စိတ်ကူးယဉ် အတွေးတို့နှင့်သာ

စိတ်ကူးယဉ် အတွေးတို့နှင့်သာ - Property Knowledge in Myanmar from iMyanmarHouse.com
6 Mar 2023 2:00 pm တွင် တင်ခဲ့သည်
667 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

စိတ်ကူးယဉ်တယ်ဆိုတာ ကြည်နူးချင်လို့ပါပဲ။သိတတ်တဲ့ အရွယ်လေးရောက်လာပြီဆိုရင် အရွယ်အရ စိတ်ကူးယဉ်မှုဆိုတာ အမျိုးမျိုးရှိလာပါတယ်။

ရလာတဲ့အရွယ်ကိုလိုက်ပြီး စိတ်ကူပုံစံတွေက ကွဲပြားသွားပါတယ်။ကျောင်းသားအရွယ်က စိတ်ကူးယဉ်မှု တွေဟာ ပုံစံအမျိုးမျိုးနဲ့ပါပဲ။ရှေ့ခရီးဝေးဝေးကြီးကိုလည်းမသိတော့ ကိုယ်မြင်တဲ့သိတဲ့ အတွေးလေးလောက်နဲ့ ရှေ့ကို စိတ်ကူးယဉ်ကြည့်ရတာဟာလည်း သိပ်ကိုရင်ခုန်ဖို့ကောင်းလှပါတယ်။

ကျောင်းထဲမှာ အလီရွတ်ဆိုပြိုင်ပွဲတွေ၊ကဗျာရွတ်ဆိုပြိုင်ပွဲတွေလုပ်တော့လည်း ကိုယ်က အတော်ဆုံး ရွတ်ဆိုနိုင်သူအဖြစ်နဲ့ စိတ်ကူးယဉ်အိပ်မက်တွေ မက်တာပေါ့။ပထမလူ ဖြစ်လို့ပေါ့။

လက်တွေ့စာသင်ခန်းထဲမှာ မိန်းကလေးတွေနဲ့ပြိုင်တော့ နားရွက်ဆွဲထိုင်ထက မလွတ်ခဲ့ဘူး။ကုန်းပိုးထမ်းရတာ မလွတ်ခဲ့ဘူး။ကိုယ့်ကိုယ် စီးသွားတာ မိန်းကလေးတွေကြီးပါပဲ။ကိုယ်ကစီးရတယ်ကို မရှိဘူး။ဒါပေမဲ့…ဟဲဟဲဟဲ။

အဲဒီမှာသိလိုက်ရတယ်။မိန်းကလေးတွေဆိုတာ နှုတ်သွက်လျှာသွက်ဆိုတာ တကယ်မှန်ကန်ပါလားဆိုတာ လက်ခံလိုက်ရတယ်။အလီရွတ်ဆိုတဲ့အခါ ဆရာက နှစ် နှစ်လီခေါ်လို့မှ မပြီးသေးဘူး သူတို့က ‘လေး’ဆိုတာ ဖြေပြီးပြီ။ကိုယ်က နှုတ်ခမ်းပြင်ရုံရှိသေး။မိန်းကလေးတွေဟာ အဲလိုကို သွက်ပါတယ်။

စာတော်ရမယ်ကွလို့ ကိုယ်ကကျူးရင့်ထားတာ ဆရာဆရာမက စာကို နှစ်ခေါက်သုံးခေါက်လောက် နှုတ်တိုက်ချပေးပြီး ရတဲ့ကျောင်းသူ ကျောင်းသားတွေကို ရှေ့ထွက်စာဆိုခိုင်းရင် မိန်းကလေးတွေက ရုန်းရုန်း ရုန်းရုန်းနဲ့သူ့ထက်ငါ ဦးအောင်ထွက်ဆိုကြတယ်။ယောက်ျားလေးတွေက နောက်မှ။အဲ့လိုတော်ကြတယ်။အဲ့လိုနဲ့ စာမှာတော့ ထားပါအုံးလေဆိုပြီး တော်တဲ့လူတွေကို အကြောပေးထားလိုက်ပါတယ်။

ကျောင်းမှာ အားကစားလုပ်ရတယ်မို့လား။အားကစားမှာတော့ ထူးချွန်ရမယ်၊တော်ရမယ်ကွဆိုပြီး ကျောင်းဆင်းတိုင်း ပါတီယူနစ်ရုံးက ကစားကွင်းမှာ ကျွမ်းဘားသွားသွား ကစားတာပေါ့။ဆရာတွေ နည်းပြတွေမရှိဘဲ ကိုယ်ထင်သလို ကစားတာ ပြုတ်ကျလို့လက်ပါကျိုးပါရောလား။

အားကစားကို ဝါသနာရှိတော့ ဒီကစားနည်းမရရင် အခြားကစားနည်း ကစားမယ်ဆိုပြီး စိတ်ကူးတို့ ယဉ်ပြန်ပါတယ်။

အဲဒီတုန်းက ကမ္ဘာကျော်ကွန်ဖူးဘုရင် ဘရုစ်လီကိုအားကျပြီး သိုင်းသမားတစ်ယောက် ဖြစ်ချင်ခဲ့သေးတယ်။ ဖြစ်ချင်တော့ ကျွန်တော်တို့မြို့ရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ ရေမရှိတဲ့သဲချောင်းကြီးမှာ သိုင်းတွေသွားကျင့် ကြတယ်။သိပ်အထင်မကြီးပါနဲ့ ရုပ်ရှင်တွေ ဗီဒီယိုတွေထဲက မှတ်ထားတဲ့ အကွက်တွေကို လိုက်ဆော့ကြတာပါပဲ။ ကမ်းပါးအမြင့်ကနေ သဲချောင်းထဲ ရှေ့ကျွမ်း နောက်ကျွမ်းတွေထိုးကြတယ်။ လက်သီးထိုးတွေလေ့ကျင့်တာပါပဲ။

အဲဒီမှာလဲ နောက်ကျွမ်းကို လက်ထောက်ထိုးတာမှာ ခြေထောက်က မြောက်ပါမလာဘဲ ဂငယ်ပုံစံဘဲ အရှိန်နဲ့ဖြစ်သွားတော့ ခါးဟာလှန်ချိုးသလို ဖြောက်ကနဲဖြစ်သွားပြီး မကျိုးရုံတမယ်ခံလိုက်ရပါတယ်။ အဲဒီဒဏ်က သေရာပါ ဒဏ်ရာလိုကို ဖြစ်သွားပါတယ်။ ခါးမှာအခန့် မသင့်ဖြစ်တိုင်း ဒဏ်ပြန်ပြန် ပေါ်လာတတ်တယ်။ ဒါပေမဲ့ အားကစားကို ဝါသနာကကြီးတော့ စိတ်ကူးယဉ်က မလျော့ခဲ့ဘူး။ ကိုးတန်းဆယ်တန်းရောက်တော့ ပြည်နယ်နှင့်တိုင်း ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲမှာ တိုင်းလက်ရွေးစင်အဖြစ်ရောက်ခဲ့တယ်။ အမျိုးသားအားကစားပြိုင်ပွဲမှာလည်း လက်ရွေးစင်အနေနဲ့ ပါဝင်ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။

စိတ်ကူးယဉ်တယ်ဆိုတာကလည်း နီးစပ်ရာ အကြောင်းလေးတွေကိုလိုက်ပြီး အနာဂတ် ဘဝပုံရိပ်လေးတွေကို ဖန်တီးချင်ကြတာပါ။အားကစားဆိုတာကလည်း အသက်အရွယ်အပိုင်းအခြားဆိုတာရှိနေပါသေးတယ်။

အသက်ကြီးလာတော့ အရွယ်အရ ထူးချွန်တဲ့ အားကစားသမားတစ်ယောက်အဖြစ် ရရှိဖို့ မဖြစ်နိုင်ပေမယ့် ကျန်းမာတဲ့ခန္ဓာကိုယ် တည်ဆောက်တဲ့အခါမှာ အထိုက်အလျောက် အကျိုးကျေးဇူးတွေကိုတော့ ရရှိနေပါသေးတယ်။

စိတ်ကူးယဉ်တယ်ဆိုတဲ့နေရာမှာလည်း လူတွေဟာတစ်ခုတည်းကြီးထဲတော့ စိတ်ကူးမယဉ်လောက်ပါဘူး။ များပြာတဲ့စိတ်ကူးယဉ်မှုတွေနဲ့ ဘဝကိုပုံဖော်ဖန်တီးကြမှာပါလို့ ထင်မြင်မိပါတယ်။ကျွန်တော့်မှာလည်း စိတ်ကူးတွေ အများကြီးရှိနေပါသေးတယ်။လှပတဲ့စိတ်ကူးတွေနဲ့ ဘဝကိုဖန်တီးဖို့လုပ်ရပါဦးမယ်။

အနာဂတ်ဘဝတွေကို တချို့က အချစ်နဲ့ စိတ်ကူးယဉ်ပုံဖော်ဖန်တီးကြတယ်။အချို့က အလုပ်နဲ့ စိတ်ကူးယဉ် ပုံဖော်ဖန်တီးကြတယ်။ အချို့ကတော့ ရေစုန်မျောခြင်းနဲ့ ဘဝကိုပုံဖော်ဖန်တီးကြတယ်။

လက်တွေ့ဘဝတွေကို ဘယ်လိုစိတ်ကူးယဉ်မှုတွေနဲ့ ပုံဖော်ဖန်တီးကြမလဲဆိုတာကိုက ကြည်နူးစရာပါပဲ။ ကိုင်း…ဘဝအတွက် အတွေးလှလှတွေနဲ့ စိတ်ကူးယဉ်ကြရအောင်လားဗျာ။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit to Photo

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

စိတ္ကူးယဥ္ အေတြးတို႔ႏွင့္သာ

 

စိတ္ကူးယဥ္တယ္ဆိုတာ ၾကည္ႏူးခ်င္လို႔ပါပဲ။သိတတ္တဲ့ အရြယ္ေလးေရာက္လာၿပီဆိုရင္ အရြယ္အရ စိတ္ကူးယဥ္မႈဆိုတာ အမ်ိဳးမ်ိဳးရွိလာပါတယ္။

ရလာတဲ့အရြယ္ကိုလိုက္ၿပီး စိတ္ကူပုံစံေတြက ကြဲျပားသြားပါတယ္။ေက်ာင္းသားအရြယ္က စိတ္ကူးယဥ္မႈ ေတြဟာ ပုံစံအမ်ိဳးမ်ဳိးနဲ႔ပါပဲ။ေရွ႕ခရီးေဝးေဝးႀကီးကိုလည္းမသိေတာ့ ကိုယ္ျမင္တဲ့သိတဲ့ အေတြးေလးေလာက္နဲ႔ ေရွ႕ကို စိတ္ကူးယဥ္ၾကည့္ရတာဟာလည္း သိပ္ကိုရင္ခုန္ဖို႔ေကာင္းလွပါတယ္။

ေက်ာင္းထဲမွာ အလီရြတ္ဆိုၿပိဳင္ပြဲေတြ၊ကဗ်ာရြတ္ဆိုၿပိဳင္ပြဲေတြလုပ္ေတာ့လည္း ကိုယ္က အေတာ္ဆုံး ရြတ္ဆိုႏိုင္သူအျဖစ္နဲ႔ စိတ္ကူးယဥ္အိပ္မက္ေတြ မက္တာေပါ့။ပထမလူ ျဖစ္လို႔ေပါ့။

လက္ေတြ႔စာသင္ခန္းထဲမွာ မိန္းကေလးေတြနဲ႔ၿပိဳင္ေတာ့ နားရြက္ဆြဲထိုင္ထက မလြတ္ခဲ့ဘူး။ကုန္းပိုးထမ္းရတာ မလြတ္ခဲ့ဘူး။ကိုယ့္ကိုယ္ စီးသြားတာ မိန္းကေလးေတြႀကီးပါပဲ။ကိုယ္ကစီးရတယ္ကို မရွိဘူး။ဒါေပမဲ့…ဟဲဟဲဟဲ။

အဲဒီမွာသိလိုက္ရတယ္။မိန္းကေလးေတြဆိုတာ ႏႈတ္သြက္လွ်ာသြက္ဆိုတာ တကယ္မွန္ကန္ပါလားဆိုတာ လက္ခံလိုက္ရတယ္။အလီရြတ္ဆိုတဲ့အခါ ဆရာက ႏွစ္ ႏွစ္လီေခၚလို႔မွ မၿပီးေသးဘူး သူတို႔က ‘ေလး’ဆိုတာ ေျဖၿပီးၿပီ။ကိုယ္က ႏႈတ္ခမ္းျပင္ရုံရွိေသး။မိန္းကေလးေတြဟာ အဲလိုကို သြက္ပါတယ္။

စာေတာ္ရမယ္ကြလို႔ ကိုယ္ကက်ဴးရင့္ထားတာ ဆရာဆရာမက စာကို ႏွစ္ေခါက္သုံးေခါက္ေလာက္ ႏႈတ္တိုက္ခ်ေပးၿပီး ရတဲ့ေက်ာင္းသူ ေက်ာင္းသားေတြကို ေရွ႕ထြက္စာဆိုခိုင္းရင္ မိန္းကေလးေတြက ရုန္းရုန္း ရုန္းရုန္းနဲ႔သူ႔ထက္ငါ ဦးေအာင္ထြက္ဆိုၾကတယ္။ေယာက်္ားေလးေတြက ေနာက္မွ။အဲ့လိုေတာ္ၾကတယ္။အဲ့လိုနဲ႔ စာမွာေတာ့ ထားပါအုံးေလဆိုၿပီး ေတာ္တဲ့လူေတြကို အေၾကာေပးထားလိုက္ပါတယ္။

ေက်ာင္းမွာ အားကစားလုပ္ရတယ္မို႔လား။အားကစားမွာေတာ့ ထူးခၽြန္ရမယ္၊ေတာ္ရမယ္ကြဆိုၿပီး ေက်ာင္းဆင္းတိုင္း ပါတီယူနစ္ရုံးက ကစားကြင္းမွာ ကၽြမ္းဘားသြားသြား ကစားတာေပါ့။ဆရာေတြ နည္းျပေတြမရွိဘဲ ကိုယ္ထင္သလို ကစားတာ ျပဳတ္က်လို႔လက္ပါက်ိဳးပါေရာလား။

အားကစားကို ဝါသနာရွိေတာ့ ဒီကစားနည္းမရရင္ အျခားကစားနည္း ကစားမယ္ဆိုၿပီး စိတ္ကူးတို႔ ယဥ္ျပန္ပါတယ္။

အဲဒီတုန္းက ကမၻာေက်ာ္ကြန္ဖူးဘုရင္ ဘရုစ္လီကိုအားက်ၿပီး သိုင္းသမားတစ္ေယာက္ ျဖစ္ခ်င္ခဲ့ေသးတယ္။ ျဖစ္ခ်င္ေတာ့ ကၽြန္ေတာ္တို႔ၿမိဳ႕ရဲ႕ အေနာက္ေတာင္ဘက္မွာရွိတဲ့ ေရမရွိတဲ့သဲေခ်ာင္းႀကီးမွာ သိုင္းေတြသြားက်င့္ ၾကတယ္။သိပ္အထင္မႀကီးပါနဲ႔ ရုပ္ရွင္ေတြ ဗီဒီယိုေတြထဲက မွတ္ထားတဲ့ အကြက္ေတြကို လိုက္ေဆာ့ၾကတာပါပဲ။ ကမ္းပါးအျမင့္ကေန သဲေခ်ာင္းထဲ ေရွ႕ကၽြမ္း ေနာက္ကၽြမ္းေတြထိုးၾကတယ္။ လက္သီးထိုးေတြေလ့က်င့္တာပါပဲ။

အဲဒီမွာလဲ ေနာက္ကၽြမ္းကို လက္ေထာက္ထိုးတာမွာ ေျခေထာက္က ေျမာက္ပါမလာဘဲ ဂငယ္ပုံစံဘဲ အရွိန္နဲ႔ျဖစ္သြားေတာ့ ခါးဟာလွန္ခ်ိဳးသလို ေျဖာက္ကနဲျဖစ္သြားၿပီး မက်ိဳးရုံတမယ္ခံလိုက္ရပါတယ္။ အဲဒီဒဏ္က ေသရာပါ ဒဏ္ရာလိုကို ျဖစ္သြားပါတယ္။ ခါးမွာအခန္႔ မသင့္ျဖစ္တိုင္း ဒဏ္ျပန္ျပန္ ေပၚလာတတ္တယ္။ ဒါေပမဲ့ အားကစားကို ဝါသနာကႀကီးေတာ့ စိတ္ကူးယဥ္က မေလ်ာ့ခဲ့ဘူး။ ကိုးတန္းဆယ္တန္းေရာက္ေတာ့ ျပည္နယ္ႏွင့္တိုင္း ေက်ာင္းေပါင္းစုံအားကစားၿပိဳင္ပြဲမွာ တိုင္းလက္ေရြးစင္အျဖစ္ေရာက္ခဲ့တယ္။ အမ်ိဳးသားအားကစားၿပိဳင္ပြဲမွာလည္း လက္ေရြးစင္အေနနဲ႔ ပါဝင္ယွဥ္ၿပိဳင္ခြင့္ ရခဲ့ပါတယ္။

စိတ္ကူးယဥ္တယ္ဆိုတာကလည္း နီးစပ္ရာ အေၾကာင္းေလးေတြကိုလိုက္ၿပီး အနာဂတ္ ဘဝပုံရိပ္ေလးေတြကို ဖန္တီးခ်င္ၾကတာပါ။အားကစားဆိုတာကလည္း အသက္အရြယ္အပိုင္းအျခားဆိုတာရွိေနပါေသးတယ္။

အသက္ႀကီးလာေတာ့ အရြယ္အရ ထူးခၽြန္တဲ့ အားကစားသမားတစ္ေယာက္အျဖစ္ ရရွိဖို႔ မျဖစ္ႏိုင္ေပမယ့္ က်န္းမာတဲ့ခႏၶာကိုယ္ တည္ေဆာက္တဲ့အခါမွာ အထိုက္အေလ်ာက္ အက်ိဳးေက်းဇူးေတြကိုေတာ့ ရရွိေနပါေသးတယ္။

စိတ္ကူးယဥ္တယ္ဆိုတဲ့ေနရာမွာလည္း လူေတြဟာတစ္ခုတည္းႀကီးထဲေတာ့ စိတ္ကူးမယဥ္ေလာက္ပါဘူး။ မ်ားျပာတဲ့စိတ္ကူးယဥ္မႈေတြနဲ႔ ဘဝကိုပုံေဖာ္ဖန္တီးၾကမွာပါလို႔ ထင္ျမင္မိပါတယ္။ကၽြန္ေတာ့္မွာလည္း စိတ္ကူးေတြ အမ်ားႀကီးရွိေနပါေသးတယ္။လွပတဲ့စိတ္ကူးေတြနဲ႔ ဘဝကိုဖန္တီးဖို႔လုပ္ရပါဦးမယ္။

အနာဂတ္ဘဝေတြကို တခ်ိဳ႕က အခ်စ္နဲ႔ စိတ္ကူးယဥ္ပုံေဖာ္ဖန္တီးၾကတယ္။အခ်ိဳ႕က အလုပ္နဲ႔ စိတ္ကူးယဥ္ ပုံေဖာ္ဖန္တီးၾကတယ္။ အခ်ိဳ႔ကေတာ့ ေရစုန္ေမ်ာျခင္းနဲ႔ ဘဝကိုပုံေဖာ္ဖန္တီးၾကတယ္။

လက္ေတြ႔ဘဝေတြကို ဘယ္လိုစိတ္ကူးယဥ္မႈေတြနဲ႔ ပုံေဖာ္ဖန္တီးၾကမလဲဆိုတာကိုက ၾကည္ႏူးစရာပါပဲ။ ကိုင္း…ဘဝအတြက္ အေတြးလွလွေတြနဲ႔ စိတ္ကူးယဥ္ၾကရေအာင္လားဗ်ာ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit to Photo

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
Mingalar Market
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service