“နေရေးလည်းခက် ဝမ်းရေးခက်လည်း နေဖြစ်အောင်တော့ နေရသည်”

“နေရေးလည်းခက် ဝမ်းရေးခက်လည်း နေဖြစ်အောင်တော့ နေရသည်” - Property Knowledge in Myanmar from iMyanmarHouse.com
27 Dec 2022 2:12 pm တွင် တင်ခဲ့သည်
560 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ငယ်သူငယ်ချင်းတစ်ယောက် ညကဖုန်းဆက်သည်။ဖုန်းမှဗီဒီယိုဖြင့် စကားပြောဖြစ်ကြခြင်းဖြစ်သည်။ အကြောင်းအရာ အစုံပြောဖြစ်ကြခြင်းဖြစ်သည်။သူ့ဖုန်းလှုပ်ရှားမှုနှင့်အတူ သူ့အိမ်အတွင်းက မြင်ကွင်းတွေ ကိုလည်း မြင်တွေခဲ့ရသည်။ငယ်စဉ်က အခြေအနေနှင့်ကွာဟစွာ သူ့ဘဝကပြောင်းလဲခဲ့ပြီဖြစ်သည်။

ကြိုးစားခဲ့မှု၏ပြယုဂ်ကို လက်ရှိအခြေအနေက သက်သေခံနေသည်။သူ့မိသားစု စားသောက်ဖို့ ပြင်ဆင်နေကြသည့်မြင်ကွင်း။ဖွယ်ဖွယ်လျာလျာ ဟင်းလျာခွက် အပြည့်အစုံကို စားပွဲပေါ်မှာတွေ့နေရသည်။ ဧည့်ခန်းထဲက ခေတ်မီ အသုံးအဆောင်တို့ကိုလည်း တွေ့နေရသည်။

သူ့အခြေအနေက ဆန္ဒနှင့်ဘဝ ဟပ်မိသွားပေပြီ။ ဒါပေမဲ့ သူ့ခရီးက ဒီမှာတင်ရပ်မသွားပေ။ရှေ့ဆက်သွားဖို့ ခရီးစဉ်တွေရဲ့ တစ်စိတ်တစ်ပိုင်းကို သူ့စကားတွေထဲမှာ ပါဝင်နေသည်။သူ့အိမ်မက်တွေကို အကောင်အထည် ဖော်ဖို့က သူ့မှာလမ်းကြောင်းတွေအပြည့်။သူငယ်ချင်းကို ကြည့်ပြီး သူ့ဘဝနှင့်ကိုယ့်အခြေအနေ နှိုင်းယှဉ်ကြည့်မိသည်။ သူ့ကိုလည်းပြောမိသည်။

သူကမိမိကို အိမ်ပိုင်ရာပိုင်ထင်နေသည်။သူကမေးတော့ သိပ်မပြောချင်သော ကိုယ့်ဘဝအခြေအနေကိုလည်း သူ့ကိုပြောပြမိသည်။

ကိုယ်ကမြို့ကြီးမှာတော့နေရသည်။နေ့စဉ်အလျဉ်မီဖို့ တက်သုတ်ရိုက်ကာ ရှာစားနေရသည့်ဘဝ။ကိုယ့်ဘဝကို ပြောရသည်က အားရကျေနပ်ဖွယ်တို့ ထုံမွမ်းလွှမ်းခြုံထားမှုမရှိပေ။ကွယ်ဝှက်ထားစရာ အကြောင်းလည်း သိပ်မရှိပေ။

 

လခစားအလုပ်နှင့် မြို့ကြီးမှာအိမ်ငှားနေရသည့်ဘဝ။အဆင်မပြေမှုတွေကို အတတ်နိုင်ဆုံး အဆင်ပြေအောင်လုပ်နေရကြောင်း။နေရေးခက်ခက်၊ဝမ်းရေးခက်သည့် လက်ရှိအခြေအနေတို့ကို ပြောမိသည်။

ရင်မောဖွယ်ရာအပူများကို သူကိုပြောမိပြီးမှ အားနာမိသည်။အပူဆိုတာ မကူးစက်ကောင်းဘူးလို့ ခံယူထား သဖြင့် ပျော်စရာအတိတ်အကြောင်းတွေဖက် စကားလှည့်လိုက်ရသည်။ပျော်စရာလေးတွေနှင့် လွမ်းဖွယ်အတိတ်တွေကို ပြန်ဆုံတုန်းမှာ ကြည်နူးစရာအဖြစ်ပြောရတာကပဲ ဘဝအမောတွေကို ခေတ္တသက်သာသလိုရှိ ခဲ့သည်။ ပြီးတော့လည်း အမှတ်ရခြင်းဆိုသည့် အတိတ်တွေဟာ အကြောင်းမတိုက်ဆိုင်ရင် ပြန်ပြီးအိပ်မောကျသွားပေဦးမည်။ငယ်သူငယ်ချင်းတွေနှင့်တွေ့မှ ပြန်နိူးထကြပေရော့မည်။ ထိုညက ပျော်စရာအမှတ်ရခြင်းတွေနှင့် စကားကို အဆုံးသတ်ခဲ့သည်။

တိုက်ဆိုင်စွာပင် မနက်ရောက်တော့လည်း အလုပ်မှာ နေရေးအပူအတွက်ပြောနေသည့် စကားတို့ကို ကြားရပြန်သည်။

အလုပ်က နှမငယ်တစ်ယောက် အိမ်ပြောင်းဖို့ပြောနေကြခြင်းဖြစ်သည်။သူနေသည်က ရွှေဂုံတိုင်ဘက်တွင် ဖြစ်ကြောင်းသိရသည်။အိမ်ငှားခက တစ်လသုံးသိန်းခွဲလို့သိရသည်။အားပါးပါးဟု ဘုရားတမိသည်။ ဒီလောက်ပေးပြီးနေဖို့က သူရသည့်လခနှင့်တော့မဖြစ်နိုင်ဟုလည်း တွက်ဆမိသည်။သူ့မောင်နှမသားချင်း မျှဝေပြီးကုန်ကျခံ၍ ငှားမှသာလျှင်ဖြစ်ပေရော့မည်။သူတစ်ယောက်တည်းသာ အိမ်စရိတ် အကုန်အကျခံ ရမည်ဆိုလျှင် ရသည့်လခအကုန်ဖြစ်သွားမည်။စားဖို့ပင် ကျန်လိမ့်မည်မထင်ပေ။မနက်ဖြန်သန်ဘက် ပြောင်းရမည့်ကိစ္စ ယခုတိုင်မပြင်ဆင်ရသေးကြောင်း ပြောနေသည်။အနေခက်ခက် အရွေ့ခက်ကြပေမည်။

 

 

 

အိမ်ငှား   နေထိုင်ရသည့်ဘဝက မတည်ငြိမ်၊ ပူပင်မှုတွေနှင့်ရုန်းကန်နေရသည်။ကိုယ်တစ်ယောက်တည်းမဟုတ် သူတစ်ယောက်တည်းလည်းမက ကျန်တဲ့သူများမှာလည်း နေရေးစားရေးတို့တွင် အပူကိုယ်စီရှိကြပေလိမ့်မည်။ အကြောင်းမတိုက်ဆိုင်၍သာ မပြောဖြစ်ကြခြင်းလည်းဖြစ်မည်။

ဘာတွေဘယ်လိုပဲ ဖြစ်နေနေ “နေရေးလည်းခက် ဝမ်းရေးခက်လည်း” နေဖြစ်အောင်တော့ နေကြရမည်ဖြစ်ပေသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

“ေနေရးလည္းခက္ ဝမ္းေရးခက္လည္း ေနျဖစ္ေအာင္ေတာ့ ေနရသည္”

 

ငယ္သူငယ္ခ်င္းတစ္ေယာက္ ညကဖုန္းဆက္သည္။ဖုန္းမွဗီဒီယိုျဖင့္ စကားေျပာျဖစ္ၾကျခင္းျဖစ္သည္။ အေၾကာင္းအရာ အစုံေျပာျဖစ္ၾကျခင္းျဖစ္သည္။သူ႔ဖုန္းလႈပ္ရွားမႈႏွင့္အတူ သူ႔အိမ္အတြင္းက ျမင္ကြင္းေတြ ကိုလည္း ျမင္ေတြခဲ့ရသည္။ငယ္စဥ္က အေျခအေနႏွင့္ကြာဟစြာ သူ႔ဘဝကေျပာင္းလဲခဲ့ၿပီျဖစ္သည္။

ႀကိဳးစားခဲ့မႈ၏ျပယုဂ္ကို လက္ရွိအေျခအေနက သက္ေသခံေနသည္။သူ႔မိသားစု စားေသာက္ဖို႔ ျပင္ဆင္ေနၾကသည့္ျမင္ကြင္း။ဖြယ္ဖြယ္လ်ာလ်ာ ဟင္းလ်ာခြက္ အျပည့္အစုံကို စားပြဲေပၚမွာေတြ႕ေနရသည္။ ဧည့္ခန္းထဲက ေခတ္မီ အသုံးအေဆာင္တို႔ကိုလည္း ေတြ႕ေနရသည္။

သူ႔အေျခအေနက ဆႏၵႏွင့္ဘဝ ဟပ္မိသြားေပၿပီ။ ဒါေပမဲ့ သူ႔ခရီးက ဒီမွာတင္ရပ္မသြားေပ။ေရွ႕ဆက္သြားဖို႔ ခရီးစဥ္ေတြရဲ႕ တစ္စိတ္တစ္ပိုင္းကို သူ႔စကားေတြထဲမွာ ပါဝင္ေနသည္။သူ႔အိမ္မက္ေတြကို အေကာင္အထည္ ေဖာ္ဖို႔က သူ႔မွာလမ္းေၾကာင္းေတြအျပည့္။သူငယ္ခ်င္းကို ၾကည့္ၿပီး သူ႔ဘဝႏွင့္ကိုယ့္အေျခအေန ႏိႈင္းယွဥ္ၾကည့္မိသည္။ သူ႔ကိုလည္းေျပာမိသည္။

သူကမိမိကို အိမ္ပိုင္ရာပိုင္ထင္ေနသည္။သူကေမးေတာ့ သိပ္မေျပာခ်င္ေသာ ကိုယ့္ဘဝအေျခအေနကိုလည္း သူ႔ကိုေျပာျပမိသည္။

ကိုယ္ကၿမိဳ႕ႀကီးမွာေတာ့ေနရသည္။ေန႔စဥ္အလ်ဥ္မီဖို႔ တက္သုတ္႐ိုက္ကာ ရွာစားေနရသည့္ဘဝ။ကိုယ့္ဘဝကို ေျပာရသည္က အားရေက်နပ္ဖြယ္တို႔ ထုံမြမ္းလႊမ္းျခဳံထားမႈမရွိေပ။ကြယ္ဝွက္ထားစရာ အေၾကာင္းလည္း သိပ္မရွိေပ။

လခစားအလုပ္ႏွင့္ ၿမိဳ႕ႀကီးမွာအိမ္ငွားေနရသည့္ဘဝ။အဆင္မေျပမႈေတြကို အတတ္ႏိုင္ဆုံး အဆင္ေျပေအာင္လုပ္ေနရေၾကာင္း။ေနေရးခက္ခက္၊ဝမ္းေရးခက္သည့္ လက္ရွိအေျခအေနတို႔ကို ေျပာမိသည္။

ရင္ေမာဖြယ္ရာအပူမ်ားကို သူကိုေျပာမိၿပီးမွ အားနာမိသည္။အပူဆိုတာ မကူးစက္ေကာင္းဘူးလို႔ ခံယူထား သျဖင့္ ေပ်ာ္စရာအတိတ္အေၾကာင္းေတြဖက္ စကားလွည့္လိုက္ရသည္။ေပ်ာ္စရာေလးေတြႏွင့္ လြမ္းဖြယ္အတိတ္ေတြကို ျပန္ဆုံတုန္းမွာ ၾကည္ႏူးစရာအျဖစ္ေျပာရတာကပဲ ဘဝအေမာေတြကို ေခတၱသက္သာသလိုရွိ ခဲ့သည္။ ၿပီးေတာ့လည္း အမွတ္ရျခင္းဆိုသည့္ အတိတ္ေတြဟာ အေၾကာင္းမတိုက္ဆိုင္ရင္ ျပန္ၿပီးအိပ္ေမာက်သြားေပဦးမည္။ငယ္သူငယ္ခ်င္းေတြႏွင့္ေတြ႕မွ ျပန္ႏိူးထၾကေပေရာ့မည္။ ထိုညက ေပ်ာ္စရာအမွတ္ရျခင္းေတြႏွင့္ စကားကို အဆုံးသတ္ခဲ့သည္။

တိုက္ဆိုင္စြာပင္ မနက္ေရာက္ေတာ့လည္း အလုပ္မွာ ေနေရးအပူအတြက္ေျပာေနသည့္ စကားတို႔ကို ၾကားရျပန္သည္။

အလုပ္က ႏွမငယ္တစ္ေယာက္ အိမ္ေျပာင္းဖို႔ေျပာေနၾကျခင္းျဖစ္သည္။သူေနသည္က ေ႐ႊဂုံတိုင္ဘက္တြင္ ျဖစ္ေၾကာင္းသိရသည္။အိမ္ငွားခက တစ္လသုံးသိန္းခြဲလို႔သိရသည္။အားပါးပါးဟု ဘုရားတမိသည္။ ဒီေလာက္ေပးၿပီးေနဖို႔က သူရသည့္လခႏွင့္ေတာ့မျဖစ္ႏိုင္ဟုလည္း တြက္ဆမိသည္။သူ႕ေမာင္ႏွမသားခ်င္း မွ်ေဝၿပီးကုန္က်ခံ၍ ငွားမွသာလွ်င္ျဖစ္ေပေရာ့မည္။သူတစ္ေယာက္တည္းသာ အိမ္စရိတ္ အကုန္အက်ခံ ရမည္ဆိုလွ်င္ ရသည့္လခအကုန္ျဖစ္သြားမည္။စားဖို႔ပင္ က်န္လိမ့္မည္မထင္ေပ။မနက္ျဖန္သန္ဘက္ ေျပာင္းရမည့္ကိစၥ ယခုတိုင္မျပင္ဆင္ရေသးေၾကာင္း ေျပာေနသည္။အေနခက္ခက္ အေ႐ြ႕ခက္ၾကေပမည္။

 

အိမ္ငွါး  ေနထိုင္ရသည့္ဘဝက မတည္ၿငိမ္၊ ပူပင္မႈေတြႏွင့္႐ုန္းကန္ေနရသည္။ကိုယ္တစ္ေယာက္တည္းမဟုတ္ သူတစ္ေယာက္တည္းလည္းမက က်န္တဲ့သူမ်ားမွာလည္း ေနေရးစားေရးတို႔တြင္ အပူကိုယ္စီရွိၾကေပလိမ့္မည္။ အေၾကာင္းမတိုက္ဆိုင္၍သာ မေျပာျဖစ္ၾကျခင္းလည္းျဖစ္မည္။

ဘာေတြဘယ္လိုပဲ ျဖစ္ေနေန “ေနေရးလည္းခက္ ဝမ္းေရးခက္လည္း” ေနျဖစ္ေအာင္ေတာ့ ေနၾကရမည္ျဖစ္ေပသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
imyanmarmarket
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service