်တိုင်ခံစားမိကြတဲ့အတိုင်း တစ်ဦးချင်းစီကိုပြောခိုင်းရင် ကွဲပြားတဲ့ ခံစားချက်တွေ အများကြီး ထွက်လာမှာပါပဲ။ ကိုယ်မမြင်နိုင်တာတွေ သူမြင်၊ သူမမြင်နိုင်တာတွေ ကိုယ်ကမြင်မိတာတွေပေါ့။ကာတွန်းလေးတစ်ကွက်ကနေ ရေးစရာတွေ အများကြီးဖြစ်လာမှာပါပဲ။

ကျွန်တော်လည်း ဒီတစ်ကွက်ကာတွန်းလေးတွေကိုကြည့်ပြီး စကားတွေပြောချင်လာတယ်။ စာတွေရေးချင်လာတယ်။

ကာတွန်းတစ်ကွက်မှာ သစ်ပင်မရှိဘဲ မြက်တွေနဲ့စိမ်းစိုနေတဲ့ တောင်ကုန်းလေးကို ကွေ့ပတ်ဖောက်လုပ်ထားတဲ့ လမ်းလေးအတိုင်း သစ်လုံးတွေသယ်လာတဲ့ ကားရဲ့နောက်ကနေ တိရစ္ဆာန်တွေဟာ ကြေကွဲ ငြိမ်သက်ခြင်း တွေနဲ့ လိုက်ပါလာကြတာကိုရေးဆွဲထားတာပါ။ ကားသမားက နောက်ကြည့်မှန်ကိုကြည့်ပြီး အံ့ဩတကြီး ဖြစ်နေပုံကို ရေးဆွဲထားတာပါ။ဒီပုံလေးကို Planet Warriors Page မှာဖော်ပြထားတာပါ။

ကျွန်တော်စိတ်ထဲမှာ ဒီကာတွန်းလေးကိုကြည့်ပြီး “ဈာပန” ဆိုတဲ့ခေါင်းစဉ်လေးတပ်လိုက်မိတယ်။

တိရစ္ဆာန်တွေဆိုတာက သစ်တောသစ်ပင်တွေကို မှီခိုရှင်သန်ရတာကလား။သူတို့မှီခိုအားထားရာ သစ်ပင်တစ်ပင်ကို လူတွေခုတ်လိုက်တိုင်း သူတို့ရဲ့ ရင်သွေးတစ်ဦး ဆုံးရှုံးလိုက်သလို ခံစားရမှာပေါ့။ နေထိုင်ရာ အိမ်တစ်လုံးကို ဆုံးရှုံးလိုက်ရသလိုလည်း ခံစားရစေမှာပေါ့။

သစ်ပင်တစ်တစ်ပင်ဟာ သူတို့ရဲ့အဖိုးအဖွားဆိုလည်းဟုတ်မှာပေါ့။ငယ်ပေါင်းကြီးဖော်ဆိုလည်း ဟုတ်မှာပေါ့။ တိရစ္ဆာန်တွေဟာ သစ်တစ်ပင်ကို သူတို့ရဲ့ အသက်ပမာတန်ဖိုးထားကြမှာပါပဲ။သူတို့မျိုးဆက်တိုင်း နားခိုနေရာ၊နားခိုရာရင်ခွင်ကြီးတွေလေ။ဒီရင်ခွင်ကြီးတွေ ပျက်စီးတိုင်း သူတို့ရဲ့သွေးသားတစ်ဦးဦး ဆုံးရှုံးလိုက်ရတဲ့ပုံပါပဲ။ လူတွေလောက်အသိဉာဏ်မကြွယ်ဝတဲ့ တိရစ္ဆာန်တွေရဲ့ ဈာပန အခမ်းအနားတစ်ခုပေါ့။

ကျွန်တော်တို့လူတွေ မှာလည်း လူ့အသိုင်းအဝိုင်းထဲက ခင်မင်မှုအနည်းငယ်ရှိရင်ပဲ လူတစ်ဦးဆုံးရှုံးလိုက်တာနဲ့ ဈာပနပွဲကို ဝမ်းနည်းစွာ လိုက်ပါပို့ဆောင်ပေးကြတယ်မို့လား။

အထင်ကရရှိပြီး လေးစားတန်ဖိုးထားကြရတဲ့သူ များဆိုရင် သွေးသားမဟုတ်တောင်မှ ကျွန်တော်တို့ မြတ်နိူးတန်ဖိုးထားပြီး ဈာပနပွဲကို လိုက်ပါပို့ဆောင်ပေးကြရပါတယ်။

အခုလည်း တောနေတောင်စောင်း လေပေါ် မြေအောက် ဂူကျင်းမကျန်ရှိသမျှ တိရစ္ဆာန်တွေဟာ သစ်လုံးတင်ထားတဲ့ ကားကို ဈာပနကားပမာ လိုက်ပါပို့ဆောင်နေကြတာဟာ ကြည့်ရင်းကြည့်ရင်းနဲ့ အသက်ဝင်လာပါတယ်။

အခုလို ကမ္ဘာနဲ့အဝန်း သစ်တောသစ်ပင်တွေကို နေ့စဉ်နဲ့အမျှ စည်းမဲ့ကမ်းမဲ့ ခုတ်နေကြမယ်ဆိုရင် တိရစ္ဆာန်တွေဟာလည်း ဈာပနပွဲကနေ နားရမှာမဟုတ်ပါဘူး။

နောက်ပိုင်း သစ်တောကို မှီခိုရှင်သန်ပေါက်ဖွားကြတဲ့ အသိုက်အဝန်းတစ်ခုလုံး ပျောက်သုဉ်းသွားမှာဖြစ်ပါတယ်။ သစ်ခုတ်တဲ့လူသားတွေလည်း အနေချောင်မယ်လို့တွက်လိုမရပါဘူး။ ကမ္ဘာမြေကြီးက ပြန်ဒဏ်ခတ်ဖို့စောင့်နေ လိမ့်မယ်လို့ထင်ပါတယ်။

ဒီတော့ဗျာ တစ်ကွက်ကာတွန်းလေးက ကျွန်တော့်နှလုံးသားမှာ လာထင်တဲ့စကားလေးကို ပြန်ဖောက်သယ်ချခြင်းပါ။ကာတွန်းပညာရှင်နဲ့ ကာတွန်းပုံတင်ထားတဲ့ Planet Warriors Page ကိုလည်း လေးစားဂုဏ်ယူကြောင်း မှတ်တမ်းတင်ပါရစေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

Credit to Photo -   Planet Warriors

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

 

“ဈာပန”

 

တေန႔က လူမႈကြန္ရက္စာမ်က္ႏွာမွာ ကာတြန္းေလးေတြ တက္လာလို႔ ၾကည့္မိတယ္။

ႏိုင္ငံတကာက ကာတြန္းေတြပါပဲ။ စာမဲ့ကာတြန္းေလးေတြေပါ့။

ဒီစာမဲ့ကာတြန္းေတြက အသက္ပါ ေပၚလြင္လွေတာ့ ၾကည့္သူရဲ႕ႏွလုံးသားမွာ စကားေတြ၊စာေတြ အမ်ားႀကီးကိုျဖစ္ေစမွာပါ။ ကိုယ္တိုင္ခံစားမိၾကတဲ့အတိုင္း တစ္ဦးခ်င္းစီကိုေျပာခိုင္းရင္ ကြဲျပားတဲ့ ခံစားခ်က္ေတြ အမ်ားႀကီး ထြက္လာမွာပါပဲ။ ကိုယ္မျမင္ႏိုင္တာေတြ သူျမင္၊ သူမျမင္ႏိုင္တာေတြ ကိုယ္ကျမင္မိတာေတြေပါ့။ကာတြန္းေလးတစ္ကြက္ကေန ေရးစရာေတြ အမ်ားႀကီးျဖစ္လာမွာပါပဲ။

ကြၽန္ေတာ္လည္း ဒီတစ္ကြက္ကာတြန္းေလးေတြကိုၾကည့္ၿပီး စကားေတြေျပာခ်င္လာတယ္။ စာေတြေရးခ်င္လာတယ္။

ကာတြန္းတစ္ကြက္မွာ သစ္ပင္မ႐ွိဘဲ ျမက္ေတြနဲ႔စိမ္းစိုေနတဲ့ ေတာင္ကုန္းေလးကို ေကြ႕ပတ္ေဖာက္လုပ္ထားတဲ့ လမ္းေလးအတိုင္း သစ္လုံးေတြသယ္လာတဲ့ ကားရဲ႕ေနာက္ကေန တိရစၧာန္ေတြဟာ ေၾကကြဲ ၿငိမ္သက္ျခင္း ေတြနဲ႔ လိုက္ပါလာၾကတာကိုေရးဆြဲထားတာပါ။ ကားသမားက ေနာက္ၾကည့္မွန္ကိုၾကည့္ၿပီး အံ့ဩတႀကီး ျဖစ္ေနပုံကို ေရးဆြဲထားတာပါ။ဒီပုံေလးကို Planet Warriors Page မွာေဖာ္ျပထားတာပါ။

ကြၽန္ေတာ္စိတ္ထဲမွာ ဒီကာတြန္းေလးကိုၾကည့္ၿပီး “ဈာပန” ဆိုတဲ့ေခါင္းစဥ္ေလးတပ္လိုက္မိတယ္။

တိရစၧာန္ေတြဆိုတာက သစ္ေတာသစ္ပင္ေတြကို မွီခို႐ွင္သန္ရတာကလား။သူတို႔မွီခိုအားထားရာ သစ္ပင္တစ္ပင္ကို လူေတြခုတ္လိုက္တိုင္း သူတို႔ရဲ႕ ရင္ေသြးတစ္ဦး ဆုံး႐ႈံးလိုက္သလို ခံစားရမွာေပါ့။ ေနထိုင္ရာ အိမ္တစ္လုံးကို ဆုံး႐ႈံးလိုက္ရသလိုလည္း ခံစားရေစမွာေပါ့။

သစ္ပင္တစ္တစ္ပင္ဟာ သူတို႔ရဲ႕အဖိုးအဖြားဆိုလည္းဟုတ္မွာေပါ့။ငယ္ေပါင္းႀကီးေဖာ္ဆိုလည္း ဟုတ္မွာေပါ့။ တိရစၧာန္ေတြဟာ သစ္တစ္ပင္ကို သူတို႔ရဲ႕ အသက္ပမာတန္ဖိုးထားၾကမွာပါပဲ။သူတို႔မ်ိဳးဆက္တိုင္း နားခိုေနရာ၊နားခိုရာရင္ခြင္ႀကီးေတြေလ။ဒီရင္ခြင္ႀကီးေတြ ပ်က္စီးတိုင္း သူတို႔ရဲ႕ေသြးသားတစ္ဦးဦး ဆုံး႐ႈံးလိုက္ရတဲ့ပုံပါပဲ။ လူေတြေလာက္အသိဉာဏ္မႂကြယ္ဝတဲ့ တိရစၧာန္ေတြရဲ႕ ဈာပန အခမ္းအနားတစ္ခုေပါ့။

ကြၽန္ေတာ္တို႔လူေတြ မွာလည္း လူ႕အသိုင္းအဝိုင္းထဲက ခင္မင္မႈအနည္းငယ္႐ွိရင္ပဲ လူတစ္ဦးဆုံး႐ႈံးလိုက္တာနဲ႔ ဈာပနပြဲကို ဝမ္းနည္းစြာ လိုက္ပါပို႔ေဆာင္ေပးၾကတယ္မို႔လား။

အထင္ကရ႐ွိၿပီး ေလးစားတန္ဖိုးထားၾကရတဲ့သူ မ်ားဆိုရင္ ေသြးသားမဟုတ္ေတာင္မွ ကြၽန္ေတာ္တို႔ ျမတ္ႏိူးတန္ဖိုးထားၿပီး ဈာပနပြဲကို လိုက္ပါပို႔ေဆာင္ေပးၾကရပါတယ္။

အခုလည္း ေတာေနေတာင္ေစာင္း ေလေပၚ ေျမေအာက္ ဂူက်င္းမက်န္႐ွိသမွ် တိရစၧာန္ေတြဟာ သစ္လုံးတင္ထားတဲ့ ကားကို ဈာပနကားပမာ လိုက္ပါပို႔ေဆာင္ေနၾကတာဟာ ၾကည့္ရင္းၾကည့္ရင္းနဲ႔ အသက္ဝင္လာပါတယ္။

အခုလို ကမ႓ာနဲ႔အဝန္း သစ္ေတာသစ္ပင္ေတြကို ေန႔စဥ္နဲ႔အမွ် စည္းမဲ့ကမ္းမဲ့ ခုတ္ေနၾကမယ္ဆိုရင္ တိရစၧာန္ေတြဟာလည္း ဈာပနပြဲကေန နားရမွာမဟုတ္ပါဘူး။

ေနာက္ပိုင္း သစ္ေတာကို မွီခို႐ွင္သန္ေပါက္ဖြားၾကတဲ့ အသိုက္အဝန္းတစ္ခုလုံး ေပ်ာက္သုဥ္းသြားမွာျဖစ္ပါတယ္။ သစ္ခုတ္တဲ့လူသားေတြလည္း အေနေခ်ာင္မယ္လို႔တြက္လိုမရပါဘူး။ ကမ႓ာေျမႀကီးက ျပန္ဒဏ္ခတ္ဖို႔ေစာင့္ေန လိမ့္မယ္လို႔ထင္ပါတယ္။

ဒီေတာ့ဗ်ာ တစ္ကြက္ကာတြန္းေလးက ကြၽန္ေတာ္႕ႏွလုံးသားမွာ လာထင္တဲ့စကားေလးကို ျပန္ေဖာက္သယ္ခ်ျခင္းပါ။ကာတြန္းပညာ႐ွင္နဲ႔ ကာတြန္းပုံတင္ထားတဲ့ Planet Warriors Page ကိုလည္း ေလးစားဂုဏ္ယူေၾကာင္း မွတ္တမ္းတင္ပါရေစ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit to Photo -   Planet Warriors

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
imyanmarmarket
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service