“ရွက်ကြွေနေလို့ ရေလောင်းတာပါ အရိပ်ခိုချင်လို့မှ မဟုတ်ဘဲ”
“ရွက်ကြွေနေလို့ ရေလောင်းတာပါ အရိပ်ခိုချင်လို့မှ မဟုတ်ဘဲ” - Property Knowledge in Myanmar from iMyanmarHouse.com
23 Feb 2023 1:38 pm တွင် တင်ခဲ့သည်
483 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
ဒီစကားလေးက ပရဟိတသမားကြီး ဦးဇော်ခေါ် စတီဖင်ဇော်ဂျီက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတင်ခဲ့တဲ့ ကျူးရင့်မှုအတွေးလေးပါ။ကဗျာအတွေးလေးတွေလည်းရှိတော့ သူ့အလှူတွေအတွက် ရေးတဲ့စာလေး တွေကလည်း ထိမိပါတယ်။
အခုဒီစာလေးဟာဆိုရင်လည်း ရင်ကိုထိလှပါတယ်။အလွန်ကိုကောင်းမွန်လှတဲ့ စာသားလေးပါ။လုပ်နေတဲ့ အလုပ်မှာ ထားရှိတဲ့ စိတ်ထားလေးကိုလည်း ပေါ်လွင်အောင် ဖော်ပြလိုက်ခြင်းလည်း ဖြစ်ပါတယ်။
ကိုယ်လုပ်နေတဲ့ ပရဟိတအလုပ်ကနေ ကိုယ့်အတွက်၊ ကိုယ့်အကျိုးစီးပွားအတွက် ဘာတွေရစေ၊ညာတွေရစေ ဆိုတဲ့ အတွေးတွေ၊မျှော်လင့်ချက်တွေ မပါဘူးဆိုတာကိုလည်း သိစေလိုက်တာပါပဲ။
စားဝတ်နေရေး အဆင်မပြေသူတွေ၊အခက်အခဲဖြစ်နေကြသူတွေအတွက် စေတနာအရင်းခံတဲ့ သူ့ရဲ့အာဟာရဒါန အလှူလေးတွေက တကယ်လိုအပ်နေသူတွေ ရကြပါစေဆိုတာပဲ သူ့မှာရှိပါတယ်။
တချို့က အကျိုးလိုချင်လို့ လုပ်ကြတာ၊တချို့က ဘာမျှော်ကိုးချက်မှ မပါဘဲ စေတနာသန့်သန့်နဲ့လုပ်ကြတယ်။
ပရဟိတအလုပ်ဆိုတာ လူတိုင်းလုပ်နိုင်ကြတာမဟုတ်ပါဘူး။လုပ်တဲ့သူတွေကို မကောင်းဘူး၊ကောင်းတယ် လို့သာ လူတွေက လွယ်လွယ်ဝေဖန်နေကြတာ။နေ့စဉ်လုပ်နိုင်ဖို့ဆိုတာ ပိုတောင်မလွယ်လှပါဘူး။ လုပ်တဲ့သူတွေနေရာကိုသာ စာနာစိတ်နဲ့ ဝင်ကြည့်ပါတော့။
ကိုယ့်အကျိုးအတွက် အိမ်မှာရှိတဲ့ ဘုရားကို ရှိခိုးတာတောင် နာရီဝက်ပြည့်အောင် ကိုယ်စိတ်ကို မနည်းနှိုးဆော် နေရတဲ့သူတွေ။သူတစ်ပါး အတွက်ဆိုရင်…တွေးသာကြည့်ပေတော့။
အခုသူက ဒီလိုမဟုတ် မျှော်လင့်တကြီးစောင့်နေသူတွေအတွက် စားချိန်အမီ ရောက်နိုင်ဖို့ တစ်ရက်မဟုတ် နေ့စဉ်ရက်ဆက် လုပ်နေခဲ့တာပါ။သူ့ရင်ဘက်ထဲကစကား လှလွန်းလို့ ခေါင်းစဉ်အဖြစ် ကျွန်တော်က ယူသုံးထားခြင်းပါ။ အပြောလွယ်သလောက် စောင့်ထိန်းရတဲ့ စိတ်တွေနဲ့ အလုပ်ခက်တဲ့ ပရဟိတပါ။
တစ်ရက်က ပရဟိတနဲ့ ပတ်သက်တဲ့ စာလေးတစ်ပိုဒ်ကို မှတ်သားလိုက်ရတယ်။
“ ပရဟိတဆိုတာ”
“နာမည်ကြီးသူတိုင်လည်းမလုပ်ဘူး။
ပိုက်ဆံရှိသူတိုင်းလည်းမလှူဘူး။
ခွန်အားရှိသူတိုင်းလည်း မကူညီဘူး။
အချိန်အားသူတိုင်းလည်း စိတ်မဝင်စားဘူး။
ပျော်ရွှင်ငြိမ်းချမ်းစေချင်တဲ့ မေတ္တာတရား၊ကြင်နာတတ်တဲ့ ကရုဏာတရား၊စာနာတတ်တဲ့ နှလုံးသား ကူညီချင်တဲ့ စိတ်စေတနာနှင့် နှလုံးသားလှသူများသာ လုပ်နိုင်တဲ့အလုပ်” ပါတဲ့။သိပ်ကိုကောင်းတဲ့ ဥပမာ။
ဒုက္ခတွေရောက်နေတာကို မသိသလိုနေနိုင်ခွင့် သူ့မှာရှိပါတယ်။မသိသလိုနေခဲ့ကြသူတွေလည်း အများကြီးပါပဲ။ အပိုအလျှံတွေ မကုန်နိုင်လို့ အလကားလွင့်ပစ်နေကြသူတွေ ဒီလောကမှာ အများကြီးရှိပါတယ်။
နေစရာအများအပြားရှိသူတွေက နေစရာရှားသူတွေဆီက မြေနေရာ လုယူနေသူတွေလည်း အများကြီးရှိတယ်။
ခွန်အားရှိသူက ခွန်အားနဲ့မကူဘဲ ခွန်အားသုံးပြီးရန်မူကြတာများပါတယ်။ထားပါလေ..
ပရဟိတလုပ်တယ်ဆိုတာက “ရွက်ကြွေနေလို့ရေလောင်းတာပါ အရိပ်ခိုချင်လို့မှ မဟုတ်ဘဲ”…။ သူ့စကားလေးနဲ့ပဲ အဆုံးသတ်ပါရစေဗျာ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
“ ပရဟိတဆိုတာ”
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
imyanmarmarket
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service