ဆီဗက်စတာ စတားလုံး လော့စ်အိန်ဂျလိ စံအိမ်ကို အရောင်းဈေးကွက် ပြန်တင်

ဆီဗက်စတာ စတားလုံး လော့စ်အိန်ဂျလိ စံအိမ်ကို အရောင်းဈေးကွက် ပြန်တင် - Property News in Myanmar from iMyanmarHouse.com
23 Dec 2022 11:11 am တွင် တင်ခဲ့သည်
495 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ရောင်းချသူ - ဆီဗက်စတာ စတားလုံး

တည်နေရာ - ကယ်လီဖိုးနီးယားပြည်နယ် ၊ လော့စ်အိန်ဂျလိမြို့၊ Hidden Hills အရပ်

ဈေးနှုန်း -ကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်း

ဆောက်လုပ်သည့်ခုနှစ် - ၂၀၁၄

အိမ်တွင်းမွမ်းမံပေးသည့် ကုမ္ပဏီ - Martyn Lawrence Bullard

အသေးစိတ်အချက်အလက်များ - စတုရန်းပေ ၁၀၄၆၀ ၊ အိပ်ခန်း ၄ ခန်း ၊ ရေချိုးခန်း ၆ ခန်း

ခြံဝန်းအကျယ် - ၂ ဒသမ ၂၆ ဧက

 

ဟောလိဝုဒ် အက်ရှင်ကြယ်ပွင့် ဆီဗက်စတာ စတားလုံး သည် လော့စ်အိန်ဂျလိမြို့ရှိ မွေးမြူရေးခြံကြီးကို ကန်ဒေါ်လာ ၁၈ သန်းကျော်ဖြင့် ဝယ်ယူခဲ့ပြီး ၉ လပင် မပြည့်သေးချိန်တွင် အရောင်းဈေးကွက် ပြန်တင်လာသည်။

 

 

ရမ်ဘိုဇာတ်ကားများဖြင့် နာမည်ကြီးခဲ့သူ စတားလုံးသည် အဆိုပါ စံအိမ်ကို ကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်း ဈေးခေါ်ထားသည်။

ဆန်ဖာနန်ဒို တောင်ကြားတွင် တည်ရှိပြီး အစောင့်များဖြင့် ဂိတ်ဝန်းခတ် မြို့တစ်ခုဖြစ်သော Hidden Hills ၌ တည်ရှိကာ ခြံအကျယ် ၂ ဒသမ၂ ဧက ရှိသည်။

ယခုဈေးကွက်တင်မှုကို TMZ သတင်းဌာနက ဖော်ပြခဲ့ခြင်းဖြစ်သည်။

 

ရောင်းချရခြင်း၏ အကြောင်းအရင်းမှာ စတားလုံးနှင့်ဇနီးဖြစ်သူ Jennifer Flavin တို့သည် ကယ်လီဖိုးနီးယားပြည်နယ်တွင် နေထိုင်သည့်အချိန် နည်းသထက်နည်းလာသောကြောင့် ဖြစ်သည်။

လွန်ခဲ့သော တစ်နှစ်နီးပါးက စတားလုံးသည် လော့စ်အိန်ဂျလိမြို့ Beverly Hills အရပ်ရှိ စံအိမ်ကို Adele ထံ ကန်ဒေါ်လာ ၅၈ သန်းဖြင့် ရောင်းချခဲ့ပြီးနောက် ဖလော်ရီဒါ ပြည်နယ်ရှိ စံအိမ်တွင် အဓိက နေထိုင်ခဲ့ကြသည်။

 

(အဆိုပါသတင်းကို iMyanmarHouse.com တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်)

စတားလုံး၏ ဖလော်ရီဒါ စံအိမ်မှာ Palm Beach ကမ်းခြေတွင် ရှိပြီး ကန်ဒေါ်လာ ၃၅ သန်းတန်ကြေးရှိသည်။

စတားလုံးသည် ယခုရောင်းချမည့် နေအိမ်ကို ၎င်းပိုင်ဆိုင်ထားသည့် ကာလတို အချိန်အတွင်း ပြုပြင်ပြောင်းလဲမှု အနည်းငယ်သာ ပြုလုပ်ခဲ့သည်။

 

ဆိတ်ငြိမ်သော တစ်ဘက်ပိတ်လမ်းကလေးတစ်ခု၏ အဆုံးတွင် တည်ရှိပြီး ဂိတ်တံခါးများနောက် သစ်ကြီးဝါးကြီးများဖြင့် ဝန်းပတ်ထားရာ စံအိမ်ကို လမ်းမပေါ်မှ မမြင်ရချေ။

အခုစံအိမ်ကို စတားလုံး မဝယ်ယူမီ နာမည်ကြီး ဒီဇိုင်နာ Martyn Lawrence Bullard က ပြန်လည်မွမ်းမံမှုများ စံအိမ်တစ်ခုလုံး ပြုလုပ်ခဲ့သည်။

 

ပင်မစံအိမ်အပြင် ခြံဝန်းအတွင်း ဧည့်ဂေဟာအိမ် ၁ လုံး ၊ ကြီးမားသော နားနေတဲနှင့်ကျယ်ဝန်းသော မြင်းဇောင်းတစ်ခုတို့ ရှိသည်။

ခြံဝန်းတစ်ခုလုံး အပြည့်အဝ မြေယာအလှ ပြင်ဆင်ထားပြီး မြင်းစီးရန်နေရာ အော်ဂဲနစ် ဟင်းသီးဟင်းရွက် စိုက်ခင်းများ ၊ သစ်သီးပင် မျိုးစုံ ၁၀၀ ကျော် ၊ စိုက်ပျိုးရေးမှန်လုံအိမ် တစ်ခုနှင့် KOI ရေကန် တစ်ခုလည်း ရှိသည်။

 

စံအိမ်အတွင်း ပါဝင်သည့် အရာများအနက် ထင်ရှားသည့် နေရာများကို ကြည့်မည်ဆိုလျှင် ထုတ်တန်းပုံမျက်နှာကြက်နှင့် ကောင်းကင်အလင်းရသော ခန်းမကြီးတစ်ခု ၊ မီးလင်းဖို တစ်ခုပါဝင်သော ညစာစားခန်း ၊ နောက်ဆုံးပေါ် Wolf and Sub-Zero မီးဖိုဆောင်သုံး အသုံးအဆောင်ပစ္စည်းများ ထည့်သွင်းထားသော မီးဖိုဆောင် ၊ ပရိုဂျက်တာ တစ်ခုပါသော မီဒီယာခန်းမ နှင့် မှန်နံရံတပ်ဆင်ထားသော အားကစားလေ့ကျင့်ခန်းမတို့ ဖြစ်သည်။

ဈေးကွက်တင်ပေးသူမှာ Re/Max One အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Jordan Cohen ဖြစ်သည်။

 

 

 

 

 

 

 

 

 

 

 

(ဓာတ်ပုံများအားလုံးအတွက် Credit -Jeff Elson)

(ဆက်စပ်သတင်းများ)

Adele က စတားလုံး၏ အိမ်ကိုဝယ်ရန် ဒေါ်လာ ၃၇ သန်းကျော် ချေးငွေရယူခဲ့

https://www.imyanmarhouse.com/news/read/1036306

Adele က စတားလုံး၏ လော့စ်အိန်ဂျလိစံအိမ်ကို ဒေါ်လာ ၅၈ သန်းဖြင့် ဝယ်ယူမည်

https://www.imyanmarhouse.com/news/read/1001735

စတားလုံးထံမှ ဝယ်ထားသောအိမ်တွင် Adele တို့ ချစ်သူနှစ်ဦး အတူနေကြပြီ

https://www.imyanmarhouse.com/news/read/1015199

 

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: Sylvester Stallone Flips Sprawling Hidden Hills Estate Back Up for Sale (dirt)

 

 

[Zawgyi]

ဆီဗက္စတာ စတားလံုး ေလာ့စ္အိန္ဂ်လိ စံအိမ္ကို အေရာင္းေစ်းကြက္ ျပန္တင္

 

ေရာင္းခ်သူ - ဆီဗက္စတာ စတားလံုး

တည္ေနရာ - ကယ္လီဖိုးနီးယားျပည္နယ္ ၊ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Hidden Hills အရပ္

ေစ်းႏႈန္း -ကန္ေဒၚလာ ၂၂ ဒသမ ၅ သန္း

ေဆာက္လုပ္သည့္ခုႏွစ္ - ၂၀၁၄

အိမ္တြင္းမြမ္းမံေပးသည့္ ကုမၸဏီ - Martyn Lawrence Bullard

အေသးစိတ္အခ်က္အလက္မ်ား - စတုရန္းေပ ၁၀၄၆၀ ၊ အိပ္ခန္း ၄ ခန္း ၊ ေရခ်ိဳးခန္း ၆ ခန္း

ျခံဝန္းအက်ယ္ - ၂ ဒသမ ၂၆ ဧက

ေဟာလိဝုဒ္ အက္ရွင္ၾကယ္ပြင့္ ဆီဗက္စတာ စတားလံုး သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕ရွိ ေမြးျမဴေရးျခံၾကီးကို ကန္ေဒၚလာ ၁၈ သန္းေက်ာ္ျဖင့္ ဝယ္ယူခဲ့ျပီး ၉ လပင္ မျပည့္ေသးခ်ိန္တြင္ အေရာင္းေစ်းကြက္ ျပန္တင္လာသည္။

ရမ္ဘိုဇာတ္ကားမ်ားျဖင့္ နာမည္ၾကီးခဲ့သူ စတားလံုးသည္ အဆိုပါ စံအိမ္ကို ကန္ေဒၚလာ ၂၂ ဒသမ ၅ သန္း ေစ်းေခၚထားသည္။

ဆန္ဖာနန္ဒို ေတာင္ၾကားတြင္ တည္ရွိျပီး အေစာင့္မ်ားျဖင့္ ဂိတ္ဝန္းခတ္ ျမိဳ႕တစ္ခုျဖစ္ေသာ Hidden Hills ၌ တည္ရွိကာ ျခံအက်ယ္ ၂ ဒသမ၂ ဧက ရွိသည္။

ယခုေစ်းကြက္တင္မႈကို TMZ သတင္းဌာနက ေဖာ္ျပခဲ့ျခင္းျဖစ္သည္။ ေရာင္းခ်ရျခင္း၏ အေၾကာင္းအရင္းမွာ စတားလံုးႏွင့္ဇနီးျဖစ္သူ Jennifer Flavin တို႔သည္ ကယ္လီဖုိးနီးယားျပည္နယ္တြင္ ေနထိုင္သည့္အခ်ိန္ နည္းသထက္နည္းလာေသာေၾကာင့္ ျဖစ္သည္။

လြန္ခဲ့ေသာ တစ္ႏွစ္နီးပါးက စတားလံုးသည္ ေလာ့စ္အိန္ဂ်လိျမိဳ႕ Beverly Hills အရပ္ရွိ စံအိမ္ကို Adele ထံ ကန္ေဒၚလာ ၅၈ သန္းျဖင့္ ေရာင္းခ်ခဲ့ျပီးေနာက္ ဖေလာ္ရီဒါ ျပည္နယ္ရွိ စံအိမ္တြင္ အဓိက ေနထိုင္ခဲ့ၾကသည္။

(အဆိုပါသတင္းကို iMyanmarHouse.com တြင္ ေဖာ္ျပခဲ့ျပီး ျဖစ္ပါသည္) စတားလံုး၏ ဖေလာ္ရီဒါ စံအိမ္မွာ Palm Beach ကမ္းေျခတြင္ ရွိျပီး ကန္ေဒၚလာ ၃၅ သန္းတန္ေၾကးရွိသည္။

စတားလံုးသည္ ယခုေရာင္းခ်မည့္ ေနအိမ္ကို ၎ပိုင္ဆိုင္ထားသည့္ ကာလတို အခ်ိန္အတြင္း ျပဳျပင္ေျပာင္းလဲမႈ အနည္းငယ္သာ ျပဳလုပ္ခဲ့သည္။ ဆိတ္ျငိမ္ေသာ တစ္ဘက္ပိတ္လမ္းကေလးတစ္ခု၏ အဆံုးတြင္ တည္ရွိျပီး ဂိတ္တံခါးမ်ားေနာက္ သစ္ၾကီးဝါးၾကီးမ်ားျဖင့္ ဝန္းပတ္ထားရာ စံအိမ္ကို လမ္းမေပၚမွ မျမင္ရေခ်။

အခုစံအိမ္ကို စတားလံုး မဝယ္ယူမီ နာမည္ၾကီး ဒီဇိုင္နာ Martyn Lawrence Bullard က ျပန္လည္မြမ္းမံမႈမ်ား စံအိမ္တစ္ခုလံုး ျပဳလုပ္ခဲ့သည္။

ပင္မစံအိမ္အျပင္ ျခံဝန္းအတြင္း ဧည့္ေဂဟာအိမ္ ၁ လံုး ၊ ၾကီးမားေသာ နားေနတဲႏွင့္က်ယ္ဝန္းေသာ ျမင္းေဇာင္းတစ္ခုတို႔ ရွိသည္။

ျခံဝန္းတစ္ခုလံုး အျပည့္အဝ ေျမယာအလွ ျပင္ဆင္ထားျပီး ျမင္းစီးရန္ေနရာ ေအာ္ဂဲနစ္ ဟင္းသီးဟင္းရြက္ စိုက္ခင္းမ်ား ၊ သစ္သီးပင္ မ်ိဳးစံု ၁၀၀ ေက်ာ္ ၊ စိုက္ပ်ိဳးေရးမွန္လံုအိမ္ တစ္ခုႏွင့္ KOI ေရကန္ တစ္ခုလည္း ရွိသည္။

စံအိမ္အတြင္း ပါဝင္သည့္ အရာမ်ားအနက္ ထင္ရွားသည့္ ေနရာမ်ားကို ၾကည့္မည္ဆိုလွ်င္ ထုတ္တန္းပံုမ်က္ႏွာၾကက္ႏွင့္ ေကာင္းကင္အလင္းရေသာ ခန္းမၾကီးတစ္ခု ၊ မီးလင္းဖို တစ္ခုပါဝင္ေသာ ညစာစားခန္း ၊ ေနာက္ဆံုးေပၚ Wolf and Sub-Zero မီးဖိုေဆာင္သံုး အသံုးအေဆာင္ပစၥည္းမ်ား ထည့္သြင္းထားေသာ မီးဖိုေဆာင္ ၊ ပရိုဂ်က္တာ တစ္ခုပါေသာ မီဒီယာခန္းမ ႏွင့္ မွန္နံရံတပ္ဆင္ထားေသာ အားကစားေလ့က်င့္ခန္းမတို႔ ျဖစ္သည္။

ေစ်းကြက္တင္ေပးသူမွာ Re/Max One အိမ္ျခံေျမကုမၸဏီမွ အက်ိဳးေဆာင္ Jordan Cohen ျဖစ္သည္။

(ဓာတ္ပံုမ်ားအားလံုးအတြက္ Credit -Jeff Elson) (ဆက္စပ္သတင္းမ်ား)

Adele က စတားလံုး၏ အိမ္ကိုဝယ္ရန္ ေဒၚလာ ၃၇ သန္းေက်ာ္ ေခ်းေငြရယူခဲ့

https://www.imyanmarhouse.com/news/read/1036306

Adele က စတားလံုး၏ ေလာ့စ္အိန္ဂ်လိစံအိမ္ကို ေဒၚလာ ၅၈ သန္းျဖင့္ ဝယ္ယူမည္

https://www.imyanmarhouse.com/news/read/1001735

စတားလံုးထံမွ ဝယ္ထားေသာအိမ္တြင္ Adele တို႔ ခ်စ္သူႏွစ္ဦး အတူေနၾကျပီ

https://www.imyanmarhouse.com/news/read/1015199

 

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစရွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္ရွိသည့္ အိမ္ၿခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: Sylvester Stallone Flips Sprawling Hidden Hills Estate Back Up for Sale (dirt)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service