Adele က စတားလုံး၏အိမ်ကို ဝယ်ရန် ဒေါ်လာ ၃၇ သန်းကျော် ချေးငွေရယူခဲ့

Adele က စတားလုံး၏အိမ်ကို ဝယ်ရန် ဒေါ်လာ ၃၇ သန်းကျော် ချေးငွေရယူခဲ့ - Property News in Myanmar from iMyanmarHouse.com
4 Oct 2022 11:51 am တွင် တင်ခဲ့သည်
962 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Adele သည် အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်စ်အရပ်ရှိ စံအိမ်တစ်လုံးကို ဆီဗက်စတာ စတားလုံးထံမှ ကန်ဒေါ်လာ ၅၈ သန်းဖြင့် ဝယ်ယူခဲ့ရာတွင် ချေးငွေ ကန်ဒေါ်လာ ၃၇ ဒသမ ၇ သန်း ရယူကာ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း Newyork Post သတင်းဌာနက အတည်ပြုလိုက်သည်။

အသက် ၃၄ နှစ်အရွယ်ရှိ Adele သည် အဆိုပါချေးငွေကို ပြန်ဆပ်ရန် နှစ် ၃၀ အချိန်ရမည် ဖြစ်သည်။

“ချေးငွေကို အရစ်ကျပုံမှန်ပြန်လည်ပေးဆပ်ဖို့နဲ့ ၂၀၅၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့ထက် နောက်မကျဘဲ ချေးငွေအားလုံးပေးဆပ်ဖို့ ငွေချေးယူသူက ကတိပြုထားပါတယ်” ဟု ငွေချေးသဘောတူညီချက်စာချုပ်တွင် ဖော်ပြသည်။

သို့သော် Adele အဖို့ အဆိုပါငွေကို ပြန်လည်ပေးဆပ်ရန် အခက်အခဲရှိမည် မဟုတ်ချေ။

လာ့စ်ဗီးဂပ်စ်မြို့၊ Caesars Palace တွင် သူ၏ စင်မြင့်ဂီတဖျော်ဖြေပွဲအစီအစဉ်များကို ကျင်းပရန် ရွှေ့ဆိုင်းထားခဲ့ပြီး လာမည့် နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသည်။

အဆိုပါ ဖျော်ဖြေပွဲများမှာ ၃ လခန့် ကြာမြင့်မည်ဟု ခန့်မှန်းရသည်။ Adele က တစ်ပွဲလျှင် ကန်ဒေါ်လာ ၁ သန်းကျော် အနုပညာကြေးယူရာ ၃ လအတွင်း အနည်းဆုံး ကန်ဒေါ်လာ ၄၈ သန်းခန့် ရရှိဦးမည်လည်း ဖြစ်သည်။

(Adele က ဤစံအိမ်ကို ၂၀၂၂ ခုနှစ်အတွင်း ကန်ဒေါ်လာ ၅၈ သန်းဖြင့် ဝယ်ယူခဲ့သည့် စာရွက်စာတမ်း)

(စံအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၁၈၅၀၀ ကျော် ကျယ်ဝန်းသည်။ ဓာတ်ပုံ- Compass)

(စံအိမ်အတွင်း အိပ်ခန်း ၈ ခန်း၊ ရေချိုးခန်း ၁၂ ခန်းရှိသည်။ ဓာတ်ပုံ- Compass)

(စံအိမ်၏ ဝင်ပေါက်နေရာ။ ဓာတ်ပုံ- Compass)

ဂီတ၏အကယ်ဒမီဟုခေါ်ကြသော ဂရမ်မီဆု ၁၅ ကြိမ်တိုင် ရရှိထားသူ Adele သည် ယခုနှစ် မေလအတွင်း သူ၏ အင်စတာဂရမ်အကောင့်တွင် ရေးသားခဲ့သည်မှာ ကာလကြာရှည်တွဲခဲ့သော ချစ်သူ Rich Paul သည် ယခုစံအိမ်သို့ မိမိနှင့်အတူ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း ရေးသားခဲ့ဖူးသည်။

စံအိမ်၏ မူလပိုင်ရှင်ဖြစ်သူ အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်သည့် စတားလုံးက ယခုစံအိမ်မြေနေရာကို ၁၉၉၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၃၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကာ ယင်းမြေကွက်ပေါ်တွင် စံအိမ်ကို ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

ခြံဝန်းအကျယ် ၃ ဒသမ ၅ ဧကရှိပြီး အီတလီ Riviera ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားကာ စတားလုံးက “ရော့ကီးဆောက်သောအိမ်”ဟု အမည်ပေးထားသည်။

စံအိမ်မှာ ဘီဗာလီဟေးအရပ်မှ ဂိတ်ဝန်းခတ် North Beverly Park အိမ်ရာဝန်းအတွင်း တည်ရှိသည်။

(ကာလကြာရှည်တွဲခဲ့သောချစ်သူ Rich Paul သည် မိမိနှင့်အတူ ဤစံအိမ်သို့ ပြောင်းရွှေ့နေထိုင်နေပြီဖြစ်ကြောင်း Adele က ယခုဓာတ်ပုံဖြင့် သူ၏ အင်စတာဂရမ်အကောင့်တွင် ရေးသားဖော်ပြခဲ့သည်။ ဓာတ်ပုံ- Adele ၏ အင်စတာဂရမ်အကောင့်မှ)

အိပ်ခန်း ၈ ခန်း၊ ရေချိုးခန်း ၁၁ ခန်းပါဝင်ပြီး စံအိမ်အကျယ်အဝန်းမှာ ၁၈၅၀၀ စတုရန်းပေ ရှိသည်။

ဗိသုကာပညာရှင် Richard Landry က ဒီဇိုင်းရေးဆွဲဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ပြီး ရုပ်ရှင်ခန်း၊ အားကစားလေ့ကျင့်ခန်းမ၊ အရက်ဘားတို့ ပါဝင်ကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။

ထို့အပြင် အလွန်တရာကျယ်ဝန်းလှသော ရေကူးကန်၊ spa ၊ ကား ၈ စင်းဆန့် ဂိုဒေါင်နှင့် ပန်းချီစတူဒီယိုခန်းတို့လည်း ရှိသည်။ စံအိမ်မှတဆင့် လော့စ်အိန်ဂျလိမြို့ကြီးနှင့် ချောက်ကြီးများ၏ ရှုမျှော်ခင်းများကို တွေ့မြင်နိုင်သည်။

ယင်းအပြင် ပစ္စည်းကိရိယာအစုံအလင်ထည့်သွင်းပေးထားသော မီးဖိုဆောင်နှင့် အိပ်ခန်း ၂ ခန်းပါသည့် နှစ်ထပ်ဧည့်ဂေဟာအိမ်တစ်လုံးလည်းပါဝင်သည်။

ပင်မအိပ်ခန်းတွင် ရေချိုးခန်း၊ sauna ၊ ရေနွေးငွေ့ခန်းနှင့် နားနေဆောင်ပါသော ရုံးခန်းတစ်ခုတို့ဖြင့် ဖွဲ့စည်းထားသည်။

(ဂိမ်းကစားခန်း။ ဓာတ်ပုံ- Compass)

(မိသားစု နားနေခန်း။ ဓာတ်ပုံ- Compass)

(နံနက်စာ စားသည့်နေရာ။ ဓာတ်ပုံ- Compass)

(အိမ်တွင်းရုပ်ရှင်ရုံ။ ဓာတ်ပုံ- Compass)

(ဧည့်ခန်း။ ဓာတ်ပုံ- Compass)

(ရေကူးကန်။ ဓာတ်ပုံ- Compass)

(The expansive backyard.COMPASS)

ယခုစံအိမ်မှာ မကြာသေးမီနှစ်များအတွင်း Adele ဝယ်ယူခဲ့သော စံအိမ် အများအပြားအနက် တစ်ခုသာ ဖြစ်သည်။

တန်ဖိုးကြီးလှသော ယခုစံအိမ်ကို မဝယ်မီက Adele သည် Beverly Hills အရပ်တွင်ပင်ရှိသော အခြား စံအိမ် ၃ လုံးကို ကန်ဒေါ်လာ သန်း ၃၀ ကျော်ဖြင့် ဝယ်ယူထားခဲ့သေးသည်။

Adele ချေးငွေရယူခဲ့သည့်သတင်းကို ပထမဆုံးစတင်ရေးသားခဲ့သည်မှာ Daily Mail သတင်းဌာနမှ ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Adele gets $37.7M loan to fund Beverly Hills mega-mansion with Rich Paul (nypost)

[Zawgyi]

Adele က စတားလံုး၏အိမ္ကို ဝယ္ရန္ ေဒၚလာ ၃၇ သန္းေက်ာ္ ေခ်းေငြရယူခဲ့

Adele သည္ အေမရိကန္ျပည္ေထာင္စု၊ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ဘီဗာလီေဟးလ္စ္အရပ္ရွိ စံအိမ္တစ္လံုးကို ဆီဗက္စတာ စတားလံုးထံမွ ကန္ေဒၚလာ ၅၈ သန္းျဖင့္ ဝယ္ယူခဲ့ရာတြင္ ေခ်းေငြ ကန္ေဒၚလာ ၃၇ ဒသမ ၇ သန္း ရယူကာ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း Newyork Post သတင္းဌာနက အတည္ျပဳလိုက္သည္။

အသက္ ၃၄ ႏွစ္အရြယ္ရွိ Adele သည္ အဆိုပါေခ်းေငြကို ျပန္ဆပ္ရန္ ႏွစ္ ၃၀ အခ်ိန္ရမည္ ျဖစ္သည္။

“ေခ်းေငြကို အရစ္က်ပံုမွန္ျပန္လည္ေပးဆပ္ဖို႔နဲ႔ ၂၀၅၂ ခုႏွစ္၊ မတ္လ ၁ ရက္ေန႔ထက္ ေနာက္မက်ဘဲ ေခ်းေငြအားလံုးေပးဆပ္ဖို႔ ေငြေခ်းယူသူက ကတိျပဳထားပါတယ္” ဟု ေငြေခ်းသေဘာတူညီခ်က္စာခ်ဳပ္တြင္ ေဖာ္ျပသည္။

သို႔ေသာ္ Adele အဖို႔ အဆိုပါေငြကို ျပန္လည္ေပးဆပ္ရန္ အခက္အခဲရွိမည္ မဟုတ္ေခ်။

လာ့စ္ဗီးဂပ္စ္ျမိဳ႕၊ Caesars Palace တြင္ သူ၏ စင္ျမင့္ဂီတေဖ်ာ္ေျဖပြဲအစီအစဥ္မ်ားကို က်င္းပရန္ ေရႊ႕ဆိုင္းထားခဲ့ျပီး လာမည့္ ႏိုဝင္ဘာလတြင္ က်င္းပရန္ စီစဥ္ထားသည္။

အဆိုပါ ေဖ်ာ္ေျဖပြဲမ်ားမွာ ၃ လခန္႔ ၾကာျမင့္မည္ဟု ခန္႔မွန္းရသည္။ Adele က တစ္ပြဲလွ်င္ ကန္ေဒၚလာ ၁ သန္းေက်ာ္ အႏုပညာေၾကးယူရာ ၃ လအတြင္း အနည္းဆံုး ကန္ေဒၚလာ ၄၈ သန္းခန္႔ ရရွိဦးမည္လည္း ျဖစ္သည္။

(Adele က ဤစံအိမ္ကို ၂၀၂၂ ခုႏွစ္အတြင္း ကန္ေဒၚလာ ၅၈ သန္းျဖင့္ ဝယ္ယူခဲ့သည့္ စာရြက္စာတမ္း)

(စံအိမ္အက်ယ္အဝန္းမွာ စတုရန္းေပ ၁၈၅၀၀ ေက်ာ္ က်ယ္ဝန္းသည္။ ဓာတ္ပံု- Compass)

(စံအိမ္အတြင္း အိပ္ခန္း ၈ ခန္း၊ ေရခ်ဳိးခန္း ၁၂ ခန္းရွိသည္။ ဓာတ္ပံု- Compass)

(စံအိမ္၏ ဝင္ေပါက္ေနရာ။ ဓာတ္ပံု- Compass)

ဂီတ၏အကယ္ဒမီဟုေခၚၾကေသာ ဂရမ္မီဆု ၁၅ ၾကိမ္တိုင္ ရရွိထားသူ Adele သည္ ယခုႏွစ္ ေမလအတြင္း သူ၏ အင္စတာဂရမ္အေကာင့္တြင္ ေရးသားခဲ့သည္မွာ ကာလၾကာရွည္တြဲခဲ့ေသာ ခ်စ္သူ Rich Paul သည္ ယခုစံအိမ္သို႔ မိမိႏွင့္အတူ ေျပာင္းေရႊ႕ေနထိုင္လ်က္ရွိေၾကာင္း ေရးသားခဲ့ဖူးသည္။

စံအိမ္၏ မူလပိုင္ရွင္ျဖစ္သူ အသက္ ၇၆ ႏွစ္အရြယ္ရွိျပီျဖစ္သည့္ စတားလံုးက ယခုစံအိမ္ေျမေနရာကို ၁၉၉၄ ခုႏွစ္အတြင္း ကန္ေဒၚလာ ၂ ဒသမ ၃၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ကာ ယင္းေျမကြက္ေပၚတြင္ စံအိမ္ကို ေဆာက္လုပ္ခဲ့ျခင္း ျဖစ္ေၾကာင္း အိမ္ျခံေျမမွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

ျခံဝန္းအက်ယ္ ၃ ဒသမ ၅ ဧကရွိျပီး အီတလီ Riviera ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားကာ စတားလံုးက “ေရာ့ကီးေဆာက္ေသာအိမ္”ဟု အမည္ေပးထားသည္။

စံအိမ္မွာ ဘီဗာလီေဟးအရပ္မွ ဂိတ္ဝန္းခတ္ North Beverly Park အိမ္ရာဝန္းအတြင္း တည္ရွိသည္။

(ကာလၾကာရွည္တြဲခဲ့ေသာခ်စ္သူ Rich Paul သည္ မိမိႏွင့္အတူ ဤစံအိမ္သို႔ ေျပာင္းေရႊ႕ေနထိုင္ေနျပီျဖစ္ေၾကာင္း Adele က ယခုဓာတ္ပံုျဖင့္ သူ၏ အင္စတာဂရမ္အေကာင့္တြင္ ေရးသားေဖာ္ျပခဲ့သည္။ ဓာတ္ပံု- Adele ၏ အင္စတာဂရမ္အေကာင့္မွ)

အိပ္ခန္း ၈ ခန္း၊ ေရခ်ဳိးခန္း ၁၁ ခန္းပါဝင္ျပီး စံအိမ္အက်ယ္အဝန္းမွာ ၁၈၅၀၀ စတုရန္းေပ ရွိသည္။

ဗိသုကာပညာရွင္ Richard Landry က ဒီဇိုင္းေရးဆြဲေဆာက္လုပ္ေပးခဲ့ျခင္းျဖစ္ျပီး ရုပ္ရွင္ခန္း၊ အားကစားေလ့က်င့္ခန္းမ၊ အရက္ဘားတို႔ ပါဝင္ေၾကာင္း ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။

ထို႔အျပင္ အလြန္တရာက်ယ္ဝန္းလွေသာ ေရကူးကန္၊ spa ၊ ကား ၈ စင္းဆန္႔ ဂိုေဒါင္ႏွင့္ ပန္းခ်ီစတူဒီယိုခန္းတို႔လည္း ရွိသည္။ စံအိမ္မွတဆင့္ ေလာ့စ္အိန္ဂ်လိျမိဳ႕ၾကီးႏွင့္ ေခ်ာက္ၾကီးမ်ား၏ ရႈေမွ်ာ္ခင္းမ်ားကို ေတြ႔ျမင္ႏိုင္သည္။

ယင္းအျပင္ ပစၥည္းကိရိယာအစံုအလင္ထည့္သြင္းေပးထားေသာ မီးဖိုေဆာင္ႏွင့္ အိပ္ခန္း ၂ ခန္းပါသည့္ ႏွစ္ထပ္ဧည့္ေဂဟာအိမ္တစ္လံုးလည္းပါဝင္သည္။

ပင္မအိပ္ခန္းတြင္ ေရခ်ဳိးခန္း၊ sauna ၊ ေရေႏြးေငြ႔ခန္းႏွင့္ နားေနေဆာင္ပါေသာ ရံုးခန္းတစ္ခုတို႔ျဖင့္ ဖြဲ႔စည္းထားသည္။

(ဂိမ္းကစားခန္း။ ဓာတ္ပံု- Compass)

(မိသားစု နားေနခန္း။ ဓာတ္ပံု- Compass)

(နံနက္စာ စားသည့္ေနရာ။ ဓာတ္ပံု- Compass)

(အိမ္တြင္းရုပ္ရွင္ရံု။ ဓာတ္ပံု- Compass)

(ဧည့္ခန္း။ ဓာတ္ပံု- Compass)

(ေရကူးကန္။ ဓာတ္ပံု- Compass)

(The expansive backyard.COMPASS)

ယခုစံအိမ္မွာ မၾကာေသးမီႏွစ္မ်ားအတြင္း Adele ဝယ္ယူခဲ့ေသာ စံအိမ္ အမ်ားအျပားအနက္ တစ္ခုသာ ျဖစ္သည္။

တန္ဖိုးၾကီးလွေသာ ယခုစံအိမ္ကို မဝယ္မီက Adele သည္ Beverly Hills အရပ္တြင္ပင္ရွိေသာ အျခား စံအိမ္ ၃ လံုးကို ကန္ေဒၚလာ သန္း ၃၀ ေက်ာ္ျဖင့္ ဝယ္ယူထားခဲ့ေသးသည္။

Adele ေခ်းေငြရယူခဲ့သည့္သတင္းကို ပထမဆံုးစတင္ေရးသားခဲ့သည္မွာ Daily Mail သတင္းဌာနမွ ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Adele gets $37.7M loan to fund Beverly Hills mega-mansion with Rich Paul (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
ကမ္ဘာ့အန္တရာယ်အရှိဆုံးနေရာအဖြစ်သတ်မှတ်ခံထားရတဲ့ Namibia နိုင်ငံက ဝေလငါးသင်္ချိုင်း
ကမ္ဘာ့အန္တရာယ်အရှိဆုံးနေရာအဖြစ်သတ်မှတ်ခံထားရတဲ့ Namibia နိုင်ငံက ဝေလငါးသင်္ချိုင်း
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
mya-villa
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service