အရှုံးမပေးသမျှ မျှော်လင့်ခြင်းတွေနဲ့ ရှင်သန်ခွင့်ရှိသည်

အရှုံးမပေးသမျှ မျှော်လင့်ခြင်းတွေနဲ့ ရှင်သန်ခွင့်ရှိသည် - Property Knowledge in Myanmar from iMyanmarHouse.com
30 Dec 2022 3:47 pm တွင် တင်ခဲ့သည်
595 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

ရှင်သန်လိုတဲ့ ဘဝကို ဘယ်သူတားဆီးပိုင်ခွင့် ရှိလို့လဲ။ဘယ်သူတွက်ချက်ပေးနိုင်လို့လဲ။တကယ်တော့ ကိုယ့်ဘဝရဲ့ဖြစ်တည်မှုက ကိုယ့်စိတ်ကသာ ဆုံးဖြတ်ရတာပါ။ဘယ်သူမှ ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး။

ဒီလိုပါပဲ မီးလောင်ခံထားရတဲ့ ကလေးတစ်ယောက်ကို ဆရာဝန်က အသက်ရှင်စရာလမ်းမရှိဘူးလို့ မှတ်ချက်ပေးခြင်းခံလိုက်ရတယ်။ဒါပေမယ့် အဲဒီကလေးဟာ အရှုံးမပေးဘဲ ရှင်သန်ဖို့ကြိုးစားခဲ့တဲ့ အကြောင်းလေးကို မျှဝေချင်ပါတယ်။

သူဟာရိုးရိုးရှင်သန်ခဲ့ရုံတင်မကပါဘူး ပညာရေးမှာလည်း ဒေါက်တာဘွဲ့ရခဲ့သလို၊ တစ်မိုင်အဝေးကို ကမ္ဘာပေါ်မှာ အမြန်ဆုံးပြေးနိုင်သူအဖြစ်တောင် စံချိန်တင်ပြခဲ့ပါသေးတယ်။

သူ့နာမည်က ဂလင်ကန်နင်ဟန်ပါ။ဆောင်းတွင်းဆို အရမ်းအေးလွန်းတော့ သူတို့ရွာမှာရှိတဲ့ သူစာသင်ရာကျောင်းလေးမှာ သူ့ဆရာအပါအဝင် သူနဲ့ သူ့အတန်းဖော်တွေ အနွေးဓာတ်ရအောင် နံနက်စောစော ကျောင်းကိုလာပြီး ကျောင်းမှာရှိတဲ့ ကျောက်မီးသွေးမီးဖိုကြီးမှာ သူဟာမီးလာမွှေးပေးရပါတယ်။

တစ်မနက်တော့ ကျောင်းတက်ဖို့လာကြသူတွေဟာ စာသင်ကျောင်းကလေး မီးဟုန်းဟုန်း လောင်နေတာကို တွေ့ကြရပါတယ်။မီးလောင်နေတဲ့နေရာမှာ မီးလောင်ခြင်းခံထားရတဲ့ ကလေးတစ်ယောက်ကိုတွေ့လို့ ဆွဲထုတ်ခဲ့ကြရပါတယ်။သူဟာဂလင်ကန်နင် ဖြစ်နေပါတယ်။

သူ့ရဲ့ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး မီးအကြီးအကျယ်အလောင်ခံထားရပြီး သတိလစ်ကာ သေလုမျောပါး အခြေအနေထိဖြစ်နေလို့ ဆေးရုံကိုတင်လိုက်ရပါတယ်။

ဆေးရုံရောက်တော့ ဆရာဝန်က သူ့အမေကို ပြောနေတဲ့စကားတွေကို သတိမရတစ်ချက် ရတစ်ချက် ဖြစ်နေရင်းနဲ့ ကြားခဲ့ရတယ်။သူအသက်ရှင်ဖို့ လမ်းမရှိကြောင်း၊ဒီလိုအခြေအနေမှာ အသက်ဆက်မရှင်တာက ပိုကောင်းလိမ့်မည်ဖြစ်ကြောင်း ပြောနေကြတာပါ။

သေရမှာကို အလိုမရှိတဲ့ဂလင်ကန်နင်ဟာ အသက်ရှင်မယ်လို့ အဓိဋ္ဌာန်ပြုလိုက်ပါတယ်။ အံ့ဩရလောက်အောင် သူအသက်ဆက်ရှင်ခဲ့တယ်။ဒီလိုအခြေအနေမှာ သူ့အမေကို ဆရာဝန်ကထပ်ပြောပါတယ်။ ခန္ဓာကိုယ် အောက်ပိုင်းက အသားတွေ အမြောက်အများ ပျက်စီးသွားတာကြောင့် ဒုက္ခိတဘဝနဲ့ သူတစ်သက်လုံး နေသွားရမှာဖြစ်ကြောင်း၊ဒါကိုကြားပြီးတဲ့နောက်မှာ သူဟာ ဒုက္ခိတဘဝလုံးဝမရောက်စေရလို့ အဓိဋ္ဌာန်ပြု လိုက်ပြန်တယ်။အဓိဋ္ဌာန်သာပြုလိုက်ရတယ် သေးကွေးကြုံလှီပြီး လှုပ်ရှားနိုင်မှုမရှိတဲ့ ခြေထောက်နဲ့ ဆေးရုံက ဆင်းခဲ့ရတယ်။

အိမ်မှာ သူ့မိခင်ရဲ့ ပြုစုနှိပ်နယ်မှုရပေမယ့် ထူးခြားမလာပါဘူး။ဒါပေမယ့် လမ်းလျှောက်နိုင်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကတော့ သူ့မှာခိုင်မြဲလျှက်ပါပဲ။

တစ်နေ့ သူ့အမေက သူ့ကိုလေကောင်းလေသန့် ရှူရအောင် ခြံထဲမှာ ဘီးတပ်ကုလားထိုင်ပေါ်တင်ပြီး ထားခဲ့တယ်။အဲဒီကုလားထိုင်ပေါ်က လှိမ်းဆင်းပြီး ခြံစည်းရိုးဆီ ဝမ်းလျားထိုးကာ ရောက်အောင်သွားခဲ့တယ်။ အဲဒီနောက်တော့ ခြံစည်းရိုးတန်းကိုကိုင်ကာ တစ်တိုင်ကနေတစ်တိုင်ရောက်အောင် ဒရွတ်တိုက်သွားခဲ့တယ်။

အဲဒီလိုနဲ့ သူအမေရဲ့ နှိပ်နယ်ကုသပေးမှုရယ်၊လမ်းလျှောက်နိုင်ရမယ်ဆိုတဲ့ မဆုတ်မနစ်ချထားတဲ့ သန္နိဋ္ဌာန်နဲ့ ကြိုးစားအားထုတ်မှုတို့ကြောင့်လည်း မတ်တတ်ရပ်လာနိုင်ပြီးနောက်မှာ ထော့နဲ့ထော့နဲ့ လမ်းလျှောက်လာနိုင်ခဲ့ ပါတယ်။အဲဒီနောက်မှာတော့ အကူမပါဘဲ လမ်းလျှောက်လာနိုင်သလို ပြေးတောင်ပြေးနိုင်လာခဲ့ပါတယ်။

ကောလိပ်ကျောင်းရောက်တော့ ကောလိပ်ကျောင်းက ပြေးခုန်ပစ်အဖွဲ့ထဲမှာ သူဟာပါလာခဲ့ပါတယ်။ တစ်ခါမှာတော့ သူဟာတစ်မိုင်အဝေးကို ကမ္ဘာပေါ်မှာ အမြန်ဆုံး ပြေးနိုင်သူအဖြစ် နယူးယောက်မြို့က မေရီဆင်စကွဲယားပန်းခြံကြီးထဲမှာ စံချိန်တင် ပြေးပြခဲ့ပါသေးတယ်။

အသက်ရှင်ဖို့မလွယ်ကူသူ၊အသက်ရှင်လာတော့ လမ်းတောင်မလျှောက်နိုင်တော့တဲ့ ဒုက္ခိတအဖြစ်နဲ့ တစ်သက်လုံးနေသွားရမယ့်သူအဖြစ် ကောက်ချက်ချခြင်းခံခဲ့ရပေမယ့် အရှုံးမပေးဘဲ မျှော်လင့်ခြင်းတွေနဲ့ ရှင်သန်လိုစိတ်ရှိနေသူ တစ်ယောက်ဖြစ်လို့ ရိုးရိုးရှင်သန်ရုံတင်မကပါဘဲ ပညာရေးမှာ ထူးချွန်ခဲ့ပြီး ဒေါက်တာတစ်ယောက်အဖြစ် တက်လှမ်းနိုင်တဲ့အထိ ဖြစ်ခွင့်ရခဲ့ပါတော့တယ်။

ဆရာဖေမြင့်ရဲ့ နှလုံးသားအာဟာရ ရသစာများတတိယတွဲထဲက ဒုက္ခိတဘဝကို လက်မခံတဲ့ကောင်လေး ဝတ္ထကို ပြန်လည် ခံစားမျှဝေခြင်းပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

[Zawgyi]

အရႈံးမေပးသမွ် ေမွ်ာ္လင့္ျခင္းေတြနဲ႔ ရွင္သန္ခြင့္ရွိသည္

 

ရွင္သန္လိုတဲ့ ဘဝကို ဘယ္သူတားဆီးပိုင္ခြင့္ ရွိလို႔လဲ။ဘယ္သူတြက္ခ်က္ေပးႏိုင္လို႔လဲ။တကယ္ေတာ့ ကိုယ့္ဘဝရဲ႕ျဖစ္တည္မႈက ကိုယ့္စိတ္ကသာ ဆုံးျဖတ္ရတာပါ။ဘယ္သူမွ ဆုံးျဖတ္ပိုင္ခြင့္ မရွိပါဘူး။

ဒီလိုပါပဲ မီးေလာင္ခံထားရတဲ့ ကေလးတစ္ေယာက္ကို ဆရာဝန္က အသက္ရွင္စရာလမ္းမရွိဘူးလို႔ မွတ္ခ်က္ေပးျခင္းခံလိုက္ရတယ္။ဒါေပမယ့္ အဲဒီကေလးဟာ အရႈံးမေပးဘဲ ရွင္သန္ဖို႔ႀကိဳးစားခဲ့တဲ့ အေၾကာင္းေလးကို မွ်ေဝခ်င္ပါတယ္။

သူဟာ႐ိုး႐ိုးရွင္သန္ခဲ့႐ုံတင္မကပါဘူး ပညာေရးမွာလည္း ေဒါက္တာဘြဲ႔ရခဲ့သလို၊ တစ္မိုင္အေဝးကို ကမ႓ာေပၚမွာ အျမန္ဆုံးေျပးႏိုင္သူအျဖစ္ေတာင္ စံခ်ိန္တင္ျပခဲ့ပါေသးတယ္။

သူ႔နာမည္က ဂလင္ကန္နင္ဟန္ပါ။ေဆာင္းတြင္းဆို အရမ္းေအးလြန္းေတာ့ သူတို႔ရြာမွာရွိတဲ့ သူစာသင္ရာေက်ာင္းေလးမွာ သူ႔ဆရာအပါအဝင္ သူနဲ႔ သူ႔အတန္းေဖာ္ေတြ အေႏြးဓာတ္ရေအာင္ နံနက္ေစာေစာ ေက်ာင္းကိုလာၿပီး ေက်ာင္းမွာရွိတဲ့ ေက်ာက္မီးေသြးမီးဖိုႀကီးမွာ သူဟာမီးလာေမႊးေပးရပါတယ္။

တစ္မနက္ေတာ့ ေက်ာင္းတက္ဖို႔လာၾကသူေတြဟာ စာသင္ေက်ာင္းကေလး မီးဟုန္းဟုန္း ေလာင္ေနတာကို ေတြ႕ၾကရပါတယ္။မီးေလာင္ေနတဲ့ေနရာမွာ မီးေလာင္ျခင္းခံထားရတဲ့ ကေလးတစ္ေယာက္ကိုေတြ႕လို႔ ဆြဲထုတ္ခဲ့ၾကရပါတယ္။သူဟာဂလင္ကန္နင္ ျဖစ္ေနပါတယ္။

သူ႔ရဲ႕ခႏၶာကိုယ္ေအာက္ပိုင္းတစ္ခုလုံး မီးအႀကီးအက်ယ္အေလာင္ခံထားရၿပီး သတိလစ္ကာ ေသလုေမ်ာပါး အေျခအေနထိျဖစ္ေနလို႔ ေဆး႐ုံကိုတင္လိုက္ရပါတယ္။

ေဆး႐ုံေရာက္ေတာ့ ဆရာဝန္က သူ႔အေမကို ေျပာေနတဲ့စကားေတြကို သတိမရတစ္ခ်က္ ရတစ္ခ်က္ ျဖစ္ေနရင္းနဲ႔ ၾကားခဲ့ရတယ္။သူအသက္ရွင္ဖို႔ လမ္းမရွိေၾကာင္း၊ဒီလိုအေျခအေနမွာ အသက္ဆက္မရွင္တာက ပိုေကာင္းလိမ့္မည္ျဖစ္ေၾကာင္း ေျပာေနၾကတာပါ။

ေသရမွာကို အလိုမရွိတဲ့ဂလင္ကန္နင္ဟာ အသက္ရွင္မယ္လို႔ အဓိ႒ာန္ျပဳလိုက္ပါတယ္။ အ့ံဩရေလာက္ေအာင္ သူအသက္ဆက္ရွင္ခဲ့တယ္။ဒီလိုအေျခအေနမွာ သူ႔အေမကို ဆရာဝန္ကထပ္ေျပာပါတယ္။ ခႏၶာကိုယ္ ေအာက္ပိုင္းက အသားေတြ အေျမာက္အမ်ား ပ်က္စီးသြားတာေၾကာင့္ ဒုကၡိတဘဝနဲ႔ သူတစ္သက္လုံး ေနသြားရမွာျဖစ္ေၾကာင္း၊ဒါကိုၾကားၿပီးတဲ့ေနာက္မွာ သူဟာ ဒုကၡိတဘဝလုံးဝမေရာက္ေစရလို႔ အဓိ႒ာန္ျပဳ လိုက္ျပန္တယ္။အဓိ႒ာန္သာျပဳလိုက္ရတယ္ ေသးေကြးၾကဳံလွီၿပီး လႈပ္ရွားႏိုင္မႈမရွိတဲ့ ေျခေထာက္နဲ႔ ေဆး႐ုံက ဆင္းခဲ့ရတယ္။

အိမ္မွာ သူ႔မိခင္ရဲ႕ ျပဳစုႏွိပ္နယ္မႈရေပမယ့္ ထူးျခားမလာပါဘူး။ဒါေပမယ့္ လမ္းေလွ်ာက္ႏိုင္ရမယ္ဆိုတဲ့ ဆုံးျဖတ္ခ်က္ကေတာ့ သူ႔မွာခိုင္ၿမဲလွ်က္ပါပဲ။

တစ္ေန႔ သူ႔အေမက သူ႔ကိုေလေကာင္းေလသန္႔ ရွဴရေအာင္ ျခံထဲမွာ ဘီးတပ္ကုလားထိုင္ေပၚတင္ၿပီး ထားခဲ့တယ္။အဲဒီကုလားထိုင္ေပၚက လွိမ္းဆင္းၿပီး ျခံစည္း႐ိုးဆီ ဝမ္းလ်ားထိုးကာ ေရာက္ေအာင္သြားခဲ့တယ္။ အဲဒီေနာက္ေတာ့ ျခံစည္း႐ိုးတန္းကိုကိုင္ကာ တစ္တိုင္ကေနတစ္တိုင္ေရာက္ေအာင္ ဒရြတ္တိုက္သြားခဲ့တယ္။

အဲဒီလိုနဲ႔ သူအေမရဲ႕ ႏွိပ္နယ္ကုသေပးမႈရယ္၊လမ္းေလွ်ာက္ႏိုင္ရမယ္ဆိုတဲ့ မဆုတ္မနစ္ခ်ထားတဲ့ သနၷိ႒ာန္နဲ႔ ႀကိဳးစားအားထုတ္မႈတို႔ေၾကာင့္လည္း မတ္တတ္ရပ္လာႏိုင္ၿပီးေနာက္မွာ ေထာ့နဲ႔ေထာ့နဲ႔ လမ္းေလွ်ာက္လာႏိုင္ခဲ့ ပါတယ္။အဲဒီေနာက္မွာေတာ့ အကူမပါဘဲ လမ္းေလွ်ာက္လာႏိုင္သလို ေျပးေတာင္ေျပးႏိုင္လာခဲ့ပါတယ္။

ေကာလိပ္ေက်ာင္းေရာက္ေတာ့ ေကာလိပ္ေက်ာင္းက ေျပးခုန္ပစ္အဖြဲ႔ထဲမွာ သူဟာပါလာခဲ့ပါတယ္။ တစ္ခါမွာေတာ့ သူဟာတစ္မိုင္အေဝးကို ကမ႓ာေပၚမွာ အျမန္ဆုံး ေျပးႏိုင္သူအျဖစ္ နယူးေယာက္ၿမိဳ႕က ေမရီဆင္စကြဲယားပန္းျခံႀကီးထဲမွာ စံခ်ိန္တင္ ေျပးျပခဲ့ပါေသးတယ္။

အသက္ရွင္ဖို႔မလြယ္ကူသူ၊အသက္ရွင္လာေတာ့ လမ္းေတာင္မေလွ်ာက္ႏိုင္ေတာ့တဲ့ ဒုကၡိတအျဖစ္နဲ႔ တစ္သက္လုံးေနသြားရမယ့္သူအျဖစ္ ေကာက္ခ်က္ခ်ျခင္းခံခဲ့ရေပမယ့္ အရႈံးမေပးဘဲ ေမွ်ာ္လင့္ျခင္းေတြနဲ႔ ရွင္သန္လိုစိတ္ရွိေနသူ တစ္ေယာက္ျဖစ္လို႔ ႐ိုး႐ိုးရွင္သန္႐ုံတင္မကပါဘဲ ပညာေရးမွာ ထူးခၽြန္ခဲ့ၿပီး ေဒါက္တာတစ္ေယာက္အျဖစ္ တက္လွမ္းႏိုင္တဲ့အထိ ျဖစ္ခြင့္ရခဲ့ပါေတာ့တယ္။

ဆရာေဖျမင့္ရဲ႕ ႏွလုံးသားအာဟာရ ရသစာမ်ားတတိယတြဲထဲက ဒုကၡိတဘဝကို လက္မခံတဲ့ေကာင္ေလး ဝတၳကို ျပန္လည္ ခံစားမွ်ေဝျခင္းပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
Magical World
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service