ပြောင်းလဲသွားသော စာဖတ်ခြင်း

ပြောင်းလဲသွားသော စာဖတ်ခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
2 Feb 2023 12:04 pm တွင် တင်ခဲ့သည်
1399 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

“ဘယ်လိုစာအုပ်တွေကို ဖတ်ရမလဲ” ဆိုတဲ့ မေးခွန်းက အရွယ်ကြီးမှစာဖတ်ချင်တယ်ထလုပ်တဲ့ လူတချို့ရဲ့ အမေးတွေလို့ ယူဆပါတယ်။တကယ်က စာဖတ်ကျင့်ဆိုတာ လူ့ဘဝရလာပြီး အတန်းပညာသင်ကြားမှု မစတင်ခင် ရင်ခွင်ပိုက်ကတည်းက လုပ်ရမယ့်အလုပ်လို့ ယူဆပါတယ်။ ဒါကလည်း မိဘတွေရဲ့ ရင်သွေးတွေအပေါ်မှာ စာဖတ်ခြင်း အလေ့အထကို အသိရှိရှိ ကြိုတင်လုပ်ဆောင်ပေးထားခြင်းကနေလာတာပါ။

ကလေးအရွယ်နဲ့တန်တဲ့ စာပေတွေကို မိဘတွေက အလုပ်တစ်ခုအနေနဲ့ အချိန်ပေးပြီး ဖတ်ပြပေးကြရမှာပါ။ အရောင်စုံ အသွေးစုံပါတဲ့ ရွှေသွေး၊တေဇ၊ပုံပြင်တွေအပါအဝင် ကလေးကဗျာစာအုပ်တွေ၊ နိုင်ငံတကာက ထုတ်တဲ့ ကလေးစာပေတွေဟာ ကလေးတွေအတွက် အရင်ဆုံးစာဖတ်ခြင်းအလေ့ ပျိုးထောင်ရာမှာ အထိရောက်ဆုံး အထောက်အကူပေးလိမ့်မယ်လို့ ကျွန်တော့်ကတော့ယူဆပါတယ်။

 

ဒီလိုပျိုးထောင်ပေးထားတဲ့ ကလေးတွေဟာ ဒီစာအုပ်တွေထဲမှာ ဒီလိုအရသာရှိတဲ့ အရာတွေ ပါပါလားလို့ သိသွားပါလိမ့်မယ်။အရောင်အသွေးလေးတွေ၊ပုံကလေးတွေရဲ့ ဟန်ပန်က ဘာတွေလဲဆိုတာ သိချင်လို့ မေးလာပါလိမ့်မယ်။

ကလေးတွေကို စာဖတ်ပြတဲ့အခါမှာလည်း ပုံနဲ့စာကို ဖတ်ပြသူက လက်နဲ့ထောက်ကာ ဖတ်ပြခြင်းက ပိုပြီးကောင်းမွန်စေပါတယ်။ပုံတွေဟာ စာကိုလိုက်ပြီး သရုပ်ဖော်ထားတဲ့အတွက် ကြည်နူးခြင်း၊ဝမ်းသာခြင်း၊ အံ့ဩခြင်း၊ထိတ်လန့်ခြင်း၊ငိုကြွေးခြင်း၊ပြုံးရယ်ခြင်းတွေစတဲ့ အကြောင်းတွေကို ကလေးကို တစ်ခါတည်း သင်ပေးရာလည်း ရောက်ပါတယ်။ဒီစာက ဒီလိုဆိုလိုက်ရင် ပုံလေးကဒီလို သရုပ်ဖော်ထားပါလားလို့လည်း သူတို့ဟာသိသွားပါလိမ့်မယ်။

အခုခေတ်မှာတော့ သင်ကြားမှုပုံစံတွေ အမျိုးမျိုးတီထွင်လာကြတယ်။သင်ကြားလာကြတယ်။မိဘတွေအနေနဲ့ ကျောင်းကသင်ကြားမှုပုံစံတွေနဲ့ကြီး ကလေးကို လွှတ်ထားလို့မရဘူးဆိုတာကိုတော့ သတိထားရပါလိမ့်မယ်။

မိဘတွေအနေနဲ့ နွေးထွေးတဲ့မေတ္တာတွေနဲ့ ကိုယ့်ရင်သွေးတွေကို အိမ်မှာလည်းသင်ကြားမှု လုပ်ပေးဖို့ နေ့စဉ်ဝတ္တရားလိုကို မပျက်လုပ်ပေးကြရမှာဖြစ်ပါတယ်။အဲဒါက အရွယ်နဲ့တန်တဲ့ စာပေတွေကိုအိပ်ရာဝင် အချိန်တွေမှာရော အခြားသော အချိန်တွေမှာပါ ကလေးတွေအတွက် လုပ်ပေးကြရပါလိမ့်မယ်။

 

ဒါဟာစာဖတ်ခြင်းကို ပထမဆုံး ပျိုးထောင်ပေးခြင်းပါပဲ။ဒီလိုပျိုးထောင်ပေးထားတဲ့အတွက် သူဟာဘယ်လို စာအုပ်တွေကို ရှာဖွေဖတ်ရှုရမလဲဆိုတဲ့ မေးခွန်းကို အလုပ်ကြီးတစ်ခုအနေနဲ့ မေးနေလိမ့်မယ်လို့ မထင်တော့ပါဘူး။

 

လက်လွှတ်ထားလို့ မရသေးတဲ့အရွယ်မှာ မိဘတွေဟာ ကိုယ့်သားသမီးရဲ့ အရွယ်နဲ့လိုက်ဖတ်တဲ့ စာအုပ်ကောင်းတွေကို ရွေးချယ်ရှာဖွေဖတ်ရှုပေးတတ်ဖို့တော့ ကြိုးစားပေးနေရပါလိမ့်ဦးမယ်။

ဒီလိုကျင့်သားရပြီး အရွယ်ရောက်လို့လာတဲ့သူတွေအဖို့ ဘာစာအုပ်တွေကို ဘယ်လိုဖတ်ရမလဲဆိုတဲ့မေးခွန်းက သူတို့အတွက် သိပ်မလိုအပ်တော့ပါဘူး။ရသစာပေ၊ကဗျာစာပေအတွက် ဘယ်လိုစာအုပ်ကောင်းတွေ၊ သုတစာပေအတွက် ဘယ်လိုစာအုပ်ကောင်းတွေ…စတဲ့ ရွေးချယ်မှုတွေကို သူဟာကောင်းကောင်းလုပ်နိုင်သွားပါလိမ့်မယ်။

စာဖတ်မှုတွေနဲ့ ကျင့်သားရပြီးသားသူတွေဟာ အရွယ်ရောက်လာတာနဲ့အမျှ စာဖတ်ရည်ဝလာပြီး စာဖတ်ခြင်းတွေဟာလည်း ပြောင်းလဲသွားပါလိမ့်မယ်။ကိုယ်နှစ်သက်တာက ဘယ်လိုစာပေတွေဖြစ်ပြီး၊ ဘယ်စာပေတွေဟာ တစ်သက်လုံးဖတ်သင့်တယ်။ ဘယ်လိုစာပေကတော့ အပြင်းပြေဖတ်ရမယ်။ ဘယ်လိုစာပေကတော့ ရှောင်ကြဉ်ရမယ်ဆိုတာတွေဟာ သင်ပေးနေစရာမလိုတော့ပါဘူး။ သူ့ဘာသာသူ ဆုံးဖြတ်ပါလိမ့်မယ်။

မကောင်းတဲ့၊အကျိုးပျက်ဆီးစေတတ်တဲ့ စာအုပ်တွေကို ဖတ်မိရင်တောင် သူ့ကိုယ်သူ ထိန်းထားနိုင်သူတွေ ဖြစ်နေမှာပါ။

ကိုယ့်ရင်သွေးတွေ ကြီးလာလို့ ဘာစာအုပ်တွေကိုဖတ်ရမလဲဆိုတဲ့ မေးခွန်းတွေ မေးမနေရစေအောင် မိဘတွေက အခရာပါလို့ဆိုလိုက်ပါစေ။ ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ေျပာင္းလဲသြားေသာ စာဖတ္ျခင္း

 

“ဘယ္လိုစာအုပ္ေတြကို ဖတ္ရမလဲ” ဆိုတဲ့ ေမးခြန္းက အရြယ္ႀကီးမွစာဖတ္ခ်င္တယ္ထလုပ္တဲ့ လူတခ်ိဳ႕ရဲ႕ အေမးေတြလို႔ ယူဆပါတယ္။တကယ္က စာဖတ္က်င့္ဆိုတာ လူ႔ဘဝရလာၿပီး အတန္းပညာသင္ၾကားမႈ မစတင္ခင္ ရင္ခြင္ပိုက္ကတည္းက လုပ္ရမယ့္အလုပ္လို႔ ယူဆပါတယ္။ ဒါကလည္း မိဘေတြရဲ႕ ရင္ေသြးေတြအေပၚမွာ စာဖတ္ျခင္း အေလ့အထကို အသိရွိရွိ ႀကိဳတင္လုပ္ေဆာင္ေပးထားျခင္းကေနလာတာပါ။

ကေလးအရြယ္နဲ႔တန္တဲ့ စာေပေတြကို မိဘေတြက အလုပ္တစ္ခုအေနနဲ႔ အခ်ိန္ေပးၿပီး ဖတ္ျပေပးၾကရမွာပါ။ အေရာင္စုံ အေသြးစုံပါတဲ့ ေရႊေသြး၊ေတဇ၊ပုံျပင္ေတြအပါအဝင္ ကေလးကဗ်ာစာအုပ္ေတြ၊ ႏိုင္ငံတကာက ထုတ္တဲ့ ကေလးစာေပေတြဟာ ကေလးေတြအတြက္ အရင္ဆုံးစာဖတ္ျခင္းအေလ့ ပ်ဳိးေထာင္ရာမွာ အထိေရာက္ဆုံး အေထာက္အကူေပးလိမ့္မယ္လို႔ ကၽြန္ေတာ့္ကေတာ့ယူဆပါတယ္။

ဒီလိုပ်ိဳးေထာင္ေပးထားတဲ့ ကေလးေတြဟာ ဒီစာအုပ္ေတြထဲမွာ ဒီလိုအရသာရွိတဲ့ အရာေတြ ပါပါလားလို႔ သိသြားပါလိမ့္မယ္။အေရာင္အေသြးေလးေတြ၊ပုံကေလးေတြရဲ႕ ဟန္ပန္က ဘာေတြလဲဆိုတာ သိခ်င္လို႔ ေမးလာပါလိမ့္မယ္။

ကေလးေတြကို စာဖတ္ျပတဲ့အခါမွာလည္း ပုံနဲ႔စာကို ဖတ္ျပသူက လက္နဲ႔ေထာက္ကာ ဖတ္ျပျခင္းက ပိုၿပီးေကာင္းမြန္ေစပါတယ္။ပုံေတြဟာ စာကိုလိုက္ၿပီး သရုပ္ေဖာ္ထားတဲ့အတြက္ ၾကည္ႏူးျခင္း၊ဝမ္းသာျခင္း၊ အံ႔ဩျခင္း၊ထိတ္လန္႔ျခင္း၊ငိုေၾကြးျခင္း၊ၿပဳံးရယ္ျခင္းေတြစတဲ့ အေၾကာင္းေတြကို ကေလးကို တစ္ခါတည္း သင္ေပးရာလည္း ေရာက္ပါတယ္။ဒီစာက ဒီလိုဆိုလိုက္ရင္ ပုံေလးကဒီလို သရုပ္ေဖာ္ထားပါလားလို႔လည္း သူတို႔ဟာသိသြားပါလိမ့္မယ္။

အခုေခတ္မွာေတာ့ သင္ၾကားမႈပုံစံေတြ အမ်ိဳးမ်ိဳးတီထြင္လာၾကတယ္။သင္ၾကားလာၾကတယ္။မိဘေတြအေနနဲ႕ ေက်ာင္းကသင္ၾကားမႈပုံစံေတြနဲ႔ႀကီး ကေလးကို လႊတ္ထားလို႔မရဘူး ဆိုတာကိုေတာ့ သတိထားရပါလိမ့္မယ္။

မိဘေတြအေနနဲ႔ ေႏြးေထြးတဲ့ေမတၱာေတြနဲ႔ ကိုယ့္ရင္ေသြးေတြကို အိမ္မွာလည္းသင္ၾကားမႈ လုပ္ေပးဖို႔ ေန႔စဥ္ဝတၱရားလိုကို မပ်က္လုပ္ေပးၾကရမွာျဖစ္ပါတယ္။အဲဒါက အရြယ္နဲ႔တန္တဲ့ စာေပေတြကိုအိပ္ရာဝင္ အခ်ိန္ေတြမွာေရာ အျခားေသာ အခ်ိန္ေတြမွာပါ ကေလးေတြအတြက္ လုပ္ေပးၾကရပါလိမ့္မယ္။

ဒါဟာစာဖတ္ျခင္းကို ပထမဆုံး ပ်ိဳးေထာင္ေပးျခင္းပါပဲ။ဒီလိုပ်ိဳးေထာင္ေပးထားတဲ့အတြက္ သူဟာဘယ္လို စာအုပ္ေတြကို ရွာေဖြဖတ္ရႈရမလဲဆိုတဲ့ ေမးခြန္းကို အလုပ္ႀကီးတစ္ခုအေနနဲ႔ ေမးေနလိမ့္မယ္လို႔ မထင္ေတာ့ပါဘူး။

လက္လႊတ္ထားလို႔ မရေသးတဲ့အရြယ္မွာ မိဘေတြဟာ ကိုယ့္သားသမီးရဲ႕ အရြယ္နဲ႔လိုက္ဖတ္တဲ့ စာအုပ္ေကာင္းေတြကို ေရြးခ်ယ္ရွာေဖြဖတ္ရႈေပးတတ္ဖို႔ေတာ့ ႀကိဳးစားေပးေနရပါလိမ့္ဦးမယ္။

ဒီလိုက်င့္သားရၿပီး အရြယ္ေရာက္လို႔လာတဲ့သူေတြအဖို႔ ဘာစာအုပ္ေတြကို ဘယ္လိုဖတ္ရမလဲဆိုတဲ့ေမးခြန္းက သူတို႔အတြက္ သိပ္မလိုအပ္ေတာ့ပါဘူး။ရသစာေပ၊ကဗ်ာစာေပအတြက္ ဘယ္လိုစာအုပ္ေကာင္းေတြ၊ သုတစာေပအတြက္ ဘယ္လိုစာအုပ္ေကာင္းေတြ…စတဲ့ ေရြးခ်ယ္မႈေတြကို သူဟာေကာင္းေကာင္းလုပ္ႏိုင္သြားပါလိမ့္မယ္။

စာဖတ္မႈေတြနဲ႔ က်င့္သားရၿပီးသားသူေတြဟာ အရြယ္ေရာက္လာတာနဲ႔အမွ် စာဖတ္ရည္ဝလာၿပီး စာဖတ္ျခင္းေတြဟာလည္း ေျပာင္းလဲသြားပါလိမ့္မယ္။ကိုယ္ႏွစ္သက္တာက ဘယ္လိုစာေပေတြျဖစ္ၿပီး၊ ဘယ္စာေပေတြဟာ တစ္သက္လုံးဖတ္သင့္တယ္။ ဘယ္လိုစာေပကေတာ့ အျပင္းေျပဖတ္ရမယ္။ ဘယ္လိုစာေပကေတာ့ ေရွာင္ၾကဥ္ရမယ္ဆိုတာေတြဟာ သင္ေပးေနစရာမလိုေတာ့ပါဘူး။ သူ႔ဘာသာသူ ဆုံးျဖတ္ပါလိမ့္မယ္။

မေကာင္းတဲ့၊အက်ိဳးပ်က္ဆီးေစတတ္တဲ့ စာအုပ္ေတြကို ဖတ္မိရင္ေတာင္ သူ႔ကိုယ္သူ ထိန္းထားႏိုင္သူေတြ ျဖစ္ေနမွာပါ။

ကိုယ့္ရင္ေသြးေတြ ႀကီးလာလို႔ ဘာစာအုပ္ေတြကိုဖတ္ရမလဲဆိုတဲ့ ေမးခြန္းေတြ ေမးမေနရေစေအာင္ မိဘေတြက အခရာပါလို႔ဆိုလိုက္ပါေစ။ ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
CarsDB
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service