အီတလီနိုင်ငံတောင်ပိုင်း မြို့ငယ်တစ်မြို့ရှိ နေအိမ် ၈ လုံးကို တစ်အိမ်လျှင် ၁ ယူရိုဖြင့် ရောင်းမည်

အီတလီနိုင်ငံတောင်ပိုင်း မြို့ငယ်တစ်မြို့ရှိ နေအိမ် ၈ လုံးကို တစ်အိမ်လျှင် ၁ ယူရိုဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
2 Mar 2023 1:16 pm တွင် တင်ခဲ့သည်
562 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

နေ့စဉ်နှင့်အမျှ အိမ်ခြံမြေဈေးနှုန်းများ ခေါင်ခိုက်အောင် မြင့်တက်လာလျက်ရှိနေရာ အိမ်တစ်လုံးပိုင်ဆိုင်ရန် မဖြစ်နိုင်တော့သည့် အခြေအနေမျိုး ဖြစ်လာသည်။

သို့သော် အီတလီနိုင်ငံရှိ မြို့ငယ်လေးတစ်မြို့တွင်မူ နေအိမ်တစ်လုံးကို ကော်ဖီတစ်ခွက် ဈေးအောက်ပင် နည်းပါးသည့် ဈေးနှုန်းဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်းတစ်ခု ပေါ်ပေါက်လာသည်။

အီတလီနိုင်ငံတောင်ပိုင်း သာယာလှပသော Molise ဒေသရှိ ဆန်တေလီယာ ပီးယားနီစီ (Sant’Elia a Pianisi) အမည်ရှိသော မြို့ကလေးတွင် နေအိမ် ၈ လုံးကို တစ်လုံးလျှင် ၁ ယူရို (မြန်မာငွေ ၂၂၂၆ ကျပ်) မျှဖြင့် ရောင်းချရန် စီစဉ်နေသည်။

အဆိုပါ မြို့လေးသည် ရင်သပ်ရှုမောဖွယ် ကျေးလက်ရှုခင်းများကို အပေါ်စီးမှ တွေ့မြင်နိုင်မည့် မြို့ကလေးလည်း ဖြစ်သည်။

အိမ်တစ်လုံး ပိုင်ဆိုင်ရန် အိပ်မက်မက်နေသူများအတွက် မက်မောစရာအခွင့်အလမ်းတစ်ခုဖြစ်သော်လည်း သတိပြုရန် အချက်တစ်ခု ရှိနေသည်။

နေအိမ်ဝယ်ယူမည့်သူများအနေဖြင့် စပေါ်ငွေ ယူရို ၅၀၀၀ (ကန်ဒေါ်လာ ၅၃၃၀) (မြန်မာငွေအားဖြင့် ၁၁၁ သိန်း) ပေးသွင်းရမည်ဖြစ်သည့်အပြင် နေအိမ်ဝယ်ယူပိုင်ဆိုင်မှု လုပ်ငန်းစဉ်များအားလုံးအတွက် အခွန်အခ များလည်း ပေးဆောင်ရမည်ဖြစ်သည်။

သင့်အနေဖြင့် ရောင်းချပေးမည့် နေအိမ် ၈ လုံးမှ တစ်လုံးပိုင်ဆိုင်လိုသည်ဆိုပါက လိုက်နာရမည့် စည်းကမ်းချက်အချို့ရှိကြောင်း ထိုမြို့ကလေး၏ မြို့တော်ဝန်က ပြောသည်။

နေအိမ်ဝယ်ယူပြီး ၆ လအတွင်း မြို့အုပ်ချုပ်ရေးအဖွဲ့ထံ နေအိမ်ပြုပြင်မွမ်းမံမည့် စီမံချက်ကို တင်ပြရမည်ဖြစ်ပြီး ပြုပြင်မွမ်းမံမှု လုပ်ငန်းများကို ၃ နှစ်အတွင်း အကောင်အထည်ဖော်ရမည်ဟု ဆိုသည်။

နေအိမ်မွမ်းမံပြီးလျှင် စပေါ်ငွေကို ပြန်လည်ထုတ်ယူနိုင်သည်။

 

နေအိမ်မွမ်းမံရာတွင် ဒေသခံအလုပ်သမားများကို ငှားရမ်းခြင်း ၊ ဒေသထွက် ဆောက်လုပ်ရေးပစ္စည်းများကို အသုံးပြုခြင်း အချိန်ကာလအတိုဆုံးဖြင့် ပြုပြင်မွမ်းမံခြင်း အစရှိသည့်အချက်များ လုပ်ဆောင်မည့်သူများကို ဦးစားပေး ရောင်းချမည်ဟု ဆိုသည်။

အဆိုပါ တောင်းဆိုချက်များ၏ နောက်ကွယ်တွင် မည်သည့် ရည်မှန်းချက်ရှိပါသနည်း။

ရည်မှန်းချက်ကား နေအိမ်ပိုင်ဆိုင်လာမည့် လူသစ်များ၏ ရင်းနှီးမြှပ်နှံမှုနှင့် နေအိမ်မွမ်းမံမှုတို့ဖြင့် မြို့၏ စီးပွားရေးကို ပြန်လည် လှုံ့ဆော်ပေးရန် ဖြစ်သည်။

အီတလီတွင် အိပ်ပျော်နေသော မြို့ငယ်များစွာကို ပြန်လည်နိုးထလာစေရန် နေအိမ်များကို ၁ ယူရိုငွေဖြင့် ယခင်ကလည်း ရောင်းချပေးသည့် အစီအစဉ်များ ရှိခဲ့သည်။

ကျေးလက်ဒေသနေ အီတလီလူငယ်လူရွယ်များစွာမှာ အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေရန်အတွက် မြို့ကြီးပြကြီးများသို့ ရွှေ့ပြောင်းသွားကြရာ အီတလီကျေးလက်ဒေသတို့မှာ သက်ကြီးရွယ်အိုများဖြင့် ဆိတ်ငြိမ်သော နေရာများ ဖြစ်လာခဲ့သည်။

ထိုသို့သော ဒေသများ ပြန်လည်နိုးထ စည်ကားသက်ဝင်လာစေရန်အတွက် နေအိမ်များကို ဈေးနှုန်းအလွန် နည်းပါးစွာ ရောင်းချပေးသည့် မဟာဗျူဟာများ အကောင်အထည်ဖော်လာခြင်း ဖြစ်သည်။ ယခုရောင်းချပေးမည့် နေအိမ်များမှာ မည်သို့သော ပုံသဏ္ဍာန်ရှိပါသနည်း။

စိတ်မကောင်းပါ။

သင့်အနေဖြင့် နေအိမ်ဝယ်ယူရန် စိတ်ဝင်စားကြောင်း စာရင်းမသွင်းလျှင် ရောင်းချပေးမည့် နေအိမ်များကို ကြည့်ရှုခွင့် မရှိပါ။ နာမည်ကြီး အကျော်အမော်များသည်ပင် ဝယ်ယူထားမှုများ ရှိသည်။

ယခု အိမ်ခြံမြေများကို ဝယ်ယူထားသူများတွင် ဗြိတိန်စကားပြောဝိုင်း အစီအစဉ်တင်ဆက်သူ Alan Carr နှင့် Sopranos သရုပ်ဆောင် Lorraine Bracco တို့ အပါအဝင် ဖြစ်သည်။

သင့်အနေဖြင့် ဝယ်ယူရန် စိတ်ဝင်စားသည်ဆိုပါက ထိုသူတို့မှာ သင့်အိမ်နီးချင်းများ ဖြစ်လာနိုင်သည်။

The Independent တွင် ဖော်ပြသော ဆောင်းပါးတစ်ပုဒ်အရ ယခုနေအိမ်များကို ပြန်လည် မွမ်းမံလျှင် ကုန်ကျစရိတ်မှာ ပျမ်းမျှအားဖြင့် ယူရို ၂၀၀၀၀ မှ ၅၀၀၀၀ ကြားရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ သို့သော် ပြင်ဆင်စရိတ် ထည့်တွက်လျှင်ပင် သင့်အနေဖြင့် အမြတ်ထွက်န်ိုင်ပါသေးသည်။

အကယ်၍ နေအိမ်ဝယ်ယူရန် စိတ်ဝင်စားကြောင်း စာရင်းပေးလိုပါက (သို့မဟုတ်) ၁ ယူရိုတန် နေအိမ်များအကြောင်း ပိုမိုသိရှိလိုပါက 1eurohouses.com တွင် စာရင်းပေးခြင်း ၊ လေ့လာခြင်းများ ပြုလုပ်နိုင်ပါသည်။

(ဆက်စပ်သတင်း)

အီတလီတွင် လူမနေသော အိမ် ၁၀၀ ကို တစ်အိမ်လျှင် ၁ ဒေါ်လာဖြင့် ရောင်းမည်

https://www.imyanmarhouse.com/news/read/1036228

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Another Italian town is selling homes for less than £1 with gorgeous scenic views (timeout)

 

 

 

 

[Zawgyi]

အီတလီႏုိင္ငံေတာင္ပိုင္း ျမိဳ႕ငယ္တစ္ျမိဳ႕ရွိ ေနအိမ္ ၈ လံုးကို တစ္အိမ္လွ်င္ ၁ ယူရိုျဖင့္ ေရာင္းမည္

 

ေန႔စဥ္ႏွင့္အမွ် အိမ္ျခံေျမေစ်းႏႈန္းမ်ား ေခါင္ခုိက္ေအာင္ ျမင့္တက္လာလ်က္ရွိေနရာ အိမ္တစ္လံုးပိုင္ဆိုင္ရန္ မျဖစ္ႏိုင္ေတာ့သည့္ အေျခအေနမ်ဳိး ျဖစ္လာသည္။

သို႔ေသာ္ အီတလီႏိုင္ငံရွိ ျမိဳ႕ငယ္ေလးတစ္ျမိဳ႕တြင္မူ ေနအိမ္တစ္လံုးကုိ ေကာ္ဖီတစ္ခြက္ ေစ်းေအာက္ပင္ နည္းပါးသည့္ ေစ်းႏႈန္းျဖင့္ ဝယ္ယူႏိုင္မည့္ အခြင့္အလမ္းတစ္ခု ေပၚေပါက္လာသည္။

အီိတလီႏိုင္ငံေတာင္ပိုင္း သာယာလွပေသာ Molise ေဒသရွိ ဆန္ေတလီယာ ပီးယားနီစီ (Sant’Elia a Pianisi) အမည္ရွိေသာ ျမိဳ႕ကေလးတြင္ ေနအိမ္ ၈ လံုးကို တစ္လံုးလွ်င္ ၁ ယူရို (ျမန္မာေငြ ၂၂၂၆ က်ပ္) မွ်ျဖင့္ ေရာင္းခ်ရန္ စီစဥ္ေနသည္။

အဆိုပါ ျမိဳ႕ေလးသည္ ရင္သပ္ရႈေမာဖြယ္ ေက်းလက္ရႈခင္းမ်ားကို အေပၚစီးမွ ေတြ႔ျမင္ႏိုင္မည့္ ျမိဳ႕ကေလးလည္း ျဖစ္သည္။

အိမ္တစ္လံုး ပိုင္ဆိုင္ရန္ အိပ္မက ္မက္ေနသူမ်ားအတြက္ မက္ေမာစရာအခြင့္အလမ္းတစ္ခုျဖစ္ေသာ္လည္း သတိျပဳရန္ အခ်က္တစ္ခု ရွိေနသည္။

ေနအိမ္ဝယ္ယူမည့္သူမ်ားအေနျဖင့္ စေပၚေငြ ယူရို ၅၀၀၀ (ကန္ေဒၚလာ ၅၃၃၀) (ျမန္မာေငြအားျဖင့္ ၁၁၁ သိန္း) ေပးသြင္းရမည္ျဖစ္သည့္အျပင္ ေနအိမ္ဝယ္ယူပိုင္ဆိုင္မႈ လုပ္ငန္းစဥ္မ်ားအားလံုးအတြက္ အခြန္အခ မ်ားလည္း ေပးေဆာင္ရမည္ျဖစ္သည္။

သင့္အေနျဖင့္ ေရာင္းခ်ေပးမည့္ ေနအိမ္ ၈ လံုးမွ တစ္လံုးပိုင္ဆိုင္လိုသည္ဆိုပါက လုိက္နာရမည့္ စည္းကမ္းခ်က္အခ်ဳိ႕ရွိေၾကာင္း ထိုျမိဳ႕ကေလး၏ ျမိဳ႕ေတာ္ဝန္က ေျပာသည္။

ေနအိမ္ဝယ္ယူျပီး ၆ လအတြင္း ျမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔ထံ ေနအိမ္ျပဳျပင္မြမ္းမံမည့္ စီမံခ်က္ကို တင္ျပရမည္ျဖစ္ျပီး ျပဳျပင္မြမ္းမံမႈ လုပ္ငန္းမ်ားကို ၃ ႏွစ္အတြင္း အေကာင္အထည္ေဖာ္ရမည္ဟု ဆိုသည္။

ေနအိမ္မြမ္းမံျပီးလွ်င္ စေပၚေငြကို ျပန္လည္ထုတ္ယူႏိုင္သည္။

ေနအိမ္မြမ္းမံရာတြင္ ေဒသခံအလုပ္သမားမ်ားကို ငွားရမ္းျခင္း ၊ ေဒသထြက္ ေဆာက္လုပ္ေရးပစၥည္းမ်ားကို အသံုးျပဳျခင္း အခ်ိန္ကာလအတိုဆံုးျဖင့္ ျပဳျပင္မြမ္းမံျခင္း အစရွိသည့္အခ်က္မ်ား လုပ္ေဆာင္မည့္သူမ်ားကို ဦးစားေပး ေရာင္းခ်မည္ဟု ဆိုသည္။

အဆိုပါ ေတာင္းဆိုခ်က္မ်ား၏ ေနာက္ကြယ္တြင္ မည္သည့္ ရည္မွန္းခ်က္ရွိပါသနည္း။

ရည္မွန္းခ်က္ကား ေနအိမ္ပိုင္ဆိုင္လာမည့္ လူသစ္မ်ား၏ ရင္းႏွီးျမွပ္ႏွံမႈႏွင့္ ေနအိမ္မြမ္းမံမႈတို႔ျဖင့္ ျမိဳ႕၏ စီးပြားေရးကို ျပန္လည္ လံႈ႔ေဆာ္ေပးရန္ ျဖစ္သည္။

အီတလီတြင္ အိပ္ေပ်ာ္ေနေသာ ျမိဳ႕ငယ္မ်ားစြာကို ျပန္လည္ႏိုးထလာေစရန္ ေနအိမ္မ်ားကို ၁ ယူရိုေငြျဖင့္ ယခင္ကလည္း ေရာင္းခ်ေပးသည့္ အစီအစဥ္မ်ား ရွိခဲ့သည္။

ေက်းလက္ေဒသေန အီတလီလူငယ္လူရြယ္မ်ားစြာမွာ အလုပ္အကိုင္အခြင့္အလမ္းမ်ား ရွာေဖြရန္အတြက္ ျမိဳ႕ၾကီးျပၾကီးမ်ားသို႔ ေရႊ႕ေျပာင္းသြားၾကရာ အီတလီေက်းလက္ေဒသတို႔မွာ သက္ၾကီးရြယ္အိုမ်ားျဖင့္ ဆိတ္ျငိမ္ေသာ ေနရာမ်ား ျဖစ္လာခဲ့သည္။

ထိုသို႔ေသာ ေဒသမ်ား ျပန္လည္ႏိုးထ စည္ကားသက္ဝင္လာေစရန္အတြက္ ေနအိမ္မ်ားကို ေစ်းႏႈန္းအလြန္ နည္းပါးစြာ ေရာင္းခ်ေပးသည့္ မဟာဗ်ဴဟာမ်ား အေကာင္အထည္ေဖာ္လာျခင္း ျဖစ္သည္။ ယခုေရာင္းခ်ေပးမည့္ ေနအိမ္မ်ားမွာ မည္သို႔ေသာ ပံုသ႑ာန္ရွိပါသနည္း။

စိတ္မေကာင္းပါ။

သင့္အေနျဖင့္ ေနအိမ္ဝယ္ယူရန္ စိတ္ဝင္စားေၾကာင္း စာရင္းမသြင္းလွ်င္ ေရာင္းခ်ေပးမည့္ ေနအိမ္မ်ားကို ၾကည့္ရႈခြင့္ မရွိပါ။ နာမည္ၾကီး အေက်ာ္အေမာ္မ်ားသည္ပင္ ဝယ္ယူထားမႈမ်ား ရွိသည္။

ယခု အိမ္ျခံေျမမ်ားကို ဝယ္ယူထားသူမ်ားတြင္ ျဗိတိန္စကားေျပာဝိုင္း အစီအစဥ္တင္ဆက္သူ Alan Carr ႏွင့္ Sopranos သရုပ္ေဆာင္ Lorraine Bracco တို႔ အပါအဝင္ ျဖစ္သည္။

သင့္အေနျဖင့္ ဝယ္ယူရန္ စိတ္ဝင္စားသည္ဆိုပါက ထိုသူတို႔မွာ သင့္အိမ္နီးခ်င္းမ်ား ျဖစ္လာႏိုင္သည္။

The Independent တြင္ ေဖာ္ျပေသာ ေဆာင္းပါးတစ္ပုဒ္အရ ယခုေနအိမ္မ်ားကို ျပန္လည္ မြမ္းမံလွ်င္ ကုန္က်စရိတ္မွာ ပ်မ္းမွ်အားျဖင့္ ယူရို ၂၀၀၀၀ မွ ၅၀၀၀၀ ၾကားရွိႏိုင္ေၾကာင္း ခန္႔မွန္းထားသည္။ သို႔ေသာ္ ျပင္ဆင္စရိတ္ ထည့္တြက္လွ်င္ပင္ သင့္အေနျဖင့္ အျမတ္ထြက္ႏို္င္ပါေသးသည္။

အကယ္၍ ေနအိမ္ဝယ္ယူရန္ စိတ္ဝင္စားေၾကာင္း စာရင္းေပးလုိပါက (သို႔မဟုတ္) ၁ ယူရိုတန္ ေနအိမ္မ်ားအေၾကာင္း ပိုမိုသိရွိလိုပါက 1eurohouses.com တြင္ စာရင္းေပးျခင္း ၊ ေလ့လာျခင္းမ်ား ျပဳလုပ္ႏိုင္ပါသည္။

 

(ဆက္စပ္သတင္း)

အီတလီတြင္ လူမေနေသာ အိမ္ ၁၀၀ ကို တစ္အိမ္လွ်င္ ၁ ေဒၚလာျဖင့္ ေရာင္းမည္

https://www.imyanmarhouse.com/news/read/1036228

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Another Italian town is selling homes for less than £1 with gorgeous scenic views (timeout)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service