“မြင်တွေ့မိ မချိရင်ထဲ စာနာဆဲပါ”
“မြင်တွေ့မိ မချိရင်ထဲ စာနာဆဲပါ” - Property Knowledge in Myanmar from iMyanmarHouse.com
9 Feb 2023 2:00 pm တွင် တင်ခဲ့သည်
568 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
အရုပ်ဆိုးအကျည်းတန်သည့် မြင်ကွင်းများက ကမ္ဘာအနှံ့တွေ့နေရသည်။
ဒီကမ္ဘာမှာ အခုရက်ပိုင်းအတွင်း အင်မတန်မှ ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာ အနိဋ္ဌာရုံတို့ ဖြစ်သွားခဲ့ခြင်းပင် ဖြစ်သည်။
ကျွန်တော်တို့ လူသားတွေက အလွန်ကို ခိုင်မာတည်မြဲသည်ဟု ထင်ထားသည့် ကမ္ဘာမြေကြီးက မတည်မြဲသည့် လုပ်ရပ်တို့ကို လုပ်ပြသွားခဲ့သည်။
လူတို့၏ ပယောဂကြောင့်ဖြစ်သည့် စစ်တလင်းပြင်တို့သည်လည်း ကမ္ဘာမြေတည်ငြိမ်မှုပျက်ပြားစေသလို ကမ္ဘာမြေကြီးကိုယ်တိုင်ကလည်း မတည်ငြိမ်ခြင်းကြောင့် လူသားအသိုက်မြုံအများအပြား ပျက်စီးခဲ့ကြပြန်သည်။
လူ့သက်တမ်းနှစ်တစ်ရာအတွင်း တစ်ကွေ့မဟုတ်တစ်ကွေ့တော့ဖြင့် ဒီဖြစ်ရပ်ဆိုးများ ထိပ်တိုက်တိုးကြရပါမည်။ နောက်မျိုးဆက်တို့လည်း သူတို့သက်တမ်းအတွင်း ဘယ်နှစ်ကြိမ် ကြုံတွေ့ကြဦးမည်နည်း။ကျွန်တော်ဖြတ်သန်းရသည့် နှစ်ငါးဆယ်ကျော်အတွင်းမှာပင် ပြည်တွင်းနှင့်ကမ္ဘာမှာပါ ထင်ရှားသည့်ဖြစ်ရပ်ဆိုးများ မမှတ်မိလောက် အောင် ဖြစ်ခဲ့ပြီးပါပြီ။
ယခုလည်း လာပြန်ပါပြီ။ဖေဖေါ်ဝါရီ ၆ ရက်၊တနင်္လာနေ့အစောပိုင်းတွင် တူရကီတောင်ပိုင်းနှင့်ဆီးရီးယား မြောက်ပိုင်းတွင် ဖြစ်သွားသော အင်အား၇.၈မဂ္ဂနီကျူ့ရှိသည့် မြေငလျင်ကြီးသည် လူသားအပါဝင် လူသားတို့၏ အိုးအိမ်ဆောက်အအုံအမြောက်အများကို အင်အားကြီးကြီး ဖျက်ဆီးသွားခဲ့ပြန်ပါပြီ။တူရကီဘက်မှာပင် အဆောက်အအုံ ၅,၇၀၀ ကျော် ပျက်ဆီးခဲ့ကြောင်းသိရသည်။သေဆုံးသူများသည်လည်း လက်ရှိကြာသပတေး နေ့အချိန်ထိ ၁၅,၀၀၀ ဝန်းကျင်ထိရှိခဲ့ပြီဖြစ်ကြောင်းသိရသည်။
အဆောက်အအုံများ ပြိုကျမှုတွင် ဒဏ်ရရသူနှင့် မသေဘဲ ပိတ်မိနေသူတို့မှာလည်း ကယ်ဆယ်ရခက်ခဲခြင်း တို့ကြောင့်လည်း ရက်ကြာလာလျှင် မတွေးဝံ့စရာ ကိစ္စတို့ဖြစ်သွားနိုင်ပါသည်။
ဒီဖြစ်စဉ်မှ ကြေကွဲမှုပုံရိပ်တို့သည်လည်း တွေ့မြင်ရသည့်ကျွန်တော့်ရင်ကို အလွန်ပင်ထိခိုက် ကြေကွဲရပါသည်။ ဆီးရီးယားနိုင်ငံဘက်မှာတော့ အပျက်အစီးကြားတွင် တစ်ရက်ခွဲကြာပိတ်မိနေသည့် ကလေးငယ်နှစ်ယောက် အဖြစ်ကလည်း ထိတ်လန့်ရွံ့ကြောက်မှုတွေကြာထဲကနေ အစ်မဖြစ်သူက သူ့မောင်ငယ်လေးကို ဖက်ထားပြီး “သူတို့ကို ဒီအပျက်အစီးတွေထဲက ထုတ်ပေးရင် ဘာမဆိုလုပ်ပေးပါ့မယ်” ဆိုပြီး ကယ်ဆယ်သူတွေကို အားကိုးတကြီး တောင်းဆိုနေသည်ကိုတွေ့ရတော့ ရင်မှာထိခိုက်လှပါသည်။
တူရကီဘက်မှာလည်း အပျက်အစီးများ၏အောက်တွင် သေနေပြီဖြစ်သည့် သမီး၏လက်ကလေးကိုကိုင်ကာ ကြေကွဲနေရရှာသည့် ဖခင်တစ်ဦး၏ ပုံရိပ်ကလည်း ရင်မှာနင့်ကနဲဖြစ်ရပါသည်။
ထို့အတူ အဆောက်အအုံ အပျက်အစီးများ၏အောက်တွင် လာကယ်မည့်သူကို မျှော်လင့်တကြီး ဆက်လက် စောင့်နေသူများလည်း ရှိနေပါလိမ့်ဦးမည်။
မစောင့်နိုင်လို့(သို့မဟုတ်)စောင့်လို့မဖြစ်လောက်အောင် ပြင်းထန်သည့် ဝေဒနာများကြောင့်လည်း ဇီဝိန်ချုပ်သွားကြသူများလည်း ရှိနေပါလိမ့်ဦးမည်။
သဘာဝဘေးဒဏ်ကြောင့် ကြုံတွေ့ကြရသည့် ဖြစ်ရပ်ဆိုးများကိုတော့ ကျွန်တော်တို့ရှောင်လွှဲခြင်းငှာ မတတ်နိုင်ကြပါ။ သို့ပါသော်လည်း လူတို့ပယောဂ မကင်းသည့် လုပ်ရပ်များကြောင့် ဖြစ်ပေါ်လာသည့် ပုံရိပ်ဆိုးများကိုတော့ ဖြစ်နိုင်လျှင် ကမ္ဘာမြေကြီးမှာ ရှိမလာစေဖို့ ဆုတောင်းလိုက်ရပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit to Photo  - CNN
ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
Credit to Photo  - CNN
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
imyanmarmarket
Magical World
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service