“ငါ့ရင်ထဲမှာက အလွမ်းနွေနှင့်ပါ ဥဩရေ…”

“ငါ့ရင်ထဲမှာက အလွမ်းနွေနှင့်ပါ ဥဩရေ…” - Property Knowledge in Myanmar from iMyanmarHouse.com
11 Feb 2023 4:34 pm တွင် တင်ခဲ့သည်
1666 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

“ဥဩ…ဥဩ..ဥဩ”

ခပ်ဝေးဝေးကပျံ့လွင့်လာနေသည့် ဥဩငှက်၏ တွန်သံက အထီးကျန်ညတွေကို ဖြတ်သန်းနေသည့် ကျွန်တော့်အတွက် အလွမ်းဓာတ်ကိုပိုပြီး ပင့်ပေးလို့နေပါသည်။

ဆောင်းတွင်းမှ တကယ့် ဒီဇင်ဘာ ဆောင်းတွင်းကြီးမှာလာပြီး တွန်ကျူးနေလေရဲ့။နေ့တွင်မဟုတ်။ ညနက်နက်မှာ။ ဘာအတွက်လဲ ဥဩရေ။ အချိန်တွေမှားနေပြီလား။ရာသီတွေ လွဲနေပြီလား။ချစ်သူပျောက်လို့ အလွမ်းခြေရာကောက်ဖို့ပဲ လာခဲ့သည်လား။

 

 

ဥဩဆိုသည်ကို ပူပြင်းသည့်နွေ၏ အမှတ်တံဆိပ်ပမာ မှတ်ထင်ထားခဲ့သည်။လေပွေရူးတို့ ပြေးလွှားနေတတ် သည့်နွေနှင့် သူကိုယှဉ်တွဲထားခဲ့ဖူးသည်။

 လေပြင်းခြွေဖြုတ် ရွက်ရင့်ညိုတို့ သောသောရုတ်ရုတ် ပြုတ်ကြွေကြသည့် နွေရက်တို့နှင့် တွဲဖက်ပုံဖော်ထားခဲ့ပါသည်။ ရွှေညှောက်နုညီ ပုရစ်ဖူး နီတီတီတို့ တိုးထွက်တတ်သည့် အချိန်အခါနှင့် သူ့ကိုတွဲဖက် ပုံဖော်ထားခဲ့သည်။

လဲ၊ပေါက်၊လက်ပံတို့ ပန်းနီနီပွင့်သည့် အချိန်နှင့်သူ့ကို မှတ်သားထားခဲ့ဖူးသည်။စိုင်းထီးဆိုင်၏ “တွန်သံချိုတယ် နွေဥဩငယ်ရယ်” ဆိုသည့် စာသားကလည်း မင်းကိုနွေမင်းသားလို့တင်စားထားတာပေပဲ။

 

 

 

ပူပြင်းသွေ့ခြောက် နွေရာသီရောက်မှ ကြင်ဖော်ကြင်ဖက်အရှာထွက်တာလို့ ကိုယ်ကနားလည်ထားခဲ့ပါသည်။

 

 

 

 

ထိုသို့နားလည်ထားလို့လည်း “ဥဩ”ဆိုသည့် ကဗျာလေးကို ရေးစပ်ထားခဲ့ဘူးသည်။

*ရင်မှထွက်ဖြစ်

ဆို့နစ်ငိုကြွေး

တေးမဟုတ်ပါ။

*ရှိုက်သံဖြာထွက်

ရင်နာချက်ကြောင့်

ကွဲအက်မြည်တမ်း

သံစဉ်ဆန်းလည်း…မဟုတ်ပါ။

*နွေရဲ့တံဆိပ်

ခတ်နှိပ်ပုံဖော်

တစ်ကိုယ်တော်လည်း…မဟုတ်ပါ။

*မဖိုစုံညီ

ရာသီချိန်ခါ

ဘာသာဘာဝ

မြူးပျော်ကြဖို့

ယုယသံနှော

ပူသောနွေမှာ

ချစ်သူရှာကြခြင်းရယ်ပါ။ ။

ကိုယ် ဒီလိုပဲနားလည်ထားခဲ့သည့်မင်းက ရာသီပြောင်းခဲ့လေပြီလား။ မင်းလည်း မင်းအလွမ်းနှင့်မင်းပေါ့လို့ ကိုယ်ချင်းစာနားလည်လိုက်ပါသည်။

ငါလည်းမင်းလိုပါပဲ အပြင်မှာအေးနေပေမယ့် ငါ့ရင်ထဲမှာက အလွမ်းနွေနှင့်ပါ ဥဩရေ…။

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit to Photo  ?????? ?????? ?? ???????

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

“ငါ့ရင္ထဲမွာက အလြမ္းေႏြႏွင့္ပါ ဥဩေရ…”

 

 

“ဥဩ…ဥဩ..ဥဩ”

ခပ္ေဝးေဝးကပ်ံ႕လြင့္လာေနသည့္ ဥဩငွက္၏ တြန္သံက အထီးက်န္ညေတြကို ျဖတ္သန္းေနသည့္ ကၽြန္ေတာ့္အတြက္ အလြမ္းဓာတ္ကိုပိုၿပီး ပင့္ေပးလို႔ေနပါသည္။

ေဆာင္းတြင္းမွ တကယ့္ ဒီဇင္ဘာ ေဆာင္းတြင္းႀကီးမွာလာၿပီး တြန္က်ဴးေနေလရဲ႕။ေန႔တြင္မဟုတ္။ ညနက္နက္မွာ။ ဘာအတြက္လဲ ဥဩေရ။ အခ်ိန္ေတြမွားေနၿပီလား။ရာသီေတြ လြဲေနၿပီလား။ခ်စ္သူေပ်ာက္လို႔ အလြမ္းေျခရာေကာက္ဖို႔ပဲ လာခဲ့သည္လား။

ဥဩဆိုသည္ကို ပူျပင္းသည့္ေႏြ၏ အမွတ္တံဆိပ္ပမာ မွတ္ထင္ထားခဲ့သည္။ေလေပြရူးတို႔ ေျပးလႊားေနတတ္ သည့္ေႏြႏွင့္ သူကိုယွဥ္တြဲထားခဲ့ဖူးသည္။

ေလျပင္းေျခြျဖဳတ္ ရြက္ရင့္ညိဳတို႔ ေသာေသာရုတ္ရုတ္ ျပဳတ္ေၾကြၾကသည့္ ေႏြရက္တို႔ႏွင့္ တြဲဖက္ပုံေဖာ္ထားခဲ့ပါသည္။ ေရႊေညွာက္ႏုညီ ပုရစ္ဖူး နီတီတီတို႔ တိုးထြက္တတ္သည့္ အခ်ိန္အခါႏွင့္ သူ႔ကိုတြဲဖက္ ပုံေဖာ္ထားခဲ့သည္။

လဲ၊ေပါက္၊လက္ပံတို႔ ပန္းနီနီပြင့္သည့္ အခ်ိန္ႏွင့္သူ႔ကို မွတ္သားထားခဲ့ဖူးသည္။စိုင္းထီးဆိုင္၏ “တြန္သံခ်ိဳတယ္ ေႏြဥဩငယ္ရယ္” ဆိုသည့္ စာသားကလည္း မင္းကိုေႏြမင္းသားလို႔တင္စားထားတာေပပဲ။

ပူျပင္းေသြ႔ေျခာက္ ေႏြရာသီေရာက္မွ ၾကင္ေဖာ္ၾကင္ဖက္အရွာထြက္တာလို႔ ကိုယ္ကနားလည္ထားခဲ့ပါသည္။

ထိုသို႔နားလည္ထားလို႔လည္း “ဥဩ”ဆိုသည့္ ကဗ်ာေလးကို ေရးစပ္ထားခဲ့ဘူးသည္။

*ရင္မွထြက္ျဖစ္

ဆို႔နစ္ငိုေၾကြး

ေတးမဟုတ္ပါ။

*ရိႈက္သံျဖာထြက္

ရင္နာခ်က္ေၾကာင့္

ကြဲအက္ျမည္တမ္း

သံစဥ္ဆန္းလည္း…မဟုတ္ပါ။

*ေႏြရဲ႕တံဆိပ္

ခတ္ႏွိပ္ပုံေဖာ္

တစ္ကိုယ္ေတာ္လည္း…မဟုတ္ပါ။

*မဖိုစုံညီ

ရာသီခ်ိန္ခါ

ဘာသာဘာဝ

ျမဴးေပ်ာ္ၾကဖို႔

ယုယသံေႏွာ

ပူေသာေႏြမွာ

ခ်စ္သူရွာၾကျခင္းရယ္ပါ။ ။

ကိုယ္ ဒီလိုပဲနားလည္ထားခဲ့သည့္မင္းက ရာသီေျပာင္းခဲ့ေလၿပီလား။ မင္းလည္း မင္းအလြမ္းႏွင့္မင္းေပါ့လို႔ ကိုယ္ခ်င္းစာနားလည္လိုက္ပါသည္။

ငါလည္းမင္းလိုပါပဲ အျပင္မွာေအးေနေပမယ့္ ငါ့ရင္ထဲမွာက အလြမ္းေႏြႏွင့္ပါ ဥဩေရ…။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit to Photo  ?????? ?????? ?? ???????

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
Magical World
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service