ငလျင်မြေစာပုံအောက် ဖခင်ရင်ခွင်ထဲက အသက်ရှင်ကျန်ခဲ့သည့် ကလေးငယ်

ငလျင်မြေစာပုံအောက် ဖခင်ရင်ခွင်ထဲက အသက်ရှင်ကျန်ခဲ့သည့် ကလေးငယ် - Property Knowledge in Myanmar from iMyanmarHouse.com
15 Feb 2023 1:51 pm တွင် တင်ခဲ့သည်
511 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

အောက်ဆင်းချိန်မရတော့ ယိမ်းခါလှုပ်ခတ်နေတဲ့ အဆောက်အအုံကြောင့် ရပ်တည်ဖို့ပင်ခက်နေပြီ။

သားကို ရင်ခွင်ထဲ အရင်ပိုက်ထွေးလိုက်ပြီး ပြိုကျမှုဒဏ်ကနေ အသက်သာဆုံးဖြစ်နိုင်မည့်နေရာကို ရွေးချယ်လိုက်ပါတယ်။

သိမ့်ကနဲဖြစ်သွားပြီး ကြမ်းပြင်ဟာ အောက်ဖက်ကိုဆောင့်ကျသွားပါတယ်။အထိအခိုက်နည်းအောင် သားရဲ့ခေါင်းကို အုပ်မိုးထိန်းကိုင်ထားလိုက်ရပါတယ်။

ဆောင့်ကျမှုဒဏ်၊အပေါ်က ပြိုကျတဲ့အပိုင်းအစတို့ရဲ့ထိခိုက်မှုကြောင့် ခဏတာမေ့သွားခဲ့တယ်။ပြင်းထန်တဲ့ နာကျင်မှုကြောင့်ပဲ ပြန်သတိရလာတယ်။ ဖိသိပ်ခံထားရတဲ့အပိုင်းအစတွေကြောင့်ပဲ လှုပ်ရှားမှုတွေ လုပ်မရတော့။

သား..ရေ…သားရေ… သားလေးရေ…သားလေးရေ…ဖေဖေခေါ်တာကြားလား..သားရေ။

ပါးစပ်က ကောင်းကောင်းလှုပ်မရ၍ ထွက်တဲ့အသံက မပီမပြင်။

အသံထွက်အောင်ပင် မနည်းလုပ်နေရတယ်။အသက်ရှုလိုက်တိုင်း ဝင်လာတဲ့ဖုန်မှုန်တွေကြောင့်ပင် ပိုပြီးမွန်းကြပ်လာတယ်။

ရှိုက်သံ…တုန်လှုပ်သံသဲ့သဲ့ကိုတော့ ကြားနေရတယ်။သားဆီကထင်ပါရဲ့။ အင်း…သားလေးအသက်ရှိသေးတယ်လို့ပဲ အပိုင်ယူဆလိုက်တယ်။

ငါ့သားလေးသေလို့မဖြစ်…စကားပြောပေးနေမှ ဖြစ်မည်။

သားရေ…ဖေဖေရှိတယ်နော်…မကြာခင် ကယ်မယ့်သူတွေလာတော့မှာကွ..အဟွတ်..အဟွတ်..။

အို… စကားပြောဖို့ ရှိုက်လိုက်တဲ့လေတိုင်းဖုန်တွေ အသောသောပါလာလိုက်တာကွာ။ ပါးစပ်ကိုတောင် မဟရဲအောင်ပါလား။

မှောင်လိုက်တာ နေ့လားညလား..မကွဲပြားဘူး။အေးနေပုံထောက်တော့ ညပေါ့။

သားရေ..သားလေးရေ…

ဗိုက်ကစူးအောင့်လာတယ်။စိုစွတ်တဲ့အတွေ့ကိုလည်း ခံစားနေရတယ်။သားကိုခေါ်ဖို့ နောက်တစ်ချက် ပါးစပ်အဟ လည်ချောင်းထဲက သွေးတို့ထွက်ကျလာတယ်။

လက်ချောင်းလေးကိုလှုပ်ကြည့်ရာ သားရဲ့ဗိုက်နေရာကိုထိမိတယ်ထင်ပါရဲ့။သားဆီက နွေးထွေးတဲ့ အထိအတွေ့ကိုရနေပါသေးတယ်။ ငါ့သားအသက်ရှင်သေးတယ်ကွ..။သူ့ကျောနဲ့ ငါ့ရင်ဘတ်ကြားထဲ အုတ်ကျိုးအပိုင်းအစတွေထင်ပါရဲ့..။လှုပ်လေဖိသိပ်လေနဲ့။

 

 

သားရေ…သားလေးရေ…သတိရစမ်းပါ ..သားလေရေ…သားကိုခေါ်လိုက်တိုင်း ပါးစပ်ကထွက်လာတဲ့ အရည်တို့က စေးစေးပိုင်ပိုင်။သွေးတို့ပဲဖြစ်မယ်။အသံထွက်တိုင်း အားတို့က ယုတ်လျော့လို့လာတယ်..။

လေရှုရတာကိုပင် အားမရတော့..။ငါ့သားလေးမေ့နေတယ်ဆိုရင်လဲ မေ့တာက ကောင်းပါလိမ့်ဦးမယ်။ သတိရရင် နာကျင်တာတွေက နှိပ်စက်ပေတော့မယ်။

..သားရေ..အားတင်းထားပါကွာ။ဖေဖေတို့ကို ကယ်မဲ့သူတွေလာတော့မှာပါ..။သားလေး…အားတင်းထားနော်..။

နားထဲမှာ တုန်ခါသံ သဲ့သဲ့ကြားလိုက်ရတယ်။

ငါ့သားလေးရေ…သူတို့ရောက်တဲ့ အထိတောင့်ခံထားနော်…။ဟုတ်လား…။အဖေလဲရှိတယ် သားရေ…ဘာမှ အားမငယ်နဲ့တော့…။ငလျင်လဲပြီးသွားလောက်ပြီထင်ပါရဲ့ကွာ…။အဖေကြားနေရတယ်…။အကူအညီလာတဲ့ သူတွေရဲ့ အသံကွ…။တို့အဲဒီအချိန်ထိ တောင့်ခံထားမယ်…ဟုတ်လား..။

ပါးစပ်က တိုးထွက်လာတဲ့ သွေးတွေကြောင့် တစ်ဆို့မွန်းကြပ်သွားတယ်။အတွေးတို့က ပြင်းထန်နာကြင်တဲ့ ဝေဒနာကြောင့် ဝေဝေဝါးဝါး…ဝေ..ဝေ..ဝါး..ဝါး…ဝါး…….။…။…။

ဒီဖြစ်ရပ်လေးကို Tsahiur.mn သတင်းနဲ့ မီဒီယာ ဝက်ဘ်ဆိုက်က ပြသသွားတာလေးကို ဝတ္ထုပုံစံ ရေးမိတာပါ။ ငလျင်ကြောင့် ဖခင်ဟာသေဆုံးသွားသော်လည်း သူ့ရင်သွေးလေးကတော့ ထူးထူးခြားခြားပဲ လွတ်မြောက်ခဲ့တာကို တွေ့ရပါတယ်။

သဘာဝဘေးအန္တရာယ်တို့ ကင်းဝေးကြပါစေ။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Photo Credit:  tsahiur.mm

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ငလ်င္ေျမစာပုံေအာက္ ဖခင္ရင္ခြင္ထဲက အသက္ရွင္က်န္ခဲ့သည့္ ကေလးငယ္

 

ေအာက္ဆင္းခ်ိန္မရေတာ့ ယိမ္းခါလႈပ္ခတ္ေနတဲ့ အေဆာက္အအုံေၾကာင့္ ရပ္တည္ဖို႔ပင္ခက္ေနၿပီ။

သားကို ရင္ခြင္ထဲ အရင္ပိုက္ေထြးလိုက္ၿပီး ၿပိဳက်မႈဒဏ္ကေန အသက္သာဆုံးျဖစ္ႏိုင္မည့္ေနရာကို ေရြးခ်ယ္လိုက္ပါတယ္။

သိမ့္ကနဲျဖစ္သြားၿပီး ၾကမ္းျပင္ဟာ ေအာက္ဖက္ကိုေဆာင့္က်သြားပါတယ္။အထိအခိုက္နည္းေအာင္ သားရဲ႕ေခါင္းကို အုပ္မိုးထိန္းကိုင္ထားလိုက္ရပါတယ္။

ေဆာင့္က်မႈဒဏ္၊အေပၚက ၿပိဳက်တဲ့အပိုင္းအစတို႔ရဲ႕ထိခိုက္မႈေၾကာင့္ ခဏတာေမ့သြားခဲ့တယ္။ျပင္းထန္တဲ့ နာက်င္မႈေၾကာင့္ပဲ ျပန္သတိရလာတယ္။ ဖိသိပ္ခံထားရတဲ့အပိုင္းအစေတြေၾကာင့္ပဲ လႈပ္ရွားမႈေတြ လုပ္မရေတာ့။

သား..ေရ…သားေရ… သားေလးေရ…သားေလးေရ…ေဖေဖေခၚတာၾကားလား..သားေရ။

ပါးစပ္က ေကာင္းေကာင္းလႈပ္မရ၍ ထြက္တဲ့အသံက မပီမျပင္။

အသံထြက္ေအာင္ပင္ မနည္းလုပ္ေနရတယ္။အသက္ရႈလိုက္တိုင္း ဝင္လာတဲ့ဖုန္မႈန္ေတြေၾကာင့္ပင္ ပိုၿပီးမြန္းၾကပ္လာတယ္။

ရိႈက္သံ…တုန္လႈပ္သံသဲ့သဲ့ကိုေတာ့ ၾကားေနရတယ္။သားဆီကထင္ပါရဲ႕။ အင္း…သားေလးအသက္ရွိေသးတယ္လို႔ပဲ အပိုင္ယူဆလိုက္တယ္။

ငါ့သားေလးေသလို႔မျဖစ္…စကားေျပာေပးေနမွ ျဖစ္မည္။

သားေရ…ေဖေဖရွိတယ္ေနာ္…မၾကာခင္ ကယ္မယ့္သူေတြလာေတာ့မွာကြ..အဟြတ္..အဟြတ္..။

အို… စကားေျပာဖို႔ ရႈိက္လိုက္တဲ့ေလတိုင္းဖုန္ေတြ အေသာေသာပါလာလိုက္တာကြာ။ ပါးစပ္ကိုေတာင္ မဟရဲေအာင္ပါလား။

ေမွာင္လိုက္တာ ေန႔လားညလား..မကြဲဲျပားဘူး။ေအးေနပုံေထာက္ေတာ့ ညေပါ့။

သားေရ..သားေလးေရ…

ဗိုက္ကစူးေအာင့္လာတယ္။စိုစြတ္တဲ့အေတြ႔ကိုလည္း ခံစားေနရတယ္။သားကိုေခၚဖို႔ ေနာက္တစ္ခ်က္ ပါးစပ္အဟ လည္ေခ်ာင္းထဲက ေသြးတို႔ထြက္က်လာတယ္။

လက္ေခ်ာင္းေလးကိုလႈပ္ၾကည့္ရာ သားရဲ႕ဗိုက္ေနရာကိုထိမိတယ္ထင္ပါရဲ႕။သားဆီက ေႏြးေထြးတဲ့ အထိအေတြ႔ကိုရေနပါေသးတယ္။ ငါ့သားအသက္ရွင္ေသးတယ္ကြ..။သူ႔ေက်ာနဲ႔ ငါ့ရင္ဘတ္ၾကားထဲ အုတ္က်ိဳးအပိုင္းအစေတြထင္ပါရဲ႕..။လႈပ္ေလဖိသိပ္ေလနဲ႔။

သားေရ…သားေလးေရ…သတိရစမ္းပါ ..သားေလေရ…သားကိုေခၚလိုက္တိုင္း ပါးစပ္ကထြက္လာတဲ့ အရည္တို႔က ေစးေစးပိုင္ပိုင္။ေသြးတို႔ပဲျဖစ္မယ္။အသံထြက္တိုင္း အားတို႔က ယုတ္ေလ်ာ့လို႔လာတယ္..။

ေလရႈရတာကိုပင္ အားမရေတာ့..။ငါ့သားေလးေမ့ေနတယ္ဆိုရင္လဲ ေမ့တာက ေကာင္းပါလိမ့္ဦးမယ္။ သတိရရင္ နာက်င္တာေတြက ႏွိပ္စက္ေပေတာ့မယ္။

..သားေရ..အားတင္းထားပါကြာ။ေဖေဖတို႔ကို ကယ္မဲ့သူေတြလာေတာ့မွာပါ..။သားေလး…အားတင္းထားေနာ္..။

နားထဲမွာ တုန္ခါသံ သဲ့သဲ့ၾကားလိုက္ရတယ္။

ငါ့သားေလးေရ…သူတို႔ေရာက္တဲ့ အထိေတာင့္ခံထားေနာ္…။ဟုတ္လား…။အေဖလဲရွိတယ္ သားေရ…ဘာမွ အားမငယ္နဲ႔ေတာ့…။ငလ်င္လဲၿပီးသြားေလာက္ၿပီထင္ပါရဲ႕ကြာ…။အေဖၾကားေနရတယ္…။အကူအညီလာတဲ့ သူေတြရဲ႕ အသံကြ…။တို႔အဲဒီအခ်ိန္ထိ ေတာင့္ခံထားမယ္…ဟုတ္လား..။

ပါးစပ္က တိုးထြက္လာတဲ့ ေသြးေတြေၾကာင့္ တစ္ဆို႔မြန္းၾကပ္သြားတယ္။အေတြးတို႔က ျပင္းထန္နာၾကင္တဲ့ ေဝဒနာေၾကာင့္ ေဝေဝဝါးဝါး…ေဝ..ေဝ..ဝါး..ဝါး…ဝါး…….။…။…။

ဒီျဖစ္ရပ္ေလးကို Tsahiur.mn သတင္းနဲ႔ မီဒီယာ ဝက္ဘ္ဆိုက္က ျပသသြားတာေလးကို ဝတၳဳပုံစံ ေရးမိတာပါ။ ငလ်င္ေၾကာင့္ ဖခင္ဟာေသဆုံးသြားေသာ္လည္း သူ႔ရင္ေသြးေလးကေတာ့ ထူးထူးျခားျခားပဲ လြတ္ေျမာက္ခဲ့တာကို ေတြ႔ရပါတယ္။

သဘာဝေဘးအႏၱရာယ္တို႔ ကင္းေဝးၾကပါေစ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Photo Credit:  tsahiur.mm

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service